Asahi Dental Specialist Clinic and Dental Imaging Center

Asahi Dental Specialist Clinic and Dental Imaging Center One-Stop Dental Clinic which provide high quality & cost-effective treatment by Specialist Dentists

31/12/2025

🎉 Happy New Year 2026! 🎉

✨ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပြီး ကြီးပွါးတိုးတက်သောနှစ်တစ်နှစ်ကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကျွန်မတို့ရဲ့ ASAHI (အဆာဟိ)သွားနှင့်ခံတွင်းအထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

🔔 1.1.2026 နှင့် 2.1.2026 ကြာသာပတေးနှင့်သောကြာ နေ့မှာ ဆေးခန်းပိတ်မှာဖြစ်ပါတယ်ရှင် 🔔

✨ ဇန်နဝါရီလ ၃ရက် စနေနေ့တွင် ဆေးခန်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်‌သောကြောင့် Appointment များကိုပုံမှန်အတိုင်းရယူနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ရှင် 😍

📣📣 သွားညှိမယ့်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး📣📣🤔💭 သွားတွေမညီလို့ braces တပ်ချင်နေပေမယ့်လည်း အမျိုးမျိုးစဉ်းစားစ...
27/12/2025

📣📣 သွားညှိမယ့်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး📣📣

🤔💭 သွားတွေမညီလို့ braces တပ်ချင်နေပေမယ့်လည်း အမျိုးမျိုးစဉ်းစားစရာတွေကြောင့် စိတ်ညစ်နေရပြီလားရှင်

✨📢 ဒီလိုဆို ကျွန်မတို့ ASAHI Dental Specialist Clinic မှ ASAHI Ortho Package လေးနဲ့မိတ်ဆက်ပေးပါရစေရှင်…

ASAHI Ortho Package မှာဆိုရင်

😮 ကုန်ကျငွေကိုလည်း အရစ်ကျပေးသွင်းနိုင်တဲ့ အပြင်
ราคาจัดฟันราคาผ่อนได้ค่ะ

👉 အခမဲ့ သွားဓါတ်မှန် အကြီးရိုက်ပေးခြင်း ฟรีเอ็กซเรย์

👉အခမဲ့ treatment plan အားဆွေးနွေးတိုင်ပင်ခြင်း ปรึกษาแผนการรักษาฟรี

👉 အခမဲ့ ပထမအကြိမ်သွားကျောက်ခြစ်ခြင်း ขูดหินปูนฟรี

👉 လိုအပ်လျှင်အခမဲ့ သွားနှုတ်ပေးခြင်း(အံဆုံးမပါ) ถอนฟันฟรี

👉 အခမဲ့ retainer တစ်စုံ รีเทนเนอร์ฟรี

😍 ဒါအပြင် အရေးအကြီးဆုံးဖြစ်တဲ့ ကုသမှုအပိုင်းကိုလည်း သွားညှိကုသမှုအတွေ့အကြုံများစွာရှိတဲ့ သွားညှိအထူးကုပါရဂူ ကိုယ်တိုင်ကကုသမှုပေးနေပါတယ်ရှင်

✨အပိုကုန်ကျစရိတ် များစွာသက်သာနိုင်ပြီး အရမ်းကိုအဆင်ပြေမယ့် ASAHI Ortho Package လေးဖြစ်လို့ သွားညှိမယ်ဆို ကျွန်မတို့ရဲ့ ASAHI(အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်းကိုသာ လှမ်းလာဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်

🌸 ဒီ Packageလေးဟာ မကြာခင်ကာလမှာ ကုန်ဆုံးတော့မှာဖြစ်လို့ နောက်ဆုံးအခွင့်အရေးအနေနဲ့ လက်လွှတ်မခံကြဖို့လည်း အသိပေးတိုက်တွန်းပါရစေရှင် 🌸

👉 သွားညှိကုသမှု ASAHI Ortho Package နှင့်ပတ်သက်ပြီး အသေးစိတ်သိချင်ကြသူများအနေဖြင့် ဖုန်းနံပါတ် 09259582635 သို့မဟုတ် Page messenger မှတဆင့် ဆက်သွယ်၍ Appointment ရယူနိုင်ပါတယ်။

