Soe Thitsar Dental Clinic

Soe Thitsar Dental Clinic 𝓢𝓶𝓪𝓻𝓽 & 𝓢𝔀𝓮𝓮𝓽 𝓢𝓶𝓲𝓵𝓮 🦷 𝟐𝟎𝟐𝟎-♾️

 #သင်္ကြန်ဆေးခန်းပိတ်ရက်အသိပေးကြေညာခြင်း ကျွန်တော်တို့ “စိုးသစ္စာ” သွားနှင့်ခံတွင်းဆေးခန်းကို သင်္ကြန်ကာလ ဆေးခန်း ပိတ်ရက...
09/04/2024

#သင်္ကြန်ဆေးခန်းပိတ်ရက်အသိပေးကြေညာခြင်း

ကျွန်တော်တို့ “စိုးသစ္စာ” သွားနှင့်ခံတွင်းဆေးခန်းကို သင်္ကြန်ကာလ ဆေးခန်း ပိတ်ရက်အဖြစ်

12.4.24 (သောကြာနေ့) မှ 18.4.24 (ကြာသပတေးနေ့) အထိ ဆေးခန်းပိတ်ထားမှာ ဖြစ်တဲ့အကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ် ခင်ဗျာ။

ဝါဆိုလပြည့်နေ့ ဆေးခန်း မပိတ်ပါဘူးခင်မျာ 🪷စိုးသစ္စာ သွားနှင့်ခံတွင်းဆေးခန်းကို အမြဲ  တနင်္လာနေ့တိုင်းသာ ပိတ်လေ့ရှိပြီး 🚨လ...
01/08/2023

ဝါဆိုလပြည့်နေ့ ဆေးခန်း မပိတ်ပါဘူးခင်မျာ 🪷

စိုးသစ္စာ သွားနှင့်ခံတွင်းဆေးခန်းကို အမြဲ တနင်္လာနေ့တိုင်းသာ ပိတ်လေ့ရှိပြီး 🚨

လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါဘူးခင်မျာ 😊

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုသည့်အတိုင်း

ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော

ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့် ဝါဆိုလပြည့်နေ့ အချိန်အခါသမယတွင် ခုနှစ်ရက်သားသမီး အပေါင်း ဘေးအန္တရာယ်များမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပါစေကြောင်း

✨🦷စိုးသစ္စာ သွားနှင့်ခံတွင်းဆေးခန်းမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်မျာ 🙏

 #ဆေးခန်းပိတ်ရက်အသိပေးခြင်း ဆရာ သင်တန်း သွားတက်ရန်ရှိပါသဖြင့်🦷 27.5.23 ( အဂ်ါနေ့ ) မှ🦷 28.5.23 ( ဗုဒ္ဓဟူးနေ့ ) အထိ     ဆ...
25/06/2023

#ဆေးခန်းပိတ်ရက်အသိပေးခြင်း

ဆရာ သင်တန်း သွားတက်ရန်ရှိပါသဖြင့်

🦷 27.5.23 ( အဂ်ါနေ့ ) မှ
🦷 28.5.23 ( ဗုဒ္ဓဟူးနေ့ ) အထိ
ဆေးခန်း( 2 )ရက် ပိတ်ထားမှာ
ဖြစ်ပါတယ် ခင်ဗျာ။

🦷 29.5.23 ( ကြာသပတေးနေ့ )တွင် ဆေးခန်းပြန်လည်ဖွင့်လှစ်ပြီး ကုသမှုများအား ပြန်လည်လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။

🚨 တနလ်ာနေ့ တိုင်းဆေးခန်းပိတ်ပါသည်။ 🚨

 #ဆေးခန်းပိတ်ရက်အသိပေးခြင်း ဆရာ သင်တန်း သွားတက်ရန်ရှိပါသဖြင့်🦷 23.5.23 ( အဂ်ါနေ့ ) မှ🦷 24.5.23 ( ဗုဒ္ဓဟူးနေ့ ) အထိ     ဆ...
21/05/2023

#ဆေးခန်းပိတ်ရက်အသိပေးခြင်း

ဆရာ သင်တန်း သွားတက်ရန်ရှိပါသဖြင့်

🦷 23.5.23 ( အဂ်ါနေ့ ) မှ
🦷 24.5.23 ( ဗုဒ္ဓဟူးနေ့ ) အထိ
ဆေးခန်း( 2 )ရက် ပိတ်ထားမှာ
ဖြစ်ပါတယ် ခင်ဗျာ။

🦷 25.5.23 ( ကြာသပတေးနေ့ )တွင် ဆေးခန်းပြန်လည်ဖွင့်လှစ်ပြီး ကုသမှုများအား ပြန်လည်လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။

🚨 တနလ်ာနေ့ တိုင်းဆေးခန်းပိတ်ပါသည်။ 🚨

🦷ရေပလုတ်ကျင်းရင် ပြုတ်မထွက်၊ ရီတဲ့ ပြုံးတဲ့ စကားပြောတဲ့အချိန် ပြုတ်မကျ၊ အစာလည်း ကောင်းကောင်းဝါးလို့ရတဲ့ အံကပ်တစ်ခုရဖို့ဆ...
24/09/2022

