LaMin Dental Clinic

LaMin Dental Clinic Keep your Smile

📢 ဆေးခန်းပိတ်ရက်ကြေညာခြင်းချစ်ခင်ရပါသော လူကြီးမင်းများအား အသိပေးချင်တာလေး ရှိပါတယ်ရှင်။ကျွန်မတို့ရဲ့ 𝐓𝐞𝐚𝐦 တစ်ခုလုံးမှ ပိ...
10/03/2026

📢 ဆေးခန်းပိတ်ရက်ကြေညာခြင်း

ချစ်ခင်ရပါသော လူကြီးမင်းများအား အသိပေးချင်တာလေး ရှိပါတယ်ရှင်။

ကျွန်မတို့ရဲ့ 𝐓𝐞𝐚𝐦 တစ်ခုလုံးမှ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြည့်တင်းဖို့အတွက် 𝐓𝐞𝐚𝐦 𝐁𝐨𝐧𝐝𝐢𝐧𝐠 𝐓𝐫𝐢𝐩 လေး သွားဖို့ ရှိပါတယ်။ 🚗💨

ဒါကြောင့်မို့လို့ ဆေးခန်းအား (၃) ရက် ခေတ္တပိတ်ထားမည် ဖြစ်ပါသည်။
📅 ဆေးခန်းပိတ်မည့်ရက် - မတ်လ (၁၁၊ ၁၂၊ ၁၃) ရက်အထိ။
📅 ပြန်လည်ဖွင့်လှစ်မည့်ရက် - မတ်လ (၁၄) ရက်နေ့။

ဆေးခန်းပိတ်ထားစဉ်အတွင်း လူကြီးမင်းတို့အနေဖြင့် ကြိုတင် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 လေးရယူလိုပါက (𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫) မှတစ်ဆင့် ဆက်သွယ်ထားနိုင်ပါတယ်ရှင့်။

ပိုမိုတက်ကြွတဲ့ စွမ်းအင်တွေနဲ့အတူ မတ်လ ၁၄ ရက်နေ့မှာ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ 🥰

#ပိတ်ရက်ကြေငြာခြင်း

ငါ့ရဲ့ကလေးကြောက်နေမလား? သွားဆရာဝန်တွေကကော ညင်ညင်သာသာကိုင်တွယ်ပါ့မလား?ဘယ်သွားဆေးခန်းက ကလေးငယ်လေးတွေအတွက်အသင့်တော်ဆုံးလည်း...
10/12/2025

ငါ့ရဲ့ကလေးကြောက်နေမလား?
သွားဆရာဝန်တွေကကော ညင်ညင်သာသာကိုင်တွယ်ပါ့မလား?
ဘယ်သွားဆေးခန်းက ကလေးငယ်လေးတွေအတွက်အသင့်တော်ဆုံးလည်း?

သင်ဟာမိဘတစ်ယောက်ဖြစ်ပြီး ဒီလိုမေးခွန်းတွေကိုထပ်ခါထပ်ခါ ခေါင်းထဲမှာမေးနေပြီဆိုရင် တစ်ယောက်တည်းမဟုတ်ပါဘူး 😟

ကိုယ့်ကလေးအတွက်သွားဆေးခန်းရွေးချယ်ရတယ်ဆိုတာ ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး...အမှန်တကယ်လည်းစိုးရိမ်သင့်ပါတယ် 💫

La Min သွားဆေးခန်းမှာဆိုရင်တော့ ကလေးငယ်လေးတွေ စိတ်လုံခြုံမှုရှိပြီး စိတ်ပေါ့ပေ့ါပါးပါးနဲ့လာလို့ရအောင် ကလေးငယ်လေးတွေဆော့ကစားတဲ့နေရာကနေ ကုသမှုရယူတဲ့နေရာအထိ သူတို့အကြိုက်ပန်းချီကားတွေကိုခြယ်သထားတာဖြစ်လို့ သွားဆေးခန်းကိုကြောက်စရာနေရာလို့မသတ်မှတ်ပဲ ပျော်စရာကောင်းတဲ့နေရာတစ်ခုလို့မြင်သွားစေမှာပါ 🦷

