DrZ Dental Care Mayangone

DrZ Dental Care Mayangone DrZ Dental Care (မရမ်းကုန်း)

နှစ်သစ်မှာ လှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ချင်ရင် DrZ Dental Care ကို လှမ်းလာခဲ့လိုက်ပါဗျ 🧧🦷✨ကုသမှုခံယူချင်များအ​နေနဲ့ ...
11/02/2025

နှစ်သစ်မှာ လှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ချင်ရင် DrZ Dental Care ကို လှမ်းလာခဲ့လိုက်ပါဗျ 🧧🦷✨

ကုသမှုခံယူချင်များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့ ​မေတ္တာရပ်​ခံချင်​ပါတယ်​ဗျ

DrZ Dental Care (လမ်းမတော်)
အမှတ် (B1)၊ လမ်းသစ်ရိပ်သာ၊ လမ်းသစ်လမ်း (Junction မော်တင်အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ (၈) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

ကလေးတွေကို ဘယ်အရွယ်မှာ သွားညှိကုဆရာဝန်နဲ့ ပြသပေးသင့်လဲ❓
07/08/2024

ကလေးတွေကို ဘယ်အရွယ်မှာ သွားညှိကုဆရာဝန်နဲ့ ပြသပေးသင့်လဲ❓

ကလေးတွေကို ဘယ်အရွယ်မှာ သွားညှိကုဆရာဝန်နဲ့ ပြသပေးသင့်လဲ❓

American Association of Orthodontics ကတော့ ကလေးငယ်တွေမှာ ကလေးသွားလေးတွေအပြင် လူကြီးသွားအချို့ပါ ပေါက်နေတဲ့ အသက် (၇)နှစ်အရွယ်ကစပြီး သွားညှိကုဆရာဝန်တွေနဲ့ ပြသဆွေးနွေးတိုင်ပင်ဖို့ အကြံပြုထားပါတယ်ဗျ

ဒီအရွယ်က အသက်ကြီးလာတဲ့အခါ ဖြစ်လာနိုင်တဲ့မေးရိုးကြီးထွားမှုဆိုင်ရာ ပြဿနာတွေ၊ လူကြီးသွားတွေ မညီမညာပေါက်တဲ့ပြဿနတွေကို သတိပြုမိနိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဗျ

စောစောစီးစီး ဆွေးနွေးတိုင်ပင်ထားမယ်ဆိုရင် ကလေးတွေရဲ့ မေးရိုးအနေအထားနဲ့ ဖြစ်လာနိုင်မဲ့ အခြေအနေတွေကို ကြိုတင်သိရှိနိုင်ပြီး လိုအပ်တဲ့ကုသမှုတွေကိုလည်း အမြန်ဆုံးပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်ဗျ

ဒီအရွယ်မှာ
✅ငယ်သွားလေးတွေ ကြီးသွားလဲတဲ့အချိန်မှာ သူအချိန်နဲ့ သူကျိုးအောင်
✅ကြီးသွားတွေ နေရာမှန်ပေါက်နိုင်အောင်
✅သွားမညီညာမှုတွေ နည်းအောင်
✅ရှေ့သွားများ ရှေ့ထွက်လာခြင်းကိုလျော့နည်းအောင်
✅သွားလေးတွေမညီတာကြောင့် စကားမပီသတာမှ ကာကွယ်ပေးနိုင်အောင် မေးရိုးချဲ့ကားပေးတာနဲ့ အပေါ်အောက် မေးရိုးကြီးထွားမှု ထိန်းညှိပေးတာ စတဲ့ကုသမှုတွေကို ကြိုတင်သိရှိကုသနိုင်မှာဖြစ်ပါတယ်ဗျ