🦷ရေပလုတ်ကျင်းရင် ပြုတ်မထွက်၊ ရီတဲ့ ပြုံးတဲ့ စကားပြောတဲ့အချိန် ပြုတ်မကျ၊ အစာလည်း ကောင်းကောင်းဝါးလို့ရတဲ့ အံကပ်တစ်ခုရဖို့ဆိုရင် အခြေခံအဆင့် ငါးဆင့် လိုအပ်ပါတယ်ခင်ဗျာ

🔹ပုံစံအကြမ်း အရင်ယူရပါတယ် (Primary Impression )

🔹လူနာအတွက် သီးသန့်ပုံစံယူခွက်ပြုလုပ်ပြီး ပုံချောယူရပါတယ် ( Secondary Impression )

🔹မျက်နှာနဲ့ မေးရိုးရဲ့ မူလအမြင့်ကို ပြန်လည်တိုင်းတာရပါတယ် ( JRR )

🔹ဖယောင်းဖြင့် အံကပ်ပုံကြမ်း ထုတ်ရပါတယ် ( Try in Wax Pattern )

🔹လူနာက ဖယောင်းအံကပ်ကို နှစ်သက်တယ် အဆင်ပြေတယ်ဆိုမှ နောက်ဆုံး အံကပ်ကို ပြုလုပ်ရပါတယ် ( Complete Denture )

🤗 ယခုလို အံကပ်ကောင်းတစ်ခုရဖို့ ဆေးခန်းကို အနည်းဆုံး လေးကြိမ်မှ ငါးကြိမ် လာပေးရပါတယ်🚨

🦷ဆရာ၀န်ကလည်း အားထုတ်ကြိုးစားရသလို

⚪လူနာကလည်း စိတ်ရှည်သည်းခံပြီး

🚅လူနာရှင်ကလည်း ဆေးခန်းမှ ရက်ချိန်းခေါ်ယူတိုင်း အချိန်ပေးပြီး လူနာကို လိုက်ပို့ပေးရပါတယ်ခင်မျာ

😄ကုန်ကျစားရိတ်များအားလည်း တစ်ခါတည်းပေးသွင်းစရာမလိုပဲ ရက်ချိန်းအလိုက် အရစ်ကျ ပေးချေလို့ရပါတယ်ခင်ဗျာ👍

✨🦷 စိုးသစ္စာ သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို အမှတ်33 ရွှေဆံတော်ဘုရားလမ်း နှင့် ကျုံးကြီးကျောင်းလမ်းထောင့်
တွင် ဖွင့်လှစ်ထားပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - မနက် 8 နာရီမှ ည 6 နာရီထိ

☎️ Ph. 09 795471704

🟥 တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🟥

🌕 လပြည့်၊လကွယ် နှင့် အစိုးရရုံးပိတ်ရက် များ ဆေးခန်း မပိတ်ပါ 🌒

17/01/2022

" သွားနူတ်တဲ့အခါ မျက်ကြောလွတ်ပါ့မလား? "

