Chan Myae Medical & Dental Clinic

Chan Myae Medical & Dental Clinic Be confident in your smile

15/02/2024

ချမ်းမြေ့ (တောင်ဒဂုံ)ဆေးခန်းကို

“အမှတ် ၂၇၊ လှော်ကားလမ်း ၊၁၉ရပ်ကွက် ၊ အင်းဝဘဏ်အနီး ၊ တောင်ဒဂုံမြို့နယ် “ သို့ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ရှင် ။

ဆေးခန်းဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့
(၁၅.၂.၂၀၂၄ ) မှ (၁၇.၂.၂၀၂၄) ထိ

💢သွေးပေါင်ချိန်ခြင်း
💢ဆီးချိုစစ်ခြင်း များကို အခမဲ့ပြုလုပ်ပေးသွားပါမည်ရှင် ။

✅ဆေးခန်းဖွင့်ချိန် -နေ့လယ် (၁:၀၀) မှ (၇:၀၀)ထိ
✅အထွေထွေရောဂါကု ဆရာဝန်နှင့်ပြသချိန် -ညနေ (၃:၃၀) မှ (၆:၃၀) ထိ
✅အရိုးအကြောဆရာဝန်နှင့်ပြသချိန် ညနေ (၃:၀၀)နာရီ မှ (၄:၃၀) နာရီ ထိ

**အရိုးအကြောဆရာဝန်နှင့်ပြသရန်ကြိုတင်ရက်ချိန်းယူပေးပါရှင် ။

စုံစမ်းရန် - 09 957027453

✨✨ခံတွင်းအနံ့ကင်းပြီး ကျန်းမာလှပတဲ့ သွားနှင့် သွားဖုံးလေးတွေပိုင်ဆိုင်ဖို့…… “6️⃣လ “တစ်ကြိမ် check up လုပ်ရင်း သွားကျောက...
04/09/2023

✨✨ခံတွင်းအနံ့ကင်းပြီး ကျန်းမာလှပတဲ့ သွားနှင့် သွားဖုံးလေးတွေပိုင်ဆိုင်ဖို့……

“6️⃣လ “တစ်ကြိမ် check up လုပ်ရင်း သွားကျောက်ခြစ်ကြပါစို့ 🦷✨✨

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

❓❔ဘယ်ချိန်မှာအံဆုံးနှုတ်ကြမလဲ  ✅အံဆုံးမှာပိုးစားပြီးကိုက်နေတယ်ဆို နှုတ်ပါ။✅အံဆုံးနဲ့ရှေ့အံသွားကြားမှာ အစာညှပ်နေပြီဆိုနှု...
28/06/2023

❓❔ဘယ်ချိန်မှာအံဆုံးနှုတ်ကြမလဲ

✅အံဆုံးမှာပိုးစားပြီးကိုက်နေတယ်ဆို နှုတ်ပါ။

✅အံဆုံးနဲ့ရှေ့အံသွားကြားမှာ အစာညှပ်နေပြီဆိုနှုတ်ပါ ။ဆက်ထားရင် ရှေ့အံသွားပါ ပိုးစားပြီး ပျက်စီးလာနိုင်ပါတယ်။

✅အပြည့်မပေါက်နိုင်သောအံဆုံး၊စောင်း၍ထွက်နေသော အံဆုံး ဝန်းကျင်ရှိသွားဖုံးများ ခဏ ခဏ ရောင်ခြင်း၊နာခြင်း ၊ပြည်တည်နာများဖြစ်လာပါက နှုတ်ပါ။

✅အတည့်မထွက်သောအံဆုံးများကြောင့် ရှေ့အံသွားရဲ့ အမြစ်များ ပျက်စီးလာသည်ကိုတွေ့ရှိပါက ချက်ချင်းနှုတ်ပါ။ (ဓာတ်မှန်တွင်တွေ့နိုင်ပါသည်။)

✅အံဆုံး၏အမြစ်ထိပ်တွင် အရည်အိတ်ဖြစ်လာပါက နှုတ်ပါ။( ဓာတ်မှန်တွင် တွေ့နိုင်ပါသည်)

✅မည်သည့်လက္ခဏာမှမရှိသော်လည်း ခရီးဝေးထွက်မည့်သူများ ၊သင်္ဘောသားများ၊ နောင်တွင်အံဆုံးဒုက္ခပေးလာမည်ကိုစိုးရိမ်သူများ လဲ ကြိုတင်နှုတ်နိုင်ပါတယ်။

