မြင့်မြတ်သာ Aesthetic Dental & Oral Clinic

  • Home
  • Myanmar
  • Yangon
  • မြင့်မြတ်သာ Aesthetic Dental & Oral Clinic

မြင့်မြတ်သာ  Aesthetic Dental & Oral Clinic Dental Extraction
Dental Aesthetic Treatments
Dental Crown and Bridge
Denture
Minor Oral Surgery

ကုသိုလ်ဖြစ် အကောင်းဆုံး ဖန်တီးပေးမှုလေး
27/10/2025

ကုသိုလ်ဖြစ် အကောင်းဆုံး ဖန်တီးပေးမှုလေး

13/06/2025

မြင့်မြတ်သာ Aesthetic Dental & Oral Clinic မှ ယနေ့ တပ်ဆင်ပေးလိုက်တဲ့

Full Acrylic Denture ( Japan ) အံကပ်ရဲ့ သွားဖုံးသားမှာ ကပ်နေတဲ့ ကပ်အားကို Video မှတ်တမ်းတင်ထားတာဖြစ်ပါတယ်

အံကပ်တစ်ခုရဲ့ အသက်က

Retention (ကပ်အား )

Stability (တည်ငြိမ်မှု)

Aesthetic (လှပမှု ) ပါပဲ ခင်ဗျာ။

အံကပ်ကောင်း တစ်ခု ရဖို့ဆိုတာ

သွားဆရာဝန်ရဲ့

စိတ်ရှည်မှု ၊ အချိန်ပေးနိုင်မှု ၊ အတွေ့အကြုံ ၊ ပညာ

ပြည့်စုံဖို့လိုအပ်သလို

အံကပ်ပြုလုပ်ပေးသူ ကျွမ်းကျင်ပညာရှင်ရဲ့

လက်ရာသေသပ်မှု ပညာပြည့်ဝမှုများ အပေါ်

အများကြီး မူတည်ပါသောကြောင့်

မိဘပြည်သူများ ယုံကြည်စိတ်ချစွာ လာရောက်ပြုလုပ်

နိုင်ပါကြောင်း ....

ကုန်ကျမှုနဲ့ ထိုက်တန်တဲ့ အံကပ်တစ်ခု ရနိုင်အောင်

မြင့်မြတ်သာ Aesthetic Dental & Oral Clinic မှ တာဝန်ယူပါရစေ

မြင့်မြတ်သာ Aesthetic Dental & Oral Clinic

အခန်း ၄ ၊ တိုက် ၁ ၊ မီးရထားအိမ်ရာ ၊ ဗဟိုလမ်း ၊
နံ့သာကုန်းရပ်ကွက် ၊ အင်းစိန် ၊ ရန်ကုန်

09401596562
09420734311

လူနာများ စိတ်ကျေနပ်ပျော်ရွှင်ခြင်းသည်သာလျှင် မြင့်မြတ်သာ  Aesthetic Dental & Oral Clinic ၏ အဓိက ပန်းတိုင်ဖြစ်ပါကြောင်း
05/11/2024

လူနာများ စိတ်ကျေနပ်ပျော်ရွှင်ခြင်းသည်သာလျှင်
မြင့်မြတ်သာ Aesthetic Dental & Oral Clinic ၏
အဓိက ပန်းတိုင်ဖြစ်ပါကြောင်း

တချိန်က အများသုံး ဖြစ်ခဲ့တဲ့ Acrylic Facing Metal ( သတ္ထုစပ်ကော်သွား ) နေရာမှာ အခုခေတ် အများသုံးဖြစ်တဲ့ Porcelain Fused ...
03/08/2024

တချိန်က အများသုံး ဖြစ်ခဲ့တဲ့ Acrylic Facing Metal ( သတ္ထုစပ်ကော်သွား ) နေရာမှာ

အခုခေတ် အများသုံးဖြစ်တဲ့ Porcelain Fused to Metal ( သတ္ထုစပ်ကြွေသွား ) ဖြင့် အစားထိုး ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်

အကောင်းဆုံး မဟုတ်ပေမယ့် ကြိတ်ဝါးမည့်အားကို ခံနိုင်တဲ့ အကောင်းဆုံးထဲက တစ်ခုဖြစ်ပါတယ်