ဒီမေးခွန်းကို ကြားတိုင်း ကျွန်တော် ရီရီ​မော​မောနဲ့ပဲ "မထိပါဘူးဗျာ" လို့ ဖြေလေ့ရှိပါတယ် ။
အပေါ်သွားတွေ နူတ်ရမယ်လို့ ပြောတဲ့အခါ မျက်ကြောထိမှာ ပိုစိုးရိမ်ကြပါတယ် ။ အဓိကက​တော့ သွားနူတ်ပြီးရင် မျက်စိတွေ မွဲသွားမှာကို ကြောက်ကြတာ ။
ဘာကြောင့်များ ဒီလိုကြောက်ကြတာလဲပေါ့ ကျွန်တော်တွေးမိတာလေးတွေ ပြေပြချင်ပါတယ် ။
တချို့လူတွေကကျတော့ အရပ်စကားနဲ့ ကြောက်ကြတာဗျ ။ ကျွန်တော်တောင်ကြားမိသား ဟိုဘက်ရပ်ကွက်က ဒေါ်ဘုမ သွားနူတ်လိုက်ခါမှ သွားနာတာတော့ပျောက်ပြီး မျက်စိတွေမွဲသွားရော တဲ့ ။ ဒေါ်ဘုမက အသက်ဘယ်လောက်ထင်လဲ... ၇၀ တဲ့ဗျား ။ ဒေါ်ဘုမ သွားနူတ်လိုက်တယ် မျက်စိမွဲတယ် ဒီအခြေအ​နေကိုပဲ ယုံလိုက်ကြတာပဲ ။ ဒီအရွယ်ရောက်မှတော့ မျက်စိက အရွယ်ကြောင့်မွဲတာ ဖြစ်ဖို့များပါတယ် ။
ဒီအကြောင်းကို သိထားတဲ့ သူတစ်ယောက်ကများ သွားနူတ်ခံရလို့ကတော့ ငါနူတ်ပြီးရင်များ မျက်စိမွဲလေမလားလို့ ဆိုက်ကိုဝင်မှာ အသေအချာပဲ ။ ဒေါ်ဘုမဟာ ဒီလို ဆိုက်ကိုရှိတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား ။ တချို့အမျိုးသား​တွေဆို သွားနူတ်ပြီး​တော့ ကြည့်နေကျ သင်ဇာဝင့်ကျော်​တောင် သိပ်မကိတ်တော့သလိုပဲတဲ့ ။ ဒီလိုဖြစ်စဉ်တွေက အစွဲကြောင့်၊ စိတ်ကြောင့် ဥပါဒ်ဖြစ်​ရော ။ ဒေါ်ဘုမ ဖြစ်စဉ်ကို သူသိထားတာကိုး... ကိုယ်နဲ့ ရင်းနှီးတဲ့လူကပြောထားတော့ ကိုယ်ဖြစ်သလိုပဲ ခံစားလိုက်ရတာပေါ့ ။ ဒီလို လူနာ​တွေကျ​တော့ သွားမနူတ်ခင်မှာ သွားဆရာဝန်က အကျိုးသင့်အကြောင့်သင့် ရှင်းပြရင်တောင် စိတ်ထဲမှာ သွားနူတ်ရင် မျက်စိမွဲမယ်ဆိုတဲ့ အစွဲက ဖျောက်ဖျက်မရဘူး ။
တချို့လူတွေကျတော့ ကိုယ်ပိုင်အသိလေးတွေနဲ့ တွေးတောပြီး စိုးရိမ်လို့မေးတာ ။ လူနာ​တွေစိုးရိမ်ရင်လည်း စိုးရိမ်ချင်စရာပဲဗျ ..။ ကျွန်​တော်တို့ မျက်စိနဲ့ သွားတွေက အရမ်းနီး​နေကြတာကိုး ။ ဒါကြောင့် သွားတွေများ တစ်ခုခုဖြစ်ရင်၊ နူတ်လိုက်ရင် မျက်စိကို ထိခိုက်မိမလား စိုးရိမ်တာ ။ ဒီလိုလူတွေကျတော့ ကိုယ်တိုင်တွေးခေါ်တတ်တော့ စိတ်ပူတာ၊ စိုးရိမ်တာ ပျောက်သွားကြတယ် ဥပါဒ်လည်း မဖြစ်ဘူး ။
တချို့လူတွေမှာကျတော့ သွားပိုးစားတာကို သတိမပြု၊ ဂရုမစိုက် ပေနေတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်နှာကြီးပါ ရောင်လာရော ။ ဒါဆို ပါးတွေ ၊ မျက်ဝတ်လေးတွေပါ ရောင်လာရော ။ တချို့အခြေအနေဆိုးရင် ရောင်တာအားကြီးပြီး မျက်လုံးပါ ဖွင့်မရတော့ဘူး ။ ဒီလိုကိုယ်တိုင်ခံစားရတာကြောင့် သွားနဲ့ မျက်လုံးဟာ ဆက်စပ်မွုရှိတယ်လို့ ယုံကြည်ကြတာလည်း ဖြစ်နိုင်ပါတယ် ။
ဘယ်လိုကြောင့်ပဲ သွားနူတ်ရင် မျက်ကြောထိတယ်လို့ ထင်ထင် ဒီနေ့ အဲ့ဒီအကြောင်းကို မေ့လိုက်ရအောင် ။
ကျွန်တော် ပထမဆုံးစာကြောင်းမှာ ရေးခဲ့သလိုပဲ အကြောင်းကြောင်း​ကြောင့် သွားနူတ်ရတဲ့အခါ မျက်ကြောတွေ အမြင်အာရုံတွေကို ထိခိုက်မှာမဟုတ်ပါဘူး ။
ဘာလို့လဲ အ​ဖြေက ရှင်းလင်းပါတယ် ။ သွား​​တွေရဲ့ အာရုံကြောတွေ နဲ့ မျက်လုံးအာရုံကြောတွေက အာရုံ​ကြောသီးသန့်အခွဲတွေဖြစ်ပြီး ဆက်စပ်မွု မရှိတာ​ကြောင့်ပါ ။ အလုပ်လုပ်တဲ့ ပုံစံတွေလည်း မတူကြပါဘူး ။
ဒါကြောင့် သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးက သွားနူတ်ဖို့ အကြံပြုတယ်ဆိုရင် စိတ်ချလက်ချသာ နူတ်လိုက်ပါ။ သွားဘက်ဆိုင်ရာဆရာဝန်​တွေဟာ သွားတွေကို ချစ်ကြတာမျိုးဖြစ်လို့ တော်ရုံဆို သွားမနူတ်ကြပါဘူး ။ နူတ်ဖို့ အကြံပြုလိုက်တယ်ဆိုရင်လည်း တော်တော်ကြီး ကိုယ့်ရဲ့သွားက အခြေအနေဆိုး​နေတယ်ဆိုတာ နားလည်ရပါမယ် ။
သွားနူတ်တဲ့အခါ သွားဘက်ဆိုင်ရာဆရာဝန်​တွေဆီမှာသာ နူတ်ဖို့ အကြံပြုပါတယ် ။ သွားဘက်ဆိုင်ရာဆရာဝန်​တွေ အားလုံးက ကျွန်တော်တို့ဦးခေါင်းမှာရှိတဲ့ အာရုံကြော​တွေ၊ ကြွက်သားတွေ ၊ အရိုးတွေ စတဲ့ ခန္ဓာ​ဗေဒ​တွေကိုလည်း တတ်ကျွမ်းနားလည်ကြတာမို့ သွားဆရာဝန်နဲ့ သွားနူတ်ရင် ဆိုးကျိုးတွေနည်းမှာ သေချာပါတယ် ။ ဘာလို့ ဒီလို သတိပေးရသလဲဆိုရင် တချို့ဒေသတွေမှာ သွားဘက်ဆိုင်ရာဆရာဝန်မဟုတ်ပဲ ဆေးကုသနေကြတဲ့သူတွေကြောင့် လူနာတွေ နစ်နာနေတာကိုလည်း ​နေ့စဉ်မြင်တွေ့​နေရတာ​ကြောင့်ပါ ။ သွားတွေကို နူတ်တယ် အမြစ်တွေကျိုးသွားတယ် လုံးဝ မရတော့မှ သွားဆရာဝန်ဆီသွားဖို့ လွဲတာမျိုး... အနာအပေါက်ကြီးတွေ စုတ်ပြတ်သတ်နေမှ ရောက်လာတာမျိုးတွေ ကြုံတွေ့ရပေါင်းလည်း များလှပါပြီ ။
လူနာ​တွေအ​နေနဲ့ သွားနူတ်ရင် မျက်​ကြောထိမှာထက် ဒီလို အဖြစ်အပျက်မျိုးကို ပိုကြောက်သင့်ပါတယ် ။
​နောက်ဆုံး ချိန်းခြောက်ချင်တာလည်းရှိပါတယ် ။သွားနူတ်သင့်တဲ့အချိန်မှာ မနူတ်ပဲ ပေနေရင်တော့ သွားအလွန်အမင်းနာခြင်း ၊ သွားအမြစ်ထိပ်မှာပြည်တည်ခြင်း ၊ မျက်နှာရောင်ရမ်းခြင်း ၊ ဖျားခြင်း အပြင် အရမ်းဆိုးရွားပါက အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်ပါတယ် ။
အကိုက်အခဲ ပျောက်ဆေးတွေနဲ့ အံတုနေသူများကတော့ ခဏတာ အကြားအာရုံပျောက်ခြင်းဖြစ်စဉ်တွေကို ကြုံတွေ့ရနိုင်ပါတယ် ။
ဒီပို့စ်က သွားနူတ်ဖို့ အားပေးထားတဲ့ ပို့စ်မဟုတ်ပါဘူး ။ သွားနူတ်ဖို့လိုတဲ့သူတွေ စိတ်ရှင်းရှင်းနဲ့ သွားနူတ်နိုင်ဖို့ ဗဟုသုတအလို့ငှါ မျှဝေပေးခြင်းဖြစ်ပါတယ် ။
ဒီပို့စ်ရဲ့ အနှစ်ချုပ်က​တော့
"သွားနူတ်စရာရှိရင် နူတ်ကြ ။
သွားကောင်းတဲ့သူ​တွေက သွားမနူတ်ရဖို့ ဂရုစိုက်ကြ ။"

