15/11/2022
သွားကိုက်ခြင်းဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့
သွားကိုက်တယ် သွားနာတယ်ဆိုတာ လူတော်တော်များများဖြစ်ဖူးကြတဲ့ ဝေဒနာတခုပါပဲ။တဆစ်ဆစ်နဲ့ခံရလည်းခက်ပြီး တခါတလေ နားပါကိုက်တဲ့အထိဝေဒနာပြင်းလှပါတယ်။တချို့သွားကိုက်တဲ့သူတွေဟာ ကိုက်ပြီနာပြီဆိုတာနဲ့ သွားအကောင်းကြီးကိုနှုတ်ပစ်ဖို့အထိစဥ်းစားတတ်ကြပါတယ်။
မိမိပင်ကိုယ်သွားလေးတွေဟာ တန်ဖိုးကြီးလွန်းတဲ့အတွက် သွားကိုက်တိုင်း သွားနှုတ်ဖို့မစဥ်းစားစေလိုပါဘူး။ကျွန်တော်တို့သွားဆရာဝန်တွေဟာလည်း သွားတချောင်းရဲ့အဆိုးဆုံးအခြေအနေမှသာ သွားနှုတ်ဖို့စဥ်းစားပြီး သွားတချောင်းက်ိုကယ်လို့ရသမျှ ကယ်ပေးကြပါတယ်👨⚕️👨⚕️
ဒါဆို သွားမနှုတ်ရစေဘဲသွားကိုက်တာ ဘယ်လိုသက်သာနိုင်မလဲ
🍀သွားအကြောထုတ်ကုသမှု ခံယူလို့ရပါတယ်🍀
သွားကိုက်ရတဲ့အဓိကအကြောင်းတရားဟာ သွားရဲ့အတွင်းဆုံးအလွှာဖြစ်တဲ့ မွှသွားလွှာ(Pulp)ထိခိုက်ပျက်စီးသွားရလို့ပါ။ အဲ့ဒီပျက်စီးသွားရတဲ့ သွားအကြောလေးကို ဖယ်ထုတ်သန့်ရှင်းရေးလုပ် အကြောတုထည့်ပြီးကုသတာကို သွားအကြောထုတ်ကုသတယ်လို့ခေါ်ပါတယ်။သွားအကြောထုတ်ကုသမှုခံယူပြီးတဲ့အခါမှာတော့ သွားကိုက်သွားနာရတဲ့ဝေဒနာဟာ ယူပစ်သလိုသက်သာပျောက်ကင်းသွားမှာပါ။
သွားတချောင်းဟာ သစ်ပင်တပင်လိုပါပဲ🌳။သစ်ပင်ရဲ့ရေသောက်မြစ်ကို ဖယ်လိုက်တဲ့အခါကျွတ်ဆတ်လွယ်တတ်သလို သွားရဲ့အကြောလွှာလေးတွေကိုဖယ်လိုက်တဲ့အခါမှာလည်း အမာဒဏ်ကောင်းကောင်းကြီးမခံနိုင်တော့ပါဘူး။
ဒီအတွက်လည်းဖြေရှင်းနည်းရှိပါတယ်။Crownလို့ခေါ်တဲ့သွားအစွပ်လေးတွေ စွပ်ပေးလိုက်လို့ရပါတယ်။သွားအစွပ် စွပ်တယ်ဆိုတာကတော့ပင်ကိုယ်သွားကိုအနည်းငယ်စားပြီး အပေါ်ကနေမှသွားတုအစွပ်လေးကို အသေစွပ်ပေးလိုက်တဲ့ကုသမှုတခုပါ။
သွားအစွပ် စွပ်ပြီးတဲ့အခါမှာ အမာဒဏ်ကောင်းကောင်းကြီးခံနိုင်ပြီး မိမိရဲ့ပင်ကိုယ်သွားတချောင်းလိုစားနိုင်ဝါးနိုင်လာမှာပါ။
ဒီတော့ သွားကိုက်သွားနာတိုင်း သွားနှုတ်ဖို့မစဥ်းဘဲ အကြောထုတ်ကုသလို့ရနိုင်သေးလားဆိုတာ သွားဆရာဝန်တွေနဲ့တိုင်ပင်ပါ ဆွေးနွေးပါ။သွားအကြောထုတ်ကုသပြီးတဲ့အခါမှာလည်း အမာဒဏ်ခံနိုင်စေဖို့အတွက် သွားအစွပ်လေးတွေ စွပ်သင့်လားဆိုတာကို ဆွေးနွေးကြည့်ပါ တိုင်ပင်ကြည့်ပါ။
အသေးစိတ်သိလိုတာ၊ဆွေးနွေးတိုင်ပင်လိုတာရှိရင်
☎09-794819121 သို့ဆက်သွယ်၍ဖြစ်စေ
ဒီpage messengerမှဖြစ်စေ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဆေးခန်းသို့လာရောက်၍လည်း အခမဲ့ဆွေးနွေးနိုင်ပါတယ်။
သွားကိုက် သွားနာ ဝေဒနာများအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းရင်း
မေတ္တာဖြင့်
ဒေါက်တာရဲ
Dr.Ye Win Naing
B.D.S(Ygn)