ဒါ့အပြင်
✅Braces နဲ့ သွားညှိကုသဖို့လိုအပ်ရင်တောင် မလိုအပ်ဘဲ သွားနှုတ်ရတာမျိုးကို နည်းစေပါတယ်ဗျ
✅အပေါ်အောက်မေးရိုးကြီးထွားမှုကို ပုံမှန်ဖြစ်အောင် ထိန်းမတ်ပေးနိုင်တဲ့အတွက် မျက်နှာအချိုးအစားကိုလည်း ပိုမိုကြည့်ကောင်းစေနိုင်လို့ ငယ်ရွယ်စဉ်ကတည်းက သွားညှိကုသဖို့လိုမလို ဆွေးနွေးတိုင်ပင်ဖို့ ကျွန်တော်တို့ DrZ Dental Care က အကြံပြုလိုက်ရပါတယ်ဗျ

ကျွန်တော်တို့ DrZ မှာ သွားညှိကုသမယ်ဆိုရင် တစ်နေရာထဲမှာ အကုန်အဆင်ပြေသွားစေမှာပါနော်
✅Quality ကောင်းမွန်တဲ့ သွားညှိကုသမှုအမျိုးမျိုး
✅သွားညှိကုသမှုအမျိုးအစားအလိုက် တော်တော်လေးအဆင်ပြေစေမယ့် "အရစ်ကျ" ပေးသွင်းစနစ်များ
✅ကုသမှုရလဒ်ကောင်းများအတွက် လိုအပ်တဲ့ 2D နဲ့ 3D ဓာတ်မှန်များ တစ်နေရာထဲမှာရိုက်နိုင်ခြင်း
✅နိုင်ငံတကာအဆင့်မီ အကောင်းဆုံးစက်ပစ္စည်းများနဲ့ ဆေးပစ္စည်းများကို အသုံးပြု၍ကုသပေးခြင်း
✅ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ Waiting Area များရှိခြင်း
✅တစ်နေရာထဲမှာ သွားနှင့်ခံတွင်းရောဂါများကို လုံခြုံစိတ်ချစွာကုသနိုင်ဖို့အတွက် အဆင့်မြင့်သွားနှင့်ခံတွင်းရောဂါကုသခန်းများစွာရှိခြင်း
✅ယုံကြည်စိတ်ချရတဲ့ အဆင့်မြင့်ရောဂါပိုးသတ်စနစ်များကြောင့် ရောဂါကူးစက်ပြန့်ပွါးခြင်းမှ အပြည့်အဝကာကွယ်ပေးနိုင်ခြင်း
စတာတွေကြောင့် သွားညှိကုသဖို့ အစီအစဉ်ရှိတယ်ဆိုရင် တွေဝေစရာတွေ၊ စဉ်းစားချင့်ချိန်စရာတွေ မေ့ထားပြီး DrZ Dental Care ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

သွားညှိကုသဖို့ ကုသမှုအမျိုးအစားများစွာရှိတဲ့အတွက် အရင်ဆုံးအခမဲ့လာရောက်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ဗျ 🥰

DrZ Dental Care (လမ်းမတော်)
အမှတ် (B1)၊ လမ်းသစ်ရိပ်သာ၊ လမ်းသစ်လမ်း (Junction မော်တင်အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ (၈) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

#အကောင်းဆုံးသွားဆေးခန်း #သွားညှိကုသခြင်း

DrZ "သွား" စိုက်ဖို့အတွက် အကောင်းဆုံးနေရာ 🦷📍ဆုံးရှုံးသွားတဲ့ သွားလေးတွေကို ပြန်လည်အစားထိုးရာမှာ သဘာဝအကျဆုံးနဲ့ ရေရှည်ခို...
05/05/2024

DrZ "သွား" စိုက်ဖို့အတွက် အကောင်းဆုံးနေရာ 🦷📍
ဆုံးရှုံးသွားတဲ့ သွားလေးတွေကို ပြန်လည်အစားထိုးရာမှာ သဘာဝအကျဆုံးနဲ့ ရေရှည်ခိုင်ခံ့ကောင်းမွန်ဖို့အရမ်းအရေးကြီးပါတယ်ဗျ

ကျွန်တော်တို့ DrZ မှာ Digital နည်းပညာသုံး ကိုယ်ပိုင်သွားတုအလုပ်ရုံရှိတယ်ဆိုတော့ "သွား"စိုက်တဲ့အခါမှာ ပုံမှန်"သွား"စိုက်သလိုမျိုးမဟုတ်ဘဲ အားသာချက်များစွာရှိပါတယ်ဗျ