သွားဆရာဝန်နဲ့ အကူဆရာ၊ဆရာမများကလည်း စိတ်ရှည်ရှည် ညင်ညင်သာသာနဲ့ပြောဆိုဆက်ဆံပြီး သက်သောင့်သက်သာဖြစ်အောင်လုပ်ပေးနေတာဖြစ်တဲ့အပြင် သွားဆေးခန်းလာပြတဲ့အတွေ့အကြုံတစ်ခုကို ထူးထူးခြားခြားလေးဖြစ်သွားအောင် အရုပ်တွေမဲနှိုက်ခိုင်းတဲ့အစီအစဉ်လေးလည်း ပြုလုပ်ပေးထားပါတယ်နော် 🎁

ကိုယ့်ရဲ့ကလေးသွားကျန်းမာရေးအတွက် စိတ်အချရဆုံးသွားဆေးခန်းတစ်ခုကိုရွေးနေပြီဆိုရင်တော့ La Min သွားဆေးခန်းကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ 💚

☎ Office Ph no: 09 956845781
☎ Hotline : 09964088331, 099640 38977

🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့


#လမင်းသွားဆေးခန်း

Dental Implant (သွားအမြစ်အစားထိုးတိုင်စိုက်ကုသမှု) ကစျေးကြီးတယ်..နာတယ်..ခဏလေးနဲ့ပြန်ပြုတ်မှာပဲလို့....စဉ်းစားနေတယ်ဆိုရင်...
26/11/2025

Dental Implant (သွားအမြစ်အစားထိုးတိုင်စိုက်ကုသမှု) ကစျေးကြီးတယ်..နာတယ်..ခဏလေးနဲ့ပြန်ပြုတ်မှာပဲလို့....

စဉ်းစားနေတယ်ဆိုရင်တော့ သင် Dental Implant ကုသမှုနဲ့မရင်းနှီးသေးလို့ပါပဲ 🤨

ကမ္ဘာတစ်ဝန်းမှာ သွားမရှိတော့လို့ပဲဖြစ်ပါစေ အကြောင်းတစ်ခုခုကြောင့်သွားကျိုးသွားလို့ပဲဖြစ်ပါစေ သွားဆရာဝန်အများစုညွှန်းတဲ့ အကောင်းဆုံးနဲ့အခိုင်ခံ့ဆုံး သွားစိုက်နည်းကတော့ Dental Implant ပါပဲမိတ်ဆွေတို့ရေ

ဒီ Treatment ဟာဆိုရင် အသက် ၂၀ ကနေစပြီး လူကြီးအသက် ၇၀ လောက်အထိနှစ်စဉ်တပ်ဆင်နေကြတာဖြစ်ပြီး သက်တမ်း ၁၅ နှစ်ကနေ တစ်သက်လုံးအထိကြာရှည်ခိုင်ခံ့တာကြောင့် ပေးရတဲ့စျေးနဲ့အတန်ဆုံးသွားစိုက်နည်းတစ်ခုလို့လည်းသတ်မှတ်ထားကြပါတယ် 💸

Dental Implant ရဲ့ကောင်းကျိုးလေးတွေကိုကြည့်မယ်ဆိုရင်

✨နဂိုမူလသွားနဲ့တစ်ပုံစံတည်းချွတ်စွပ်တူခြင်း

✨ ခိုင်ခံ့ပြီးနေ့စဉ်လုပ်ဆောင်ရတဲ့ကိစ္စအရပ်ရပ်ကိုလုပ်ဆောင်နိုင်ခြင်း

✨အံကပ်ကဲ့သို့ချောထွက်၊ လှုပ်ရမ်းမှုများမရှိခြင်း

✨ထိန်းသိမ်းရလွယ်ကူခြင်း

✨ Confidence ကိုမြှင့်တင်ပေးပြီး ထာဝရလှပတဲ့အပြုံးတွေကိုပိုင်ဆိုင်စေပါတယ်

La Min သွားဆေးခန်းမှာဆိုရင်တော့ နိုင်ငံတကာအသိအမှတ်ပြုသွားဆရာဝန်ကြီးတွေကိုယ်တိုင် ဆွေးနွေးတိုင်ပင်တဲ့အဆင့်မှစပြီး ကုသမှုပြီးသည့်အတိုင် သေချာစစ်ဆေးတပ်ဆင်ပေးနေတာဖြစ်လို့ လူကြီးမင်းတို့ရဲ့သွားပြဿနာများကိုဖြေရှင်းပေးဖို့အတွက် အခုပဲ Appointment ယူထားလိုက်တော့နော် 💚

☎ Office Ph no: 09 956845781
☎ Hotline : 09964088331, 099640 38977

🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့


#လမင်းသွားဆေးခန်း

ကလေးငယ်လေးတွေသွားတိုက်တဲ့အခါ မိဘတွေအနေနဲ့သိထားသင့်တဲ့ အချက် (၅) ချက် 🦷👇သွားတိုက်တာလွယ်တယ်ဆိုပေမယ့် မိဘတွေအနေနဲ့ မိမိတို့...
09/11/2025

ကလေးငယ်လေးတွေသွားတိုက်တဲ့အခါ မိဘတွေအနေနဲ့သိထားသင့်တဲ့ အချက် (၅) ချက် 🦷👇

သွားတိုက်တာလွယ်တယ်ဆိုပေမယ့် မိဘတွေအနေနဲ့ မိမိတို့သားသမီးငယ်လေးတွေသွားတိုက်တဲ့အခါ သေချာကြည့်ကြပ်ပေးနိုင်မှသာ ကျန်းမာသန်စွမ်းတဲ့သွားတွေကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်

1️⃣သွားတိုက်ဆေးအများအပြားအသုံးပြုခြင်း

ကလေးငယ်တွေသွားတိုက်တဲ့အခါ သွားတိုက်ဆေးတွေကိုမျိုချမိလေ့ရှိတာဖြစ်ပြီး သွားတိုက်ဆေးဆိုတဲ့ Flouride တွေကိုအများအပြားမျိုချမိပါက ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တာကြောင့် သွားတိုက်ဆေးအနည်းငယ်သာအသုံးပြုဖို့အတွက် ကြည့်ကြပ်ပေးရမှာပဲဖြစ်ပါတယ်

2️⃣အရမ်းငယ်လွန်းတဲ့အချိန် ကိုယ်တိုင်သွားတိုက်ခိုင်းခြင်း

ကလေးတွေကလွတ်လပ်မှုကိုနှစ်သက်တယ်ဆိုပေမယ့်လည်း အသက် 7 နှစ်လောက်အထိ သွားတိုက်လမ်းညွှန်မှုတွေပေးဖို့လိုအပ်ပါတယ်..ဒါမှသာ သွားပိုးစားလေ့ရှိတဲ့ အနောက်ဖက်နေရာတွေက Bacteria တွေကိုသေချာပြောင်စင်အောင်တိုက်နိုင်မှာဖြစ်ပြီး ကျန်းမာတဲ့သွားတွေကိုရရှိမှာပဲဖြစ်ပါတယ်

3️⃣သွားတိုက်ဆေးမျိုချခြင်း

ကလေးသွားတိုက်ဆေးတွေကချိုတာကြောင့် ကလေးငယ်လေးတွေကမျိုချလေ့ရှိပါတယ်..အကျိုးဆက်အနေနဲ့ သွားမှာအဖြူကွက်တွေပေါ်ပေါက်လာစေပြီး သွားကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် တိုက်ပြီးထွေးထုတ်ဖို့ဘေးနားကအမြဲတိုက်တွန်းပေးရပါမယ်

