Shwe Sin Win Dental Clinic .Taunggyi ရွှေစင်ဝင်း သွားနှင့် ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Taunggyi
  • Shwe Sin Win Dental Clinic .Taunggyi ရွှေစင်ဝင်း သွားနှင့် ခံတွင်းဆေးခန်း

Shwe Sin Win Dental Clinic .Taunggyi ရွှေစင်ဝင်း သွားနှင့် ခံတွင်းဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Sin Win Dental Clinic .Taunggyi ရွှေစင်ဝင်း သွားနှင့် ခံတွင်းဆေးခန်း, Dentist & Dental Office, 29, Padauk Street, Haw Gone Quarter, Near Hopone/Yatsaut car station. . Taunggyi၂၉, ပိတောက်လမ်း. ဟော်ကုန်းရပ်. ဟိုပုးံ. ရပ်စောက် ကားဂိတ်အနီး, Taunggyi.

All dental treatment including orthodontic , Implant and aesthetic
သွားနှင့်ခံတွင်းရောဂါများ..သွားညှိကုသခြင်း..သွားမြစ်တု စိုက်ခြင်း..မျက်နှာနှင့် အလှအပရေးရာ ဆေးခန်း

လွန်ခဲ့တဲ့ 5 နှစ်က ဖာထားတဲ့သွားလေး အရိုးကိုက်မိလို့ ပြန်ပဲ့သွားလို့ ရောင်ခြည်လေးနဲ့ နာရီဝက်အတွင်း ပြန်ပြုပြင်ထားပေးပါတယ်...
12/01/2026

လွန်ခဲ့တဲ့ 5 နှစ်က ဖာထားတဲ့သွားလေး အရိုးကိုက်မိလို့ ပြန်ပဲ့သွားလို့ ရောင်ခြည်လေးနဲ့ နာရီဝက်အတွင်း ပြန်ပြုပြင်ထားပေးပါတယ်

Transformation by composite veeneer,,🤩🤩

Happy and healthy teeth and new smile to you all 🎊🎊🎉🎉😁😁☃️☃️🦷🦷👄
31/12/2025

Happy and healthy teeth and new smile to you all 🎊🎊🎉🎉😁😁☃️☃️🦷🦷👄

Merry​ Christmas​ to​ you​ all🌲🌲🫎🦌🎄🎄🎇🎉❄️⛄
25/12/2025

Merry​ Christmas​ to​ you​ all🌲🌲🫎🦌🎄🎄🎇🎉❄️⛄

🦷သွားမြစ်ရင်း​ သွားဖုံး​နား​က  အထစ်လေးများအကြောင်း(၂)🦷ယင်း​အထစ်​လေးများ​သည်​ တစ်ယောက်နဲ့​တစ်ယောက်​ခံနိုင်ရည်အားမတူကြချေ....
18/12/2025

🦷သွားမြစ်ရင်း​ သွားဖုံး​နား​က အထစ်လေးများအကြောင်း(၂)🦷

ယင်း​အထစ်​လေးများ​သည်​ တစ်ယောက်နဲ့​တစ်ယောက်​ခံနိုင်ရည်အားမတူကြချေ....

တစ်ချို့မှာ အထစ်​ သိပ်​မနက်သော်လည်း ဘာမှ​စားလို့မရ၊ ရီလို့လေတိုးရင်လဲ​ သွားကကျင်၊ ပလုပ်ကျင်းလည်းကျင်၊ အချဥ်/ ချို​ စားမရ နှင့်​ ဒုက္ခ​ရောက်ကြသည်၊၊
ရီရင်တောင် လေမထိအောင်​ မခို့တရို့ လေး​ မချိသွားဖြဲ လေးသာ ရီနိုင်ကြသည်🥶🫢🫢

တစ်ချို့မှာ​ အနာခံနိုင်ရည်အားမြင့်ကြပီး ၎င်း​အထစ်မှ သွေးကြောလွှာထဲပေါက်တဲ့ထိ ပေနေရင်း​ အကြောထိလို့ မခံနိုင်အောင် ယောင်၊ နာ၊ ကိုက်ခဲ​မှ​ ရောက်​လာတတ်ကြသည်၊၊
ဤအဆင့်ဆိုလျှင် ရိုးရိုးကုလို့မရတော့ပဲ​ အမြစ်ထဲထိ အကြောထုတ် ကုသပြီး အားရှိအောင် တိုင််ထည့်ခြင်း၊ အစွပ်ပြန်စွပ်ခြင်း စသဖြင့် ကုသစရိတ်များတိုးလာပေမည်၊၊

ထို့အတွက်ကြောင့်​ နေ့တိုင်း​အကင်္ျီလို လဲဝတ်လို့ မရပဲ ဒီသွားလေးတွေနဲ့ပဲ အပြောင်းလဲမရှိ ဝါးစားနေရသော သွားလေးများကို အသက်ရှင်သမျှကာလပတ်လုံး သုံးစွဲနိုင်ရန် ပျက်စီး လျှင်​ပြုပြင်ရန်လိုပါသည်၊၊

"အချိန်မှီချုပ်လျှင် အစုတ်သက်သာ"​ ဆိုသည့်​ မြန်မာ့စကားပုံအတိုင်း မနာခင်ကြိုတင်ကုသ ပြုပြင်ဖို့လိုပါသည်၊၊

သွားများ​သည်​ များသောအားဖြင့် အပေါက်​တော်တော်နက်မှ နာ​ တတ်ကြသည်၊ ထို့ကြောင့် နာ မှ​ပြလျှင်​နောက်ကျဖို့၊ အကြောပေါက်ဖို့ ရာနှုန်းများပါမည်၊၊
ထို့ကြောင့်​ ရိုးရိုးကုသမှု စရိတ်သာ​ကုန်ကျရမည့်အစား​ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ထပ်ဆောင်းကုန်ကျစရိတ်များမကုန်အောင်​ ကြိုတင်​မနာခင် ကုသကြဖို့ အရေးကြီးပါသည်၊၊

ထို့ကြောင့်​ ​ပျက်အစဥ်စဥ်.... ပြင်တာခဏခဏ မဖြစ်ရလေအောင် မူမမှန်သော အလေ့အကျင့်များပြောင်းလဲခြင်း၊ မိမိ​ရောဂါအတိမ်နက်ကို မိမိကိုယ်ပိုင် ဗဟုသုတဖြင့် ဆန်းစစ်နိုင်စေရန် တင်ပြရခြင်း ဖြစ်ပါသည်🙏

ရွှေစင်ဝင်း သွား​/ခံတွင်း​ နှင့်​ အလှပရေးရာဆေးခန်း
၂၉၊ ပိတောက် လမ်း၊ မြို့မစျေးအနောက်​ နာရီစဥ်အပေါ်ဖက်၊ ရပ်စောက်... ဟိုပုံးမြို့သို့သွားသော ကားဂိတ်ဘေး​၊ သဂ်ဟ သားဖွားမီးယပ်ဆေးခန်း မျက်နှာချင်းဆိုင်၊ ဟော်ကုန်းရပ်ကွက်ရုံးရှေ့၊ တောင်ကြီးမြို့၊၊
(ဆေးခန်းမှာ​ အပေါ်ထပ်တွင်ဖြစ်၍ တံခါးဖွင့် ဝင်ပါရန်)
☎️09265823715
ဆေးခန်းဖွင့်ချိန်.. မနက်​(၉) နာရီ​မှ​ညနေ​(၄) နာရီထိ
ပိတ်ရက်မရှိ ဘိုကင်နှင့် လက်ခံပါသည်၊၊

🦷သွားမြစ်ရင်း သွားဖုံး​နားက ​ အထစ် လေးများ​အကြောင်း🦷🙄🤔 ဒါလေးတွေက ဘာကြောင့် ဖြစ်ပေါ်စေတာလဲ။🫤 ပထမ​အကြောင်းမှာ အစာစားရာတွင်...
05/12/2025

🦷သွားမြစ်ရင်း သွားဖုံး​နားက ​ အထစ် လေးများ​အကြောင်း🦷

🙄🤔 ဒါလေးတွေက ဘာကြောင့် ဖြစ်ပေါ်စေတာလဲ။

🫤 ပထမ​အကြောင်းမှာ အစာစားရာတွင် ကိုက်ဝါးရာ၌ မညီညွတ်သောဖိအား​🦾​နှင့် သွားကို​ ကွေး​/ဆန့်ခြင်းတို့မှ ဖြစ်ပေါ်လာသည်။ ဤ​ မညီညွတ်သော​ အားများသည် များသောအားဖြင့် သွားမညီခြင်း​ နှင့် သွားကြိတ်ခြင်းကဲ့သို့သော အလေ့အထများကြောင့် ဖြစ်လေ့ရှိသည်။

သွားများ ​မညီညွတ် လျှင်​ ​ဝါး​သည့်​အား​ လိုက်လျောညီထွေမှု မရှိ၍ ဖြစ်နိုင်သည်

😵‍💫😬 အံကြိတ်တတ်ခြင်း၊
သွားများ​အား​ ကြိတ်ဝါးသော အကြိမ်​ကြာ​ရှည်လွန်းခြင်း စသည်တို့ကြောင့်

ဖြစ်နိုင်သလို

🪥🪥 နည်းစနစ် မမှန်ကန်သော ကန့်လန့်ဖြတ် သွားတိုက်ခြင်း

🫧 🫧 သွားဖြူစေသော သွားတိုက်ဆေးများ​ လွန်ကြူးစွာ သုံးစွဲခြင်း

🪥🪥 သွားပွတ်တံ​အမျှင်များ ကြမ်းတမ်းလွန်းခြင်း

🧴🧴 သွားတိုက်ဆေးများတွင် ကြမ်းတမ်းသော ပစ္စည်းများပါဝင်သည်များကို ရေရှည်သုံးစွဲခြင်း

🔧⛓️ မီးသွေး​၊ သစ်သားချောင်း​ အစရှိသကဲ့သို့သော ကြမ်းတမ်းသည်တို့ဖြင့် ရည်ရှည် သွားကို ပွတ်တိုက်ခြင်း

စသည့် မူမမှန်အားများ၊ အလေ့ကျင့် တို့ကြောင့်လည်း ဖြစ်ပေါ်​တတ်သည်

နောက်ထပ်​ အထက််ပါအကြောင်းအရာတို့ကို မီးလောင်ရာလေပင့် ဖြစ်နိုင်သော​​ အစားအသောက်များ၊ ဆေးများ၊ အောက်ခံရောဂါ​များ​ ကြောင့်လည်း ဖြစ်နိုင်ပါသေးသည်၊၊

🍋‍🟩🍋🍹 အစားအသောက်၊....
ချဥ်လွန်းသည်များ လွန်ကဲစွာ စားသောက်ခြင်း၊ ဆော်ဒါ၊ Gas များသောဖျော်ရည်များ လွန်ကဲစွာသောက်သုံးခြင်း

💊💊 ဆေးများ.....
အချဥ်ဓာတ် ပြင်းလွန်းသော ဆေးများ​ ရည်ရှည်​သောက်သုံးရခြင်း...
အက်စစ်ဓာတ်ပြင်းလွန်းသောဆေးများကို စွဲသုံးခြင်း..

🤮 🤧အောက်ခံရောဂါ

အစာအိမ်​အချဥ်ဖောက်ပြီး ခံတွင်း​ထဲ​အချဥ်ရည် ပျို့တတ်ခြင်း၊ မကြာခဏ​အန်တတ်ခြင်း

အချို့သော အစားအသောက်ကို မထိန်းချုပ်နိုင်ပဲ အချိန်တိုတွင်း အစာများ​ လွန်ကြူးစွာ​စားပြီး​ ပြန်အံထုတ်ခြင်း... အစရှိသည် တို့ကြောင့် ဖြစ်နိုင်ပါသည်

ဆက်လက်​တင်ပြပါမည်.​ .......

