Great Smile Dental Clinic

Great Smile Dental Clinic Dental Clinic

𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩* တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာသွားနှင့်ခံတွင်းကျန်းမာရေးဟာတစ်ကိုယ်ရည်သန့်ရှင်းရေးကဲ့သို့ပင်အထ...
07/01/2026

𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩

* တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာသွားနှင့်ခံတွင်းကျန်းမာရေးဟာတစ်ကိုယ်ရည်သန့်ရှင်းရေးကဲ့သို့ပင်အထူးအရေးပါလာပါတယ် ❣️

* နေ့စဉ်လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ၊လူအများနှင့်ထိတွေ့ဆက်ဆံနေရသူတွေ၊အဖွဲ့အစည်းကိုဦးဆောင်နေရသူတွေဟာ အများနှင့်ပြောဆိုဆက်ဆံရာမှခံတွင်းအနံနံနေတာမျိုးတွေ၊သွားကျောက်တွေမြင်နေရတာမျိုးတွေသင့်အလုပ်ကို smart မကျစေနိုင်ပါဘူးနော်😁

* သွားနှင့်ခံတွင်းကျန်းမာရေးကိုသွားကိုက်မှ၊သွားနာမှဆေး
ခန်းပြတာမျိုးထက်၆လတစ်ကြိမ်စစ်ဆေးကုသသင့်ပါတယ်😃

* သို့မှသာကနