Idea Dental Clinic 1. South Dagon Branch

Idea Dental Clinic 1. South Dagon Branch No.67 ,Seiktathukha Street, Kyauk Myaung,Tarmwe,Yangon

သွား အစွပ် စွပ်ခြင်း (သို့မဟုတ် ) သွား အစွပ်လဲခြင်း                                                           {Dental Cr...
27/08/2022

သွား အစွပ် စွပ်ခြင်း (သို့မဟုတ် ) သွား အစွပ်လဲခြင်း

{Dental Crown}

✔️ဘယ် အချိန်မှာ သွား အစွပ် စွပ်ရမှာလဲ ?

🔸သွားပဲ့သွားပြီး သွားဖာခြင်းဖြင့် မမြဲနိုင်တဲ့ သွားတွေ ၊အရမ်း ပျက်စီးနေတဲ့ သွားတွေ ၊ အကြောထုတ် ကုသမှု ခံယူထားသော သွားတွေ ကို အစွပ် စွပ်ထားရပါမယ်

✔️သွားအစွပ် အမျိုး အစား ဘယ်နှစ်မျိုးရှိသလဲ?

🔸 Idea သွားဆေးခန်းတွင် ရရှိနိုင်သော သွားတု အစွပ် အမျိုးအစား အကြမ်းဖျင်း အားဖြင့် (၃)မျိုးရှိပါတယ်

🔹ကြွေ သီးသန့် အစွပ်(Zirconia or Porcelain
fused to zirconia)
🔷ကြွေ သတ္တုစပ် အစွပ် (Porcelain )

🔹သတ္တု အစွပ် (Ni Cr, Co Cr)

✔️သွားတု အစွပ် လုပ်မယ်ဆို အချိန် ဘယ်လောက်ကြာမလဲ

🔸ပထမတရက် ဆေးခန်း တွင် သွားပုံစံ အတိုင်း လာပေးရပါမယ် ….ထို့နောက်သွားတု အစွပ် အမျိုးအစားပေါ်မူတည်ပြီး ၂ ရက် မှ ၁ပတ် အတွင်း
သွားအစွပ် ကို လာရောက် တပ်ဆင်နိုင်ပါသည်

✔️သွားတု အစွပ်များ အတွက် Warrenty ပေးလား?

🔸Idea သွားဆေးခန်း အနေနဲ့ သွားတု အစွပ်များ တပ်ဆင်ပြီး ၃လ အတွင်းအကြောင်းတစုံကြောင့်
ပျက်စီးခြင်းရှိပါက အခမဲ့ ပြန်လည် ပြုပြင်ပေးပါသည်

“Your Dental Health ,Our Priority “

🏥ဆေးခန်း လိပ်စာ။ အမှတ်၁၃၃၆ ၊လှော်ကားလမ်း ၊
၂၄ရပ်ကွက် ၊တောင်ဒဂုံမြို့နယ်
ရန်ကုန်မြို့။
☎️Ph No ……………. 09405916078

🦷ဒီတခါမှာတော့ အံကပ် တပ်ဆင်နေရတဲ့ လူနာ တွေ အတွက် ရည်ရွယ်ပြီး အံကပ်တပ်ဆင်အသုံးပြုစဉ်လိုက်နာရမည့် အချက်တွေ ကို ပြောပြပေးထား...
23/06/2022

🦷ဒီတခါမှာတော့ အံကပ် တပ်ဆင်နေရတဲ့ လူနာ တွေ အတွက် ရည်ရွယ်ပြီး အံကပ်တပ်ဆင်အသုံးပြုစဉ်
လိုက်နာရမည့် အချက်တွေ ကို ပြောပြပေးထားပါတယ် ရှင်

🦷🦷အံကပ်တပ်ဆင်သူ "အမြဲ" လိုက်နာရမည့်အချက်များ

- တစ်ရက်လျှင် (၈)နာရီသာ အသုံးပြုရပါမည်။
(ဥပမာ-အစာစားချိန်၊ ရုံးသွားချိန်နှင့် လူအများနှင့်စကားပြောချိန်များတွင် တပ်ဆင်ထားသင့်ပြီး အိမ်၌ အနားယူချိန်၊ အိပ်ချိန်တို့တွင် ချွတ်ထားရပါမည်။)