ရွှေစင်ဝင်း သွား/ခံတွင်း​ နှင့်​ အလှပရေးရာဆေးခန်း
(29).. ပိတောက် လမ်း​၊. ဟော်ကုန်းရပ်ကွက်ရုံးရှေ့၊ ရပ်စောက်.. ဟိုပုံးကားဂိတ်ဘေး၊. သဂ်ဟ သားဖွားမီးယပ်ဆေးခန်း မျက်နှာချင်းဆိုင်၊ တောင်ကြီးမြို့၊၊

☎️📲 / Viber
09265823715
#​Google​mapShwe​ Sin​ Win​ Dental​clinic

ပိတ်ရက်မရှိ ဘိုကင်ဖြင့် လက်ခံပါသည်၊၊

တစ်နေကုန် ခွဲစိတ်.. ချုပ် ..နေရတဲ့ နေ့လေး တစ်နေ့ အမှတ်တရ သွားမြစ်တု ထည့်လိုက်...ပုံယူလိုက်အံဆုံးခွဲလိုက်နှုတ်ခမ်း အရည်ကြ...
20/11/2025

တစ်နေကုန် ခွဲစိတ်.. ချုပ် ..နေရတဲ့ နေ့လေး တစ်နေ့ အမှတ်တရ

သွားမြစ်တု ထည့်လိုက်...ပုံယူလိုက်
အံဆုံးခွဲလိုက်
နှုတ်ခမ်း အရည်ကြည်ဖုခွဲလိုက် နဲ့

အေးအေးချမ်းချမ်းထဲမှာ ပျော်နေကြသူများ🤩😁

၁၁:၃၀ ဆိုတော့ ပိတ်လိုက်ပါပြီနော်😁မိုးချုပ်မှ စိတ်ကူးရပြီးတင်မိတာ...မမှန်လဲ ပေးချင်ပါတယ်cb မှာ phone number  လေးတွေ ပြောပ...
04/11/2025

၁၁:၃၀ ဆိုတော့ ပိတ်လိုက်ပါပြီနော်😁

မိုးချုပ်မှ စိတ်ကူးရပြီးတင်မိတာ...မမှန်လဲ ပေးချင်ပါတယ်
cb မှာ phone number လေးတွေ ပြောပေးကြပါနော်

Kpayပဲ ယူချင်လဲပြောကြနော်

thanks to all😍

တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူလေးပါ🤩🥰အောက်ပါပုံထဲမှ နောက်ဆုံးဂဏန်းလေး နှစ်လုံးကို မှန်အောင် ပြောနိုင်သူ ၉ ဦးကို ၁၀,၀၀၀ စီ...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူလေးပါ🤩🥰

အောက်ပါပုံထဲမှ နောက်ဆုံးဂဏန်းလေး နှစ်လုံးကို မှန်အောင် ပြောနိုင်သူ ၉ ဦးကို ၁၀,၀၀၀ စီ ဖုန်း bill ဖြည့်ပေးပါမယ်နော်

ခန့်မှန်းဂဏန်းလေး နှစ်လုံးပါ တစ်ခုနဲ့ ဖုန်းနံပတ်လေးတွေ မန့်ပေးခဲ့ကြပါ

အားလုံး ကံထူးကြပြီး ကျန်းမာ ပျော်ရွှင်ကြပါစေ🙏🙏🙏

ည (၁၁:၃၀) မှာ မန့်တွေကိုပိတ်ပြီး bill ထည့်ပေးသွားပါမယ်ရှင့်

ရွှေစင်ဝင်း သွား/ခံတွင်း နှင့် အလှအပရေးရာဆေးခန်း
(၂၉).ပိတောက်လမ်း..ဟော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့...ရပ်စောက်/ဟိုပုံး ကားဂိတ်ဘေး
တောင်ကြီးမြို့