❗️❗️အံဆုံးနှုတ်ပြီးလျှင် ပြန်စိုက်ရန်မလိုပါ။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

“ချမ်းမြေ့ တောင်ဒဂုံ”ဆေးခန်းတွင် ကလေးအထူးကု ဆရာဝန်များနှင့် နေ့စဉ် ကြိုတင် ရက်ချိန်းယူ၍ ပြသနိုင်ပါတယ်ရှင် ။ရက်ချိန်းယူရန...
10/06/2023

“ချမ်းမြေ့ တောင်ဒဂုံ”ဆေးခန်းတွင် ကလေးအထူးကု ဆရာဝန်များနှင့် နေ့စဉ် ကြိုတင် ရက်ချိန်းယူ၍ ပြသနိုင်ပါတယ်ရှင် ။

ရက်ချိန်းယူရန် 09 773890764

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

04/06/2023

“ချမ်းမြေ့ (တောင်ဒဂုံ) “ဆေးခန်းတွင်

▫️အလုံးအကြိတ်များ
▫️ထိခိုက်ဒဏ်ရာများ
▫️ဒူးနာ ၊ခါးနာ
▫️ဒူးကျီးပေါင်း ၊ခါးကျီးပေါင်း၊ဂုတ်ကျီးပေါင်း
▫️ခါးကြောညှပ်ခြင်း ၊ခြေလက်အဆစ်လွဲခြင်း
▫️ပခုံးခဲခြင်း အစရှိသည့် အရိုးအကြောဝေဒနာများကို ကျွမ်းကျင်သော အရိုးအကြောဆရာဝန်များနှင့် နေ့စဉ်ပြသနိုင်ပါတယ်ရှင် ။

(ပြသလိုပါက စောင့်ဆိုင်းရခြင်းများမရှိစေရန် ဖုန်း သို့ လူကိုယ်တိုင် ကြိုတင် booking ယူပေးပါရှင်။)

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

Be confident in your smile

✨သွားအကြောထုတ်ကုသခြင်းဆိုတာ  သွားရဲ့အတွင်းဆုံးအလွှာဖြစ်တဲ့ မွသွားလွှာ ထဲကို ပိုးဝင်ပြီး မကောင်းတော့တဲ့ အာရုံကြောတွေ ၊သွေ...
10/05/2023

✨သွားအကြောထုတ်ကုသခြင်းဆိုတာ

သွားရဲ့အတွင်းဆုံးအလွှာဖြစ်တဲ့ မွသွားလွှာ ထဲကို ပိုးဝင်ပြီး မကောင်းတော့တဲ့ အာရုံကြောတွေ ၊သွေးကြာတွေကို သန့်စင်သွားအောင်ဖယ်ထုတ်တဲ့နည်းပဲဖြစ်ပါတယ်။
(အကြောထုတ်ခြင်းအားဖြင့် မိမိတို့ရဲ့တန်ဖိုးရှိလှတဲ့သွားလေးတွေကို အချိန်မတိုင်မီ နှုတ်ပစ်ရခြင်းမှကင်းဝေးစေပါတယ်)

🗣 သွားအကြောထုတ်ကုသမှု(RCT)ကိုဘယ်ချိန်မှာလုပ်သင့်လဲ ?

☑️သွားပိုးစားပြီး မခံမရပ်နိုင်အောင်ကိုက်နေသောသွား

☑️သွားအမြစ်ထိပ်ပြည်တည်နာဖြစ်နေသောသွား

☑️ထိခိုက်ဒဏ်ရာရပြီး နာနေသောသွား

☑️အကြောပုပ်ပြီး အရောင်ပြောင်းနေသောသွား တွေမှာ RCT လုပ်သင့်ပါတယ်။

✨သွားအကြောထုတ်ကုသပုံအဆင့်ဆင့်ကို ပုံလေးနဲ့ရှင်းပြထားပါတယ်⤵️⤵️

ပုံ ၁-သွားပိုးစားပြီး ကိုက်နေသည့်သွား

ပုံ ၂- သွားအမြစ်လမ်းကြောင့်ဖွင့်ပြီး အကြောထုတ်ခြင်း

ပုံ ၃- သွားအကြောတုဖြင့် ပြန်ပိတ်ခြင်း

ပုံ ၄- သွားဖာပြီးအစွပ်ပြန်လည်စွပ်ခြင်း။

အသေးစိတ်သိရှိလိုပါကစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

🦷✨သွားပိုးပေါက်များကင်းဝေးပြီး ကျန်းမာလှပတဲ့သွားလေးများကိုပိုင်ဆိုင်ဖို့✔️တစ်နေ့ သွား၂ကြိမ်တိုက်ပါ။✔️Fluoride ပါဝင်သောသွ...
05/05/2023