- အစာဝါးသည့်အခါမျိုးတွင် ရှေ့သွားဖြင့် မဝါးရပါ။ အံသွားများနှင့် ၂ဖက်ညီညီ ဝါးရပါမည်။

- အံကပ်ချွတ်ထားချိန်တွင် သွားဖုံးသားများကို သွေးလည်ပတ်မှု ကောင်းမွန်စေရန် လက်ဖြင့် နှိပ်နယ်ပေးရပါမည်။

- အံကပ်ကို အစာစားပြီးတိုင်း သန့်ရှင်းရေး လုပ်ရပါမည်။အံကပ်ဆေးကြောသည့်ဆေးပြား (Denture Cleanser) ဖြင့် ဆေးကြောနိုင်ပါသည်။ Denture Cleanser မရှိပါက သွားပွတ်တံ၊ ဆပ်ပြာနှင့် ရေအေးတို့ကို အသုံးပြုရပါမည်။

- အံကပ်၏ အတွင်းမျက်နှာပြင်၊ အပြင်မျက်နှာပြင် နှင့် သွားများကို ပွတ်တိုက်သန့်ရှင်းရမည်။ သန့်ရှင်းရေးလုပ်နေစဥ် ဇလုံတစ်ခုထဲတွင်ရေထည့်ပြီး မတော်တဆ အံကပ်လွတ်ကျကွဲမသွားစေရန် အောက်မှ ခံထားပေးသင့်ပါသည်။

- အံကပ်ကို ရေနွေးဖြင့် မစိမ်ရ၊မဆေးရပါ။ အံကပ် ကျုံ့သွား လိမ်သွားစေနိုင်ပါသည်။

- အံကပ်တပ်ပြီး အလွန်မာသော အစာ (ဥပမာ- ကွမ်းသီး၊ငါး​ခြောက်)၊ အလွန်စေးကပ်သော အစာ (ဥပမာ- ကောက်ညှင်း ) တို့ကို မစားသင့်ပါ။

- အံကပ်အဟောင်းရှိပီး အသစ်ထပ်မံပြုလုပ်သူဖြစ်ပါက နဂိုအဟောင်းကို လုံးဝတပ်ခြင်းမပြုလုပ်ရပါ။ အံကပ်အသစ်ကိုသာ တပ်ဆင်ရပါမည်။

- သိမ်းဆည်းပုံမှာ ရေအနည်းငယ်သာထည့်ထားသော အဝကျယ်ပုလင်းထဲတွင် အံကပ်ကိုထည့်ပြီး အဖုံးဖုံးထားရပါမည်။

-အံကပ်ကို (၅)နှစ် အသုံးပြုပြီးပါက အသစ်လဲလှယ်ပေးသင့်ပါသည်။

ဆေးခန်းလိပ်စာ
အမှတ် ၁၃၃၆ လှော်ကားလမ်း
တောင်ဒဂုံမြို့နယ် ရန်ကုန်မြို့
☎️09405916078
(City Mart အနီး)

Root Canal Treatment (သွား အကြောထုတ် ကုသမှု ) အကြောင်း 🦷သွားပိုးစားလို့ သွားကိုက်လာတိုင်း သွား နှုတ်ပစ်ဖို့ မလိုပါဘူး။  ...
30/01/2022

Root Canal Treatment (သွား အကြောထုတ် ကုသမှု ) အကြောင်း

🦷သွားပိုးစားလို့ သွားကိုက်လာတိုင်း သွား နှုတ်ပစ်ဖို့ မလိုပါဘူး။ သွား အကြောထုတ်ကုသပြီး နှုတ်ပစ်ရမည့် သွား ကို ပြန်ကယ်လို့ ရပါတယ်

🦷သွား အကြောထုတ်တယ် ဆိုတာ သွားအတွင်း ထဲ မှာ ရှိတဲ့ ရောင်နေတဲ့ ပုပ်နေတဲ့ အသားနုလွှာလေး ကိုပဲ
ခေတ်မှီ စက်ကိရိယာတွေ အသံုးပြုပြီး ဖယ်ရှား
ပိုးသတ်လိုက်တာပဲ ဖြစ်ပါတယ်

🦷အကြောထုတ်ထားတဲ့ သွား ကို အကြောတု ထည့်
ပြန်ဖာထားပြီး နှုတ်စရာ မလိုပဲ ဆက်လက် အသံုးပြုနိုင်ပါပြီ။
သို့သော် အကြောထုတ်ကုသမှု ခံယူထားသော သွားများသည် ရေရှည်တွင် အက်ကွဲ နိုင်သည့် အတွက်
Dental Crown ခေါ် သွားအစွပ်လေးတွေ စွပ်ထားဖို့ လိုအပ်ပါတယ်

