16/10/2025
လက်သည်းကိုက်ခြင်း (Nail biting / Onychophagia) သည် လူအများအပြားတွင် တွေ့ရသော အလေ့အထဖြစ်ပြီး သွားနှင့်ခံတွင်းကျန်းမာရေးအပေါ် ထိခိုက်မှုများ ဖြစ်နိုင်ပါသည်။
အောက်ပါအချက်များသည် လက်သည်းကိုက်ခြင်းနှင့် ဆက်စပ်သော သွားနှင့်ခံတွင်းဆိုင်ရာဆိုးကျိုးများ ဖြစ်ပါသည်။
🦷 ၁။ သွားပျက်စိးခြင်း (Tooth damage)
• လက်သည်းသည် မာကျောအရာဖြစ်သောကြောင့်၊ မကြာခဏကိုက်ခြင်းကြောင့် သွားအပေါ်ပိုင်း ကြွေလွှာပျက်စီးခြင်း ဖြစ်နိုင်သည်။
• သွားပဲ့ခြင်း၊သွားကျိုး ၊သွားအဲ့ခြင်း ဖြစ်
နိုင်သည်။
😬 ၂။ သွားများ မညီခြင်း ပြဿနာ ဖြစ်နိုင်ခြင်း (Malocclusion)
• အကြာကြီး လက်သည်းကိုက်နေခြင်းကြောင့် သွားတန်းသည် တဖြည်းဖြည်း ရွေ့ပြောင်းခြင်း သို့မဟုတ် မညီဖြစ်ခြင်း ဖြစ်နိုင်သည်။
• အထူးသဖြင့် ကလေးများတွင် အထူးသတိပြုရန် လိုအပ်ပါသည်။
🦠 ၃။ ဘက်တီးရီးယားဝင်ခြင်း (Bacterial infection)
• လက်သည်းအောက်တွင် မသန့်စင်သော ဘက်တီးရီးယားများရှိကြောင်း မကြာခဏတွေ့ရသည်။
• ကိုက်ပြီးနောက်၊ ခံတွင်းသို့ ဘက်တီးရီးယားဝင်ခြင်းကြောင့် ခံတွင်းအနာများ သို့မဟုတ် သွားဖုံးများတွင် ပြည်တည်နိုင်သည်။
• တခါတရံမှာ stomach အတွင်းသို့ပင် ဘက်တီးရီးယားဝင်ခြင်း ဖြစ်နိုင်သည်။
💉 ၄။ လက်သည်းအနီး အနာဖြစ်ခြင်း (Paronychia)
• လက်သည်းနားအရေပြားကို ကိုက်သည့်အခါ အနာ ဖြစ်ခြင်း၊ ပိုးဝင်ခြင်း ဖြစ်နိုင်ပြီး
သွားအပေါ်တုံ့ပြန်မှုအနေနဲ့ သွားနာခြင်းတောင်ဖြ
စ်တတ်သည်။
🧠 ၅။စိတ်ဖိစီးမှုနှင့် သွားသုံးအကျင့်ဆိုင်ရာပြဿနာများ
• လက်သည်းကိုက်ခြင်းသည် စိတ်ဖိစီးမှု၊ စိတ်ညစ်ခြင်းနှင့် ပတ်သက်သော အကျင့်တစ်ခုဖြစ်သည်။
• အချို့အခါတွင် သွားကြိတ်ခြင်း (bruxism) နှင့် တွဲဖြစ်နိုင်ပြီး၊ သွားနာခြင်း၊ မေးရိုးကြွက်သား နာခြင်းတို့ ဖြစ်တတ်သည်။
🪥 ကြိုတင်ကာကွယ်နည်းများ
1. လက်သည်းကို အမြဲတိုတိုဖြတ်ထားပါ။
2. လက်သည်းအပေါ် ပလာစတာကပ်ခြင်းသို့မဟုတ် အနံ့ဆိုးဆေး (bitter nail polish) အသုံးပြုပါ။
3. စိတ်ဖိစီးမှုလျှော့ချရန် — တရားထိုင်ခြင်း, အားကစားပြုလုပ်ခြင်း
4. သွားဆရာဝန်နှင့် ၆ လ တခါ စစ်ဆေးပေးခြင်း။