✅ပိုမိုတိကျတဲ့ လူနာရဲ့ခံတွင်းပုံစံရအောင် 3D Intraoral Scanner ကိုအသုံးပြုပြီး Scan ဖတ်ပေးပါတယ်
✅ စိုက်မယ့်သွားတုကို အဆပေါင်းများစွာချဲ့ကာ Digital Design ဆွဲပြီးမှ CAD Cam စက်ကြီးများကိုအသုံးပြုကာ ထုတ်လုပ်တဲ့အတွက် အနားသတ်တွေ၊ သွားချင်းထိစပ်မူတွေ ပိုမိုတိကျကောင်းမွန်မှာ ဖြစ်ပါတယ်ဗျ
✅ သွားစိုက်ခြင်းများကို အချိန်တိုအတွင်းမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်ဗျ
✅ DrZ မှာဘဲ ကိုယ်တိုင်ထုတ်လုပ်ပေးတာဖြစ်တဲ့အတွက် လူနာရဲ့လိုအပ်ချက်အလိုက် ပိုပြီးထိထိရောက်ရောက်ပြင်ဆင်ပေးနိုင်မှာ ဖြစ်ပါတယ်ဗျ

လက်ရာသေသပ်ပြီး အရည်အသွေးကောင်းမွန်တဲ့ သွားတုများကို တစ်ချိန်တည်းတစ်နေရာတည်းမှာ ထုတ်ပေးနိုင်တဲ့ သွားတုပညာရှင်တွေနဲ့ စက်ပစ္စည်းတွေ DrZ မှာရှိနေတဲ့အတွက် သွားစိုက်ဖို့အစီအစဉ်ရှိတယ်ဆိုရင် DrZ Dental Care ကို လှမ်းလာခဲ့ပါနော်

ကုသမှုခံယူချင်​သူ​များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့​ မေတ္တာရပ်​ခံချင်​ပါတယ်​ဗျ

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ (၈) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907

DrZ Dental Care (လမ်းမတော်)
အမှတ် (B1)၊ လမ်းသစ်ရိပ်သာ၊ လမ်းသစ်လမ်း (Junction မော်တင်အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

ကျွန်တော်တို့ DrZ မှာ ညီမလေး ဝေလာရီ (ခင်ခင်ကြီး)ရဲ့ သွားကြွေလွှာကပ်ထားတဲ့ Review လေးပါ 🦷🥰ကုသမှုခံယူချင်​သူ​များအ​နေနဲ့ A...
23/04/2024

ကျွန်တော်တို့ DrZ မှာ ညီမလေး ဝေလာရီ (ခင်ခင်ကြီး)ရဲ့ သွားကြွေလွှာကပ်ထားတဲ့ Review လေးပါ 🦷🥰

ကုသမှုခံယူချင်​သူ​များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့​ မေတ္တာရပ်​ခံချင်​ပါတယ်ဗျ

DrZ Dental Care (လမ်းမတော်)
အမှတ် (B1)၊ လမ်းသစ်ရိပ်သာ၊ လမ်းသစ်လမ်း (Junction မော်တင်အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ (၈) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

မရမ်းကုန်းမြို့နယ် အနီးတဝိုက်မှာ "သွားဆေးခန်း"ကောင်းကောင်း ရှာနေတဲ့သူတွေရှိကြလားဗျ 🦷📍လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းဆ...
20/04/2024

မရမ်းကုန်းမြို့နယ် အနီးတဝိုက်မှာ "သွားဆေးခန်း"ကောင်းကောင်း ရှာနေတဲ့သူတွေရှိကြလားဗျ 🦷📍

လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုတွေအတွက် "DrZ" နိုင်ငံတကာအဆင့်မှီ သွားနှင့်ခံတွင်းဆေးခန်းကြီး (မရမ်းကုန်း)ကို ရွေးချယ်လိုက်ပါနော် 🥰🥰🥰

