18/08/2022
အားလုံးပဲမင်္ဂလာပါရှင် …
ဒီတစ်ပတ်မှာတော့ မှန်ကန်တဲ့သွားတိုက်နည်းလေးအကြောင်းကို ပြောပြသွားပေးမှာပဲဖြစ်ပါတယ် ။
လူတိုင်းပုံမှန်သွားတိုက်ကြပေမဲ့ စနစ်မမှန်တဲ့အခါ သွားကြွေလွှာပျက်စီးဆုံးရှုံးမှုတွေဖြစ်နိုင်တာမို့ မှန်ကန်တဲ့ သွားတိုက်နည်းလေးတော့ သိဖို့တော့ အရေးကြီးပါတယ်နော် ။
- စနစ်မှန်သွားတိုက်နည်းအတွက် အရေးကြီးဆုံးအရာဖြစ်တဲ့ သွားတိုက်တံ နဲ့ သွားတိုက်ဆေးကတော့ မရှိမဖြစ်ပါပဲ။
- သွားတိုက်တံရွေးချယ်တဲ့အခါမှာ သွားတိုက်တဲ့ brush အမျှင်လေးတွေကို soft (or ) medium လေးထဲက ရွေးသုံးပေးတာက သွားကျန်းမာရေးအတွက် ပိုအဆင်ပြေပါတယ် ။
(သွားတိုက်တံတိုင်းရဲ့ package အပေါ်လေးတွေမှာ ultra soft ,soft, medium,hard ဆိုပြီးပါတာမို့ မိမိနဲ့အဆင်ပြေတာကို ရွေးသုံးလို့ရပါတယ် )
- သွားတိုက်ဆေးရွေးတဲ့အခါမှာလည်းဖလိုရိုက် (Fluoride )ပါဝင်တဲ့ သွားတိုက်ဆေးသုံးပေးတာက သွားပိုးစားခြင်းမှ ကာကွယ်နိုင်ပါတယ်။
- သွားတိုက်တံနဲ့ သွားတိုက်ဆေးရွေးပြီးပြီမို့ သွားစတိုက်လိုက်ရအောင်နော် !!!!
- သွားတိုက်တဲ့အခါ
1. အနည်းဆုံး ၂ မိနစ်ကြာအောင် တိုက်ပေးပါ။
2. သွားရဲ့ အပြင်ဘက်မျက်နှာပြင်ကို တိုက်တဲ့အခါ အပေါ်အောက်တိုက်ပေးပါ ။ ကန့်လန့်ဖြတ်မတိုက်ပါနဲ့။
3. အစာဝါးတဲ့ သွားမျက်နှာပြင်ကိုတိုက်တဲ့အခါ ကန့်လန့်ဖြတ်တိုက်ပေးပါ။
4. အတွင်းဘက်မျက်နှာပြင်တွေကိုတော့ အောက်မှအပေါ် ဒေါင်လိုက်တိုက်ပေးပါ။
5. တစ်နေရာကို ၇ ချက်လောက် အနည်းဆုံးတိုက်ပေးပါ ။
6. သွားမျက်နှာပြင်တွေ တိုက်ပြီးရင် လျှာရဲ့ အပေါ်မျက်နှာပြင်ကိုလည်း ဖွဖွလေးတိုက်ပေးပါ။
7. ပြီးရင်တော့ ပါးလုတ်ကျင်းပေးလို့ရပါပြီ ။
8. အစာစားပြီးတိုင်းလည်း ပါးလုတ်ကျင်းတဲ့ အလေ့အကျင့်လေးလုပ်ပေးရင်းနဲ့ ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်နိုင်ကြပါစေရှင့် ။ ❤️
အပတ်စဉ်သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေတင်ပေးသွားမှာမို့ like & follow လေးလုပ်ပေးပါဦးနော် ။ ။
[နေ့စဉ် မနက် ၈နာရီ မှ ည ၈နာရီအထိ
09401046639
သဇင်သွားဆေးခန်း
အမှတ် -621, ခေမာသီလမ်းမပေါ် ၊ စျ/စျေးအနီး၊ မ/ဥက္ကလာပမြို့နယ်]