🦷သွားအကြောကုသမှု ခံယူ သည့် အခါ သွား ရောဂါ အခြေ အနေပေါ် မူတည်ပြီး ဆေးခန်း ကို ၁ကြိမ်မှ ၃ကြိမ်ခန့် ထိ လာရောက်ပြသရန်လိုအပ်ပါသည်

🏆Idea Denta Clinic တွင်လူနာ များကြား ရောဂါ ကူးစက်မှု ကင်းဝေး စေရန် တခါသံုး လက်အိတ်
Apron ရေခွက် ဆေးထိုးအပ် များနှင့် နောက်ဆံုးပေါ်
ပိုးသတ် စနစ်(Autoclave ) ဖြင့် စနစ်တကျ ပိုးသတ်ထားသော ကိရိယာများ ကို အသံုးပြုလျက်
ကုသမှုပေးပါသည်။


🏡ဆေးခန်း လိပ်စာ
အမှတ် ၁၃၃၆ လှော်ကားလမ်း
တောင်ဒဂံုမြို့နယ်
ရန်ကုန်မြို့။
Ph no 09677657120
09405916078

🦷👋မညီညာတဲ့သွားလေးတွေကို ဘိုင့်ဘိုင်လုပ်ကြမယ်👋🦷 ဒီရက်ပိုင်းဆေးခန်းလာတဲ့လူနာတွေထဲမှာလေ“သွားလေးတွေ မညီလို့”“သွားတွေ ရှေ့နော...
14/10/2021

🦷👋မညီညာတဲ့သွားလေးတွေကို ဘိုင့်ဘိုင်လုပ်ကြမယ်👋🦷

ဒီရက်ပိုင်းဆေးခန်းလာတဲ့လူနာတွေထဲမှာလေ
“သွားလေးတွေ မညီလို့”
“သွားတွေ ရှေ့နောက် ထပ်နေလို့”
“သွားလေးတွေ အထဲဝင်နေလို့ “
“သွား တွေ ကျဲ နေလို့ “စသဖြင့်
သွားမညီညာလို့ ဘာကုသမှုယူရမလဲဆိုပီး လာမေးကြတဲ့ လူနာတွေအတွက် လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ်နော် 🦷

သွားညှိကုသမှုက ခုနောက်ပိုင်းတအားခေတ်စားလာတာမို့ သိပြီးသားသူတွေ ရှိနိုင်ပေမဲ့ မသိသေးတဲ့သူ​တွေအတွက် ရှင်းပြလိုက်ပါတယ်ရှင့်

🌟Orthodontic Treatment (သွားညှိကုသမှု)ဟာ ဆိုရင်

ဆေးခန်းလာပြတဲ့ လူနာအများစုရဲ့
အဓိက priority ဖြစ်တဲ့

🌟Aesthetic ( အလှအပပိုင်း) တင် မကပဲ

🌟Ideal Occlusion လို့ခေါ်တဲ့ အံသွားလေးတွေရဲ့ စားတဲ့ဝါးတဲ့ function တွေကိုလဲ ပုံစံမှန်အောင် အကောင်းဆုံး စံနှုန်း တခုကိုရအောင်ပြုပြင်ပေးသွားတာမို့
အံသွားတွေ ကြိတ်မိလို့ ကြွေလွှာတွေပြုန်းတီးလာတာ
အံသွားတွေ ကွဲအက်လာတာအစရှိသဖြင့် occlusion မမှန်လို့ဖြစ်လာနိုင်တဲ့ ပြသနာတွေကိုလဲကြိုတင်ကာကွယ်ပေးနိုင်ပါတယ်နော်

🌟သွားလေးတွေညီသွားပြီဆိုမှတော့ အရင် သွားတွေထပ်နေတုန်းကလို အစာညပ်တာတွေ ပိုးစားလွယ်တာတွေ အကုန်လုံးကိုလဲ say bye bye ပဲပေါ့ရှင်

🌟အရင်ထက်သွားတွေပိုလှလာမှာမို့ ခဏခဏရယ်နေမိပီး confidence တွေပိုလာမှာကတော့ bonus ✨✨✨