သင့်တင့်သော ကုန်ကျစာရိတ်ဖြင့် အရည်အသွေးပြည့်မှီသော CAD CAM System ဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်

သွားတုကောင်း တစ်ခုဖြစ်ဖို့ရာ

1 . သွားဆရာဝန်တဲ့ တိကျသော ပုံဖော် ၊ ပုံယူနိုင်မှု
2 . သွားတုကျွမ်းကျင်ရဲ့ တိကျသေသပ်သော လက်ရာ
3 . ပြုလုပ်ထားသော ပစ္စည်းအရည်အသွေး

စသည်များကို လူနာများအတွက် အာမခံချက်အပြည့်ဖြင့် 15 years experience service ရှိသော Dental Surgeon ကိုယ်တိုင် ကုသပေးလျက်ရှိပါတယ်

ကောင်းသုခ သွားနှင့်ခံတွင်းဆေးခန်း

အမှတ် ၃ ၊ လမ်းမတော် လမ်း ၊ ပြည်သူ့ဆေးရုံအနီး ၊
မင်းတုန်းမြို့ ၊ 09420734311

မြင့်မြတ်သာ Aesthetic Dental & Oral Clinic

အင်းစိန်ပန်းခြံအနီး ၊ ဗဟိုလမ်း ၊ နံ့သာကုန်းရပ်ကွက် ၊
အင်းစိန်မြို့နယ် ၊ 09401596562

26/03/2024

အံကပ်ဆို အဲ့လိုကပ်နေမှ
ဝါးလို့ကောင်း နေလို့ကောင်း

မြင့်မြတ်သာ Aesthetic Dental & Oral Clinic
အင်းစိန်ပန်းခြံအနီး ၊ ဗဟိုလမ်း
09401596562


01/12/2023
တချိန်က အများသုံး ဖြစ်ခဲ့တဲ့ Acrylic Facing Metal ( သထ္ထုစပ်ကော်သွား ) နေရာမှာ အခုခေတ် အများသုံးဖြစ်တဲ့ Porcelain Fused ...
01/12/2023

တချိန်က အများသုံး ဖြစ်ခဲ့တဲ့ Acrylic Facing Metal ( သထ္ထုစပ်ကော်သွား ) နေရာမှာ

အခုခေတ် အများသုံးဖြစ်တဲ့ Porcelain Fused to Metal ( သတ္ထုစပ်ကြွေသွား ) ဖြင့် အစားထိုး ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်

အကောင်းဆုံး မဟုတ်ပေမယ့် ကြိတ်ဝါးမည့်အားကို ခံနိုင်ရှိတဲ့ အကောင်းဆုံးထဲက တစ်ခုဖြစ်ပါတယ်

သင့်တင့်သော ကုန်ကျစာရိတ်ဖြင့် အရည်အသွေးပြည့်မှီသော CAD CAM System ဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်

သွားတုကောင်း တစ်ခုဖြစ်ဖို့ရာ

1 . သွားဆရာဝန်တဲ့ တိကျသော ပုံဖော် ၊ ပုံယူနိုင်မှု
2 . သွားတုကျွမ်းကျင်ရဲ့ တိကျသေသပ်သော လက်ရာ
3 . ပြုလုပ်ထားသော ပစ္စည်းအရည်အသွေး

စသည်များကို လူနာများအတွက် အာမခံချက်အပြည့်ဖြင့် 15 years experience service ရှိသော Dental Surgeon ကိုယ်တိုင် ကုသပေးလျက်ရှိပါတယ်

မြင့်မြတ်သာ Aesthetic Dental & Oral Clinic

အင်းစိန်ပန်းခြံအနီး ၊ ဗဟိုလမ်း ၊ နံ့သာကုန်းရပ်ကွက် ၊
အင်းစိန်မြို့နယ် ၊ 09401596562

#သွားဆေးခန်း
#အင်းစိန်

အင်းစိန်ပန်းခြံနားမှာလဲ ဖွင့်ထားပါတယ်ခင်ဗျ
08/09/2023

အင်းစိန်ပန်းခြံနားမှာလဲ ဖွင့်ထားပါတယ်ခင်ဗျ

 #သွားဆေးခန်းသွားပြတာ_သွေးတိုးရှိတယ်ဆိုလို့ #ဆရာဝန်ပြန်ပြခိုင်းတယ်_ပြီးမှသွားနှုတ်ပေးမယ်ပြောတယ်           #ဘာလို့လဲ ❓❓❓(...
13/04/2023

