Essential Dental Clinic

Essential Dental Clinic Best service,Best quality and cheap For all

သင်၏သွားနှင့်ခံတွင်းကျန်းမာရေး အမြဲကောင်းမွန်စေနိုင်ဖို့ ၆လတစ်ကြိမ်စစ်ဆေးမှုပြုလုပ်ပြီး သွားသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ...
05/12/2023

သင်၏သွားနှင့်ခံတွင်းကျန်းမာရေး အမြဲကောင်းမွန်စေနိုင်ဖို့ ၆လတစ်ကြိမ်စစ်ဆေးမှုပြုလုပ်ပြီး သွားသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်😍😍😍

ပိုးစားနေတဲ့သွားလေးကို သေချာသန့်ရှင်းရေးပြုလုပ်ပြီး လေဆာcompositeဆေးလေးနဲ့ပြန်လည်ပြုပြင်ဖာထေးထားတဲ့ပုံလေးပါခင်ဗျ😍😍😍
23/11/2023

ပိုးစားနေတဲ့သွားလေးကို သေချာသန့်ရှင်းရေးပြုလုပ်ပြီး လေဆာcompositeဆေးလေးနဲ့ပြန်လည်ပြုပြင်ဖာထေးထားတဲ့ပုံလေးပါခင်ဗျ😍😍😍

Dental Implantသွားအမြစ်တု လေးထည့်နေတဲ့ပုံရိပ်လေးတွေပါခင်ဗျ😍😍😍
13/11/2023

Dental Implantသွားအမြစ်တု လေးထည့်နေတဲ့ပုံရိပ်လေးတွေပါခင်ဗျ😍😍😍

သွားစိုက်ထားတာကြာတဲ့အခါ သွားဖုံးရိုးနိမ့်ကျပြီး အခုလိုသွားနဲ့သွားဖုံးကြားဟလာတတ်ပါတယ်...အဲ့လိုအ​ြအြနေရောက်ရင်အထဲကိုအစာဝင်...
11/11/2023

သွားစိုက်ထားတာကြာတဲ့အခါ သွားဖုံးရိုးနိမ့်ကျပြီး အခုလိုသွားနဲ့သွားဖုံးကြားဟလာတတ်ပါတယ်...အဲ့လိုအ​ြအြနေရောက်ရင်အထဲကိုအစာဝင်ပြီး အောက်ကသွားပျက်စီးသွားနိုင်တဲ့အတွက် အသစ်လဲပေးဖို့လိုအပ်လာပါပြီ...
အခုပုံလေးကတော့.. သတ္တုအောက်ခံကြွေသွားစိုက်ထားတာကြာပြီဖြစ်တာလေးကို zirconiaသွားလေးတွေနဲ့အသစ်ကြန်လဲထားတဲ့ပုံလေးပါခင်ဗျ😍😍😍

ကွမ်းချိုးလေးတွေလည်းခြစ်ရင်း...ကျောက်လည်းခြစ်ရင်း....😍😍😍
09/11/2023

ကွမ်းချိုးလေးတွေလည်းခြစ်ရင်း...ကျောက်လည်းခြစ်ရင်း....😍😍😍

helloမဂ်လာပါ ဒီpageလေးကမRunတာကြာပြီဆိုတော့အသက်ပြန်ဝင်လာအောင် ပြန်Run လိုက်ပါဦးမယ်နော်😍😍Dental implantနဲ့သွားပြန်စိုက်ထာ...
04/11/2023

helloမဂ်လာပါ ဒီpageလေးကမRunတာကြာပြီဆိုတော့အသက်ပြန်ဝင်လာအောင် ပြန်Run လိုက်ပါဦးမယ်နော်😍😍
Dental implantနဲ့သွားပြန်စိုက်ထားတဲ့ပုံလေးပါခင်ဗျ😍😍