ချစ်ခြင်းဖြင့်သာမျှဝေပါသည် ။
ဒေါက်တာ မျိုးမြင့်အောင်


#ခင်ဗျားတို့ရဲ့သွားဆရာဝန်

21/09/2021

"စိတ်ဖိစီးမှုများနှင့် ခံတွင်းကျန်းမာရေး"

အခုကာလမှာ လူတိုင်းစိတ်ဖိစီးနေကြမယ်လို့ ထင်ပါတယ် ။ နိုင်ငံရေးအခြေအနေတွေ ၊ ကပ်ရောဂါအခြေအနေတွေကြားမှာ လူမှုရေးပြသနာတွေ စီးပွားရေးပြသနာရောကြောင့် အဖက်ဖက်ကနေ စိတ်ဖိစီးနေကြတာ လတွေအတော်ကြာနေလောက်ပါပြီ ။ ဒီလိုအကြာကြီးစိတ်ဖိစီးမှုတွေရှိနေတဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာမှာလည်း မကောင်းတဲ့ အပြောင်းအလဲတွေ စဖြစ်လာပါတယ် ။ ဒီနေ့တော့ စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း အများကြီးထိခိုက်စေနိုင်တဲ့အကြောင်းကို ဗဟုသုတအဖြစ် ဆွေးနွေးပေးချင်ပါတယ် ။

