Shwe Ingyin Facial&Dental Aesthetic,Orthodontic and Implant Center

  • Home
  • Myanmar
  • Yangon
  • Shwe Ingyin Facial&Dental Aesthetic,Orthodontic and Implant Center

Shwe Ingyin Facial&Dental Aesthetic,Orthodontic and Implant Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Ingyin Facial&Dental Aesthetic,Orthodontic and Implant Center, No. 380B Baho Middle Road, Thamine 2ward, Mayangone Township, Yangon.

ကျွှန်ုပ်တို့သွားဆေးခန်းသည် ခေတ်မီသော ကုသမှုနည်းလမ်းများ၊ အတွေ့အကြုံရှိ သွားဆရာဝန်များနှင့် စိတ်ချရသော ဝန်ဆောင်မှုတို့ဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးလျက်ရှိပါသည်။

"ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် စနေနေ့လေးမှာ မိမိတို့ရဲ့သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အချိန်ပေးပြီး ယုံကြည်စိတ်ချစွာ လာရ...
16/05/2026

"ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် စနေနေ့လေးမှာ မိမိတို့ရဲ့
သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အချိန်ပေးပြီး
ယုံကြည်စိတ်ချစွာ လာရောက်ပြသကြတဲ့ လူနာတစ်ဦးချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ✨

အလုပ်တွေ၊ ကျောင်းတွေ မအားလို့ ပိတ်ရက်မှ သွားပြချင်တယ်ဆိုရင်
ဆေးခန်းကို Appointment ကြိုတင်ရယူပြီး လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ။
-------------------------------------------------------------------

ရွှေအင်ကြင်းသွားနှင့်ခံတွင်းအထူးကုဆေးခန်း
🗺️ အမှတ်380B အလယ်ဗဟိုလမ်း၊ သမိုင်း၂ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်။ သမိုင်းလမ်းလမ်းဆုံမှ လာပါက ( ဦးဘဟန်မီးပွိုင့်လမ်းဆုံအနီး )သို့ ၅ီနစ်ခန့်လမ်းလျောက်ရပါတယ်ခင်ဗျာ...🚶🚶‍♀️
📌 ဆေးခန်းလေးလာပြချင်တယ်ဆိုရင် တစ်ရက်ကြိုတင်ပြီး
📞(Phone : 09 882 881 799 / 09 882 880 799) ကိုဖုန်းဆက်ပြီးတော့Booking တင်လို့ရသလို
💬 Page Message မှာလည်းစာပို့ပြီး Booking လေးရယူနိုင်ပါတယ်ခင်ဗျာ ။

#ရွှေအင်ကြင်းသွားနှင့်ခံတွင်းအထူးကုဆေးခန်း #ရုံးပိတ်ရက်သွားကျန်းမာရေး

"တန်ဖိုးရှိတဲ့အခိုက်အတန့်တွေကို... သင်းပျံ့တဲ့ခံတွင်းနံ့လေးနဲ့ ဆွဲဆောင်လိုက်ပါ" ✨💖လူမှုဆက်ဆံရေးမှာ ပထမဆုံးအထင်ကြီးမှုကို...
12/05/2026

"တန်ဖိုးရှိတဲ့အခိုက်အတန့်တွေကို... သင်းပျံ့တဲ့ခံတွင်းနံ့လေးနဲ့ ဆွဲဆောင်လိုက်ပါ" ✨💖

လူမှုဆက်ဆံရေးမှာ ပထမဆုံးအထင်ကြီးမှုကို ပေးနိုင်တာကတော့
ပြုံးလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ယုံကြည်မှုနဲ့ လတ်ဆတ်တဲ့ ခံတွင်းနံ့လေးပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ Meeting တွေပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေနဲ့
တွေ့ဆုံတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ခံတွင်းနံ့ကြောင့် စိတ်မသက်မသာ
မဖြစ်ရအောင် အခုပဲ ဂရုစိုက်လိုက်ကြရအောင်နော်။ 🤝😊

ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေဖို့အတွက် အိမ်မှာတင်
အလွယ်တကူ လုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ် -

🔹 ရေပုံမှန်သောက်ပါ (ခံတွင်းခြောက်တာက အနံ့ဆိုးရဲ့ အဓိကတရားခံပါ)
🔹 လျှာကို သန့်ရှင်းပေးပါ (ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်)
🔹 သကြားမပါတဲ့ ပီကေဝါးပါ (တံတွေးထွက်နှုန်းကို ကောင်းစေပြီး လန်းဆန်းစေပါတယ်)
🔹ဆားရည်နဲ့ ပလုပ်ကျင်းပါ -(ပီကေ မရှိရင် ဆားရည်က အကောင်းဆုံးသဘာ၀ လက်နက်ပါ)

လူကြီးမင်းတို့ရဲ့ နေ့စဉ်ဘဝမှာ အောင်မြင်မှုတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ဖို့ သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့မမေ့ပါနဲ့! 🦷✨

#ရွှေအင်ကြင်းသွားနှင့်ခံတွင်းအထူးကုဆေးခန်း

🦷 သွားဖုံးဘာလို့ ရောင်ရတာလဲ?သွားတိုက်ရင် သွေးထွက်တာ၊ သွားဖုံးနီရဲပြီး နာနေတာတွေဟာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ် 👇၁။ သ...
10/05/2026

🦷 သွားဖုံးဘာလို့ ရောင်ရတာလဲ?
သွားတိုက်ရင် သွေးထွက်တာ၊ သွားဖုံးနီရဲပြီး နာနေတာတွေဟာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ် 👇

၁။ သွားချေးများခြင်း 🦠
သွားသေချာမတိုက်လို့ အစာဟောင်းနဲ့ ဘက်တီးရီးယားတွေ စုမိရာက စပါတယ်။

၂။ သွားကျောက်တည်ခြင်း 💎
သွားချေးတွေ မာသွားတဲ့အခါ သွားကျောက်ဖြစ်လာပြီး သွားဖုံးကို အမြဲရောင်ရမ်းစေပါတယ်။

၃။ ဗီတာမင် C ချို့တဲ့ခြင်း 🍊
အာဟာရမပြည့်ဝရင် သွားဖုံးသွေးယိုတာ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။

၄။ ဆေးလိပ်သောက်ခြင်း 🚬
ခံတွင်းရဲ့ ခုခံအားကို ကျဆင်းစေပြီး သွားဖုံးရောဂါကို ပိုဆိုးစေပါတယ်။

၅။ ဟော်မုန်းပြောင်းလဲခြင်း 🤰 - ကိုယ်ဝန်ဆောင်ချိန်တွေမှာ သွားဖုံးက ပိုပြီး ထိခိုက်လွယ်တတ်ပါတယ်။

💡 ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

တစ်နေ့ (၂) ကြိမ် ပုံမှန်သွားတိုက်ပါ။

သွားကြားထိုးကြိုး (Floss) သုံးပါ။

(၆) လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသပြီး သွားကျောက်ခြစ်ပေးပါ။

"ကျန်းမာတဲ့သွားဖုံးက သင့်အပြုံးကို ပိုလှစေမှာပါ" ✨

#သွားဖုံးရောင်ခြင်း

သွားစိုက်ဖို့ စဉ်းစားတဲ့အခါ "ခဏခဏ ပြန်ပြင်နေရမှာလား"🤔💭"အစားအသောက်ရော သေချာစားလို့ရပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်တွေက လူတို...
08/05/2026

သွားစိုက်ဖို့ စဉ်းစားတဲ့အခါ "ခဏခဏ ပြန်ပြင်နေရမှာလား"🤔💭
"အစားအသောက်ရော သေချာစားလို့ရပါ့မလား" ဆိုတဲ့
စိုးရိမ်စိတ်တွေက လူတိုင်းမှာ ရှိတတ်ပါတယ်။
ဒီလို စိတ်ပူပန်မှုအားလုံးကို တစ်ခါတည်းနဲ့ အပြတ်အသတ် ဖြေရှင်းပေးနိုင်တာကတော့
Dental Implant (သွားအသေစိုက်ကုသခြင်း) ပဲ ဖြစ်ပါတယ်။🦷✨

၁။သွားစိုက်နည်းလမ်းတွေ အများကြီးရှိတဲ့အထဲမှာမှ Implant က
ဘာလို့ နံပါတ် (၁) ဖြစ်နေရတာလဲ?
သွားတုအရှင်တွေလို ပွတ်တိုက်လို့ နာကျင်တာ၊
ချောင်ထွက်လာလို့ ပြန်ပြင်ရတာမျိုး မရှိပါဘူး။
တစ်ခါစိုက်ပြီးရင် ကိုယ့်ရဲ့မူလသွားအတိုင်း ခိုင်မာနေမှာမို့
ဆေးခန်းကို ခဏခဏသွားပြီး ပြန်ပြင်နေရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးသွားမှာပါ။🏥⏳

🙅‍♂️🍗 "သွားစိုက်ထားလို့ ဒါမစားနဲ့၊ ဟိုဟာမစားနဲ့" ဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။
Implant က မေးရိုးထဲအထိ အမာခံ အမြစ်တွယ်ထားတာမို့ ကြွပ်ကြွပ်ရွရွ
အစားအစာတွေကအစ အားရပါးရ ဝါးစားနိုင်ပြီးအစားအသောက် ရှောင်စရာမလိုပါဘူးခင်ဗျာ။

၂။ ကုန်ကျစရိတ်နဲ့ ရလဒ် ထပ်တူကျခြင်း (Value for Money)💰💎
"စျေးကြီးပေးရတာနဲ့ တန်ရဲ့လား?" လို့ မေးစရာရှိပါတယ်။

တခြားနည်းလမ်းတွေက ၅ နှစ်၊ ၁၀ နှစ်နေရင် ပြန်လဲရနိုင်ပေမယ့် Implant ကတော့ စနစ်တကျ ထိန်းသိမ်းရင် "တစ်သက်စာ" အသုံးပြုနိုင်လို့ Long-term Resultကအလွန်ကောင်းမွန်ပါတယ်။♾️⭐️

သွားတစ်ချောင်းကြောင့် ဘေးကသွားတွေ ထိခိုက်တာ၊ မေးရိုးကျုံ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ ရေရှည်မှာ ဆေးကုသစရိတ်တွေကို ပိုပြီး သက်သာစေမှာပါ။🛡📉

၃။ ထိန်းသိမ်းရ လွယ်ကူမှုရှိပြီးခက်ခက်ခဲခဲ ထိန်းသိမ်းစရာ မလိုပါဘူး။👨‍⚕️🩺

ကိုယ့်ရဲ့မူလသွားအတိုင်း ပုံမှန် သွားတိုက်ပေးဖို့နဲ့ သွားပွတ်ကြိုး သုံးပေးဖို့ပဲ လိုပါတယ်။

၁ နှစ်မှာ ၂ ကြိမ် လောက်ပဲ ဆေးခန်းမှာ ပုံမှန်စစ်ဆေးတာ (Check-up) လုပ်ပေးရုံနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။

သွားစိုက်နည်းတွေ များစွာရှိပေမယ့် "အကောင်းဆုံး၊ အခိုင်မာဆုံးနဲ့ အနာဂတ်အတွက် စိတ်အအေးရဆုံး" နည်းလမ်းကို ရှာနေတယ်ဆိုရင်တော့ Dental Implant ကလူကြီးမင်းတို့အတွက် အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်မှာပါ။🌟🙌
.................................................................................................................................

ရွှေအင်ကြင်းသွားနှင့်ခံတွင်းအထူးကုဆေးခန်း
🗺️ အမှတ်380B အလယ်ဗဟိုလမ်း၊ သမိုင်း၂ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်။ သမိုင်းလမ်းလမ်းဆုံမှ လာပါက ( ဦးဘဟန်မီးပွိုင့်လမ်းဆုံအနီး )သို့ ၅ီနစ်ခန့်လမ်းလျောက်ရပါတယ်ခင်ဗျာ...🚶🚶‍♀️
📌 ဆေးခန်းလေးလာပြချင်တယ်ဆိုရင် တစ်ရက်ကြိုတင်ပြီး
📞(Phone : 09 882 881 799 / 09 882 880 799) ကိုဖုန်းဆက်ပြီးတော့Booking တင်လို့ရသလို
💬 Page Message မှာလည်းစာပို့ပြီး Booking လေးရယူနိုင်ပါတယ်ခင်ဗျာ ။

#သွားအသေစိုက်ခြင်း

ွားစိုက်နည်း

သွားမျတ်နှာပြင်နဲ့သွားနှစ်ချောင်းကြားမှာအမဲစက်လေးတွေကို သတိထားမိလားဗျ? 🤔🦠🦠🦠 ရှေ့သွားလေးတွေကြားမှာ မည်းမည်းလေးတွေ ဖြစ်နေတ...
03/05/2026

