Imperial Dental Specialist Clinic

Imperial Dental Specialist Clinic Imperial Dental Specialist Clinic is founded with the goal of providing dental specialized treatment

လွတ်လပ်ရေးအတွက် အသက်ကိုမမျှ တိုက်ပွဲဝင်ခဲ့သော အာဇာနည်သူရဲကောင်းများကို အစဉ်အမြဲဂုဏ်ပြုလွမ်းဆွေးသော စိတ်ဖြင့် ယနေ့ကျရောက်...
04/01/2022

လွတ်လပ်ရေးအတွက် အသက်ကိုမမျှ တိုက်ပွဲဝင်ခဲ့သော အာဇာနည်သူရဲကောင်းများကို အစဉ်အမြဲဂုဏ်ပြုလွမ်းဆွေးသော စိတ်ဖြင့် ယနေ့ကျရောက်သော (၇၄)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို Imperial Dental Specialist Clinic မိသားစုမှ ကြိုဆိုလိုက်ပါသည်။

We wish everyone a Happy Merry Christmas on this day 🎄🎄🎄ဒီနေ့ ၂၀၂၁ ရဲ့ Christmas နေ့လေးမှာ အားလုံး ကျန်းမာချမ်းသာ ပျော်ရ...
25/12/2021

We wish everyone a Happy Merry Christmas on this day 🎄🎄🎄
ဒီနေ့ ၂၀၂၁ ရဲ့ Christmas နေ့လေးမှာ အားလုံး ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေလို့ ကျတော်တို့ Imperial Dental Specialist Family မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။

🙏မင်္ဂလာပါ🦷🦷 🌟🌟ကျတော်တို့ လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ အခါ အပြုံးနဲ့ အရင် အစပြုတတ်တယ်ဆိုတာ သတိထားမိမှာပါ။🦷🦷 ကိုယ့်ကိုယ်ကို ယု...
17/12/2021

🙏မင်္ဂလာပါ

🦷🦷 🌟🌟ကျတော်တို့ လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ အခါ အပြုံးနဲ့ အရင် အစပြုတတ်တယ်ဆိုတာ သတိထားမိမှာပါ။

🦷🦷 ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အပြုံးတိုင်းမှာ ဖြူဖွေးပြီး လှပတဲ့ သွားလေးတွေကို အမြဲမပါမဖြစ်ပါဘဲ။

🌟🌟မိတ်ဆွေအပေါင်း အသင်းနဲ့ ဖြစ်စေ အလုပ်အတွက် တွေ့သည့်အခါဖြစ်စေ ကိုယ့်သွားတွေ ဝါနေရင် စိတ်ထဲမှာ စိုးရိမ်အားငယ်ပြီး သွားပေါ်အောင် မပြုံးပြရဲတာတို့ဖြစ်တတ်တာကိုလည်း ကြုံဘူးကြားဘူးမယ်ထင်မိပါတယ်။

🚨🚨သွားဝါခြင်းက လူတယောက်အတွက် physical trauma ဆိုတဲ့ ခန္ဓာဆိုင်ရာ ထိခိုက်ခြင်းတော့ မပေးနိုင်ပေမယ့် Mental trauma လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနိုင်တဲ့ အတွက် အရေးကြီးပါတယ်။

🚨🚨ဥပမာပေးရရင်တော့ တယောက်ယောက်နဲ့ တွေ့လို့ရယ်ပြတဲ့ အခါ မင်းသွားတွေဝါထိန်နေတာဘဲလို့ ပြောလိုက်မိရင် ရှက်သွားပြီး နောက်မပြုံးပြရဲ့တာတို့ ဖြစ်လာနိုင်ပါတယ်။

🌟🌟ဒီလို ဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး လူကြီးမင်းတို့ စိုးရိမ်ပူပန်မှု မရှိလေအောင် ကျတော်တို့ ဆေးခန်းမှာ အချိန်တစ်နာရီခန့် ပေးပြီး Laser whitening လို့ခေါ်တဲ့ လေဆာဖြင့် သွားအရောင် ဖြူဖွေးအောင်ပြုလုပ်ပေးတဲ့ ကုထုံးလေး ခံယူလိုက်ရုံနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

⭐️⭐️Teeth Whitening လုပ်ရင် အကုန်အကျ များတယ်လို့ တချို့က ပြောကျပါတယ်။ တန်ဖိုးရှိတဲ့ အရာတိုင်းက သူ့တန်ဖိုး နဲ့ သူရှိတယ်ဆိုပေမယ့် ကျတော်တို့ Imperial Dental Specialist Clinic မှ အကုန်လုံး အဆင်ပြေပြေနဲ့ လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်နိုင်အောင် Christmas and New Year အတွက် အထူး Promotion လက်ဆောင်လေး ကို ပြောပြချင်ပါတယ်။