(၁) အနာသေးသေးလေးတွေပေါက်လာခြင်း ။

ဒီလို အနာသေးသေးလေးတွေထွက်လာရင် လူတွေတော်တော်များများက အပူကန်တယ်ဆိုပြီးပြောကြပါတယ် ။ အနာလေးတွေက နူတ်ခမ်းအတွင်းသားလေးတွေ၊ ပါးစောင်တွေ ၊ လျှာတွေ နေရာအနှံ့ ပေါက်ချင်တဲ့နေရာမှာ ပေါက်တော့တာ ။ ပေါက်လာခါနီး ယားစိစိနဲ့ ပေါက်လည်းပေါက်သွားရော နာလိုက်တာ ။ ဘာမှကိုစားလို့မရအောင်ပဲ ။ ဒါတွေဟာ တကယ်တော့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်လာတာပါ ။ ကျွန်တော်ကျောင်းတက်တုန်းကဆိုရင် စာမေးပွဲဖြေခါနီး တစ်ပတ်အလိုလောက်ဆို ပါးစပ်ထဲ ဒီလိုအနာသေးသေးလေးတွေ တစ်ခု၊နှစ်ခုတော့ထွက်လိုက်ရမှ ။ အနာမပေါက်ရပဲ စာမေးပွဲပြီးသွားတယ်ဆိုတာ မရှိလိုက်ဘူး ။ ဒီလိုအနာလေးတွေက တစ်ပတ်ကနေ (၁၀) ရက်ခန့်အထိကြာတတ်တော့ အဲ့ဒီအတောအတွင်းတော့ အစားစားရတာလည်းအဆင်မပြေ၊ ဒီအတိုင်းနေလည်း နာသကိုးဗျ ဒုက္ခတွေများခဲ့ရပါတယ် ။
ကျွန်တော်တို့ဆေးခန်းကို လူနာတွေ ဒီလိုအနာလေးတွေပေါက်ကြလို့ ခဏခဏရောက်လာကြဖူးတယ် ။ တစ်ပတ်လောက်ကြာပြီ မပျောက်သေးဘူးဆိုပြီး စိုးရိမ်လို့လာပြကြတာ ။ သူတို့ရောက်လာကြရင်တော့ ပျောက်ခါနီးနေပါပြီ ။ ဒီအတောအတွင်းတော့ ဝေဒနာတွေတော့ တော်တော်ခံလာရမှာပဲ ။ ဝေဒနာတွေ အရမ်းမခံရအောင် အနာသေးသေးလေးတွေပေါက်လာတဲ့အခါ သွားဘက်ဆိုင်ရာဆရာဝန်နဲ့သေချာပြပါ ။ ဆရာက အနာသက်သာစေဖို့ လိမ်းဆေးလေးတွေ ၊ အနာမြန်မြန်ကျက်စေဖို့ ပိုးမဝင်စေဖို့ ပလုပ်ကျင်းဆေးရည်တွေ ညွန်းပေးပါလိမ့်မယ်ခင်ဗျာ ။

(၂) ညအိပ်တဲ့အခါ သွားကြိတ်ခြင်း ။

စိတ်ဖိစီးမှုတွေက စိတ်ပူပန်မှုကိုဖြစ်စေပြီး အဲ့အကြောင်းကို ထပ်ခါခါတွေးတောနေမိနေတတ်ကြတယ် ။ အဲ့ဒီအခါ စိတ်ဖိစီးမှုတွေကြောင့် ညအိပ်ရင်းသွားတွေ ကြိတ်တော့တာပဲ ။
ကျွန်တော့်မိတ်ဆွေတစ်ယောက် အိမ်ကိုအလည်လာတော့ ခရီးပန်းလာတယ်ထင်ပါရဲ့ အစောကြီးအိပ်ရာဝင်တာ ။ သူအိပ်ပျော်သွားတော့ ဘယ်လောက်မှမကြာဘူး သွားတွေစကြိတ်တော့တာပဲ ။ ဘေးနားမှာ အရိုးတွေထိုင်ဝါးနေသလား ထင်မိရတယ် ကျွန်တော့်ဖြင့် သူ့အစားသွားတွေကြိမ်းလိုက်တာ ။
ဒီလိုညကို သွားတွေကြိတ်ထားရင် မနက်လည်းနိုးလာရော မေးရိုးတွေညောင်းနေတာ ၊ သွားတွေနာနေတာကို ခံစားရမှာဖြစ်ပါတယ် ။ ဒီလို ညအိပ်နေစဉ် သွားကြိတ်ခြင်းက သွားနှင့်ခံတွင်းကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့အကြောင်းကို Health Guide Magazine ရဲ့ January 2018 Issue မှာ အကျယ်တဝင့်ဖော်ပြခဲ့ပြီးဖြစ်ပါတယ် ။

(၃) သွားသန့်ရှင်းရေးသေသေချာချာမလုပ်ဖြစ်တော့ပါဘူး ။

ကျွန်တော်တို့စိတ်ညစ်တဲ့အခါ ဘာမှကိုယ်လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။ အရာရာကိုအလိုမကျတွေဖြစ်ပြီး တစ်ခါတလေ ဒေါသတွေပါထွက်လာရော ။ တစ်ယောက်တည်း အိပ်ရာထဲမှာပဲခွေနေချင်တော့တာ ။ ရေလည်းမချိုးချင်တော့ အလှလည်းမပြင်ချင်တော့ဘူး ။
ဒီလိုဆိုတော့ သွားသန့်ရှင်းရေးတွေလည်း လုပ်ချင်တော့မှာမဟုတ်ဘူး ။ သွားမတိုက်တော့ခြင်း၊ သွားတိုက်သော်လည်းစနစ်တကျမဟုတ်တော့ခြင်း(ပြီးစလွယ်ဖြစ်သလိုတိုက်လိုက်ခြင်း) ၊ သွားပွတ်ကြိုးမသုံးတော့ခြင်း စတဲ့အချက်တွေက ပါးစပ်ထဲ အစာအကြွင်းအကျန်တွေကျန်စေပြီး သွားဖုံးရောဂါနှင့် သွားပိုးစားတာတွေဖြစ်ဖို့ အခွင့်အရေးပိုများလာပါတယ် ။