🏆အဲ့​လို သွားလေးတွေညီညာပြီး တသက်လုံးလှသွားဖို့ဆိုရင်တော့
IDEA Dental Clinic မှာ orthodontic treatment နဲ့ ကုသမှုခံယူလို့ရနေပါပြီလို့ တဆက်တည်း သတင်းကောင်းလဲပါးလိုက်ပါတယ်✨✨✨

ရွေးချယ်စရာတွေကရော❓❓❓

🏆Traditional Braces
အရိုးရှင်းဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံးသွားညှိကုသမှုလေးပါ တလတကြိမ် appointment မှန်မှန်ပြပေးဖို့ပဲလိုပါတယ်နော်

🏆Self-ligating Braces
ဒါကတော့ အရွေ့မြန်ပီး သိသာတဲ့ treatment result ကို မြန်မြန်လိုချင်တဲ့ သူတွေအတွက်ပါ တလခွဲ တခါလောက်ပဲ appointment ပြပေးရမှာဖြစ်လို့ အလုပ်ရှုပ်လဲ တအားသက်သာစေပါတယ်

🏆Ceramic Braces
Metal braces တွေ မကြိုက်လို့ သွားအရောင် ceramic အကြည် braces လေးတွေမှ ဆိုတဲ့ patient လေးတွေအတွက်လဲ အသင့်တော်ဆုံးကိုရွေးချယ်ပေးမှာမို့ စိတ်ဝင်စားတယ်ဆိုရင် လာရောက်မေးမြန်းလိုက်ပါနော်

Orthodontics သွားညှိကုသမှုပညာရပ်မှာ specialist ဖြစ်တဲ့ ဆရာဝန်တွေကိုယ်တိုင်က ကုသပေးမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေလဲ အလေအလွင့်မဖြစ်ရအောင် booking လေး လှမ်းလုပ်လိုက်ပါလို့ ✨✨✨

✅ Covid ကာလ ဖြစ်သည့် အားလျော်စွာ ဆေးခန်း သို့ ကြိုတင် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ။

🏡လိပ်စာ......အမှတ် ၁၃၃၆ လှော်ကားလမ်း ၂၄ရပ်ကွက် တောင်ဒဂုံ (City Mart အနီး)ရန်ကုန်မြို့

☎......09405916078

Time to say bye bye to your misaligned teeth 👋🦷

Recently, we’ve seen many walk-in patients with complaints of crowded teeth ,misalignments , rotated or space gap between incisors etc..
And most of them is curious about orthodontic treatment.!
So, I’d like to explain a little about orthodontic treatment for people following our dental clinic page . ✨

Maybe some people already know about this kinda knowledge but I hope my little knowledge might be helpful to those who have no idea in orthodontics .✨

In Orthodontic treatment , we use brackets (metal or ceramic , depends on patients’ and dentist’s choice ) to fix misaligned teeth
And it might take 1-2 yrs (depends on individual) with monthly regular appointments ! 🦷

What are the benefits of orthodontics??💁🏼‍♀️

1️⃣Your very first priority, Aesthetic
2️⃣Ideal occlusion
3️⃣Say byebye to food stagnation and caries
4️⃣ Infinite booster to your confidence ✨✨✨

We’d like to announce that you can receive your customized orthodontic treatment at our IDEA Dental Clinic with affordable prices 💰💰

And yes there’s much variables you can choose from 💁🏼‍♀️

🏆Traditional Braces
🏆Self-ligating Braces
🏆Ceramic Braces

No need to worry and afraid of ,as our specialist orthodontist will reassure you by explaining all details of your treatment and options ✨

You can Inquire on messenger or make a booking not to waste your precious time !
(Normally, we prefer booking appointments so ,we can see your teeth conditions and can explain you well in person as chatting online lacks a lot of informations )😉

Address: No.67, Khay Mar Thi road , North Oakkala township (Min Yan Aung cinema bus stop) Yangon .