#သွားဆေးခန်းသွားပြတာ_သွေးတိုးရှိတယ်ဆိုလို့
#ဆရာဝန်ပြန်ပြခိုင်းတယ်_ပြီးမှသွားနှုတ်ပေးမယ်ပြောတယ်
#ဘာလို့လဲ ❓❓❓
(သွားနှုတ်မှရယ် မဟုတ်ပါဘူး) Operation Procedure တစ်ခုခု လုပ်တော့မယ်ဆိုရင် လုပ်မယ့် Operation Procedure ပေါ်မူတည်ပြီး
- မေ့ဆေး ထုံဆေး ဒဏ်ခံနိုင်/မခံနိုင်
- သွေးထွက်နိုင်ခြေ
- အနာကျက်ဖို့ ပြဿနာရှိ/မရှိ
- ပိုးဝင်နိုင်ခြေ
- ခွဲစိတ်မှုဒဏ် ခံနိုင်/မခံနိုင်
- Procedure ပြီးရင် သောက်ရမယ့် ဆေးတွေနဲ့ အဆင်ပြေ/မပြေ
အစရှိသဖြင့် ဆုံးဖြတ်ဖို့က လူနာကို စမ်းသပ်စစ်ဆေးတာတွေ အပြင် ရောဂါအခံရှိ/မရှိပေါ်မှာ အများကြီးမူတည်ပါတယ်။

သွေးတိုးရောဂါရှိသူ အနေနဲ့ သွေးပေါင်ချိန်ကောင်းကောင်း ထိန်းသိမ်းထားနိုင်ကြောင်း သက်ဆိုင်ရာဆရာဝန်ရဲ့ ခွင့်ပြုချက်ပါမှ သွားဆရာဝန်မှ Operation Procedure လုပ်ပေးတတ်ပါတယ်
#ဘာလို့လဲ ❓
သွားနှုတ်တာဖြစ်စေ သွားစိုက်တာဖြစ်စေ Procedure တစ်ခုခု လုပ်တဲ့အခါ
နာလို့ဖြစ်စေ ကြောက်လို့ဖြစ်စေ သာမန်လူတွေမှာတောင် #သွေးပေါင်တက်တတ်ပါတယ်
သွေးတိုးရောဂါရှိသူမှာ ဆေးသေသေချာချာ မသောက်ထားရင် သွေးပေါင်တရားလွန် ထိုးတက်သွားနိုင်လို့ အန္တရာယ်များပါတယ်
သွေးပေါင်တက်ရင် သွေးထွက်များတတ်သလို တခြားဘာဖြစ်တတ်လဲ အားလုံးသိကြပါတယ်။

ဆီးချိုရောဂါရှိသူတွေ အနေနဲ့ ဆီးချိုထိန်းသိမ်းမှု မကောင်းပါက အနာကျက်နှေးခြင်း ၊ အနာပိုးဝင်နိုင်ခြင်း စတဲ့ အန္တရယ်တွေရှိလို့ ဆီးချိုရှိလည်း ပြထားတဲ့ ဆရာဝန်ရဲ့ ခွင့်ပြုချက်တောင်းတတ်ပါတယ်

နှလုံးသွေးကြောကျဉ်းရောဂါရှိလို့/နှလုံးခုန်မမှန်လို့ သွေးကြဲဆေး/သွေးမခဲဆေး သောက်ထားတဲ့သူတွေ အနေနဲ့က Operation Procedure လုပ်မယ်ဆိုရင် ဆေးဖြတ်ရတတ်ပါတယ်
👉 ဆေးဖြတ်ရင် ပြဿနာက မူလနှလုံးရောဂါ ကြွလာတတ်ပါတယ်
အဲ့နှစ်ခုကို ထိန်းညှိဖို့အတွက် ပြသထားတဲ့ နှလုံးအထူးကုဆရာဝန်ရဲ့ ခွင့်ပြုချက်ကိုတောင်းတာပါ။