 #ပိုးစားနေတဲ့သွားလေးတွေကို စနစ်တကျ ပြန်လည်သန့်စင်ပြီး လေဆာcompositeဆေးနဲ့ ပြန်လည် ပြုပြင်ဖာထေးထားပုံလေးပါခင်ဗျ😍😍😍  fill...
24/08/2022

#ပိုးစားနေတဲ့သွားလေးတွေကို စနစ်တကျ ပြန်လည်သန့်စင်ပြီး လေဆာcompositeဆေးနဲ့ ပြန်လည် ပြုပြင်ဖာထေးထားပုံလေးပါခင်ဗျ😍😍😍
filling
Dental Clinic

 #သွားမညီလို့ ၊သွားမလှလို့ ယုံကြည်မှုမရှိဘူး ဖြစ်နေပါသလား ???လုံးဝစိတ်ပူစရာမလိုတော့ဘူးနော် သွားညှိကုသမှုခံယူလိုက်ရုံနဲ့ ...
09/06/2022

#သွားမညီလို့ ၊သွားမလှလို့ ယုံကြည်မှုမရှိဘူး ဖြစ်နေပါသလား ???
လုံးဝစိတ်ပူစရာမလိုတော့ဘူးနော် သွားညှိကုသမှုခံယူလိုက်ရုံနဲ့ မိမိရဲ့သွားလေးတွေ ပုလဲလုံးလေးတွေစီသွားသလို စီစီရီရီလေးဖြစ်သွားပါလိမ့်မယ်။
ကုသချိန်အနေနဲ့ကတော့
တစ်ယောက်နဲ့တစ်ယောက် သွားအနေအထားအပေါ်မူတည်ပြီး ၁ နှစ်ကျော်မှ ၂နှစ်ခွဲထိ ကြာနိုင်ပါတယ်။

Braceပြန်ဖြုတ်တဲ့ နေ့ကတော့ confidence level. So hightဖြစ်သွားမှာပဲစိုးရိမ်ရပါတယ်😍😍😍
Essential - 1
တိုက် ၂/အခန်း ၁၀၁/ပထမထပ်(ဘယ်)/၁၆ရပ်ကွက်/အင်းစိန်လမ်းနှင့်ပါရမီလမ်း မီးပွိုင့်ထောင့်/ပါရမီလမ်းမပေါ်/ပါရမီစိန်ဂေဟာအနီး/ဘုရားလမ်းမှတ်တိုင်/လှိုင်မြို့နယ်/ရန်ကုန်။

Essential - 2
အမှတ် ၆-က/ပထမထပ်/၂၉ရပ်ကွက်/မန္တလေးစျေးအနီး/ပင်လုံလမ်းမပေါ်/မြောက်ဒဂုံ/ရန်ကုန်။

နေရာရှာရ အဆင်မပြေလျှင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ
099 655 91489
09 26 444 5412
ကြိုတင်ဖုန်းဆက် ဘိုကင်လေးယူပြီးလာရောက်ပြသနိုင်ပါတယ်ခင်ဗျ😍😍😍

 #အငုတ်ပဲကျန်တဲ့သွားလေးကို အကြောထုတ်ကုသမှုလုပ် တိုင်လေးပြန်ထည့်ပြီး အကောင်းစားကြွေသွား လေးနဲ့ပြန်လည် အစွပ်စွပ်ပြုပြင်ထား...
09/06/2022

#အငုတ်ပဲကျန်တဲ့သွားလေးကို အကြောထုတ်ကုသမှုလုပ် တိုင်လေးပြန်ထည့်ပြီး အကောင်းစားကြွေသွား လေးနဲ့ပြန်လည် အစွပ်စွပ်ပြုပြင်ထားပုံလေးပါခင်ဗျ😍😍😍

Pocelain fused to metal crown (PfM)သို့မဟုတ် သတ္တုအောက်ခံကြွေသွားPfmသွားတွေက ၁၉၆၀ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာခဲ့ပြီး......
03/12/2021