တန်ဆောင်မုန်း လပြည့် အခါသမယမှာ ပြည်သူပြည်သား မိတ်ဆွေအပေါင်းအားလုံး ကိုယ်/စိတ် ကျန်းမာ ချမ်းသာကြပါစေကြောင်း ရွှေစင်ဝင်း သ...
04/11/2025

တန်ဆောင်မုန်း လပြည့် အခါသမယမှာ ပြည်သူပြည်သား မိတ်ဆွေအပေါင်းအားလုံး ကိုယ်/စိတ် ကျန်းမာ ချမ်းသာကြပါစေကြောင်း ရွှေစင်ဝင်း သွားနှင့်ခံတွင်း / အလှအပရေးရာဆေးခန်း ...တောင်ကြီးမြို့မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင့်..🙏🙏🙏

မိုင်တွေအများကြီး ကားစီးလာပြီး လှသွားလို့ ကျေနပ်စွာ ပြန်သွားလေသူတစ်ယောက်😍🤩ရွှေစင်ဝင်း သွား/ခံတွင်းနှင့်အလှပရေးရာဆေးခန်း၂...
28/10/2025

မိုင်တွေအများကြီး ကားစီးလာပြီး လှသွားလို့ ကျေနပ်စွာ ပြန်သွားလေသူတစ်ယောက်😍🤩

ရွှေစင်ဝင်း သွား/ခံတွင်းနှင့်အလှပရေးရာဆေးခန်း
၂၉/ ပိတောက်လမ်း..
ဟော်ကုန်းရပ်ကွက်ရုံးရှေ့
ရပ်စောက်ဟိုပုံး ကားဂိတ်ဘေး
တောင်ကြီးမြို့..
☎️ ၀၉ ၂၆၅ ၈၂၃ ၇၁၅
နေ့စဉ် မနက် (၉) နာရီ မှ ညနေ (၄) နာရီအတွင်း
ဘိုကင်နှင့် လက်ခံပါသည်..

ရှိတဲ့ လက်ကျန်သွားလေးတွေ ထိန်းသိန်းဖို့နဲ့  အပြုံးသစ်တစ်ခု ဖန်ဆင်းဖို့😀သူတို့ ပျော်တာလေးတွေ ကြည့်ပြီး ပီတိဖြစ်ရပါတယ်ရွှေ...
27/10/2025

ရှိတဲ့ လက်ကျန်သွားလေးတွေ ထိန်းသိန်းဖို့နဲ့ အပြုံးသစ်တစ်ခု ဖန်ဆင်းဖို့😀

သူတို့ ပျော်တာလေးတွေ ကြည့်ပြီး ပီတိဖြစ်ရပါတယ်

ရွှေစင်ဝင်း သွား/ခံတွင်း အလှအပရေးရာဆေးခန်း
၂၉/ ပိတောက်လမ်း
ရပ်စောက်/ဟိုပုံး ကားဂိတ်ဘေး
ဟော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးရုံးရှေ့
တောင်ကြီးမြို့
၀၉ ၂၆၅၈၂၃၇၁၅
ဘိုကင်ဖြင့် လက်ခံပါသည်
နေ့စဉ် မနက် (၉)နာရီမှ ညနေ (၄) နာရီ

Address

29, Padauk Street, Haw Gone Quarter, Near Hopone/Yatsaut Car Station. . Taunggyi၂၉, ပိတောက်လမ်း. ဟော်ကုန်းရပ်. ဟိုပုးံ. ရပ်စောက် ကားဂိတ်အနီး
Taunggyi
06011

Telephone

+959265823715

Website

Alerts

Be the first to know and let us send you an email when Shwe Sin Win Dental Clinic .Taunggyi ရွှေစင်ဝင်း သွားနှင့် ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Sin Win Dental Clinic .Taunggyi ရွှေစင်ဝင်း သွားနှင့် ခံတွင်းဆေးခန်း:

Share