4️⃣သွားကိုအားနဲ့ဖိတိုက်ခြင်း/ အမြန်တိုက်ခြင်း

သွားကိုမြန်ဆန်စွာနဲ့ဖိတိုက်ခြင်းဟာ သွားဖုံးကိုထိခိုက်စေပြီး သွားကြွေလွှာတွေကိုတိုက်စားစေနိုင်တာကြောင့် စက်ဝိုင်းပုံစံသွားတိုက်ခြင်းကို ဖြည်းဖြည်းမှန်မှန် ၂ မိနစ်ခန့်တိုက်ဖို့လိုအပ်ပါတယ်

5️⃣ညဘက်သွားမတိုက်ခြင်း

ညဘက်သွားတိုက်ဖို့မပျင်းအောင်ကလေးတွေကိုနှိုးဆော်ပေးရပါမယ်..သွားပိုးစားခြင်းရဲ့အဓိကတရားခံကညဘက်သွားမတိုက်ပဲ Bacteria စုပြုံလာပြီးသွားကြွေလွှာတွေကိုလှိုက်စားသွားလို့ပဲဖြစ်ပါတယ်

ကဲဒါဆို La Min Premium Dental Clinic မှာသားသားမီးမီးတို့အတွက် ကျန်းမာခိုင်ခံ့တဲ့သွားတွေကို သေချာထိန်းသိမ်းစောင့်ရှောက်တတ်အောင်သင်ကြားပေးနေတာဖြစ်ပြီး 6 လတစ်ကြိမ် Dental Checkup လုပ်ဖို့အတွက်လည်း Appointment ယူထားလိုက်တော့နော် 💚

☎️ Office Ph no: 09 956845781
☎️ Hotline : 09964088331, 099640 38977

🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့


#လမင်းသွားဆေးခန်း

26/10/2025

သွားကျန်မာရေ အဆင်မပြေမူဖြစ်နေပါက ကျွန်‌‌ေတာ်တို့ Lamin Dental Clinic ကိုသတိတရ နဲ့လှန်လားခဲ့ပါနော်

သင့်ရဲ့သွားလိုအပ်ချက်လေးတွေကို နားကောထောင်နေရဲ့လား ချစ်တို့? 💖🦷လူတွေမှာ အချစ်တွေမေတ္တာတွေရှိသလို.... တစ်ယောက်ချင်းစီရဲ့ ...
22/10/2025

သင့်ရဲ့သွားလိုအပ်ချက်လေးတွေကို နားကောထောင်နေရဲ့လား ချစ်တို့? 💖🦷

လူတွေမှာ အချစ်တွေမေတ္တာတွေရှိသလို.... တစ်ယောက်ချင်းစီရဲ့ သွားလေးတွေမှာလည်း အချစ်ခံစားမှုချင်း မတူကြဘူးနော် 😉

သင်ကော ဘယ်ထဲမှာပါတယ်လို့ထင်လဲ? ✨

🪥 Clean / Fresh - သွားတိုက်ပြီးတိုင်း ပူရှိန်းရှိန်းဖြစ်သွားတဲ့ (Mint-Fresh) ခံစားမှုကို နှစ်သက်ခြင်း 🪥
🍓 Sweet - သွားအတွက်ကောင်းစေမယ့် အစားအသောက်တွေနဲ့ ဂရုစိုက်တတ်ခြင်း 🍓
🛡️ Protective - ပုံမှန်သွားကျန်းမာရေး ဂရုစိုက်ပြီး ဒိုင်းကာနဲ့ Bacteria များကို ကာကွယ်ထားခြင်း 🛡️

သင့်ရဲ့သွားက ဘယ်လိုအချစ်မျိုးကိုကြိုက်ကြိုက် La Min သွားဆေးခန်းလာဖို့ Booking ယူထားလိုက်တော့နော် 🦷💪