📌Address အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
📍Google map https://maps.app.goo.gl/DXnsjxPGvwVp1wqL9?g_st=ic #တာချီလိတ် #သွားဆေးခန်း #သွားညှိ

✨သွားနဲ့ပတ်သက်လာရင် တိကျသေချာတဲ့ကုသမှုနဲ့  တကယ်လိုအပ်တဲ့ကုသမှုကိုသာပေးတဲ့ ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်း ✨🌸...
05/11/2025

✨သွားနဲ့ပတ်သက်လာရင် တိကျသေချာတဲ့ကုသမှုနဲ့ တကယ်လိုအပ်တဲ့ကုသမှုကိုသာပေးတဲ့ ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်း ✨

🌸 ASAHI မှာ သွားပြဿနာတွေကို ထိထိရောက်ရောက်နဲ့ အကောင်းဆုံးကုသခံယူနိုင်ဖို့အတွက် သွားပြဿနာအရင်းအမြစ်ကို တိကျသေချာတဲ့နောက်ဆုံးပေါ် စက်ကိရိယာများအသုံးပြုပြီး သေချာဆန်းစစ်ရှာဖွေပြီးမှ အမှန်တကယ်လိုအပ်တဲ့ ကုသမှုကိုသာပေးပါတယ်

🌸 သွားပြဿနာတွေကို ရှာဖွေဆန်းစစ်တဲ့အခါမှာလည်း ရိုးရိုးသွားဓာတ်မှန် 2D(အသေး)၊ 2D(အကြီး)၊ သုံးဖက်မြင် 3D ဓာတ်မှန်တို့ဖြင့် တိကျစွာ အဖြေရှာပြီးမှ ကုသပေးပါတယ်

🌸 ကုသမှုအပိုင်းမှာလည်း ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများကိုယ်တိုင်က တာဝန်ယူကုသပေးပါတယ်

🌸 သွားစိုက်ကုသမှုတွေမှာလည်း ပိုမိုတိကျမှုရှိတဲ့ 3D scanner နဲ့ scan ဖတ်ပြီးမှ သွားပုံကိုယူတဲ့အတွက် လူနာများပိုမိုသက်တောင့်သက်သာရှ်ိစေပါတယ်

🌸 သန့်ရှင်းမှုအတွက်လည်း သီးသန့်ကုသခန်းများထားရှိသလို 𝐒𝐭𝐞𝐫𝐢𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐑𝐨𝐨𝐦 သီးသန့်ထားရှိပြီး အသုံးပြုတဲ့စက်ကိရိယာတိုင်းကို အဆင့်အဆင့် ပိုးသတ်ပေါင်းခံပြီးမှ အသုံးပြုပေးပါတယ်

🌸 ဝန်ထမ်းများကလည်း ဖော်ရွေနွေးထွေးစွာနဲ့အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့အတွက် အမြဲ စောင့်ကြိုနေပါတယ်

✨ ဒါကြောင့် သွားနဲ့ပတ်သက်ရင် အကောင်းဆုံးကုသခံယူချင်တဲ့သူတွေရှိရင် စိတ်ချယုံကြည်စွာ ကုသခံယူနိုင်တဲ့ One-Stop Service တစ်နေရာတည်းမှာအကုန်လုံးရနိုင်မယ့် တာချီလိတ်မြို့က ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်း ကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ✨

👉 ဆေးခန်းရက်ချိန်းရယူရန် နှင့် ကုသမှုများအကြောင်းမေးမြန်းလိုပါက ဖုန်းနံပါတ် 09259582635 သို့မဟုတ် page messenger မှတဆင့် ဆက်သွယ်၍ appointment ရယူနိုင်ပါတယ်။

📌 Address
အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့

📢 ဆေးခန်းဖွင့်ချိန် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆နာရီ အထိ

☎️Ph No: 09259582635, 09259582625

📍Google Map
https://maps.app.goo.gl/1XZyoCAjuSzwBV3m8?g_st=ic

တာချိီလိတ်မြို ASAHI သွားနှင့်ခံတွင်းအထူးကုဆေးခန်းကြီးတွင် အတူလက်တွဲလုပ်ကိုင်ရန် Dental Assistant (၃) ဦးအလိုရှိပါသည်။🛑 D...
20/10/2025

တာချိီလိတ်မြို ASAHI သွားနှင့်ခံတွင်းအထူးကုဆေးခန်းကြီးတွင် အတူလက်တွဲလုပ်ကိုင်ရန် Dental Assistant (၃) ဦးအလိုရှိပါသည်။

🛑 Dental Assistant – (3) Posts (Male/Female)

🛑မည်သည့်သင်တန်း/လက်မှတ်မှ မလိုအပ်ပါ‼️

✅ Job Requirements

- အသက် ၁၈နှစ် မှ ၃၀နှစ် အတွင်းဖြစ်ရပါမည်။
- ထိုင်းစကား သို့ ရှမ်းစကား ပြောတတ်သူဖြစ်ရပါမည်။
- အခြေခံပညာ အထက်တန်း (၁၀)တန်းအောင်မြင်ပြီး သူဖြစ်ရပါမည်။
- ရိုးသားကြိုးစားပြီး ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- ဆက်ဆံရေးပြေပြစ်ပြီး သွက်လက်ရည်မွန်ရမည်။
- ကြိုးစားသင်ယူလိုစိတ်ရှိပြီး အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။

👉 Job Description

သွားဆရာဝန်၏ ဆေးကုသမှုလုပ်ငန်းတွင် ပါဝင်ကူညီပေးရမည်။

သွားပစ္စည်းများအား သတ်မှတ်ထားသည့်အတိုင်း ဆေးကြောသန့်စင်ပိုးသတ်ပေးရမည်။

ဆေးခန်းကိစ္စများကို တာဝန်ယူလုပ်ကိုင်နိုင်ရမည်။

👉 အလုပ်ချိန် - မနက် ၈:၃၀နာရီ မှ ညနေ ၆:၃၀နာရီ အထိ (Shift Schedule)

*** အရည်အချင်းပေါ်မူတည်ပြီး လစာညှိနှိုင်းပေးမည်။

လျှောက်ထားလိုသူများအနေဖြင့် page ( Asahi Dental Specialist Clinic & Dental Imaging Center) cb သို့ CV form၊ မှတ်ပုံတင်မိတ္တူ၊ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

🌸 Interview ရွေးချယ်ခံရသူများသာ အကြောင်းပြန်ပေးပါမည် 🌸

04/08/2025

🌸 ASAHI (အဆာဟ်ိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှာ သွားအမြစ်တု (Dental Implant) ကုသမှုခံယူသွားတဲ့ အမမအေးသင်းနှင့် ပီဖောင်းတို့ရဲ့ Honest Review Video လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 🌸

😍 အခုလိုကိုယ်တိုင်ကုသမှုခံယူပြီး Honest Review Video လေးတင်ပေးတဲ့အတွက်လည်း ASAHI (အဆာဟိ) သွားနှင့်ခံတွင်းဆေးခန်းမှလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏🙏🙏

👉 သွားအမြစ်တု (Dental Implant) နှင့်ပတ်သက်ပြီးအသေးစိတ်သိချင်ကြသူများအနေဖြင့် ဖုန်းနံပါတ် 09259582635 သို့မဟုတ် page messenger မှတဆင့် ဆက်သွယ်၍ appointment ရယူနိုင်ပါတယ်။

📌 Address
အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
📢ဆေးခန်း ဖွင့်ချိန် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆နာရီ အထိ

☎️Ph No: 09259582635, 09259582625

📍Google Map
https://maps.app.goo.gl/1XZyoCAjuSzwBV3m8?g_st=ic

01/08/2025

📢 We Are Open !!

