23/05/2024
#နိုင်ငံခြားသွားတော့မယ်ဆိုရင်
နိုင်ငံခြားသွားရတော့မယ်ဆိုရင် ကျေးဇူးပြုပြီး
ဒါလေးဖတ်ကြည့်ပေးပါခင်ဗျား
ခုချိန်မာ အလုပ်ကြောင့် ပညာရေးကြောင့်
အကြောင်းမျိုူမျိုးကြောင့် နိုင်ငံခြားထွက်သူတွေ
တအားများလာပါတယ်။
ထွက်ဖို့သေချာပြီvisaရပြီဆို Dental Check upလေး
လုပ်ဖို့ မမေးကြဖို့ တိုက်တွန်းချင်ပါတယ်။
စောစောစစ်လေပိုကောင်းလေမို့ သွားခါနီးမှ
ကတိုက်ကရိုက်ကြီး ဆေးခန်းသွားပြတာထက်
အချိန်တခုယူပြီး ဆေးခန်းမှာသွားရောက်ဆေးစစ်ကြည့်ဖို့
အကြံပြုပါတယ်။
သိတဲ့အတိုင်းDental Feeဆိုတာ ကျနော်တို့
မြန်မာနိုင်ငံတခုထဲပဲ စျေးသက်သာတာပါ။
ကိုယ်ရောက်သွားတဲ့ နိုင်ငံပေါ်မူတည်ပြီးတော့
အဆပေါင်းများစွာကုန်ကျနိုင်တာမို့ ကုသစရာရှိတာတွေကို
Localမာပဲ စောစီးစွာကုသ သွားခြင်းက ပိုမိုအကျိုးရှိစေပြီး ကုန်ကျစရိတ်များစွာ သက်သာစေပါတယ်။
Oral Scannerဖြင့် ရောဂါစစ်ဆေးခြင်း
ခုဆိုရင် တချိုဆေးခန်းတွေမှာ
oral scannerနဲ့ ပါးစပ်တခုလုံးကို စစ်ဆေးကြည့်လို့ရနေပြီး ကိုယ်ကိုတိုင်လဲ ကိုယ့်ပါးစပ်ထဲကသွားတွေကို
အသေးစိတ်မျက်စိရှေ့မှာ မျက်ဝါးထင်ထင်မြင်ရပြီး
ဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြည့်နိုင်တာမို့
oral scannerနဲ့ ရောဂါစစ်ဆေးခြင်းက
အတော့်ကိုကောင်းတဲ့ check upတစ်ခုပါ။
လူနာတွက်ကော ဆရာဝန်တွက်ကော win win satuationရစေတဲ့ စစ်ဆေးခြင်းပါ။
ဓာတ်မှန်ရိုက်ခြင်း
မျက်စိဖြင့် မမြင်ရနိုင်တဲ့ သွားအတွင်းထဲကအရာတွေ၊
သွားအမြစ်အောက်ခြေတွေ၊အရင်ဖာခဲ့ဖူးတဲ့Old fillingတွေကောင်းမကောင်း ပြန်စစ်ဆေးခြင်း၊
အကြောသတ်ထားတဲ့သွားတွေကောင်းမကောင်းစစ်ဆေးခြင်း၊အကြောသတ်ဖို့လိုမလိုဆုံးဖြတ်ခြင်း၊အရိုးထဲမာ
ရောဂါရှိမရှိ အကျိတ်ရှိမရှိစစ်ဆေးခြင်း၊မပေါက်သေးတဲ့သွားတွေ၊အံဆုံးအေခြေအနေတွေဆုံးဖြတ်စစ်ဆေးဖို့အတွက်
ဓာတ်မှန်မဖြစ်မနေရိုက်ကြည့်ဖို့လိုပါတယ်။
ဓာတ်မှန်ရိုက်ကြည့်မှသာ တိကျသေချာတဲ့
စစ်ဆေးမူတစ်ခုကိုရမှာပါ။
ဘာတွေလုပ်သွားဖို့လိုအပ်လဲ
သွားသန့်ရှင်းရေးပြုလုပ်ခြင်း
(scaling and polishing)
အခြေခံအားဖြင့်
မိမိသွားမှာ ကပ်တွယ်နေတဲ့ သွားချေးလွှာနှင့် ကျောက်တွေကိုရှင်းလင်းသန့်စင်ပေးတဲ့dental spaလုပ်ရမှာပါ။
Scaling and polishingလို့ခေါ်ပါတယ်။