☎............09677657120. 09405916078

✨✨Behind every beautiful smile , there’s pearl teeth !လှပတဲ့ အပြုံးလေးတွေရဲ့နောက်မှာ ပုလဲလုံးလိုသွားလှလှလေးတွေရှိပါတယ်တဲ...
12/10/2021

✨✨Behind every beautiful smile , there’s pearl teeth !
လှပတဲ့ အပြုံးလေးတွေရဲ့နောက်မှာ ပုလဲလုံးလိုသွားလှလှလေးတွေရှိပါတယ်တဲ့ ✨✨✨

ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီမှာ signature smile လှလှလေးတွေကိုယ်စီရှိကြတယ်ဗျ😁
Sweet smile , cute laugh , sexy smirk စသဖြင့် တစ်ယောက်ချင်းစီရဲ့ အပြုံးလေးတွေက ဆွဲဆောင်မှု ရှိပြီးသားပေါ့ဗျာ 😉
ဒါပေမဲ့ ဒီအပြုံးလှလှလေးတွေကို ပိုပြီး အသက်ဝင်အောင်ဖန်တီးပေးနေတာကတော့ ကျွန်တော်တို့ခံတွင်းထဲက သွားလေးတွေပါပဲ 🦷
သွားလေးတွေက နေ့စဉ် အာဟာရအတွက်စားတဲ့ဝါးတဲ့ လုပ်ငန်းစဉ်ကို လုပ်ပေးနေတဲ့အပြင် ကျွန်တော်တို့ရဲ့ aesthetic အသွင်အပြင်ပိုင်းကိုလဲ အများကြီး လွှမ်းမိုးမှုရှိပါတယ် ‼️

❌သွားလေးတွေ ဝါနေလို့
❌သွားမှာ ကွမ်းဂျိုး ဆေးလိပ်ဂျိုးတွေ ရှိနေလို့
❌သွားမှာ အရောင် stain တွေတင်နေလို့ စသဖြင့်
အကြောင်းကြောင့်မျိုးစုံ ကျွန်တော်တို့ဟာ ဟက်ဟက်ပက်ပက်မရယ်မောဖြစ်ကြတဲ့ အချိန်တွေရှိခဲ့ကြမယ် ထင်ပါတယ်🙊
ကျွန်တော်တို့ အပြုံးလေးတွေကလဲ အသက်မဝင်တော့ ပဲ လှသင့်သလောက် မလှပဲဖြစ်ကုန်တာပေါ့ဗျာ။ 🤷🏻

ဒီလိုမျိုးသွားလေးတွေရဲ့ အရောင်အဆင်းနဲ့ ပတ်သက်ပြီး စိတ်အလိုမကျရမဲ့ခေတ်ကဟိုးးအဝေးကြီးမှာ ကျန်ခဲ့ပါပီနော် !
ခုဆိုရင်တော့ မိတ်ဆွေရဲ့သွားလေးတွေ ပုလဲလုံးလေးလို ဖြူဖွေးသန့်စင်သွားဖို့ အချိန် ၁ နာရီပဲ လိုပါတယ်ခင်ဗျာ ‼️‼️

🏆သွားလေးတွေ မွေးရာပါ (သို့) stains ကြောင့် ဝါနေတဲ့ သူတွေ အတွက် ဖြူဖွေးစေတဲ့
✨“Hollywood smile whitening “ treatment

🏆ကွမ်းဂျိုး ဆေးလိပ်ဂျိုးတွေကြောင့် ညစ်ထေးနေတဲ့ သွားလေးတွေကို original လို ပြန် ဖြူသန့်စေဖို့
✨“Scaling and Polishing” treatment စသဖြင့်

တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကုသမှုတွေအတွက် ကျွန်တော်တို့ရဲ့
🏆IDEA သွားနှင့်ခံတွင်းဆေးခန်း (South Dagon Branch ) မှာ လာရောက်တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူလို့ရပါပြီ ✨✨✨

🏆IDEA Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့်စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကျွမ်းကျင်သော သွားနှင့်ခံတွင်းဆရာဝန်များမှ ကုသမှု ပေးနေပါသည် ။

✅ Covid ကာလ ဖြစ်သည့် အားလျော်စွာ ဆေးခန်း သို့ ကြိုတင် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ။

🏡လိပ်စာ......အမှတ်၁၃၃၆ လှော်ကားလမ်း ၂၄ရပ်ကွက် တောင်ဒဂုံ (City Mart အနီး)ရန်ကုန်မြို့

☎.......09677657120
09405916078

05/11/2020

🏥အားလုံး ပဲ မင်္ဂလာပါ ခင်ဗျာ Idea Dental Clinic Page ကနေ ကြိုဆိုပါတယ်

📌 Idea Dental Clinic အနေနဲ့ ယခု Covid 19 ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေစဥ်အတွင်း Stay Home နေကြသောမိဘပြည်သူများ အတွက် သွားနှင့်ခံတွင်းရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ရာမှာ အရေးကြီးတဲ့
''စနစ်မှန် သွားတိုက်နည်း"
အကြောင်း ကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်