🦷🦷 Christmas and New Year အတွက် “ Smile with Confidence “ ဆိုတဲ့ Package လေးမှာ Teeth Scaling ( သွားကျောက်ခြစ်ခြင်း ) + Teeth Laser Whitening ( သွားကို လေဆာနဲ့ ဖြူအောင်လုပ်ခြင်း) ဆိုတဲ့ ကုသမှု နှစ်ခုကို “ ကျပ်ငွေ ၁၄၅၀၀၀ “ အတိနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

🦷🦷 ဒီ Package လေးကို ကိုယ့်ရဲ့ မိဘ ဆွေမျိုး ချစ်သူ သူငယ်ချင်းတို့ကိုလည်း လက်ဆောင် Christmas and New Year Present အဖြစ်လည်း ပေးနိုင်ပါတယ်။ လက်ဆောင် အဖြစ်ပေးလိုပါက ဆေးခန်း Messenger လေးမှာ ကိုယ်ပေးမယ့် သူရဲ့ နာမည် နဲ့ ဖုန်းနံပါတ်လေး ပေးထားရင် ကျတော်တို့ ဆေးခန်းမှ ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်ပါတယ်။

⭐️⭐️ဒီလို အထူးအခွင့်အရေးကို ကိုယ်တိုင်ဖြစ်စေ တခြား ကိုယ်ချစ်ရတဲ့သူတွေ အတွက်ဖြစ်စေ လက်မလွတ်သင့်ပါဘူးနော်။

⭐️⭐️ Christmas and New Year မှာ လှလှလေးပြုံးနိုင်ဖို့ ကျတော်တို့ Imperial Dental Specialist Clinic ရဲ့ “ Smile With Confidence “ ဆိုတဲ့ Package လေးရယူစို့ 😁😁😁

🚨🚨ယခု ကာလအတွင်း ဆေးခန်းဖွင့်ချိန်ကို နေ့လည် ၁၂ နာရီမှ ည ၆နာရီအထိပြောင်းလဲ ဖွင့်လှစ်ထားပါသည်။

☎️Contact Number -Dr. Thi Ha Tun
Ph - 09765112600
Dr. Kyaw Zarni Tun
Ph - 09799909276

Email - [email protected]

🏘လိပ်စာ-သိမ်ဖြူလမ်း၊အမှတ်(၄၄၆) ထောင့်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

🙏အားလုံးမင်္ဂလာပါ..🌟ဒီနေ့တော့ သွားညှိကုသခြင်း နဲ့ ပက်သက် တဲ့ အကြောင်းလေးကို မျှဝေခြင်ပါတယ်။🌟သွားညှိကုသခြင်း နှင့် သိသင့်...
01/12/2021

🙏အားလုံးမင်္ဂလာပါ..

🌟ဒီနေ့တော့ သွားညှိကုသခြင်း နဲ့ ပက်သက် တဲ့ အကြောင်းလေးကို မျှဝေခြင်ပါတယ်။

🌟သွားညှိကုသခြင်း နှင့် သိသင့်သော အကြောင်းအရာများနဲ့ မေးလေ့ရှိသော မေးခွန်းများကို ဖော်ပြလိုက်ပါတယ်။

၁။ သွားညှိကုသမှု ခံယူနိုင်သော အခြေအနေများ

🌟 သွားများ မညီညာခြင်း
🌟 သွားကျဲခြင်း
🌟 သွားထပ်ခြင်း
🌟 သွားများပြန်မစိုက်ရျ် ယိုင်လာခြင်း၊ ရှည်ကျလာခြင်း
🌟 အပေါ် နှင့် အောက် မေးရိုးများ ခေါခြင်း
စသည့် အခြေအနေများတွင် ကုသမှု ခံယူသင့်ပါသည်။

၂။ ကြာမြင့်ချိန်

🌟 သွားအနေအထားပေါ်မူတည်ရျ် ၆လ မှ ၃ နှစ်ထိ ကြာမြင့်တတ်ပါတယ်။
🌟 တလတကြိမ် ပုံမှန် ဆရာဝန် ထံ ပြန်လည်ပြသပြီး လိုအပ်သည်များကို လုပ်ရပါမည်။

၃။ ကုန်ကျစရိတ်

🌟 ကုန်ကျမှုမှာ ကိုယ့်သုံးမည့် ပစ္စည်း နှင့် ကုသမှု ကြာမြင့်ချိန်နဲ့ အခြေအနေပေါ် မူတည်ပြီး ကျသင့်မည်ဖြစ်ပါသည်။
🌟 ဆေးခန်းတွင် အသေးစိတ်ကို ဆရာဝန်ဖြင့်တိုင်ပင်ရပါမည်။

၄။ နာကျင်မှု ရှိပါသလာ:?