✨ASAHI သွားနှင့်ခံတွင်းအထူးကုဆေးခန်းကို ပုံမှန်အတိုင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း အသိပေးအပ်ပါတယ်ရှင် ✨

🌸လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းကိစ္စများကို အဆင်ပြေစိတ်ချမ်းသာဆုံးဖြစ်ရအောင် အကောင်းဆုံးသော ဝန်ဆောင်မှုများနဲ့ ကျွန်မတို့ ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ အမြဲမပြတ် ကြိုးစားလျှက်ရှိနေပါတယ်ရှင်🌸

📌Address
အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
📢ဆေးခန်း ဖွင့်ချိန် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆နာရီ အထိ

☎️Ph No: 09259582635

📍Google Map
https://maps.app.goo.gl/1XZyoCAjuSzwBV3m8?g_st=ic

🦷 သွားနဲ့ပတ်သက်ရင် ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်း ကိုရွေးချယ်ပါ 🦷🌸 လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းကျန်းမ...
05/07/2025

🦷 သွားနဲ့ပတ်သက်ရင် ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်း ကိုရွေးချယ်ပါ 🦷

🌸 လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် တိကျသေချာကောင်းမွန်တဲ့ ကုသမှုတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်တာ တာချီလိတ်မြို့က ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်းပါ 🌸

😍 ASAHI (အဆာဟိ) မှာ သွားနှင့်ပတ်သက်တဲ့ ကုသမှုတွေကို တိကျသေချာကောင်းမွန်နိုင်အောင် နောက်ဆုံးပေါ်စက်ကိရိယာတွေ အသုံးပြုသည့်အပြင် သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင်က တာဝန်ယူကုသမှုပေးပါတယ်ရှင် 😍

🧑‍🔬 ကုသမှုအပိုင်းမှာ စိတ်ချကောင်းမွန်စေရန် ပိုးသတ်မှုစနစ် နဲ့ သန့်ရှင်းသပ်ရပ်မှုကို 100% စိတ်ချမှုရှိစေရအောင် နေ့စဉ်အမြဲကြိုးစားလုပ်ကိုင်နေတာကြောင့် သွားနှင့်ခံတွင်းပြဿနာတွေအတွက်ဆို ယုံကြည်စွာနဲ့ လာရောက်ကုသနိုင်ပါတယ်ရှင် 🧑‍🔬

📌Address
အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
📢ဆေးခန်း ဖွင့်ချိန် နေ့စဉ် မနက် ၉:၃၀နာရီမှ ညနေ ၆:၃၀နာရီ ထိ

☎️Ph No: 09259582635



📍Google map
https://maps.app.goo.gl/DXnsjxPGvwVp1wqL9?g_st=ic

17/04/2025

🌸 နှစ်သစ်မှာ သွားအသစ်နဲ့ ညီမလေး Tip Won Nee ရဲ့ Dental Implant ကုသမှုအတွေ့အကြုံလေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 🌸

👉 လွန်ခဲ့တဲ့ ၃လလောက်က Computer Guided Surgery အသုံးပြုပြီး သွားအမြစ်တုတိုင်ထည့်ခဲ့ပြီးတော့ ဒီနေ့မှာတော့ သွားအမြစ်တုတိုင်အစွပ်လေး တပ်ပေးလိုက်ပါပြီရှင် 😍

💁‍♀️ Computer Guided Implant Surgery ဆိုတာဘာလဲ?
လူနာတစ်ဦးချင်းစီရဲ့ မေးရိုးနဲ့သွားအနေအထားအပေါ်မူတည်ပြီး သွားအမြစ်တုကုသမှုက်ို ပိုမိုတိကျကောင်းမွန်အောင် သုံးဘက်မြင်သွားဓါတ်မှန် နဲ့ သွားနှင့်ခံတွင်း Digital ပုံရိပ်များပေါင်းစပ်ကာ Computer program နဲ့ ချိတ်ဆက်ပြီး သွားအမြစ်တုတိုင်ထည့်သည့် နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပါတယ်ရှင်။