(၄) အစားအသောက်ပျက်လာခြင်း ။

စိတ်ညစ်တဲ့အခါ ကျွန်တော်တို့အရမ်းကြိုက်တဲ့ အစားသောက်တွေတောင်မစားချင်တော့ဘူး ။ အစားအသောက်ပျက်တဲ့အခါ ခန္ဓာကိုယ်အတွက်သင့်တင့်မျှတတဲ့ အာဟာရဓာတ်ကိုရတော့မှာမဟုတ်ပါဘူး ။ လေ့လာမှုတွေအရ အာဟာရသင့်တင့်မျှတမှုမရှိတဲ့သူတွေက သွားနှင့်ခံတွင်းရောဂါဖြစ်နှုန်းပိုမိုမြင့်တက်ပါသတဲ့ ။

(၅) အကျင့်ဆိုးတွေလုပ်ဖြစ်ခြင်း ။

ကျွန်တော်တို့ စိတ်ညစ်တဲ့အခါ အဲ့ဒီအရာတွေကိုမေ့ပစ်ချင်တယ် စိတ်ထွက်ပေါက်တစ်ခုခုရချင်တယ်ပေါ့ ။ စိတ်ထွက်ပေါက်ရဖို့အတွက် လူတွေဟာ အမျိုးမျိုးကြိုးစားကြတယ် ။ သီချင်းနားထောင်တာ ၊ KTV မှာ သီချင်းသွားဆိုတာ ၊ မုန့်စားတာ ၊ ဘုရားသွားတာ ၊ ဗေဒင်ဆရာဆီသွားတာ စသဖြင့်ကိုယ်သန်ရာ သန်ရာကို လုပ်ကြတော့တာပဲဗျ ။ သန်ရာသန်ရာဆိုတဲ့နေရာမှာ တချို့လူတွေက စိတ်ထွက်ပေါက်အဖြစ် ဆေးလိပ်တွေ အရက်တွေသောက်ဖြစ်သွားကြတတ်ကြတယ်။ စိတ်ညစ်တဲ့အကြောင်းပြချက်နဲ့ သောက်ရင်းသောက်ရင်း စွဲသွားကြတဲ့ လူတွေကိုလည်းအများကြီးတွေ့ဖူးပါတယ် ။
တကယ်တော့ ဆေးလိပ်သောက်တာဟာ စိတ်ဖိစီးမှုတွေကိုပိုမိုဆိုးရွားစေပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုလည်းကျဆင်းစေပါတယ် ။ သွားဖုံးရောဂါ နှင့် သွားပိုးစားနှုန်းကိုလည်း မြင့်တက်စေပြီး ခံတွင်းနံကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေမှာဖြစ်ပါတယ် ။ ဆေးလိပ်ရဲ့ နောက်မကောင်းတဲ့အချက်တစ်ခု သွားတွေကို အညိုရောင် ၊ အမဲရောင်အဖြစ်ပြောင်းသွားစေတာပါပဲ ။ အညိုရောင် နှင့်အမဲရောင်ပြောင်းသွားတဲ့သွားတွေကို ဘယ်လိုမှ သဘာဝအတိုင်း ပြန်ဖြူလာအောင်လုပ်လို့ရတော့မှာမဟုတ်ပါဘူး ။
နောက်တစ်ခုဆိုးတာက အရက်နှင့် ဆေးလိပ်က ခံတွင်းကင်ဆာကို ဖြစ်ပွားစေနိုင်တာပါပဲ ။

(၆) သွားဖုံးရောဂါကိုဖြစ်ပွားစေပါတယ် ။

လူတွေ စိတ်ညစ်လာလေလေ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ဟာ ကျဆင်းလာလေလေပါပဲ ။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကျဆင်းလာတဲ့အခါ ပါးစပ်ထဲက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို မခုခံနိုင်တော့ပါဘူး ။ ဒါဆိုရင် သွားဖုံးတွေစတင်အဖျက်ဆီးခံလိုက်ရပြီး သွားဖုံးရောဂါလည်း စတင်ဖြစ်ပွားလာပါတော့တယ် ။