🦷✨သွားပိုးပေါက်များကင်းဝေးပြီး ကျန်းမာလှပတဲ့သွားလေးများကိုပိုင်ဆိုင်ဖို့

✔️တစ်နေ့ သွား၂ကြိမ်တိုက်ပါ။

✔️Fluoride ပါဝင်သောသွားတိုက်ဆေးသုံးပါ။

✔️ချို၍စေးကပ်သောအစာများလျှော့စားပါ။

✔️Calcium ကြွယ်ဝသောအစားအစာများစားသုံးပါ။

✔️၆လတစ်ကြိမ် Check up လုပ်၍သွားနှင့်ခံတွင်းဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

✔️လိုအပ်ပါက ကျောက်သန့်ရှင်းရေးလုပ်ပါ။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

💦အပူရှပ်ခြင်း နှင့်ဆောင်ရန်ရှောင်ရန်များဒီရက်တွေမှာရာသီ‌ဥတုရုတ်တရက်ပူပြင်းလာပီးအပူချိန် 40'C ကျော်ထိမြင့်တက်နေပါတယ်။အပူခ...
26/04/2023

💦အပူရှပ်ခြင်း နှင့်ဆောင်ရန်ရှောင်ရန်များ

ဒီရက်တွေမှာရာသီ‌ဥတုရုတ်တရက်ပူပြင်းလာပီးအပူချိန် 40'C ကျော်ထိမြင့်တက်နေပါတယ်။အပူချိန်အရမ်းမြင့်တက်လာတဲ့အခါ ကျန်းမာရေးဆိုင်ရာပြဿနာတခုဖြစ်တဲ့ "အပူရှပ်ခြင်း" ကိုကြုံတွေ့ရနိုင်တဲ့အတွက်မျှဝေပေးလိုက်ပါတယ်။

🍓အပူရှပ်ခြင်းဆိုတာဘာလဲ
နေပူထဲမှာသို့မဟုတ် အပူချိန်များသောနေရာတွင်အချိန်အကြာကြီးနေပီးလျှင် ခန္ဓာကိုယ်ရဲ့အပူချိန် ပုံမှန်ထက်ရုတ်တရက်လွန်ကဲလာခြင်းကို‌ဆိုလိုပါတယ်။အပူချိန်ရုတ်တရက်အပူချိန်တက်လာခြင်းကြောင့်ခန္ဓာကိုယ်တွင်ဇီဝဖြစ်စဉ်ပြောင်းလဲမှူများကြောင့်နောက်ဆက်တွဲဆိုးကျိုးများခံစားရတတ်ပါတယ်။

🍓အပူရှပ်ခြင်းအမျိုးအစား(၃) ခုရှိပါတယ်။
-Heat cramp
-Heat exhaustion
-Heat stroke

🍓ဘယ်သူတွေမှာပိုဖြစ်တတ်လဲ
-ကလေးများ နှင့် သက်ကြီးရွယ်အိုများ
-နေပူထဲတွင်အလုပ်လုပ်သူများ
-ချွေးထွက်များသူများ
-ရောဂါအခံရှိသူများ(နှလုံး၊သွေးတိုး၊အဆုတ်ရောဂါ)
-အရက်သောက်သူတွေ၊ရေသောက်နည်းသူများတွင်ဖြစ်နိုင်ခြေပိုများပါတယ်။

🍓Heat cramp
အပူရှပ်ခြင်းရဲ့အသက်သာဆုံးအဆင့်ပါ။မပြင်းထန်သေးပါဘူး။

👉ခန္ဓာကိုယ်မှာရေနဲ့သတ္တုဓာတ်‌တွေစတင်နည်းပါလာလို့ဖြစ်တတ်တဲ့လဏ္ခဏာတွေစပြပါမယ်။
-ကိုယ်အပူချိန်တက်လာခြင်း
-ကြွက်သားနာခြင်း၊ကြွက်တတ်ခြင်း တွေဖြစ်လာပါမယ်။အဖြစ်များဆုံးကခြေတောက်နဲ့ဝမ်းဗိုက်ကြွက်သားတွေမှာပါ။