သွားမျတ်နှာပြင်နဲ့သွားနှစ်ချောင်းကြားမှာအမဲစက်လေးတွေကို သတိထားမိလားဗျ? 🤔

🦠🦠🦠 ရှေ့သွားလေးတွေကြားမှာ မည်းမည်းလေးတွေ ဖြစ်နေတာ၊
အစားစားရင် တစ်ခုခုခုတင်နေတာမျိုးဟာ သွားပိုးစားခြင်းရဲ့ အစပျိုးလက္ခဏာတွေပဲ ဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင် မသိသာပေမယ့် အတွင်းထဲမှာ ပိုးစားတာ နက်သွားပြီဆိုရင်တော့ နာကျင်ကိုက်ခဲတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။🦠🦠🦠

ဒီနေ့မှာတော့ ကျွန်တော်တို့ဆီမှာ လာရောက်ကုသမှုခံယူခဲ့တဲ့
လူနာရဲ့ ရှေ့သွားပြုပြင်မှု Before & After လေးကို မျှဝေပေးလိုက်ပါတယ်။
✅ သွားပိုးစားတာတွေကို ဖယ်ရှားပြီး
✅ သဘာဝသွားနဲ့ အရောင်တူအောင် စနစ်တကျ ပြန်လည်ဖာထေးပေးထားတာကြောင့်
သိသိသာသာ ပြောင်းလဲလှပသွားတာကို တွေ့ရမှာပါ။

အပြုံးလှလှလေး ပိုင်ဆိုင်ဖို့ ရှေ့သွားလေးတွေကိုလည်း အချိန်မီ စစ်ဆေးကုသဖို့ မမေ့နဲ့နော်။ ✨





🦷✨မိမိတို့ကျရာကဏ္ဍ အသီးသီးကနေ တိုင်းပြည်နဲ့ လူမျိုး၊ မိသားစုအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားအားထုတ်နေကြတဲ့ အလု...
01/05/2026

🦷✨မိမိတို့ကျရာကဏ္ဍ အသီးသီးကနေ

တိုင်းပြည်နဲ့ လူမျိုး၊ မိသားစုအတွက်

ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့

ကြိုးစားအားထုတ်နေကြတဲ့

အလုပ်သမားထုတစ်ရပ်လုံးကို

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ

ရွှေအင်ကြင်းသွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ

အထူးပင် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ 😍

🙏 မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယ ဖြစ်ပါစေ 🙏မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့်၊ ကြာသပတေးနေ့တွင် ကျရော...
30/04/2026

🙏 မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယ ဖြစ်ပါစေ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့်၊ ကြာသပတေးနေ့တွင် ကျရောက်သည့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင်...

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးရန်ကင်းကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ငြိမ်းချမ်းကြပါစေကြောင်း "ရွှေအင်ကြင်း" (သွားနှင့်ခံတွင်း အထူးကုဆေးခန်း) မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ✨

#ကဆုန်လပြည့်ဗုဒ္ဓနေ့ #ရွှေအင်ကြင်း

"သွားဖုံးက သွေးခဏခဏထွက်တယ်၊ ခံတွင်းနံ့ကလည်း သိပ်မကောင်းဘူး ဖြစ်နေတယ်" ဆိုရင်တော့ အဓိကတရားခံက စားကြွင်းစားကျန်တွေကနေတစ်ဆင...
25/04/2026

"သွားဖုံးက သွေးခဏခဏထွက်တယ်၊
ခံတွင်းနံ့ကလည်း သိပ်မကောင်းဘူး ဖြစ်နေတယ်" ဆိုရင်တော့
အဓိကတရားခံက စားကြွင်းစားကျန်တွေကနေတစ်ဆင့်
ဖြစ်ပေါ်လာတဲ့ သွားကျောက်တွေ များလာလို့ပါခင်ဗျ

သွားကျောက်ခြစ်တာအတွက် ကျွန်တော်တိုရွှေအင်ကြင်း သွားဆေးခန်းမှာ
၃ မျိုးတွဲ (Scaling + Polishing + Check-up) Package လေးရှိပါတယ်

🎁 ဒီPackage မှာ ဘာတွေပါမလဲဆိုတော့
၁။ Scaling - သွားကျောက်များကို အကုန်အစင် ဖယ်ရှားပေးခြင်း
၂။ Polishing - သွားမျက်နှာပြင်ကို ပြန်လည်ချောမွေ့ဖြူစင်စေခြင်း
၃။ Dental Check-up - သွားနှင့်ခံတွင်း တစ်ခုလုံးကို အခမဲ့ စစ်ဆေးပေးခြင်းတို့ပါ၀င်ပြီး