Pocelain fused to metal crown (PfM)သို့မဟုတ် သတ္တုအောက်ခံကြွေသွား

Pfmသွားတွေက ၁၉၆၀ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာခဲ့ပြီး...လူကြိုက်အရမ်းကိုများလာတဲ့ သွားအမျိုးအစားတစ်ခုဖြစ်ပါတယ်။💙💙💙

ဘာကြောင့်လူကြိုက်များတာလဲ 🤷‍♀️

PFM သွားတွေက အတော်အသင့်လှကြပါတယ်။ (Zarconia fused to pocelainသွားတွေ all ceramic သွားတွေလောက် မလှပပေမယ့်... နဂိုသွားနဲ့နီးစပ်စွာတူကြပါတယ်......)🤗🤗🤗

Pfmသွားတွေဟာbiting powerမြင့်တဲ့အတွက် တော်ရုံအမာ လောက် စားတယ်ဆိုရင် ကွဲနိုင်ပဲ့နိုင်ခြေနည်းပါတယ်။(အရမ်းမာတာကိုက်ရင်တော့ ပဲ့တတ်ပါတယ်)

လူကြိုက်အများဆုံးအချက်က စျေးနှုန်းသင့်တင့်ပါတယ်...အလှအပကြွေသွားတွေဖြစ်တဲ့ (all ceramic သွားတွေ pocelaim fused to zarconia သွားတွေ all pocelain စတဲ့သွားတွေနဲ့ နှိုင်းယှဥ်ရင် စျေးအနည်းဆုံးဖြစ်ပါတယ်)
ပြောရရင် ပေးရတာနဲ့ တန်တဲ့သွားတွေဖြစ်ပါတယ်။🤑🤑🤑

နှစ်ရှည်လများအသုံးပြုနိုင်ပါတယ်။😇😇😇

ဟုတ်ပါတယ်pfmသွားတွေရဲ့ သက်တမ်းဟာ လေ့လာတွေ့ရှိချက်တွေအရ ၁၀ စုနှစ် တစ်ခုစာအသုံးပြုနိုင်တယ်လို့ရေးသားထားကြပါတယ်
(Average lifespanဟာ ၁၀ နှစ်မှ ၁၅ နှစ်ထိရှိတယ်လို့ဆိုပါတယ်)💗💗💗

🔴အဲ့ဆာဆိုဆရာမကောင်းတဲ့အချက်တွေကောမရှိဘူးလား...😏
ရှိပါတယ် သတ္တုအောက်ခံကြွေသွားလို့ခေါ်တဲ့အတိုင်း.... အောက်မှာ သတ္တု အခံတစ်ထပ်ပါပါတယ်..
ကြွေလွှာတင်တဲ့အခါ အဲ့အလွှာကို ကြွေရောင်ဖြူပိတ်ပိတ်သုတ်ပြီးမှ တင်ရပါတယ်။
ဒါကြောင့် သဘာဝသွားတွေနဲ့နှိုင်းယှဥ်တဲ့အခါ ချွတ်စွတ်မတူညီပဲ အဖြူရောင်ပိတ်ဘက်သွားတာမျိုးရှိပါတယ်။...(နီးစပ်စွာတော့တူပါတယ်)😍😍😍

အောက်က သတ္တုအခံကြောင့် pfmသွားနဲ့ သွားဖုံးနဲ့ ထိစပ်နေတဲ့နေရာလေးတွေမှာ အမည်းရိပ်ကလေးပေါ်နေတတ်ပါတယ်။(သွားဖုံးအထူအပါးအပေါ်မူတည်ပြီး အမည်းရိပ်ပေါ်တဲ့ပမာဏလေးကွာခြားတတ်ပါတယ်)
အသက်ကြီးလာလို့ Gum recessionဖြစ်လာတဲ့အချိန်ကြရင်သွားရဲ့marginမှာရှိတဲ့အမည်းရိပ်လေးက တဖြည်းဖြည်းပိုပေါ်လာတတ်ပါတယ်။😒😒😒