✅ကျွန်တော်တို့ DrZ Dental Care (မရမ်းကုန်း)မှာလည်း လူနာတစ်ယောက်ချင်းစီအတွက်သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုတွေကို လုံခြုံစိတ်ချစွာကုသမှုခံယူနိုင်ဖို့ အဆင့်မြင့်သွားနှင့်ခံတွင်းရောဂါကုသခန်း (၇)ခန်းရှိပါတယ်ဗျ
✅သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ Waiting Area နေရာများစွာလည်းရှိပါတယ်ဗျ
✅ပိုမိုတိကျတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုရလဒ်ကောင်းတွေအတွက် တစ်နေရာထဲမှာ လိုအပ်တဲ့ဓာတ်မှန်တွေကိုရိုက်လို့ရတော့ ဟိုသွားဒီသွားမလုပ်ရဘဲ ပိုအဆင်ပြေတာပေါ့
✅DrZ မှာထူးခြားတာက သွားကုသရာမှာ အသုံးပြုရတဲ့ Dental Chair တွေက အများနဲ့မတူဘဲ ပိုက်လိုင်းတွေ၊ လေလိုင်းတွေ၊ Suction လိုင်းတွေအထိ ထိထိရောက်ရောက်ပိုးသတ်ပေးနိုင်တဲ့ စနစ်တွေပါတော့ ပိုပြီးစိတ်ချရတာပေါ့
✅ကုသမှုဆိုင်ရာမှာအသုံးပြုတဲ့ စက်ပစ္စည်တွေနဲ့ ပစ္စည်းကိရိယတွေကိုလည်း စနစ်တကျပိုးသတ်ထားပြီး လိုအပ်တဲ့အကာအကွယ်ပစ္စည်တွေကို အသုံးပြုထားပါတယ်ဗျ
✅ကျွန်တော်တို့ DrZ Dental Care မှာ Digital နည်းပညာသုံး ကိုယ်ပိုင်သွားတုအလုပ်ရုံရှိတဲ့အတွက် သွားစိုက်ခြင်း၊ သွားအစွပ်စွပ်ခြင်းနဲ့ သွားကြွေလွှာကပ်ခြင်းများကို အကြာကြီးစောင့်စရာမလိုဘဲ အချိန်တိုအတွင်းမှာ Quality အကောင်းမွန်ဆုံးနဲ့ လက်ရာအသေသပ်ဆုံး ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်ဗျ
✅ကျွန်တော်တို့ DrZ Dental Care ရဲ့ စံနှုန်းအတိုင်း နိုင်ငံတကာအဆင့်မှီ အကောင်းဆုံးစက်ပစ္စည်းများနဲ့ ဆေးပစ္စည်းများကိုအသုံးပြုပြီး သွားနှင့်ခံတွင်းကုသမှု အမျိုးမျိုးကို စနစ်တကျကုသ​ပေးသွားမှာဖြစ်ပါတယ်ဗျ

ကုသမှုခံယူချင်​သူ​များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့​ မေတ္တာရပ်​ခံချင်​ပါတယ်ဗျ

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ (၈) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907

DrZ Dental Care (လမ်းမတော်)
အမှတ် (B1)၊ လမ်းသစ်ရိပ်သာ၊ လမ်းသစ်လမ်း (Junction မော်တင်အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီအထိ

#သွားဆေးခန်း #မရမ်းကုန်း #အကောင်းဆုံးသွားဆေးခန်း

သင့်ရဲ့ခံတွင်းထဲမှာ သွားကျောက်တွေကို သတိထားမိကြလားဗျ? 🦷ခံတွင်းထဲမှာ သွားကျောက်တွေရှိနေတယ်ဆိုရင် အောက်ပါ ဆိုးကျိုးတွေဖြစ်...
25/09/2023