(၇) ပါးစပ်ခြောက်ခြင်း ။

ပါးစပ်ထဲက တံတွေးဟာ ခံတွင်းကျန်းမာရေးအတွက် များစွာအရေးပါလှပါတယ် ။ တံတွေးဟာ ပါးစပ်ထဲမှာ အစာကြွင်းအကျန်တွေမရှိအောင်ဆောင်ရွက်ပေးသလို ခံတွင်းနံ့တွေကောင်းအောင်လည်း ကူညီပေးပါတယ် ။
ဒီလိုပါးစပ်ခြောက်တာကို စိတ်ဖိစီးမှုတွေအတွက် သောက်ရတဲ့ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ တွေ့ရတာများပါတယ် ။ နှလုံးရောဂါ နှင့် သွေးတိုးရောဂါအတွက် သောက်ရတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကလည်း ပါးစပ်ခြောက်စေတယ်လို့ဆိုကြပါတယ် ။

(၉) ဆေးခန်းပုံမှန်မသွားတော့ခြင်း ။

သွားနှင့်ခံတွင်းဆေးခန်းတွေဆီကို (၆) လတစ်ကြိမ်သွားပြီး အမြဲစစ်ဆေးမှုခံယူရတယ်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါနော် ။ စိတ်ဖိစီးမှုမရှိတဲ့ သာမာန်လူတွေ ၊ ကျန်းမာရေးအသိရှိတဲ့လူတွေ ၊ ကုန်ကုန်ပြောရရင် ဆရာဝန်တွေ ကိုယ်တိုင်ကိုက အလုပ်တွေများပြီး (၆) လတစ်ကြိမ် သွားဆေးခန်းလာဖို့ကို မေ့လျော့ကြပါတယ် ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးအရမ်းလိုက်စားတဲ့သူတွေ ၊ သွားနှင့်ခံတွင်းရောဂါတွေကိုပြင်းပြင်းထန်ထန်ခံစားဖူးတဲ့သူတွေသာ (၆)လတစ်ကြိမ်ပုံမှန်ပြဖြစ်ကြပါတယ် ။ ဒါကလည်း ကျွန်တော်ထင်တယ်..လူအယောက်တစ်ရာမှာ တစ်ယောက်နှစ်ယောက်လောက်ပဲဗျ ။ ကျွန်တော်တို့ မြန်မာတွေတော်တော်များများက ရောဂါကာကွယ်တာတွေ ဘာညာ စိတ်မဝင်စားဘူးဗျ ..ရောဂါဖြစ်ပီဟေ့ဆိုမှသာ ကုန်းရုန်းကုကြတော့တာ ။ ဘာစတိုလ်ကြီးလဲ ကျွန်တော်လည်း မပြောတတ်။
စိတ်ညစ်နေတဲ့လူ စိတ်ဖိစီးနေတဲ့လူတွေဆိုရင်တော့ တွေးသာကြည့် ။ ပုံမှန် (၆)လတစ်ကြိမ်ဆေးခန်းလာဖို့မဆိုထားနဲ့ တကယ့်ကုသရမယ့်အပိုင်းတွေမှာတောင် ရက်ချိန်းမှန်ချင်မှ မှန်မှာမျိုးဗျ ။ ဒါတွေက ကုသမှုကို နှောက်နှေးစေတဲ့အချက်ဖြစ်ပြီး ရောဂါအခြေအနေကို ပိုပြီးဆိုးရွားစေမှာဖြစ်ပါတယ် ။

ဒီလောက်ဆိုရင် စိတ်ဖိစီးမှုတွေက သွားနှင့်ခံတွင်းကျန်းမာရေးကို ဘယ်လိုထိခိုက်စေတယ်ဆိုတာ သိလောက်ပြီလို့ထင်ပါတယ် ။

စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေရတဲ့အခါ
များများအနားယူပါ ။
အနေအစား/ အအိပ်မှန်အောင် ကြိုးစားပါ ။ ရေများများသောက်ပေးပါ ။
မိတ်ဆွေတွေနဲ့တွေဆုံပါ ။
ချစ်ခင်ရသူတွေဆီအလည်သွားပါ ။ ရင်ဖွင့်ပါ ။
အခုကာလကတော့ Facebook ခဏနားပါလို့ အကြံပြုပါရစေ ။

📌 သွားနှင့်ခံတွင်းကျန်းမာရေးပြသနာများရှိရင်တော့ ဒီစာမျက်နှာရဲ့ Chat Box မှာ အခမဲ့ အကူအညီရယူနိုင်ပါတယ်ခင်ဗျာ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာ မျိုးမြင့်အောင်


မှတ်ချက် - အရင် (၃) နှစ်က ကျွန်တော်ရေးသား ဖော်ပြခဲ့တဲ့ဆောင်းပါးအား အခုကာလနှင့်ဆီလျော်အောင် အနည်းငယ်ပြုပြင်ရေးသားထားခြင်းဖြစ်ပါတယ် ။

Mask တပ်ပါ။လက်ဆေးကြပါနော်။
06/09/2021

Mask တပ်ပါ။
လက်ဆေးကြပါနော်။

ကျွန်တော်တို့ "စိုးသစ္စာ" သွား နှင့် ခံတွင်း အထူးကုဆေးခန်း ကို ( 1• 9 • 2021 ) ဗုဒ္ဓဟူးနေ့ မှစတင်၍ ပြန်လည် ဖွင့်လှစ် ကုသ...
28/08/2021