♥Pfmသွားတွေကို ဘယ်မှာအသုံးပြုလို့ရလဲ

➡သွားပိုးစားတာအရမ်းကြီးလို့ဖြစ်စေ၊
➡အကြောထုတ်ထားတဲ့သွားကိုဖြစ်စေ
➡သွားပဲ့သွားလို့ဖြစ်စေ၊သွားကျဲလို့ဖြစ်စေ
(အကြောင်းအမျိုးမျိုးကြောင့် crownအစွပ်လုပ်လိုသူများ)

➡သွားနုတ်ထားတာကိုပြန်စိုက်လိုသူများ
(၃ ချောင်းသွယ်တန်းစိုက်တဲ့ Dental bridgeလည်းရသလို့ သွားအမြစ်တု Dental implant)မှာလည်းအသုံးပြုကြပါတယ်။

💙လိပ်စာ
Essential - 1
တိုက် ၂/အခန်း ၁၀၁/ပထမထပ်(ဘယ်)/၁၆ရပ်ကွက်/အင်းစိန်လမ်းနှင့်ပါရမီလမ်း မီးပွိုင့်ထောင့်/လှိုင်မြို့နယ်/ရန်ကုန်။

Essential - 2
အမှတ် ၆-က/ပထမထပ်/၂၉ရပ်ကွက်/မန္တလေးစျေးအနီး/ပင်လုံလမ်းမပေါ်/မြောက်ဒဂုံ။

ဖုန်း-☎☎099 655 91489
09 26 444 5412
09 677 430 437

မှတ်ချက်။ ။မိဘပြည်သူတို့ရဲ့တန်ဖိုးရှိသော အချိန်များမကုန်ဆုံးရလေအောင် ကြိုတင်ဘိုကင်လေးယူပြီးလာပေး လို့ရပါတယ်ခင်ဗျ😍



အံကပ် အပျော့...ဖြုတ်လိုက်တပ်လိုက် လုပ်ရတဲ့အံကပ်တွေထဲမှာ အံကပ်အမာ(acrylic denture) အံကပ်အပျော့(flexible denture) နဲ့ သတ္တ...
22/11/2021

အံကပ် အပျော့...
ဖြုတ်လိုက်တပ်လိုက် လုပ်ရတဲ့အံကပ်တွေထဲမှာ အံကပ်အမာ(acrylic denture) အံကပ်အပျော့(flexible denture) နဲ့ သတ္တုအံကပ်( metallic denturr or skeletal denture) ဆိုပြီး ၃မျိုးအကြမ်းဖျင်းရှိပါတယ်♥
အဲ့ထဲကမှ အံကပ် အပျော့အကြောင်း ကျွန်တော်ပြောပြပေးပါမယ်

အံကပ်အပျော့ က တခြားအံကပ်တွေနဲ့ ယှဥ်ကြည့်လိုက်ရင် ထူးခြားတဲ့အားသာချက်က
📌သံ ချိတ် လေးတွေမပါပါဘူး
(အပျော့ ဖြစ်တဲ့အတွက် ညှစ်အားနဲ့ထိန်းထားလို့ သံချိတ်မပါပါဘူး) သံချိတ်မပါတဲ့အတွက် အရှေ့သွားတွေတပ်တဲ့အခါ ချိတ်မပေါ်နေလို့ တခြားအံကပ်တွေထက်စာရင် လူတွေပိုသဘောကျ ကြပါတယ်။

ဘယ်အချိန်မှာ အံကပ်အပျော့ကို သုံးကြလဲဆရာ
Dental bridge လိုသွားစိုက်နည်းမျိုး တစ်နည်းအားဖြင့်
📌ဘေးသွားတွေကို မစားချင်တဲ့သူတွေအတွက် နဲ့
📌အသေစိုက်ဖို့ အခြေအနေမပေးတဲ့သူတွေ (သွယ်တန်းဖို့ကုပ်စရာသွားတွေမရှိသောသူများ) အသုံးပြုကြတာများပါတယ်