သင့်ရဲ့ခံတွင်းထဲမှာ သွားကျောက်တွေကို သတိထားမိကြလားဗျ? 🦷
ခံတွင်းထဲမှာ သွားကျောက်တွေရှိနေတယ်ဆိုရင် အောက်ပါ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်
- သွားဖုံးတွေနိမ့်လာမယ်
- သွားဖုံးတွေနိမ့်လာရင်အစာညှပ်မယ်
- အစာတွေညှပ်တဲ့အတွက် သွားအမြစ်တွေနဲ့သွားနှစ်ချောင်းကြားတွေမှာပိုးစားလာမယ်
- သွားတွေကျဲလာမယ်
- သွားအခြေတွေပေါ်လာမယ်
- သွားကျဉ်လာမယ်
- သွားဖုံးရောင်ရောဂါရလာမယ်
- သွားတိုက်ရင်ကို သွေးထွက်မယ်
- အစာမာတာတွေစားရင်လည်း သွေးထွက်လာမယ်
- ခံတွင်းနံ့တွေ ဆိုးလာမယ်
- သွားဖုံးရောင်ရောဂါဆိုးလာရင် သွားတွေ 'နဲ့ ' လာမယ်၊ ယိုင်လာမယ်
- အခြေအနေဆိုးလာလျှင် သွားတွေ အရမ်း 'နဲ့ 'ပြီးသွားတွေအချောင်းလိုက်ကျွတ်ထွက်နိုင်ပါတယ်

✅ကာကွယ်​ခြင်းဟာ ကုသခြင်းထက်​ ပိုမိုထိရောက်​ပြီး ကုန်​ကျစရိတ်​အနေနဲ့လည်းပိုသက်​သာပါတယ်​✅

(၆)လ တစ်ကြိမ် စနစ်မှန် သွားနှင့်ခံတွင်းစစ်ဆေးခြင်းနဲ့ အခြေခံကုသမှုများကို ပုံမှန်ပြုလုပ်ပေးခြင်းက သွားနှင့်ခံတွင်းရောဂါတွေကို စောစီးစွာသိရှိပြီး ကုန်​ကျစရိတ်​သက်​သာစွာနဲ့ ထိရောက်​စွာကာကွယ်​ကုသနိုင်​မှာ ဖြစ်ပါတယ်

ကုသမှုခံယူချင်​သူ​များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့​ မေတ္တာရပ်​ခံချင်​ပါတယ်​ဗျ

DrZ Dental Care (လမ်းမတော်)
အမှတ် (၂၉၂)၊ အနော်ရထာလမ်းမကြီးနှင့် (၅) လမ်းထောင့် (Junction Mawtin အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

"သွား" ကျန်းမာရေးစစ်ဆေးကြရအောင် 🦷🔴တော်တော်များများက သွားဆေးခန်းတွေကို သွားတစ်ခုခု ပြသနာဖြစ်တော့မှ သွားလေ့ရှိကြပါတယ်🔴တကယ်...
24/09/2023

"သွား" ကျန်းမာရေးစစ်ဆေးကြရအောင် 🦷
🔴တော်တော်များများက သွားဆေးခန်းတွေကို သွားတစ်ခုခု ပြသနာဖြစ်တော့မှ သွားလေ့ရှိကြပါတယ်

🔴တကယ်တော့ သွားဆေးခန်းတွေကို ဝေဒနာခံစားရချိန်မှ သွားတာထက်စာရင် သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် (၆) လ တစ်ကြိမ် ပုံမှန်စစ်ဆေးဖို့လိုအပ်ပါတယ်

🔴ဒီလို ပုံမှန် စစ်ဆေးကုသမှု ခံယူခြင်းဟာ သွားနဲ့ ခံတွင်းဆိုင်ရာ လိုအပ်ချက်တွေကို အချိန်မှီကုသမှုခံယူနိုင်ပြီးတော့ အကြီးစားသွားရောဂါကုသမှုတွေ၊ သွားတုအစားထိုးကုသရမဲ့အခြေအနေတွေကနေလည်း ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်

အသက်ကြီးတဲ့အထိ သွားလေးတွေကျန်းမာပြီး အစားကောင်းကောင်းစားနိုင်ဖို့အတွက် "သွား" ကျန်းမာရေးကိုမေ့မထားဘဲ ဂရုစိုက်ပေးကြရအောင်နော် 🥰🥰🥰