✔'စနစ်မှန် သွားတိုက်နည်း 'ဆိုတာ က သွားပွတ်တံနဲ့ သွားတိုက်ဆေး ကို အသုံးပြုပြီး အစာ အကြွင်း အကျန်တွေ နဲ့ သွားချေးလွှာတွေ ကို ထိထိရောက်ရောက်ဖယ်ရှားတဲ့ နည်းပဲ ဖြစ်ပါတယ် (ဆား၊ဖွဲပြာ၊မီးသွေး၊သဲတို့နဲ့လုံးဝသွားမတိုက် ရပါဘူး)
✔အသုံးပြုမည့် သွားပွတ်တံဟာ အမျှင်ပျော့ပျောင်းပြီး
မြဲမြံစွာ ဆုပ်ကိုင်နိုင်တဲ့ လက်ကိုင် ပါရှိရပါမယ်
✔သွားတိုက်ဆေး အနေနဲ့ ကတော့ Fluoride (ဖလိုရိုဒ်) ဓာတ်ပါတဲ့ မည်သည့် အမှတ် တံဆိပ်သွားတိုက်ဆေးကို မဆို အသုံးပြုနိုင်ပါတယ်
✔သွားတိုက်တဲ့ အခါ သွားရဲ့ အပြင်မျက်နှာပြင်
အတွင်း မျက်နှာပြင် စားတဲ့ ဝါးတဲ့ မျက်နှာပြင် အားလုံးကို သေချာတိုက်ဖို့ အရေးကြီးပါတယ်...... သွားနှစ်ချောင်းကြား ကို လည်း Dental floss (သွားပွတ်ကြိုး) ကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ရပါမယ်
✔သွားရဲ့ အပြင် မျက်နှာပြင် နဲ့ အတွင်းမျက်နှာပြင်အ များကို သွားတိုက်တဲ့ အခါအပေါ် အောက်ဆွဲ၍ တိုက်ရပါမယ်(ကန့်လန့် ​ဖြတ် ဆွဲ၍ သွားမတိုက်ရပါ)
✔နောက်ဆုံး လျှာ ကို ဖွဖွ လေး တိုက်ပေးရပါမယ်
✔သွားတိုက်လျှင် အနည်းဆုံး ၂မိနစ်ခန့် ကြာအောင်
သွားတိုက်ပေးသင့် ပြီး.... တစ်နေ့ လျှင် ၂ကြိမ် (မနက် အစာ စားပြီးချိန် နှင့် ညအိပ်ရာ ဝင်ခါနီးချိန်) တို့၌သွားတိုက်ပေးရပါမယ်
✅သွားနှင့်ခံတွင်း ဆိုင်ရာ ဗဟုသုတ များ ကို အစဥ် သင့် သလို တင်ပေးသွားမှာမို့ Like &Share လေး လုပ်ထားပေးကြပါ နော်
🔰သွားတိုက်တဲ့ အခါ မှားပြီး တိုက်တတ်တဲ့ direction လေးတွေ ကို အမှန် ပြင်နိုင်ဖို့ video လေးနဲ့ ရှင်းပြထားပါတယ် (Video from Youtube)
🔰စနစ်မှန်သွားတိုက်နည်း ကို အသုံးပြုရင်း သွားနှင့်ခံတွင်းရောဂါ များ ကင်းဝေးပါစေကြောင်း ဆန္ဒ ပြု အပ်ပါတယ်.... Covid 1 9ကူးစက်ရောဂါဘေးမှ လည်း ကင်းဝေးကြပါစေ
🏥Idea Dental Clinic
အမှတ်(၁၃၃၆)၊လှော်ကားလမ်း၊
၂၄ ရပ်ကွက်၊တောင်ဒဂုံ မြို့နယ်၊
ရန်ကုန်မြို့

Address

No. 67 , Seiktathukha Street , Kyaukmyaung Quarter, Tarmwe
Yangon
11431

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959405916078

Website

Alerts

Be the first to know and let us send you an email when Idea Dental Clinic 1. South Dagon Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Idea Dental Clinic 1. South Dagon Branch:

Share