🌟 အစပိုင်း နည်းနည်း နာတတ်ပါသည်။
🌟 အချို့ လူနာများ နာကျင်မှုမရှိပါ။
🌟 အခြေအနေပေါ်မူတည်ရျ် ကွာခြားတတ်ပါသည်။
🌟 မခံမရပ်နိုင်အောင် နာကျင်ခြင်းမရှိပါ။

၅။ အသက်အရွယ် ကန့်သက်မှု

🌟 အသက်အရွယ် ကန့်သတ်မှု မရှိပါ။
🌟 သွား နှင့် သွားဖုံး ကျန်းမာနေသရွေ့ ကုသမှု ခံယူနိုင်ပါသည်။

၆။ သွားညှိကုသမှု ခံယူသူများ လိုက်နာရန်

🌟 သွားသန့်ရှင်းရေး သေချာ ဂရုပြုရျ် ပုံမှန် ပြုလုပ်ပေးရန်။
🌟 အစာစားပြီးတိုင်း သွားတိုက်ပေးရန်။
🌟 မာကျောရျ် စေးကပ်သော အစားအစာများ တတ်နိုင်သလောက် လျော့စားရန်။
🌟 ကုသမှုပြီးစီးချိန်တွင် ဆရာဝန် ညွှန်ကြားထားသည့် အတိုင်း အထိန်း သေချာတပ်ပေးရန်တို့ဖြစ်ပါသည်။

၇။ အသေးစိတ်ကို ဆေးခန်းတွင် သွားညှိအထူးကိုဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပါက ပိုမိုကောင်းမွန်ပါမည်။

🌟မိတ်ဆွေတို့ရဲ့ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် Imperial Dental Specialist Clinic ကအမြဲ အဆင်သင့်ရှိနေပါတယ်။

🚨🚨ယခု ကာလအတွင်း ဆေးခန်းဖွင့်ချိန်ကို နေ့လည် ၁၂ နာရီမှ ည ၆နာရီအထိပြောင်းလဲ ဖွင့်လှစ်ထားပါသည်။

☎️Contact Number -Dr. Thi Ha Tun
Ph - 09765112600
Dr. Kyaw Zarni Tun
Ph - 09799909276

Email - [email protected]

🏘လိပ်စာ-သိမ်ဖြူလမ်း၊အမှတ်(၄၄၆) ထောင့်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

🙏အားလုံးမင်္ဂလာပါ..🦷ဒီနေ့ Teeth Whitening Treatment အကြောင်းလေးကို မျှဝေခြင်ပါတယ်။🌟အခုခေတ် အခါမှာ သွားဆေးခန်းလာပြီဆို ဆေ...
19/11/2021

🙏အားလုံးမင်္ဂလာပါ..

🦷ဒီနေ့ Teeth Whitening Treatment အကြောင်းလေးကို မျှဝေခြင်ပါတယ်။

🌟အခုခေတ် အခါမှာ သွားဆေးခန်းလာပြီဆို ဆေးကုသမှုခံယူမှု တခုတည်း အတွက်သာမကဘဲ အလှအပအတွက်ပါ ရောက်လာကျတာတွေရှိလာပါတယ်။

🌟လူတွေနဲ့ တွေ့တဲ့အခါ ပြုံးပြချင်ပေမယ့် သွားအရောင်တွေ ဝါနေလို့ ပြုံးပြရမှာခက်နေမယ့်သူတွေ အတွက် Whitening Treatment လေးအကြောင်းကို မျှဝေပေးပါရစေ။

🌟ဆေးခန်းမှာ အချိန်တစ်နာရီလောက် ပေးရုံနဲ့ သင့်ရဲ့ သွားလေးတွေဖြူဖွေးပြီး လှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

🌟ဒါဆို ကျတော်တို့ ဆေးခန်းရောက်ရင် ဘာတွေလုပ်ရမလဲဆိုတာ ရှင်းပြပါမယ်။

🌟ဆေးခန်းရောက်တာနဲ့ သက်ဆိုင်ရာဆရာဝန်က သင့်ရဲ့ သွားနှင့် ခံတွင်း ကိုစစ်ဆေးခြင်းပြုလုပ်ပါမယ်။

🌟သွားကျောက် ( Dental Calculus )၊ သွားချေး ( Dental Plaque )၊ သွားအစွန်းထင်ခြင်း ( Dental Staining ) နှင့် သွားဖုံးနဲ့ ပက်သက်တဲ့ရောဂါတွေရှိရင်တော့ Scaling and Polishing လုပ်ပေးရပါမယ်။

🌟ပြီးရင်တော့ Teeth Whitening Treatment ကိုစတင်ခံယူလို့ရပါပြီ။

🌟Treatment လုပ်ပြီးရင် တော့ သွားလေးတွေ ဖြူဖွေးနေတာလေးတွေ ကြာရှည်ခံအောင် အရောင်ဆိုးဆေးပါတဲ့ အစားအသာက်နဲ့ ဖျော်ရည်တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပေးရပါမယ်။