ဒါပေမယ့် အားနည်းချက်တွေလည်းရှိပါတယ်......
➡အံကပ်အပျော့ ဟာ ညှစ်အားနဲ့ထိန်းထားတာဖြစ်လို့ ရေရှည် အသုံးပြုရင် အောက်က သွားဖုံးရိုးလေးတွေ သေးသိမ်သွားတက်ပါတယ် (အရမ်းသေးသိမ်သွားရင် အသစ်ပြန်လည်ပြုလုပ်တဲ့အခါ အခက်အခဲရှိတတ်ပါတယ်)
➡သွားတစ်ချောင်းတည်းအတွက် ပြန်စိုက်တာဆိုရင် temporary ယာယီ အနေနဲ့ပဲ အသုံးပြုသင့်ပါတယ် ။ ဘာလို့လဲဆိုတော့
တစ်ချောင်းတည်း စိုက်တဲ့ အံကပ်အပျော့တွေဟာ area ပိုသေးတဲ့အတွက် အပေါ်က စားတဲ့foceကို ပိုခံရပါတယ် အဲ့အတွက် သွားဖုံးရိုး ပိုမို သေးသိမ်သွားတတ်ပါတယ်။
➡အနောက်သွားတွေ အံသွားတွေအတွက် သုံးမယ်ဆို အရမ်းကြီးပျော့နေတာထက် semi flexible. ကို သုံးတာပိုမိုသင့်တော်ပါတယ်။ပိုပျော့လေ သွားဖုံးရိုးကို ပိုညှစ်လေပါ.....
➡တစ်ရက် ကို ၈နာရီထဲပို မသုံးသင့်ပါဘူး
အချိန်ကြာကြာ ပိုတပ်ထားလေ အရိုးတွေကို ပိုညှစ်လေမို့ပါ......

အားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျ🙏🙏🙏


ဟိုးအရင်​ကအံဆုံးအကြောင်းရေးထားတာလေးပြန်shareလိုက်ပါတယ်ခင်ဗျUnicode  (အံဆုံးကို ဖုံးအုပ်နေသော သွားဖုံးရောင်ခြင်း)- ၁ခါ၁လေ...
17/11/2021

ဟိုးအရင်​ကအံဆုံးအကြောင်းရေးထားတာလေးပြန်shareလိုက်ပါတယ်ခင်ဗျ

Unicode
(အံဆုံးကို ဖုံးအုပ်နေသော သွားဖုံးရောင်ခြင်း)
- ၁ခါ၁လေကျရင်ကျွန်တော်တို့တွေရဲ့ အံဆုံးသွားတွေ(တဝက်ပဲပေါက်နေတဲ့အံဆုံးသွားပဲဖြစ်ဖြစ်၊လုံးဝမပေါက်သေးတဲ့အံဆုံးသွားပဲဖစ်ဖြစ်) အဲ့သွားတွေရဲ့အပေါ်မှာ သွားဖုံးလေး မိုးပြီးအုပ်နေတတ်ပါတယ် အဲ့သွားဖုံးလေး ဖောင်းပြီး ရောင်လာတာမျိုး ကို Pericoronitis လို့ခေါ်ပါတယ်။
-များသောအားဖြင့် အဲ့သွားဖုံးလေးရောင်လာပြီဆို နာလာမယ် ၊ကိုက်လာမယ်၊ပိုဆိုးရင် မျက်နှာ၁ခြမ်းရောင်လာတာမျိုးတွေ့ကြုံ ရတတ်ပါတယ်။
-အဲ့လိုအခြေအနေမျိုး ရောက်ရင် တချို့က အကိုက်အခဲပျောက်ဆေးတွေ ရပ်ကွက်ထဲက စပ်ဆေးတွေသောက်လို့ သက်သာသွားတာမျိုးရှိပါတယ်။ ဒါပေမယ့်အဲ့လိုသက်သာတယ်ဆိုတာမျိုးက တဒင်္ဂသက်သာတာမျိုးပါ ခဏခဏပြန်ပြန်ဖြစ်တတ်ပါတယ်။