👍 Computer Guided Implant Surgery ရဲ့အားသာချက်တွေကတော့ ခွဲစိတ်စရာမလိုပဲ အမြစ်တုတိုင်ထည့်လို့ရတာကြောင့် ရောင်ရမ်းနာကျင်မှု့ မရှိသလောက်နည်းပါးခြင်းတို့ပဲ ဖြစ်ပါတယ်ရှင် 😊

👉 သွားအမြစ်တုတိုင်ကိုလည်း World Class Brand များသာအသုံးပြုသလို ကျွမ်းကျင်ပြီး အတွေ့အကြုံများစွာရှိတဲ့ သွားအမြစ်တုပါရဂူကိုယ်တိုင်မှ တာဝန်ယူ ကုသမှုပေးနေပါတယ်ရှင်။

👉 Computer Guided Implant Surgery နှင့်ပတ်သက်ပြီး အသေးစိတ်သိချင်ကြသူများအနေဖြင့် ဖုန်းနံပါတ် 09259582635 သို့မဟုတ် Page messenger မှတဆင့် ဆက်သွယ်၍ Appointment ရယူနိုင်ပါတယ်။

📌Address
အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
📢ဆေးခန်း ဖွင့်ချိန် နေ့စဉ် မနက် ၉:၃၀နာရီမှ ညနေ ၆:၃၀နာရီ အထိ

☎️Ph No: 09259582635




📍Google map
https://maps.app.goo.gl/DXnsjxPGvwVp1wqL9?g_st=ic

09/04/2025

ASAHI (အဆာဟိ) သွားနှင့်ခံတွင်း အထူးကုဆေးခန်း မြန်မာနှစ်သစ်ကူး(သင်္ကြန်) အချိန်အခါတွင် ၁၃၊၄၊၂၀၂၅ အကြိုနေ့ မှစ၍ ၁၇၊၄၊၂၀၂၅ နှစ်ဆန်းတစ်ရက်နေ့အထိ ဆေးခန်း၅ရက်ပိတ်မည်ဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ်မိတ်ဆွေများကို ရိုသေလေးစားစွာ အသ်ိပေးအပ်ပါတယ်ရှင်။

🙏🏻🙏🏻🙏🏻 နှစ်သစ်ကူး အခါသမယမှာ လူကြီးမင်းများ အားလုံး ဘေးရန်ကင်းကွာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ASAHI (အဆာဟိ) သွားနှင့်ခံတွင်း အထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 💦💦💦

ဧပြီလ ၁၈ ရက် မြန်မာ နှစ်ဆန်း ၂ရက် နေ့မှ စတင်ကာ ဆေးခန်းကို ပုံမှန် အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင်။

မတ်လ၂၈ ရက်နေ့ ၂၀၂၅ခုနှစ်တွင် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့ အနီးဗဟိုပြု လှုပ်ခတ်ခဲ့သော ၇.၇အဆင့်ရှိ အင်အားအလွန်ပြင်းထန်သ...
03/04/2025

မတ်လ၂၈ ရက်နေ့ ၂၀၂၅ခုနှစ်တွင် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့ အနီးဗဟိုပြု လှုပ်ခတ်ခဲ့သော ၇.၇အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့်မြေငလျင်ကြီးကြောင့်အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ASAHI (အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်းမိသားစုမှ အထူးဝမ်းနည်းရပါသည်

ASAHI (အဆာဟိ) သွားဆေးခန်း မိသားစုမှ ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် လိုအပ်သောနေများတွင် အထောက်အကူဖြစ်စေရန်အတွက် ခိုင်နှင်းဝေပရဟိတအသင်းထံသို့ “အလှူငွေ သိန်း (၃၀)ကျပ်တိတိ” ပေးအပ်လှူဒါန်းခဲ့ပါတယ်ရှင်

ငလျင်ဘေးသင့်ပြည်သူများအားလုံး ဒုက္ခဆင်းရဲအမျိုးမျိုးမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့လည်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်

🦷 ASAHI သွားနှင့်ခံတွင်းအထူးကုဆေးခန်းရဲ့ ၁နှစ်ပြည့် အထူးအစီအစဉ် 🦷🙏🏻 ဖွင့်လှစ်တဲ့နေ့ကစပြီး ယနေ့အချိန်ထိ ယုံကြည်စွာဖြင့် လ...
08/03/2025