🌟ကော်ဖီကြိုက်သူများလည်း ပုံမှန်ထက်လျော့သောက်ဖို့လိုမယ်နော် 😁😁

🌟စားသောက်ပြီးရင်လည်း ချက်ချင်း သွားတိုက်ပြီး ပလုပ်ကျင်းပေးရင် အကောင်းဆုံးပါ။

🌟ဒီလိုလေးတွေလုပ်ပေးရင်တော့ ၆လကနေ တစ်နှစ်ခွဲအထိ သွားလေးတွေဖြူဖွေးနေပါလိမ့်မယ်။

🌟Whitening Treatment လုပ်ရင် သွားအထူအပါးပေါ်မူတည်ပြီး သွားကျဉ်ခြင်း ၁ရက် အတွင်း ခံစားရတတ်ပါတယ်။ ဒီအတွက်လည်း ဆေးခန်းကနေ သွားကျဉ်ခြင်းကို သက်သာစေမယ့် သွားတိုက်ဆေးလေးတွေ လက်ဆောင်ပေးဦးမှာပါ။

🌟ကဲဒါဆို လူတွေကြားမှာ ရဲရဲဝံ့ဝံ့ ပြုံးပြနိုင်အောင် Teeth Whitening Treatment လေးခံယူဖို့ Imperial Dental Specialist Clinic ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်

🚨🚨ယခု ကာလအတွင်း ဆေးခန်းဖွင့်ချိန်ကို နေ့လည် ၁၂ နာရီမှ ည ၆နာရီအထိပြောင်းလဲ ဖွင့်လှစ်ထားပါသည်။

☎️Contact Number -Dr. Thi Ha Tun
Ph - 09765112600
Dr. Kyaw Zarni Tun
Ph - 09799909276
Clinic Phone
09688061119
09699332141
Email - [email protected]

🏘လိပ်စာ-သိမ်ဖြူလမ်း၊အမှတ်(၄၄၆) ထောင့်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

အားလုံးမင်္ဂလာပါ။⭐️⭐️ ဒီနေ့ ပြောပြမယ့် အကြောင်းအရာလေးကတော့ သွားဖုံးလှပမှုဆိုင်ရာ ပြုပြင်တဲ့ procedure လေးပါ။ 🦷🦷ကျတော်တို...
30/10/2021

အားလုံးမင်္ဂလာပါ။

⭐️⭐️ ဒီနေ့ ပြောပြမယ့် အကြောင်းအရာလေးကတော့ သွားဖုံးလှပမှုဆိုင်ရာ ပြုပြင်တဲ့ procedure လေးပါ။

🦷🦷ကျတော်တို့ ရယ်လိုက်ပြုံးလိုက်တဲ့ အခါတိုင်းမှာ လူတွေ သတိထားမိတာ သွားတခုထဲ မဟုတ်ဘဲ သွားဖုံးရဲ့ ပုံစံလေးတွေကိုပါ သတိထားမိတတ်ပါတယ်။

🦷🦷တချို့တွေဆို သွားတွေက ဖြူဖွေးပြီး လှပနေသည့်တိုင် သွားဖုံး၊ သွားဖုံးရိုး နှင့် မေးရိုးတို့ မညီမျှမှုကြောင့်် သတ္တိရှိရှိမပြုံးရဲတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

🦷🦷 ဒါပေမယ့် ဒီလို ပြဿနာလေးတွေက ဖြေရှင်းလို့ မရတာမဟုတ်ပါဘူး။ သေချာ သွားဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ပြီး ပြုပြင်လို့ရပါတယ်။

⭐️⭐️ ရယ်လိုက်ပြုံးလိုက်သည့် အခါမိမိ၏ သွားဖုံက လိုတာထက်ပိုပေါ်နေသည့် ပြဿနာမျိုးလေးတွေရှိတတ်ပါတယ်။ ဒီလိုမျိုး ပြဿနာကို ဖြေရှင်းလို့ ရသည့် နည်းလမ်းများစွာထဲက ( Gummy Smile Correction) လို့ခေါ်တဲ့ သွားဖုံးအလှပြုပြင်ခြင်းလို့ခေါ်တဲ့ ကုသမှုလေးကို ပြောပြလိုပါတယ်။ ဒီကုထုံးလေးမှာ Gummy smile ဖြစ်စေသည့် အကြောင်းအရာပေါ်မူတည်ပြီး ကုသပုံ နည်းလမ်း အမျိုးမျိုးရှိပါသည်။ ဒီထဲကမှ သွားဖုံးနဲ့ သွားရဲ့ အချိုးအဆမညီမှုကြောင့်ဖြစ်လာသော ပြဿနာကို ကုသပုံ တမျိုးကို ဗဟုသုတ ရစေရန် မျှဝေပေးလိုပါသည်။

⭐️⭐️ ကုသရာတွင် ရှေးဦးစွာ သွားဖုံး နှင့် သွား၏ လိုအပ်သည့် အတိုင်းအတာ အချိုးအဆကို ပြုပြင်ရန် သေချာစနစ်တကျတိုင်းတာ မှတ်သား ပြီး လိုအပ်သည့် နေရာတွင် marking ပေးကာ နာကျင်မှု မရှိစေရန် ထုံးဆေးဖြင်ထိုးပေးပြီး လိုအပ်သလို ပြုပြင်ပေးသည့် ကုသမှုဖြစ်ပါတယ်။ ထို့နောက် သောက်ရမည့် ဆေးများနှင့် သတိပြုရန် အချက်များကို သေချာ ရှင်းပြပေးရပါသည်။
သွားဖုံးအား ပုံမှန်ပြန်ဖြစ်ရန် အချိန် အနည်းငယ်ပေးရပါမည်။