>>>>> #အရေးကြီးတဲ့အချက်ကတော့ အဲ့လိုသွားကိုက်တာမျိုး မျက်နှာ၁ခြမ်းရောင်တာမျိုးဖြစ်ပါက မည်သည့် မြန်မာဆေးများ လိမ်းခြင်း အုံခြင်းတို့ လုံးဝမပြုလုပ် သင့်ပါ။

-ဒါဆို အဲ့လို တွေ့ကြုံရရင် ဘယ်လိုကုသမှုတွေလုပ်ရသလဲ
ကုသမှု အကြောင်းမပြောခင် ဘာကြောင့်ဖြစ်ရလဲဆိုတာ အရင်ရှင်းပြပါမယ်။
Cause
>>>(၁)အချက်က တော့ Bacterial Growth ဘတ်တီးရီးယားပှိုးမွှားများပေါက်ဖွားလာမှု
-ဟုတ်ပါတယ် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားလာလို့ပါ။No 8သွားတွေဖြစ်တဲ့ အံဆုံးသွားတွေ (partially erupted)တဝက် ပဲဖစ်ဖြစ် အနည်းငယ်ပဲဖြစ်ဖြစ် ပေါက်နေတဲ့အချိန်မျိုးကျရင် အဖြစ်များပါတယ်။အဲ့လိုအချိန်ကျ သွားဖုံးလေးက အံဆုံးသွားရဲ့အပေါ်မှာ ခေါင်မိုးလေး ကဲ့သို့ အုပ်နေပါလိမ့်မယ်။ကျွန်တော်တို့ အစာစားပြီးတဲ့အခါ အကြွင်းအကျန် အနည်း စုက အဲ့ အုပ်နေတဲ့သွားဖုံးလေးအောက်မှာ သွားစုနေတတ်ပါတယ်။အချိန်ကြာမြင့်လာတဲ့အခါ အဲ့စားကြွင်း စားကျန်တွေကနေ ၁ဆင့် ဘတ်တီးရီးယားလို့ခေါ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပေါက်ဖွားလာပါမယ်။ဘတ်တီးရီးယားပိုးတွေပျော်စံ ရာ နေရာလေးဖြစ်လာပါမယ် ။အဲ့လိုနည်းအားဖြင့် သွားအပေါ်မှာရှိတဲ့ သွားဖုံး အမိုးလေး ရောင်လာပြီး သွားကိုက်ခြင်းကို စတင်ခံစားလာရပါလိမ့်မယ်။

>>>(၂)အချက်က (Trauma)
သွားဖုံးအမိုးလေး ထိခိုက်ဒဏ်ရာရတာပါ
ဟုတ်ပါတယ် သွားဖုံး လေးရဲ့ ဆန့်ကျင်ဘက် အပေါ်သွားက ရှည်ကျနေတဲ့အချိန်ဖြစ်ဖြစ် သွားဖုံးလေးရောင်လာလို့အပေါ်အံဆုံးသွားနဲ့ကိုက်မိတဲ့အချိန်ပဲဖစ်ဖြစ် အပေါ်သွားနဲ့သွားဖုံးထိခိုက်တာမျးလာတဲ့အခါ သွားဖုံးမိုးလေးရောင်လာတတ်ပါတယ်။