သွေးရောဂါအခံ အထူးသဖြင့် (သွေးမတိတ်တဲ့ရောဂါ) ရှိသူတွေအနေနဲ့ကလည်း Operation Procedure လုပ်ရင် သွေးကထွက်ကို ထွက်မှာဖြစ်လို့ အန္တရာယ်ရှိတဲ့ သွေးပမာဏမထွက်ရအောင် ပြသထားတဲ့ သွေးရောဂါအထူးကုဆရာဝန်ရဲ့ ခွင့်ပြုချက်ကိုတောင်းတာပါ။

နှလုံးအဆို့ရှင်ပြဿနာရှိသူတွေ အနေနဲ့က ပိုးဝင်ခဲ့ရင် နှလုံးကိုပါ ထိခိုက်တတ်လို့ ဘယ်အဆို့ရှင်မှာပြဿနာရှိတာလည်း ကိုယ်တိုင်မပြောတတ်ရင် ပြသထားတဲ့ နှလုံးအထူးကုဆရာဝန်ရဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်။

အဲ့ဒါကြောင့် သွားလေးပဲ နှုတ်တာပါ ၊ သွားလေးပဲ စိုက်တာပါ ဆိုပြီး ပေါ့ဆလို့မရပါဘူး။
ကြည့်ရှုစမ်းသပ်ပေးတဲ့ #သွားဆရာဝန်က လိုအပ်လို့ ညွှန်ကြားတာဖြစ်လို့ လိုက်နာရပါမယ် ဗျာ

(Photo credit; Bluestem Health )
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

လူတို့၏ ခံတွင်း၌ အဏုဇီဝပိုးပေါင်းများစွာရှိရာ အဓိကအားဖြင့် ရောဂါဖြစ်စေသော ပိုးများ (Pathobiotics)၊ ခံတွင်းကျန်းမာရေးနှင့...
22/03/2023

လူတို့၏ ခံတွင်း၌ အဏုဇီဝပိုးပေါင်းများစွာရှိရာ အဓိကအားဖြင့် ရောဂါဖြစ်စေသော ပိုးများ (Pathobiotics)၊ ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထောက်အကူပြုသော ပရိုဘိုင်အိုတစ်များ (Probiotics) နှင့် လောလောဆယ်အားဖြင့် ဒုက္ခလည်းမပေး မည်သည့်တာဝန်မှလည်း မထမ်းဆောင်သေးဘဲ တွယ်ကပ်နေသော အဏုဇီဝပိုးများ (Commensal organisms) ဟူ၍ အုပ်စု (၃) ခု ခွဲခြားနိုင်ပါသည်။

အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ ဘက်တီးရီးယားများ (Bacteria)၊ မှိုပိုးများ (Fungi) နှင့် ဗိုင်းရပ်စ်ပိုးများ (Viruses) ရှိနေတတ်ပါသည်။ ဘက်တီးရီးယားမှာ အများဆုံးဖြစ်ပြီး လူအားလုံး၏ ခံတွင်း၌ တွေ့နိုင်သော မျိုးစိတ်စုစုပေါင်း ၅၀၀ မှ ၁၀၀၀ ခန့် အထိ ရှိပါသည်။ သာမန်လူတစ်ယောက်ကို ကြိုက်သည့် အချိန်တွင် ခံတွင်းရှိ ဘက်တီးရီးယားအမျိုးအစား အရေအတွက်ကို တိုင်းကြည့်လျှင် ၁၀၀ မှ ၂၀၀ အတွင်း ရှိနေလေ့ရှိသည်။ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သူများ၏ သွားတစ်ချောင်းစီရှိ မျက်နှာပြင်တွင် ဘက်တီးရီးယား အရေအတွက်မှာ ၁,၀၀၀ မှ ၁၀၀,၀၀၀ (တစ်သိန်း) ခန့်သာ ရှိသော်လည်း သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုမပြုသူတို့၏ သွားတစ်ချောင်းစီပေါ်ရှိ ဘက်တီးရီးယား (အထူးသဖြင့် ရောဂါပိုးများ) အရေအတွက်မှာ သန်း ၁၀၀ မှ သန်း ၁၀၀၀ (တစ်ဘီလီယံ) အထိ တွေ့ရလေ့ရှိသည်။