⭐️⭐️ထိုသို့ ကုသမှု အပြီးတွင်တော့ ပိုမိုလှပပြီး ယုံကြည်မှု ရှိသည့် အပြုံးများကို ပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ် 😁😁

🚨🚨ယခု ကာလအတွင်း ဆေးခန်းဖွင့်ချိန်ကို နေ့လည် ၁၂ နာရီမှ ည ၆နာရီအထိပြောင်းလဲ ဖွင့်လှစ်ထားပါသည်။

☎️Contact Number -Dr. Thi Ha Tun
Ph - 09765112600
Dr. Kyaw Zarni Tun
Ph - 09799909276
Clinic Phone
09688061119
09699332141
Email - [email protected]

🏘လိပ်စာ-သိမ်ဖြူလမ်း၊အမှတ်(၄၄၆) ထောင့်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ  မိဘပြည်သူအပေါင်း ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ သာယာအေးချမ်း ကျန်းမာပါစေကြောင်း ...
20/10/2021

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ မိဘပြည်သူအပေါင်း ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ သာယာအေးချမ်း ကျန်းမာပါစေကြောင်း “ Imperial Dental Specialist Clinic “ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

25/08/2021

🙏အားလုံးမင်္ဂလာပါ။

🌟🌟ကျတော်တို့ Imperial Dental Clinic ကို August 26th မှစပြီး လူနာများကို လိုအပ်သည့် ပြင်ဆင်မှု များပြုလုပ်ထားပြီး လက်ခံကုသပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

🦷🦷ဆေးခန်းသို့ရောက်ချိန်တွင်
အဖျားတိုင်းခြင်း၊ခရိီးသွားရာဇဝင်မေးခြင်း၊ Hand Sanitizer များလက်ဆေးရန် ထားရှိခြင်း၊ လူနာတယောက် နဲ့ တယောက်ကြား အချိန်ခြား၍ သန့်ရှင်းရေးများ ပြုလုပ်ပြီးမှ နောက်တယောက် ကုသပေးခြင်း၊ Dental chair and instruments များကို စနစ်တကျ ပိုးသတ်ခြင်းများပြုလုပ်ခြင်းများစသည့် တိုကို နေ့စဉ်နေ့တိုင်း သတိထားကာ ကာကွယ်မှုများ ပြုလုပ်ထားပါသည်။

🌟🌟လူနာများကို ကုသပေးရာတွင်လည်း မျက်နှာ အကာကွယ်များ၊ လက်အိပ်များ၊ Surgical gown များဝတ်ဆင်ကာ ကုသပေးနေသည့်အတွက် စိတ်ချယုံကြည်နိုင်ပါသည်ခင်ဗျာ။

🦷🦷 ကိုဗစ် Delta Variant ကူးစက်နှုန်းမြင့်တက်နေသေးသောကြောင့် မလိုအပ်သည့် အခြေအနေများကို ကာကွယ်ရန် လူနာများ ကို တနေ့ ၃ယောက်မှ လေးယာက် အထိသာ လက်ခံကုသမှုပေးမည်ဖြစ်သောကြောင့် ဖုန်း booking ဖြင့် appointment ယူပေးရန် လေးစားစွာဖြင့် အသိပေးလိုပါသည်။

🚨🚨ယခု ကာလအတွင်း ဆေးခန်းဖွင့်ချိန်ကို နေ့လည် ၁၂ နာရီမှ ည ၆နာရီအထိပြောင်းလဲ ဖွင့်လှစ်ထားပါသည်။

☎️Contact Number - Dr. Thi Ha Tun
Ph - 09765112600
Dr. Kyaw Zarni Tun
Ph - 09799909276
Clinic Phone
09688061119
09699332141
Email - [email protected]

🏘လိပ်စာ-သိမ်ဖြူလမ်း၊အမှတ်(၄၄၆) ထောင့်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

အားလုံးမင်္ဂလာပါ 🙏🙏🙏🙏 ကျတော်တို့ Imperial Dental Specialist Clinic ကို ဖွင့်လှစ်ခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။  🙏...
11/01/2021

အားလုံးမင်္ဂလာပါ 🙏🙏

🙏🙏 ကျတော်တို့ Imperial Dental Specialist Clinic ကို ဖွင့်လှစ်ခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။

🙏🙏ဤ တစ်နှစ် အတွင်းမှာ ကျတော်တို့ ဆေးခန်းကို ယုံယုံကြည်ကြည်ဖြင့် သင်တို့၏ သွားနှင့် ခံတွင်းကျန်းမားရေးအတွက် လာရောက်ကုသမှု ခံယူပေးသော အယောက်တိုင်းကို ကျတော်တို့ Imperial Dental Specialist Clinic Family Members များမှ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ဗျ။