🍄ဒီအဆင်ခံစားရပီဆိုရင်အရိပ်ရသောအေးသောနေရာတွေနေပီး ဓာတ်ဆားတထုပ်ဖျော်သောက်လိုက်ပါ။ရေများများသောက်ပါ။

🍓Heat exhaustion
အပူရှပ်ခြင်းရဲ့ဒုတိယအဆင့်ဖြစ်ပီးနည်းနည်းပိုပြင်းထန်လာပါပီ။ဒီအခြေအနေကနေပူထဲမှာအကြာကြီးနေပီးချွေးထွက်များလာတဲ့အခါဖြစ်တတ်ပါတယ်။

👉ဒီအခြေအနေမှာ ခန္ဓာကိုယ်ကအေးအေး စိုစိုကြီးဖြစ်နေတတ်ပါတယ်။ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊အော့အန်ခြင်း၊စိတ်ရှုပ်ထွေး ခြင်းတွေဖြစ်တတ်ပါတယ်။

🍄ပြုစုနည်း
-လူနာကိုအရိပ်ရပြီးအေးတဲ့နေရာမှာထားပါ။
-လှဲနေရင်း ခြေထောက်ကိုအပေါ်ထောင်ထားပေးပါ။ -ထူထဲနေတဲ့အဝတ်တွေကိုချွတ်ပါ။
-ရေနဲ့ဓါတ်ဆားပြန်ဖြည့်ပေးပါ။
အဲ့ဒါမှအခြေနေမကောင်းသေးရင် ဆေးရုံအမြန်သွားပါ။

🍓Heat stroke
အန္တရာယ်အရှိဆုံးပါ။ အပေါ်ကနှစ်ခုကအရင်ဆုံးပြတဲ့ လက္ခဏာတွေဖြစ်ပြီး အဲ့ဒီအဆင့်တွေကို သေချာမကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပီ။
ခန္ဓာကိုယ်ဟာ အပူချိန်ကိုမထိန်းနိုင်တော့ပါဘူး။ အပူချိန်ကအမြင့်ဆုံးထိထိုးတက်သွားနိုင်ပါတယ်။

👉လက္ခဏာများ
-ကိုယ်အပူချိန်အရမ်းတက်ခြင်း (104F or 40 C အထက်ထိမြင့်တက်နိုင်ပါတယ်)
-အပြုအမူနှင့်စိတ်အခြေအနေပြောင်းလဲခြင်း(မူးဝေခြင်း၊တက်ခြင်း၊သတိလစ်ခြင်း၊‌စကားမပီခြင်း၊ဒေါသထွက်ခြင်း) တွေဖြစ်တတ်ပါတယ်။
-အရေပြားကအရမ်းပူပီးချွေးမထွက်ပဲနီရဲပီးခြောက်နေတတ်ပါတယ်။
-ပျို့အန်ခြင်း
-အသက်ရှုမြန်ခြင်း(မောခြင်း)
-ရင်တုန်ခြင်း
-ခေါင်းကိုက်ခြင်း

🍓ဘာတွေပြုလုပ်ပေးရမလဲ
-Ambulance (လူနာဝာင်ကား) ခေါ်ပါ။
-ကားမရောက်သေးခင်မှာ အရိပ်ရတဲ့နေရာမှာထားပါ။လူတွေမအုံပါစေနဲ့။
-လေဝင်လေထွက်ကောင်းပါစေ။
-သတိရနေသေးရင် ရေနဲ့ဓါတ်ဆားတိုက်ပါ။
-ရေပတ်တိုက်ပါ။
-ရေခဲအိတ်ကို လူနာရဲ့လည်ပင်း၊နဖူး၊ချိုင်း၊ပေါင်ခြံတို့တွင်ကပ်ပေးပါ။