ကျန်းမာသန်စွမ်းသူ၏ ခံတွင်း၌ အကျိုးပြု ဘက်တီးရီးယား အရေအတွက်က ရောဂါပိုး အရေအတွက်ထက် များစွာပိုမိုကာ ရောဂါပိုးများကို ကောင်းစွာ ထိန်းချုပ်ထားလေ့ရှိသည်။ ယင်းတို့၏ လုပ်ငန်းဆောင်တာများလည်း ကွဲပြားလျက် ရှိပါသည်။ မကျန်းမာသောသူ အထူးသဖြင့် ခံတွင်းကျန်းမာရေး ချို့တဲ့သူအနေနှင့် ရောဂါဖြစ်စေသော ဘက်တီးရီးယား အရေအတွက်က ပိုမိုများပြားလေ့ရှိကြောင်း တွေ့ရသည်။ သွားပွတ်တံဖြင့် သွားကို သေချာစွာ တိုက်ပြီးပါက ဘက်တီးရီးယား အရေအတွက်မှာ များစွာ လျော့ကျသွားလေ့ရှိပြီး သိန်းဂဏန်းခန့်သာ ကျန်တော့ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် သွားပွတ်တံဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန် သွားတိုက်ပေးခြင်းဖြင့် သွားနှင့်သွားဖုံး ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါသည်။

သွားနှင့်ခံတွင်း ကျန်းမာရေးသည် သွားနှင့်ခံတွင်း သီးသန့်အတွက်သာ မဟုတ်ဘဲ ကျွနု်ပ်တို့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးအတွက် လွန်စွာမှ အရေးပါလှပါသည်။ အကယ်၍ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုမစိုက် ပါက သွားများ တစ်ချောင်းပြီး တစ်ချောင်း ဆုံးရှုံးရ မှာဖြစ်သလို ခန္ဓာကိုယ် အနှံ့အပြား၌လည်း ရောဂါမျိုးစုံ ရရှိနိုင်ကြောင်း ယနေ့ သိလာရပြီး ဖြစ်သည်။ အဆိုပါ ရောဂါပိုးများသည် သွားနှင့်ခံတွင်းမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရောက်ရှိကာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိသည် တို့ကို ဖြစ်စေနိုင်ပေသည်။ မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ (Dementia) နှင့် အော်ဇိုင်းမား ခေါ် သတိနှင့် မှတ်ဉာဏ် ချို့ယွင်းသောရောဂါ (Alzheimer's disease) တို့ပါ မကျန်အောင် ဒုက္ခပေးနိုင်ပါသည်။ နောက်ဆုံး သက်တမ်း တိုတိုသာ နေရမည်ဖြစ်ကြောင်းလည်း သိလာရပါပြီ။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်" စာအုပ်၊ အခန်း (၁၁) သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

You can view and join right away.

ရှေ့ထွက်လွန်းနေတဲ့ သွားလေးတွေကို သွားညှိကုလုပ်ပြီးကုသရင်လဲ အချိန်အကြာကြီးစောင့်ရအုံးမယ့်အပြင်ကုန်ကျစရိတ်လဲ များအုံးမယ် အ...
27/06/2022

ရှေ့ထွက်လွန်းနေတဲ့ သွားလေးတွေကို သွားညှိကုလုပ်ပြီးကုသရင်လဲ အချိန်အကြာကြီးစောင့်ရအုံးမယ့်အပြင်
ကုန်ကျစရိတ်လဲ များအုံးမယ်
အခုလို Porcelain facing Zirconia လေးစွပ်လိုက်ရင် လှပညီညာတဲ့သွားလေးတွေကို ရက်ပိုင်းအတွင်း ကုန်ကျစရိတ်သင့်တင့်စွာနဲ့ ရရှိပိုင်ဆိုင်နိုင်ပါပြီ

မြင့်မြတ်သာ
သွားနှင့်ခံတွင်းဆေးခန်း
ဗဟိုလမ်း၊ အင်းစိန်ပန်းခြံအနီး
09420734311

Minor surgery
13/06/2022

Minor surgery

Address

အင်းစိန်ပန်းခြံ
Yangon

Telephone

+959420734311

Website

Alerts

Be the first to know and let us send you an email when မြင့်မြတ်သာ Aesthetic Dental & Oral Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မြင့်မြတ်သာ Aesthetic Dental & Oral Clinic:

Share