✅💯ကျွန်တော်တို့ DrZ Dental Care မှာ နိုင်ငံတကာအဆင့်မှီ အကောင်းဆုံးစက်ပစ္စည်းများနဲ့ ဆေးပစ္စည်းများကို အသုံးပြုပြီး သွားနှင့်ခံတွင်းကုသမှုအမျိုးမျိုးကို စနစ်တကျကုသပေးသွားမှာဖြစ်ပါတယ်။ 💯✅

ကုသမှုခံယူချင်​သူ​များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့​မေတ္တာရပ်​ခံချင်​ပါတယ်​

DrZ Dental Care (လမ်းမတော်)
အမှတ် (၂၉၂)၊ အနော်ရထာလမ်းမကြီးနှင့် (၅) လမ်းထောင့် (Junction Mawtin အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907
ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

04/02/2023

ချစ်ခင်ရတဲ့ DrZ ရဲ့ မိတ်ဟောင်းမိတ်သစ်များခင်ဗျာ
သွားနဲ့ခံတွင်း ကုသမှုများကို စုံစုံလင်လင်သိရှိလိုပါက DrZ Dental Care page မှာ ဝင်ရောက်ကြည့်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ
https://www.facebook.com/DrZDental

မျက်နာအလှအပနဲ့ အသားအရည်ထိန်းသိမ်းခြင်းဆိုင်ရာ ကုသမှုများကို စုံစုံလင်လင်သိရှိလိုပါက DrZ Clinic ရဲ့ Main Page ဖြစ်တဲ့ DrZ page မှာ ဝင်ရောက်ကြည့်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ
https://www.facebook.com/DrZclinic

အချိန်တစ်နာရီအတွင်းမှာ မိတ်ဆွေတို့ရဲ့သွားလေးတွေကို ဟတ်ချလောင်းဆိုသလို ဖြူဖွေးသွားစေမယ့်Philips ZOOM! Teeth Whitening နဲ့...
20/10/2022

အချိန်တစ်နာရီအတွင်းမှာ မိတ်ဆွေတို့ရဲ့သွားလေးတွေကို ဟတ်ချလောင်းဆိုသလို ဖြူဖွေးသွားစေမယ့်
Philips ZOOM! Teeth Whitening နဲ့ မိတ်ဆက်ပေးချင်ပါတယ် 👨‍⚕️👩🏻‍⚕️

✨ သွားများကို အမြန်ဆုံးဖြူသွားစေမယ့် ကမ္ဘာ့နံပါတ် (၁) အကောင်းဆုံး အလင်းကုထုံးဖြစ်ပါတယ်
✨ ပုံမှန် သွားဖြူကုထုံးများထက် ပိုမိုဖြူဝင်းစေမှာပါ
✨ အရောင်အလွယ်တကူ ပြန်မှိန်မသွားဘဲ ရေရှည်လည်းခံပါတယ်
✨ FDA Approved ရထားတာကြောင့် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူးနော်

Philips ZOOM! Teeth Whitening လုပ်ပြီးရင်တော့ သင့်သွားလေးတွေ အမှန်တကယ်ဖြူဖွေးပြီး Bling Bling ဖြစ်သွားမှာပါ✨✨✨🦷🦷🦷

ကုသမှုခံယူချင်​သူ​များ အ​နေနဲ့ appointment ကြိုတင်​ယူ ​ပေးဖို့​မေတ္တာ ရပ်​ခံချင်​ပါတယ်​

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907

DrZ Dental Care (လမ်းမတော်)
အမှတ် (၂၉၂)၊ အနော်ရထာလမ်းမကြီးနှင့် (၅) လမ်းထောင့် (Junction Mawtin အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

ဆေးခန်းဖွင့်ချိန် - နံနက် (၉) နာရီမှ ညနေ (၆) နာရီ

01/08/2022

မရမ်းကုန်းမြို့နယ်အနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့ မိတ်ဟောင်းမိတ်သစ်များ အဆင်ပြေချောမွေ့စေရန် DrZ Dental Care (မရမ်းကုန်း Branch) ကို အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်မှာ စတင်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်