🛑Heat stroke ဖြစ်တဲ့အခါကိုယ်အပူချိန်ရုတ်တရက်ပြောင်းလဲကို အချိန်တိုတွင်းမပြုပြင်ပါကဦး‌နှောက်နှင့်အခြားအရေးကြီးအစိတ်အပိုင်းများပျက်စီးစေတတ်ပါတယ်။အသက်အန္တရာယ်ရှိပါတယ်။

🍓အပူရှပ်ခြင်းကိုဘယ်လိုကာကွယ်မလဲ
-ပွပီးချောင်သော အဝတ်အစားများဝတ်ဆင်ပါ
-အရိပ်ရသောနေရာတွင်နေပါ။
-နေပူထဲသွားရင် ထီး၊ဦးထုပ် စတဲ့အကာကွယ်များဖြင့်သွားပါ။
-ရေများများသောက်ပါ။
-ကိုလက်အားကစားပြင်းထန်စွာလုပ်ခြင်းရှောင်ပါ
-အရည်ရွှမ်းတဲ့အသီး များများစားပါ။
-အလွန်ပူသောနေရာတွေနေပီး ရုတ်တရက်အအေးထဲဝင်ထွက်ခြင်းကိုရှောင်ပါ။
-နေပူထဲမှပြန်ရောက်ပီးချင်း ခြေတောက်ဆေးခြင်း၊ရေချိုးခြင်းများရှောင်ပါ။
-အပြင်ရာသီဥတုပူနေချိန်ရေချိုးခြင်း၊ခေါင်းလျှော်ခြင်းများရှောင်ပါ။ဖြစ်နိုင်ရင် မနက်၁၀နာရီမထိုးခင်ရေချိုးပါ။

Crd …ဒေါက်တာကောင်းထက်ကျော်

18/04/2023

ချမ်းမြေ့ တောင်ဒဂုံဆေးခန်းတွင် လုပ်ကိုင်ရန် ဆေးခန်းအကူ “မ”တစ်ဦး အလိုရှိပါသည်။

✔️ဆေးခန်းနှင့်အနီးတွင်နေထိုင်သူ
✔️၁၀တန်းအောင်/ဘွဲ့ရ
✔️ဆေးခန်းအတွေ့ကြုံရှိသူဦးစားပေးပါမည်။

ဆက်သွယ်ရန်-09 796341439 (viber )သို့ CV form ပို့ပေးပါရန်။

ချမ်းမြေ့ဆေးခန်းတွင် ခန္ဓာကိုယ်ရှိ အလုံးအကျိတ်များကို ထုံဆေးဖြင့်မနာမကျင်အောင် အချိန်တိုအတွင်း ခွဲစိတ်နိုင်ပါတယ်ရှင်။အသေ...
17/03/2023

ချမ်းမြေ့ဆေးခန်းတွင် ခန္ဓာကိုယ်ရှိ အလုံးအကျိတ်များကို ထုံဆေးဖြင့်မနာမကျင်အောင် အချိန်တိုအတွင်း ခွဲစိတ်နိုင်ပါတယ်ရှင်။

အသေးစိတ်စုံစမ်းမေးမြန်းရန်👇🏻

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

👏မညီညာတဲ့သွားတွေကို သွားညှိကုသမှုနဲ့           ပြုပြင်ထားတာပါ 👏သွားလေးတွေ ညီညီညာညာနဲ့ အလှဆုံးပြုံး                      ...
03/02/2023

👏မညီညာတဲ့သွားတွေကို သွားညှိကုသမှုနဲ့
ပြုပြင်ထားတာပါ

👏သွားလေးတွေ ညီညီညာညာနဲ့ အလှဆုံးပြုံး
နိုင်အောင် သွားညှိကုသမှု အမြန်ဆုံးပြုလုပ်
လိုက်တော့နော်

👏သွားညှိအထူးကုဆရာဝန်များနဲ့ အခမဲ့ တိုင်ပင်
ဆွေးနွေးလို့ရပါတယ်


🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

Address

102(B), Yazardiyit Road, East Dagon
Yangon

Opening Hours

Monday 15:00 - 21:00
Tuesday 15:00 - 21:00
Wednesday 15:00 - 21:00
Thursday 15:00 - 21:00
Friday 15:00 - 21:00
Saturday 09:00 - 12:00
14:00 - 21:00
Sunday 09:00 - 12:00
14:00 - 21:00

Telephone

+959951777186

Website

Alerts

Be the first to know and let us send you an email when Chan Myae Medical & Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share