သွားနှင့်ခံတွင်းရဲ့ အဓိကရောဂါသွားပိုးစားခြင်း၊သွားဖုံးရောင်ခြင်း၊ရေစီးကမ်းပြိုဖြစ်ခြင်းတွေက ဒီသွားချေးလွှာတွေကနေ စတင်ဖြစ်စေတာမို့ သွားသန့်ရှင်းရေးလုပ်ပေးရပါမယ်။
တချို့ကscalingလုပ်ရင် ကျင်မှာနာမှာ ကြောက်ကြပါတယ်။ထုံဆေးပေးပြီးလုပ်လို့ရသလို့ မနာမကျင်စေတဲ့
Air Flowလို့ခေါ်တဲ့ နောက်ဆုံးပေါ်ကုသမူနဲ့လဲ
သန့်ရှင်းပေးလို့ရပါတယ်။
ဒါကြောင့်မို့ နိုင်ငံခြားသွားတော့မယ်ဆို မိမိသွားလေးတွေကို
Glow upလုပ်သွားကြပါ။
Dental filling
သွားပို့ပေါက်ကလေးတွေရှိနေရင် မဖြစ်မနေသွားဖာသွားရပါမယ်။မဖာပဲဒီတိုင်းသွားလိုက်မယ်ဆိုရင် တချိန်ချိန်မာ
မခံနိုင်အောင် နာကျင်ကိုက်ခဲလာပြီး အပေါက်ပိုကြီးလာပါက
ဖာလို့မကတော့ပဲ အကြောထုတ်ကုသခြင်း၊နူတ်ပစ်ရခြင်းတွေဖြစ်လာနိုင်တာမို့ ဖာဖို့လိုအပ်တဲ့သွားတွေကို
ဖာသွားပေးရပါမယ်။
အကြောထုတ်ကုသခြင်း(RCT)
သွားအကြောထုတ်ကုသဖို့လိုအပ်နေတဲ့သွားရှိပါက
ကြိုတင်ပြီးအချိန်ယူပြသဖို့လိုအပ်ပါတယ်။
သွားအခြေနေပေါ်မူတည်ပြီး ချက်ချင်းလုပ်လို့ရတဲ့သွားရှိသလို တချို့အခြေနေတွေမှာ တစ်ပါတ်ဆယ်ရက်အချိန်ယူရပါတယ်။ဒါကြောင့်မို့ မမေ့မလျော့ ကြိုတင်စစ်ဆေးကုသသွားကြပါ။
အံဆုံးနူတ်ခြင်း
အံဆုံးအများစုက စောင်းပေါက်ခြင်း၊အပြည့်အဝမထွက်ခြင်း၊အံဆုံးရောင်းရမ်းခြင်း၊နာကျင်ကိုက်ခဲခြင်း တွေ
ဖြစ်စေတာမို့ မကောင်းတဲ့အံဆုံးတွေ၊နူတ်ဖို့လိုအပ်နေတဲ့
အံဆုံးတွေကို ကြိုတင်ပြီး အချိန်ယူ ခွဲနူတ်သွားရပါမယ်။
အံဆုံးခွဲထုတ်ဖို့ လိုအပ်ရင် အနည်းဆုံးတစ်ပါတ် ဆယ်ရက်
အချိန်ယူပေးရတာမို့ အချိန်ပေး ပြီးဖယ်ရှားသွားသင့်ပါတယ်။ အံဆုံးတွေဟာ စားတဲ့ဝါးတဲ့ထဲမာမပါသလို
ပြန်စိုက်ဖို့လဲမလိုပါဖူး။မလိုအပ်တဲ့အရာ မကောင်းဘူးဆိုရင်
ကြိုတင်ရှင်းလင်းသွားသင့်ပါတယ်။
သွားစိုက်ခြင်း
မိမိမှာသွားနူတ်ထားတာလဲရှိတယ်။ပြန်လဲမစိုက်ရသေးဖူးဆိုရင်တော့ သွားပြန်စိုက်သွားရပါမယ်။
သွားစိုက်ခြင်းတွေအမျိုးမျိုးရှိတဲ့အနက် ကိုယ်နဲ့သင့်တော်တဲ့
သွားစိုက်ခြင်းကိုဆရာဝန်နဲ့တိုင်ပင်ပြီး အချိန်ယူသွားပြန်စိုက်သွားဖို့ အကြံပြုပါတယ်။
သိခြင်တာလေးတွေရှိရင်လဲmessengerမှာဖြစ်စေ၊
Commentမှာဖြစ်စေ လာရောက်ပြီးမေးမြန်းလို့ရပါတယ်။
မိတ်ဆွေအပေါင်းသင်းတွေတွက် အကျိုးရှိမယ်ထင်ရင်
like and shareလေးလုပ်ပြီးshareပေးကြပါဦးလိို့
မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။
မေတ္တာဖြင့်
ဒေါက်တာမိုးနေ