-အဲ့လို သွားဖုံးမိုးလေးရောင်လာရင်ဘာတွေဖြစ်တတ်လဲ

အကြမ်းဖျင်းအားဖြင့် သွားဖုံးလေးနာလာမယ် ၊ရောင်လာမယ် ၊ပြည်တည်လာမယ်၊ခံတွင်းအနံံ နံလာမယ်၊ပြည်တည်လာမယ်၊ အခန့်မသင့်ရင် မျက်နှာ၁ခြမ်းရောင်လာမယ် Trismusလို့ခေါ်တဲ့ ပါးစပ်မဟနိုင်ဖြစ်လာမယ် ၊လည်ပင်းနဲ့မေးရိုးအောက်မှာ lymph nodesလို့ခေါ်တဲ့ အကြိတ်တွေပေါ်လာမယ် ၊ဖျားနာလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။
Treatment (ဘယ်လိုကုသမလဲ)
အကြမ်းဖျင်း ကုသနည်း ၃မျိုးရှိပါတယ်
(1)Conservative method
ရိုးရိုးရှင်းရှင်းပါပဲ သွားဖုံးနဲ့သွားကြားမှာရှိတဲ့ အစားအကြွင်းအကျန်ကို နိုက်ထုတ် ခြစ်ထုတ် ဖယ်ရှားပြီး ပိုးသတ်ဆေးတွေ နဲ့ ဆေးထုတ်တာပါ ၊ပြည်ရှိရင်ပြည် ကိုဖောက်ထုတ် ဖယ်ရှားတာပါ ။ပြီးရင် ပိုးသတ်ဆေး သောက်ရမယ်။ အချိန် အတိုင်းအတာ၁ခုထိသက်သာပျောက်ကင်းသွား ပေမယ့် ကြာလာလို့ သွားဖုံးနဲ့သွားကြားအစာ ပြန်ဝင်လာရင် ပြန်ဖြစ်တတ်ပါတယ် ။အစာစားပြီးတိုင်း အာလုတ်ကျင်း တာမျိုး အဲ့သွားဖုံးနေရာအထိ သွားတိုက်လို့ လက်လှမ်းမှီနိုင်ရင် သွားတိုက် သန့်ရှင်းရေးလုပ်တာမျိုး အမြဲလိုအပ်ပါတယ်။
(2)Surgical removel of the underlying flap
ဒီအချက်ကတော့ အံဆုံးသွားအပေါ်မှာရှိတဲ့ အုပ်နေတဲ့သွားဖုံးလေးကို လှီးထုတ်ဖယ်ရှား လိုက်တာပါ
(အံဆုံး သွားက တည့်တည့်ပေါက်ပြီး ရှေ့သွားကို ဒုက္ခမပေးနိုင်တဲ့အခြေအနေမျိုးဆို ရွေးချယ်သင့်ပါတယ်)
(3)Removel of the tooth
နောက်ဆုံးအချက်ကတော့ အံဆုံးသွားကို နုတ်ပြီးဖယ်ရှားတာပါ။အံဆုံးကစောင်းနေတာမျိုး အရှေ့သွားလည်ပင်းကို ထောက်နေတာမျိုး၊ပါးဘက်စောင်းပေါက် နေတာမျိုး၊သွားပိုးစားနေတာမျိုး စသည့်အခြေအနေမျိုး ဆို နုတ်ပြီးဖယ်ရှားလိုက်တာအကောင်းဆိုးပါ ။ အံဆုံးက ပါးစပ်ထဲမှာ အပိုသွားဖြစ်ပြီး လုပ်ဆောင်ချက် Function မရှိတဲ့အတွက် ဒုက္ခပေးတဲ့အခြေအနေမျိုးဆိုဖယ်ရှားသင့်ပါတယ် ။
ရံဖန်ရံခါ အပေါ်အံဆုံးနဲ့ အောက်အံဆုံး၂ခု ကြိတ်မိလို့ပါးစောင်မှာ အနာဖြစ်လာပြီ ဆိုရင်လည်း နုတ်ပြီးဖယ်ရှားသင့်ပါတယ်။

Address

No. (6/A), First Floor, (29 Quater), On Pinlon Road , North-dagon , ( Near Mandalay Market)
Yangon
11181

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959677430437

Website

Alerts

Be the first to know and let us send you an email when Essential Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share