☎ Office Ph no: 09 956845781
☎ Hotline: 09964088331, 099640 38977

🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့

သင့်ရဲ့ Perfect အပြုံးတစ်ခုအတွက် ဘယ်လို Brace အမျိုးအစားက အလိုက်ဖက်ဆုံးဖြစ်မယ်ထင်လဲ? 💚အပြုံးတိုင်းက မတူညီနိုင်ဘူးဆိုတာ L...
18/10/2025

သင့်ရဲ့ Perfect အပြုံးတစ်ခုအတွက် ဘယ်လို Brace အမျိုးအစားက အလိုက်ဖက်ဆုံးဖြစ်မယ်ထင်လဲ? 💚

အပြုံးတိုင်းက မတူညီနိုင်ဘူးဆိုတာ La Min Premium Dental Clinic ကသိနေတာကြောင့် Premium ဖြစ်ပြီး သင့် Lifestyle အတွက်အကောင်းဆုံးဖြစ်မယ့် Brace အမျိုးအစား 4 မျိုးကို ချပြပေးလိုက်ပါတယ်နော် 👇

💎Metal Braces

ဒီ Metal Braces လေးကတော့ ကြည့်ရအရှင်းဆုံးနဲ့ သွားညှိကုသမှုခံယူတိုင်း အတပ်အများဆုံး အမျိုးအစားတစ်ခုဖြစ်ပြီး ခိုင်ခံ့တဲ့ သတ္တုတုံး (Metal Bracket) နဲ့ သတ္တုကြိုး (Metal Wire) တွေကို အသုံးပြုထားတာကြောင့် အလွန်ထိရောက်တဲ့ ကုသမှုပါပဲနော်။ တပ်ပြီးခါစ အစပိုင်းမှာတော့ နေသားမကျသေးတဲ့အတွက် ပါးစပ်ထဲမှာ ထောက်သလိုဖြစ်နေတတ်ပြီး ကြာလာလေ အဆင်ပြေသွားမှာပဲ ဖြစ်ပါတယ်

💎Self-Ligating Braces

ဒီအမျိုးအစားလေးရဲ့ ထူးခြားချက်ကတော့ Metal Brace တွေလို ရာဘာကွင်းလေးတွေ တပ်ဖို့လည်းမလိုသလို ဝါယာကြိုးတွေကို သတ္တုချိတ်လေးတွေနဲ့ ချိတ်ထားတာဖြစ်တဲ့အတွက် သွားညှိကုသမှုကို လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီဝိုင်ယာကြိုးတွေကို အလျှော့အတင်းလုပ်ဖို့လည်း အဖွင့်အပိတ် ထိန်းညှိခုလုတ်လေးတွေပါပါတယ်

💎Ceramic Braces

Metal Brace နဲ့တော်တော်များများဆင်ပြီး ကွာသွားတဲ့အချက်ကတော့ Metal Brace မှာသုံးတဲ့ သတ္တုတုံးအရောင်အစား သွားအရောင်နဲ့ ချွတ်စွပ်နီးပါးတူတဲ့ အကြည်ရောင်အတုံးလေးတွေသုံးပေးထားတာဖြစ်လို့ Brace ကိုသိပ်မသိသာချင်တဲ့သူတွေအတွက် ကောင်မွန်ပါတယ်နော်

💎Clear Aligners

ဒီ Clear Aligners လေးတွေက Digital System ကိုအခြေခံပြီး ထုတ်ထားတဲ့ သွားပုံစံ အကြည်ရောင်အံစွပ်လေးတွေနဲ့ သွားညှိကုသပေးတာပဲဖြစ်ပြီး တပ်ထားရင် သိပ်မသိသာစေတဲ့ အချက် ၁ ချက်က လူငယ်တော်တော်များများနဲ့ အနုပညာရှင်လောကမှာပါ ခေတ်စားလာတဲ့ ကုသမှုတစ်မျိုးဖြစ်လာပါတယ်