🚨🚨ကျတော်တို့ ဆေးခန်းဖွင့်ပြီးမကြာခင်မှာ ကမ္ဘာနှင့်အဝှမ်း Covid-19 ကပ်ရောဂါဆိုးကြီးနဲ့ ကြုံခဲ့ရသော်လည်း မိဘပြည်သူများမှ စိတ်ချယုံကြည်စွာဖြင့် ကုသမှုများ လာရောက်ခံယူပေးခဲ့ အတွက် လွန်စွာ ဝမ်းသာပြီး ကျေးဇူးတင်မိပါသည်။

⭐️⭐️ကျတော်တို့ ဘက်မှလည်း လိုအပ်ချက်များရှိရင်လည်း ဆက်လက်ကြိုးစားသွားပြီး ခုထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်သွားပါမည်ဟု ပြောကြားရင်း ကျေးဇူးတင်လွှာလေးကို နိဂုံးချုပ်လိုပါသည်။

🦷🦷လူကြီးမင်းတို့၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် Imperial Dental Specialist Clinic မှ အမြဲအဆင်သင့်ရှိနေပါတယ်ဗျာ။

Ph - 09697993338
Dr. Thaung Htut Tin
Ph - 09443082239
Dr. Kyaw Zarni Tun
Ph - 09799909276
Clinic Phone
09688061119
09699332141
Email - [email protected]


အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏🙏🙏🦷🦷ဒီတပတ်(Dental Health Education) က ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ လူကြီးမင်းတို့ရဲ့ ...
09/01/2021

အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏🙏🙏

🦷🦷ဒီတပတ်(Dental Health Education) က ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ လူကြီးမင်းတို့ရဲ့ ပါးစပ်ထဲမှာ ရှိတဲ့ သွားလေးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် သူတို့ရဲ့ လုပ်ငန်းတာဝန်လေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အမာကျောဆုံးသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်းခံရတဲ့ အစိတ်အပိုင်းကတော့ ၃၂ချောင်းသော သွားလေးတွေ ဖြစ်ပါတယ်။

🦾🦾သူတို့ရဲ့ အဓိက ထမ်းဆောင်ရတဲ့ တာဝန်ကတော့

(၁) အစားအစာများကို ကျေညက်အောင်
ကြိတ်ချေပေးခြင်း

(၂) လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို
ဖော်ဆောင်ပေးခြင်း

(၃) စကားပြောဆိုရာတွင် အသံထွက် ပီသမှန်ကန်စေရန်
ကူညီပေးခြင်း တို့ဖြစ်ပါတယ် ။

🦷🦷သွားလေးတွေမှာ သူတို့ရဲ့ ပုံပန်းသွင်ပြင် ကွဲပြားမှုအရ သွားအမျိုးအစား အုပ်စု (၄)မျိုး ရှိပါတယ်နော် ။

(၁) Incisors - ပါးလွှာ၍ ပြားချပ်ပြီး ဆောက်သွားပုံ
သဏ္ဍာန်ရှိသောသွား ။ စကားပြောဆိုရာတွင် အသံ
ထွက် ပီသမှန်ကန်စေရန် / အစားအစာများကို
ကိုက်ဖြတ်ရန် အသုံးဝင်သည်။

(၂) Canines - များသောအားဖြင့် ချွန်ထက်၍ အစွယ်ပုံ
သဏ္ဍာန် ရှိသောသွား ။ ချွန်ထက်သော ပုံစံရှိ
သောကြောင့် အစားအစာများကို ကိုက်ဖြတ်ရာတွင်
ပိုမို၍ မြဲမြံစေရန် အထောက်အကူဖြစ်စေသည်။

(၃) Premolars - သွားစွယ်၂ခုပါရှိ၍ ဘေးတိုက်ကြည့်
လျှင် ဂဏန်းလက်မ ပုံစံကဲ့သို့ ရှိသောသွား ။
အစားအစာများကို ကိုက်ဖြတ်ပြီး ကြိတ်ချေရာတွင် အ
သုံးဝင်သည်။

(၄) Molars - မျက်နှာပြင် ကြီးမားကျယ်ပြန့်ပြီး
ထုထည်အကြီးဆုံးသောသွား။ အစားအစာများကို
လုံးဝကျေညက်သွားစေရန် ကြိတ်ချေရာတွင် အ
သုံးဝင်သည်။

⭐️⭐️သွားလေးတွေဟာ ပုံသဏ္ဍာန် မတူညီတာကြောင့် အမျိုးအစား (၄)မျိုး ခွဲခြားထားပေမယ့် သူတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံကတော့ အားလုံးအတူတူပဲ ဖြစ်ပါတယ်။
သွားလေးတွေကို (၁) Enamel (၂) Dentine (၃) Pulp ဆိုတဲ့ အဓိက အလွှာ(၃)နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
တစ်လွှာချင်းစီရဲ့ အရေးပါပုံလေးကို နည်းနည်းထပ်ရှင်းပြမယ်နော်………