🔥 အထူးခံစားခွင့်အနေနဲ့
ဒီ Package ကို ရယူသူတိုင်းအတွက် Clinic Service Fee (ဆေးခန်းဝန်ဆောင်မှုစရိတ်) လုံးဝ ပေးစရာမလိုပါဘူးနော်

ကုန်ကျစရိတ်သက်သာပြီး စိတ်ချရတဲ့ ကုသမှုကို ရယူဖို့
အခုပဲ Chat Box ကနေ ကြိုတင်စာရင်းပေးသွင်းနိုင်သလို၊ ဖုန်းဆက်ပြီးတော့လည်း Appointment ရယူနိုင်ပါပြီ။ 📩

#ရွှေအင်ကြင်းသွားဆေးခန်း

#သွားကျောက်ခြစ်ခြင်း #သွားနှင့်ခံတွင်းကျန်းမာရေး
#အခမဲ့စစ်ဆေးပေးခြင်း

ရှေ့သွားနှစ်ချောင်းကို သဘာဝအတိုင်း လှပခိုင်ခံ့စေဖို့ Zirconia Crown နဲ့ ပြုပြင်ပေးလိုက်ပါတယ်ရှင့် သတ္တုမပါလို့ သွားဖုံးည...
23/04/2026

ရှေ့သွားနှစ်ချောင်းကို သဘာဝအတိုင်း လှပခိုင်ခံ့စေဖို့
Zirconia Crown နဲ့ ပြုပြင်ပေးလိုက်ပါတယ်ရှင့်
သတ္တုမပါလို့ သွားဖုံးညိုမှာ စိုးရိမ်စရာမလိုဘဲ သဘာဝသွားအတိုင်း
ကြည်လင်တောက်ပစေမှာပါ။ 😍

ဘယ်သူတွေအတွက် သင့်တော်လဲ?
✅ သွားပဲ့၊ သွားအက်၊သွားကွဲ၊ သွားငုတ်တိုဖြစ်နေသူများ
✅ သွားစိုက်ချင်သူများ
✅ သွားအမြစ်အကြောထုတ်ထားပြီး အပေါ်မှအစွပ်စွပ်လိုသူများ
✅ သွားပုံစံနှင့် အရောင်ကို လှပအောင် ပြုပြင်ချင်သူများအတွက်
အထူးသင့်တော်ပါတယ်နော်

ဘာလို့ Zirconia ကို ရွေးချယ်သင့်တာလဲ?
💎 မူလ သဘာဝသွားနှင့် ခွဲမရအောင်တူညီခြင်း
💎 အလွန်ခိုင်ခံ့ကာ အကြမ်းခံပြီး သက်တမ်းကြာရှည်ခြင်း
💎 ဘေးကင်းမှုရှိပြီး သွားဖုံးသားနှင့် ဓာတ်မတည့်တာမရှိခြင်းတို့ကြောင့်
ယုံကြည်စိတ်ချစွာရွေးချယ်လို့ရပါတယ်ရှင့် 😍

ယုံကြည်မှုရှိတဲ့ အပြုံးပိုင်ရှင်ဖြစ်ဖို့ ကိုယ့်ရဲ့သွားအခြေအနေလေးကို Messenger ကနေ အသေးစိတ်ပြောပြပြီး စုံစမ်းမေးမြန်းလို့ရပါတယ်ရှင့် 🦷✨

#အပြုံးလှလှ #သွားနှင့်ခံတွင်း

"ဘာကြောင့်မို့ အချိန်တွေဆွဲထားလဲ?" 🤔သွားရှေ့သွားနှစ်ချောင်းကြားမှာ အမဲစက်လေးတွေ မြင်နေရပြီလား? ဒါမှမဟုတ် အစားစားရင် အဲ့ဒ...
22/04/2026

"ဘာကြောင့်မို့ အချိန်တွေဆွဲထားလဲ?" 🤔

သွားရှေ့သွားနှစ်ချောင်းကြားမှာ အမဲစက်လေးတွေ မြင်နေရပြီလား?
ဒါမှမဟုတ် အစားစားရင် အဲ့ဒီနားမှာ တစ်ခုခုဝင်နေသလို ခံစားနေရပြီလား? 🦷✨