🦷 ASAHI သွားနှင့်ခံတွင်းအထူးကုဆေးခန်းရဲ့ ၁နှစ်ပြည့် အထူးအစီအစဉ် 🦷

🙏🏻 ဖွင့်လှစ်တဲ့နေ့ကစပြီး ယနေ့အချိန်ထိ ယုံကြည်စွာဖြင့် လာရောက်ကုသမှုခံယူကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို ASAHI(အဆာဟိ) သွားနှင့်ခံတွင်းအထူးကုဆေးခန်းမိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏🏻

🌸 ၁နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ASAHI Gift Card များကိုစတင်မိတ်ဆက်ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင် 🌸

😍 ASAHI Gift Card မှာ 5000THB နဲ့ 10000 THB ဆိုပြီး ၂မျိုးရှိပါတယ်ရှင်
5000 တန်ဝယ်ရင် 5% OFF ရမှာဖြစ်ပြီး
10000 တန်ဝယ်ယူပါက 10% OFF ရရှိမှာဖြစ်ပါတယ်ရှင်

🤩 ပိုပြီးထူးခြားတာက ဒီကဒ်ကိုဝယ်ယူထားသူက မိမိရဲ့မိသားစု ဆွေမျိုး မိတ်ဆွေတွေကိုပါ ဝေမျှသုံးဆွဲနိုင်တာပဲဖြစ်ပါတယ်ရှင်

⭐️ နောက်ပြီး လူကြီးမိဘတွေကို ဂါရဝပြုတာဖြစ်စေ သူငယ်ချင်းအချင်းချင်း လက်ဆောင်ပေးတာဖြစ်စေ အရမ်းကိုအဆင်ပြေမယ့် Card လေးဖြစ်ပါတယ်ရှင် ⭐️

✨ ဒါကြောင့် ASAHI ရဲ့၁နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့စတင်ထုတ်မယ့် Gift Card တွေဟာ များများဝယ် များများdiscount တွေရမယ့်အပြင် ဝေမျှသုံးဆွဲနိုင်ခွင့်တွေပါရအုံးမှာဆိုတော့ သွားနှင့်ခံတွင်းကုသမှုတွေက်ို ပြုလုပ်ဖို့စဉ်းစားနေရင်တော့ ASAHI Gift Card လေးတွေကို ကြိုတင်ဝယ်ထားဖို့ မမေ့ပါနဲ့နော် ✨

👉 ပါဝင်တဲ့ကုသမှုတွေကတော့
သွားညှိခြင်း၊ သွားအမြစ်တုတိုင်ထည့်ခြင်း နှင့် ကြွေသွားလွှာကပ်ခြင်းစတဲ့ ကုသမှုများမှအပ ကျန်တဲ့မည်သည့်သွားနှင့်ခံတွင်းဆိုင်ရာကုသမှုတွေမှာမဆို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ရှင် 🤩

👉 ASAHI Gift Card နှင့်ပတ်သက်ပြီး အသေးစိတ်သိချင်ကြသူများအနေဖြင့် ဖုန်းနံပါတ် 09259582635 သို့မဟုတ် Page messenger မှတဆင့် ဆက်သွယ်၍ Appointment ရယူနိုင်ပါတယ်။

📌Address
အမှတ် (ခ/၄၃၄) မယ်ခေါင် ၄ လမ်း၊(ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အနီး) မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
📢ဆေးခန်း ဖွင့်ချိန် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆နာရီ အထိ

☎️Ph No: 09259582635, 09259582625

📍Google Map
https://maps.app.goo.gl/1XZyoCAjuSzwBV3m8?g_st=ic

Address

No. 434, Zone (Kha), Mae Khong 4th Street, Mae Khong, Tachiliek
Tachileik
06271

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Asahi Dental Specialist Clinic and Dental Imaging Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asahi Dental Specialist Clinic and Dental Imaging Center:

Share