ဒီလိုဟာတွေကို ဖတ်ပြီး စိတ်ထဲဆုံးဖြတ်ရခတ်နေလား? 😬

La Min Premium Dental Clinic မှာ နိုင်ငံတကာအသိအမှတ်ပြု သွားဆရာဝန်ကြီးတွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး သင့်ရဲ့သွားအခြေအနေအပေါ်နဲ့ Lifestyle လိုအပ်ချက်တို့အပေါ် မူတည်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချပေးမှာဖြစ်လို့ အခုပဲ ဖုန်းဆက်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ 💕

☎ Office Ph no: 09 956845781
☎ Hotline: 09964088331, 099640 38977

🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့





သင်ကိုယ်တိုင်ကောဒီလိုမျိုး ဘဝကိုအထောက်အကူပြုတဲ့ ပြောင်းလဲမှုကြီးလိုချင်နေပြီလား?🌟သွားအခက်မသင့်လို့ ကျိုးသွားတာပဲဖြစ်ပါစေ...
13/10/2025

သင်ကိုယ်တိုင်ကောဒီလိုမျိုး ဘဝကိုအထောက်အကူပြုတဲ့ ပြောင်းလဲမှုကြီးလိုချင်နေပြီလား?🌟

သွားအခက်မသင့်လို့ ကျိုးသွားတာပဲဖြစ်ပါစေ...အကြောင်းတစ်ခုခုကြောင့် သွားမရှိတော့ပဲလစ်ဟာနေပြီဆိုရင် နေ့စဉ်လုပ်ဆောင်မှုတွေကို အများကြီးအကျိူးသက်ရောက်မှုရှိနေတဲ့အပြင် လူအများနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာလည်း ယုံကြည်မှုလျော့နည်းသွားစေပါတယ် 😐

ဒီလိုမျိုး ပြဿနာတွေကို သွားအမြစ်အစားထိုးတိုင်စိုက်ကုသမှု (Dental Implant), သွားတံတားထိုးနည်းကုသမှု (Dental Bridge), နှင့် သွားအံကပ်တပ်ခြင်းတို့ဖြင့်ကုသနိုင်မှာဖြစ်ပြီး မိမိအတွက်အထိရောက်ဆုံးကုသမှုကိုတော့ La Min သွားဆေးခန်းမှ နိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး ခံယူလိုက်ပါနော်

ဒီလိုကုသမှုတွေခံယူလိုက်ခြင်းကြောင့် -

🟢 လှပတဲ့အပြုံးတစ်စုံကို ပြန်လည်ရရှိခြင်း
🟢 ဘဘာဝသွားများကဲ့သို့ ခိုင်ခံ့သန်မာခြင်းတို့ အပြင်
🟢 ရေရှည်အတွက်ကောင်းမွန်တာတို့ပဲဖြစ်ပါတယ်

ဘယ်လိုစိုက်ရမလဲ? ဘယ်လောက်အချိန်ပေးရမလဲ? ဘယ်လောက်ကုန်ကျမလဲ? ဆိုတဲ့မေးခွန်းတွေအကုန်လုံးကို La Min သွားဆေးခန်းရဲ့ နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ကြီးတွေက အသေးစိတ် စိတ်ရှည်လက်ရှည် ရှင်းပြဖြေကြားပေးသွားမှာဖြစ်လို့ ဘိုကင်ကြိုတင်ထားလိုက်တော့နော် ❤️

☎ Office Ph no: 09 956845781
☎ Hotline : 09964088331, 099640 38977

🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့


#လမင်းသွားဆေးခန်း

Address

La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon
11231

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959964088331

Alerts

Be the first to know and let us send you an email when LaMin Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to LaMin Dental Clinic:

Share