ဒါက သွားပိုး စတင် စားနေပြီဆိုတဲ့ လက္ခဏာလေးတွေပါ......😬
"ဒါလေးကဘာမှမဖြစ်ဘူး ..... ထားလိုက်ဦးမယ် " ဆိုပြီး
အချိန်ဆွဲနေရင်းနဲ့ ပိုးအပေါက်က ပိုကြီးလာပြီး
သွားအာရုံကြောထိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အဲ့ဒီအခါကျမှ ကုသမယ်ဆိုရင် ကုသရတာလည်း ပိုခက်ခဲသလို
ကုန်ကျစရိတ်လည်း ပိုများသွားတတ်ပါတယ်နော်။

ဒီနေ့ ရွှေအင်ကြင်းသွားဆေးခန်းမှာ လာရောက်ပြသသွားတဲ့ လူနာလေးဆိုရင်လည်း
ရှေ့သွားကြား ပိုးစားပြီး မဲနေတာလေးကို လေဆာနဲ့ သွားကြွေလွှာဖြည့်ပေးပြီး အချိန်ခဏလေးအတွင်းမှာပဲ သဘာဝသွားအတိုင်း ပြန်လှအောင် ပြုပြင်ပေးလိုက်ပါတယ် 😍

✅ သွားကြွေလွှာဖြည့်ခြင်းရဲ့ အားသာချက်တွေကတော့

🌟 နာကျင်မှုမရှိဘဲ ကုသနိုင်ခြင်း။

🌟ကိုယ့်သွားရဲ့ မူလအရောင်အတိုင်း သဘာဝကျကျ လှပခြင်း။

🌟 သွားပိုးစားခြင်းကို ထပ်မပွားအောင် တားဆီးပေးပါတယ်

အနာမပေါ်ခင် ဆေးဖော် တာ အကောင်းဆုံးမို့... အမဲစက်လေးတွေ
မြင်နေရပြီဆိုရင်တော့ အချိန်မဆွဲဘဲ အခုပဲရွှေအင်ကြင်းသွားဆေးခန်း ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🏥💙

💬 ကုသမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက Message Box မှာ မေးမြန်းနိုင်သလို ဖုန်း-09 882881799 , 09882 880799 ကိုလည်း ဆက်သွယ်ပြီး Appointment ရယူနိုင်ပါတယ်နော်

ဒီနေ့မှာတော့ Excellent Myanmar Private School (EMPS) မှ ညီလေး၊ ညီမလေးတို့က ကျွန်တော်တို့ Shwe Ingyin Dental Clinic မှာTe...
30/03/2026

ဒီနေ့မှာတော့ Excellent Myanmar Private School (EMPS) မှ ညီလေး၊ ညီမလေးတို့က
ကျွန်တော်တို့ Shwe Ingyin Dental Clinic မှာ

Teeth, Dental Caries and Oral Hygiene
👉Types of Teeth ( with dental X ray if possible)
👉Tooth Structure (Key Parts)
👉Dental Caries (Tooth Decay)
👉 Oral Hygiene and Prevention
တို့ကိုအဓိကထားပြီး ကွင်းဆင်းလေ့လာခဲ့ကြပါတယ် 🦷✨

အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေကို
သွားနှင့်ခံတွင်း ကျန်းမာရေး ဗဟုသုတတွေ
ဝေမျှပေးရုံတင်မကဘဲ ကျွန်တော်တို့ ဆေးခန်းမှာ
အသုံးပြုနေတဲ့ ခေတ်မီနည်းပညာတွေနဲ့ ကုသမှုပုံစံတွေကိုလည်း
လက်တွေ့ပြသပေးခဲ့ပါတယ်ခင်ဗျာ 🥰

ကလေးငယ်တွေရဲ့ စိတ်ဝင်တစား မေးမြန်းမှုတွေ၊ တက်ကြွတဲ့ သင်ယူမှုတွေကြောင့် ကျွန်တော်တို့ ဆေးခန်းမိသားစုကလည်း အားတက်ရပါတယ်။
လာရောက်လေ့လာခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့်
ဆရာ၊ ဆရာမများကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 😍





Address

No. 380B Baho Middle Road, Thamine 2ward, Mayangone Township
Yangon
11061

Telephone

+959882881799

Website

Alerts

Be the first to know and let us send you an email when Shwe Ingyin Facial&Dental Aesthetic,Orthodontic and Implant Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Ingyin Facial&Dental Aesthetic,Orthodontic and Implant Center:

Share