(၁) Enamel - သွားတစ်ချောင်းလုံးမှာ အမာကြောဆုံး
သော အလွှာဖြစ်ပြီးတော့ နေ့စဉ်စားသောက်နေတဲ့
အစားအစာတွေရဲ့ အပူအအေးဒဏ်တွေကို သွားရဲ့
အတွင်းဆုံးပိုင်းအထိ ဖြစ်သန်းစီးဆင်းမှု မဖြစ်ရ
လေအောင် ကာကွယ်ပေးပါတယ် (သွားတစ်ချောင်း
လုံးရဲ့ အဓိက အရေးပါလှတဲ့ ကာကွယ်ရေး
တပ်သားကြီးဖြစ်ပါတယ်) ။ ဖြူဖြူဖွေးဖွေး
အရောင်အဆင်းရှိတဲ့ Enamel ကို မြန်မာလို
ခေါ်ဆိုတဲ့ နာမည်လေးကတော့ ကြွေသွားလွှာ လို့
ခေါ်နိုင်ပါတယ်နော် ။

(၂) Dentine - သူကတော့ Enamel layer ရဲ့ အောက်
ကပ်လျက်တည်ရှိနေတဲ့ ဒုတိယ ကာကွယ်ရေး
တပ်သားလေး ဖြစ်ပါတယ် ။ Dentine layer မှာ
Microscope နဲ့ ကြည့်မှသာ မြင်တွေ့ရနိုင်တဲ့
Microscopic Dentinal Tubules and Dentinal
fluid လေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်
အကြောင်းတစုံတရာကြောင့် (ဥပမာ-သွားပိုးစားခြ
င်း)Enamel layer ကြီးပျက်စီးသွားတဲ့အခါမှာ သွား
တစ်ချောင်းရဲ့ အင်မတန်မှ နုနယ်လှတဲ့ အတွင်းဆုံး
အလွှာ (Pulp layer) ဆီကို အစားအသာက်တွေ
ရဲ့အပူအအေးဒဏ်တွေ အလွယ်တကူ ဖြတ်သန်းမ
သွားနိုင်အောင် ကာကွယ်ပေးပါတယ် ။ Enamel ပြီး
ရင်တော့ Dentine ဟာ ဒုတိယ အမာကျောဆုံး အ
လွှာဖြစ်ပြီးတော့ အနည်းငယ် အဝါရောင်သမ်းပါတ
ယ်။ဆင်အစွယ်ရဲ့ အရောင်အဆင်းပုံစံရှိတာကြောင့်
Dentine ကို ဆင်စွယ်နှစ် အလွှာ လို့ မြန်မာလို
နာမည်ပေးထားပါတယ် ။

(၃) Pulp - သွားတစ်ချောင်းလုံးရဲ့ အထိမခံ ရွှေပန်းကန်
လို့ တင်စားရမယ့် အနုနယ်ဆုံးနဲ့ အရေးကြီးဆုံး
သော အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဘာကြောင့်
အရေးကြီးဆုံးသော အစိတ်အပိုင်း ဖြစ်ရသလဲဆိုရင်
Pulp layer လေးဟာ သစ်ပင်ကြီးတစ်ပင်ရဲ့
ရေသောက်မြစ်နဲ့ အလားသဏ္ဍာန် တူလို့ပါပဲ။
သစ်ပင်တစ်ပင် ကောင်းစွာ ရှင်သန်ရပ်တည်ဖို့အတွ
က် လိုအပ်တဲ့ အစာအာဟာရကို ရေသောက်မြ
စ်ကနေ အဓိကပံ့ပိုးပေးရသလိုပဲ သွားတစ်ချောင်း
ဟာ ခိုင်ခိုင်ခန့်ခန့် ရှင်သန်ရပ်တည်နိုင်စေဖို့ Pulp
layer က အဓိကပံ့ပိုးပေးရပါတယ် ။ Pulp layer ကို
သွေးကြောမျှင်လေးတွေ အာရုံကြောမျှင် အစုအ
ဝေးလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ
ကြောင့် အနုနယ်ဆုံးသော အစိတ်အပိုင်းဖြစ်တ
ယ်လို့ ပြောရခြင်း ဖြစ်ပါတယ် ။ တကယ်လို့များ
အကြောင်းတစုံတရာကြောင့် (ဥပမာ-သွားပိုးစားခြ
င်း) Enamel ရော Dentine layer ပါ ပျက်စီးသွားပြီး
Pulp layer ကိုပါ ထိခိုက်မိပြီဆိုပါက သွားကိုက်ခြင်း
ဆိုတဲ့ ဝေဒနာကို စတင်ခံစားရမှာ ဖြစ်ပါတယ် ။
Pulp layer ကိုတော့ မွှသွားလွှာ လို့ ခေါ်ဆိုနိုင်ပါတယ်
ခင်ဗျာ ။