ကျွန်တော်တို့ "စိုးသစ္စာ" သွား နှင့် ခံတွင်း အထူးကုဆေးခန်း ကို ( 1• 9 • 2021 ) ဗုဒ္ဓဟူးနေ့ မှစတင်၍ ပြန်လည် ဖွင့်လှစ် ကုသမှုများပေးသွားမည် ဖြစ်ပါသည်။

⏰ ဆေးခန်းဖွင့်ချိန် ⏰
***အင်္ဂါနေ့ မှ တနင်္ဂနွေနေ့ အထိ
***မနက် ( ၉ : ၀၀ ) မှ
***ညနေ ( ၆ : ၀၀ ) အထိ
***တနင်္လာနေ့ ကို ဆေးခန်းပိတ်ရက်အဖြစ် ယာယီသတ်မှတ်ထားပါသည်။
ယခု ကိုဗစ် ကာလအတွင်း ဆေးခန်းဖွင့်ချိန်များကို ​ယာယီ ပြောင်းလဲ သတ်မှတ်ထားပါသည်။

🔴🔴🔴 လူနာများအနေဖြင့် ဆေးခန်းသို့ မလာမီ ဆေးခန်းဖုန်းသို့ ဆေးခန်းချိန်အတွင်း ကြိုတင်ဆက်သွယ် appointmentယူစေလိုပါသည် 🔴🔴🔴

💠တိုကင်ယူထားပြီး မလာဖြစ်ရင်လည်း ကြိုတင် ဆက်သွယ်အကြောင်းကြား ပေးစေလိုပါသည်

အခြားလူနာများအား အချိန်ညှိပေးနိုင်ရန်အတွက် ဖြစ်ပါသည် 🙏

🔺ဆေးခန်းသို့လာလျှင် maskတပ်လာပေးရပါမယ်
🔺ဆေးခန်းအဝင်မှာ ကိုယ်အပူချိန် စစ်ဆေးမူအား ခံယူပေးရပါမယ်

Covid 19ကူးစက်ရောဂါ လက္ခဏာများဖြစ်သော
⭕ ကိုယ်အပူချိန်တက်ခြင်း
⭕ အသက်ရှူရခက်ခြင်း
⭕ အနံ့ အရသာ ပျောက်နေခြင်း
⭕ ချောင်းဆိုး နှာရည်ယိုခြင်း
⭕ လည်ချောင်းနာခြင်းတို့ ရှိနေသော
လူနာများ အနေဖြင့် သွားဆေးခန်းသို့ မလာမှီ
Fever Clinic သို့ ဦးစွာ သွားရောက် ကုသ စစ်ဆေးမူ ခံယူသင့်ပါတယ်

💧Covid 19 ရောဂါသည် ကူးစက်နိုင်ခြေလည်း အင်မတန်များပါတယ်
ထို့အတွက်ကြောင့် ပိုးသတ် သန့်စင်ခြင်းများကို တိတိကျကျ လုပ်ဆောင်ရပါတယ်

🔷နဂိုမူလတည်းက ဆေးခန်းသုံး ပစ္စည်းများကို အဆင့်သုံးဆင့်ဖြင့် တိတိကျကျ ပိုးသတ် သန့်စင်ပြီးမှ လူနာများမှာ အသုံးပြုခဲ့ပါတယ်

🔶လူနာ တစ်ဦးပြီးတိုင်း Dental Chairကိုသာမက ကုသခန်းကိုပါ ပိုးသတ်ဆေးရည်များဖြင့် ပိုးသတ် သန့်စင်ခြင်းပြုလုပ်ပေးပါသည်

💠သို့သော်လည်း ယခုကိုဗစ်ကာလအတွင်း အရေးပေါ် သွားနှင့်ခံတွင်း ကုသမူများအတွက်
ပိုးသတ်သန့်စင်မူများကို အပိုငွေထပ်ဆောင်း ကောက်ခံမှာ မဟုတ်ပဲ နဂိုမူလ နှုန်းထားများသာ ကျသင့်မှာ ဖြစ်ပါတယ်

🔺အလွန်အမင်း သွားကိုက် သွားနာခြင်း
‌🔺ပြည်တည်ယောင်ယမ်း၍ ပိုး၀င်ခြင်း
🔺သွား နှင့် ခံတွင်း၏ ပုံမှန် လုပ်ငန်းဆောင်တာတို့ကို
ကောင်းစွာ မလုပ်နိုင်ခြင်း စသည်တို့ အတွက်သာ
အရေးပေါ်ကုသမူများ လာရောက် ခံယူသင့်ကြောင်း
ပြောလိုပါတယ်

✨🦷 "စိုးသစ္စာ" သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို
အမှတ် ၃၃ ၊ ရွှေဆံတော်ဘုရားလမ်း၊ Honda NCX Showroomရှေ့ ၊ကျုံးကြီးရပ်ကွက်၊ တွံတေးမြို့ တွင် ဖွင့်လှစ်ထားပါသည်။

☎️ Ph. 09 795471704
09 446972711
📱Ph. 09 5506765
09 762000625
09 955067655

Address

Twante

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+9595506765

Website

Alerts

Be the first to know and let us send you an email when Soe Thitsar Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Soe Thitsar Dental Clinic:

Share