⏺ကျွန်တော်တို့ DrZ Dental Care (မရမ်းကုန်း) မှာလည်း လူနာတစ်ယောက်ချင်းစီအတွက် သွားနှင့်ခံတွင်းရောဂါများလုံခြုံစိတ်ချစွာကုသနိုင်ဖို့ သွားနှင့်ခံတွင်းရောဂါကုသခန်း (၇) ခန်းရှိပါတယ်
⏺စောင့်ဆိုင်းဖို့ Waiting Area နေရာများစွာရှိတဲ့ အတွက် Social Distancing အတွက်လည်းစိတ်မပူရတော့ဘူး
⏺ပြီးတော့ တစ်နေရာထဲမှာ လိုအပ်တဲ့ ဓာတ်မှန်တွေရိုက်လို့ရတော့ ဟိုသွားဒီသွားမလုပ်ရဘဲ ပိုအဆင်ပြေတာပေါ့
⏺DrZ မှာထူးခြားတာက သွားကုသရာမှာ အသုံးပြုရတဲ့ Dental Chair တွေက သူများနဲ့မတူဘဲ ပိုက်လိုင်းတွေ လေလိုင်းတွေ Suction ထဲတွေအထိ ထိထိရောက်ရောက်ပိုးသတ်တဲ့ စနစ်တွေပါတော့ အခုလိုကူးစက်ရောဂါပြန့်ပွါးနေတဲ့ အချိန်မှာအရမ်းအဆင်ပြေတာပေါ့
⏺ဆေးကုသမယ့်အခန်းများကိုလည်း လူနာတစ်ယောက်ပြီးတိုင်း စနစ်တကျပိုးသတ်ထားပါတယ်
⏺ဆေးခန်းမှာရှိတဲ့ ကုသမှုဆိုင်ရာမှာအသုံးပြုတဲ့ စက်ပစ္စည်းများနဲ့ ပစ္စည်းကိရိယာများကိုလည်း စနစ်တကျပိုးသတ်ထားပြီးလိုအပ်တဲ့ အကာအကွယ်ပစ္စည်းများအသုံးပြုထားပါတယ်
⏺သွားနဲ့ခံတွင်းကုသမူတွေပြုလုပ်တဲ့အချိန်မှာ ထွက်တဲ့မမြင်ရတဲ့ အမှုန်အမွှားများကို ထိထိရောက်ရောက်ပိုးသတ်ပေးနိုင်တဲ့ ခေတ်မှီ Aerosol Suction ကိုလည်းထားရှိထားပါတယ်
⏺ဆေးခန်းရှိ ဝန်ထမ်းများ၊ ဆေးခန်းအကူများ၊ ဆရာဝန်များမှလည်း ကုသမှုအမျိုးအစားအလိုက် လိုအပ်တဲ့အကာအကွယ်ပစ္စည်းများအသုံးပြုပြီး မိတ်ဆွေတို့ရဲ့ သွားဝေဒနာများကို စနစ်တကျကုသမှုပေးမှာဖြစ်ပါတယ်

ကျွန်တော်တို့ DrZ Dental Care ရဲ့စံနှုန်းအတိုင်း နိုင်ငံတကာ အဆင့်မှီ အကောင်းဆုံးစက်ပစ္စည်းများနဲ့ ဆေးပစ္စည်းများကို အသုံးပြုပြီး သွားနှင့်ခံတွင်းကုသမှု အမျိုးမျိုးကို Well-trained, Skillful ဆရာဝန်များမှ စနစ်တကျကုသ​ပေးသွားမှာဖြစ်ပါတယ်

ကုသမှုခံယူချင်​သူ​များ အ​နေနဲ့ Appointment ကြိုတင်​ယူ ​ပေးဖို့​မေတ္တာ ရပ်​ခံချင်​ပါတယ်

DrZ Dental Care (မရမ်းကုန်း)
အမှတ် (၁၉)၊ ဂန္ဓမာလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
09940000906, 09940000907

DrZ Dental Care (လမ်းမတော်)
အမှတ် (၂၉၂)၊ အနော်ရထာလမ်းမကြီးနှင့် (၅) လမ်းထောင့် (Junction Mawtin အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
09409000906, 09409000907

Address

19, Gandamar Road
Yangon
11061

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959940000902

Alerts

Be the first to know and let us send you an email when DrZ Dental Care Mayangone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share