စာလဲ အတော်ရှည်နေပြီမို့လို့ ဒီလောက်ဆိုရင် မိမိတို့ရဲ့ ပါးစပ်ထဲမှာရှိတဲ့ သွားလေးတွေရဲ့ တည်ဆောက်ပုံနဲ့ သူတို့ရဲ့ တာဝန်တွေ အကြောင်းကို စာဖတ်သူတွေ သိလောက်ပြီ ဖြစ်မှာပါ ။ နောက်တခေါက်မှာတော့ သွားပိုး ဘာကြောင့် စားရသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ် ။

သင်တို့၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် Imperial Dental Specialist Clinic မှ အမြဲအဆင်သင့်ရှိနေပါတယ် 🙏🙏🙏

🇲🇲🇲🇲ယနေ့၂၀၂၁ ခုနှစ် ဇန်နဝါရီ လ (၄) ရက်နေ့မှာ ကျရောက်သော (၇၃) နှစ်မြောက် လွပ်လပ်ရေးနေ့ ကို Imperial Dental Specialist Cli...
04/01/2021

🇲🇲🇲🇲ယနေ့၂၀၂၁ ခုနှစ် ဇန်နဝါရီ လ (၄) ရက်နေ့မှာ ကျရောက်သော (၇၃) နှစ်မြောက် လွပ်လပ်ရေးနေ့ ကို Imperial Dental Specialist Clinic မှ အထူးဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

🇲🇲🇲🇲လွတ်လပ်ရေးအတွက် အဘက်ဘက်မှ ကြိုးစားခဲ့သောသူများအားလုံးကို လေးစားလျက်ပါ။

အားလုံးမင်္ဂလာပါ🙏🙏 ⭐️⭐️ကျန်းမားခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့ အတိုင်း ကျတော်တို့ နေ့စဉ်လှုပ်ရှားသွားလာနိုင်ဖို့ ကျန်မားရေး က...
02/01/2021

အားလုံးမင်္ဂလာပါ🙏🙏

⭐️⭐️ကျန်းမားခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့ အတိုင်း ကျတော်တို့ နေ့စဉ်လှုပ်ရှားသွားလာနိုင်ဖို့ ကျန်မားရေး ကောင်းဖို့ လိုအပ်ပါတယ်..

🪥🪥ကျန်းမားရေးထဲမှာမှ သွားနှင့်ခံတွင်းကျန်းမာရေးဆိုတဲ့ အပိုင်းကလည်း တကယ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

🦷🦷ကျတော်တို့ အစားအသောက်စားတဲ့ အခါ သွားကျန်းမာရေးကောင်းနေမှ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကို စားနိုင်မှာ ဖြစ်သလို သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းရနှံံ့ သင်းပျံ့နေမှ လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါ ယုံကြည်ချက်တွေရှိနိုင်မှာ ဖြစ်ပါတယ်။

😔😔သွားနှင့်ခံတွင်း ပြဿနာ တစ်ခုဖြစ်သည့် သွားပိုးစားပြီး ကိုက်ခဲနေပြီဆိုလည်း အလုပ်ပျက်အကိုင်ပျက် ဖြစ်ပြီး နေ့စဉ်လူနေ့မှုဘဝကို ထိခိုက်နိုင်လို့ မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။

🦾🦾ဒါကြောင့်နှစ်သစ်မှာ သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေးထားသင့်တယ်လို့ တိုက်တွန်းရင်း ကျတော်တို့ Imperial Dental Specialist Clinic မှ သင်တို့ Oral Heath Care အတွက် အမြဲအဆင်သင့်ရှိနေကြာင်း သတင်းကောင်းပါးလိုက်ပါတယ်။

🌟🌟ဤကာလ အတွင်း သွားနှင့်ခံတွင်း ဆိုင်ရာ ရောဂါ ဝေဒနာ ခံစားရပါက ဆေးခန်းလာရမှာ စိုးရိမ်သူများ အတွက် ပညာဒါန အနေဖြင့် ဆေးခန်းသို့ ဖုန်းဖြင့်သော် လည်းကောင်း message box မှသော်လည်းကောင်း ဆက်သွယ် ဆွေးနွေးနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်ခင်ဗျာ။

☎️Contact Number -Dr. Thi Ha Tun
Ph - 09697993338
Dr. Thaung Htut Tin
Ph - 09443082239
Dr. Kyaw Zarni Tun
Ph - 09799909276
Clinic Phone
09688061119
09699332141
Email - [email protected]

🏘လိပ်စာ-သိမ်ဖြူလမ်း၊အမှတ်(၄၄၆) ထောင့်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

Address

No. (446) Ground Floor, Thein Phyu Road, Mingalar Taung Nyunt Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959697993338

Website

Alerts

Be the first to know and let us send you an email when Imperial Dental Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Imperial Dental Specialist Clinic:

Share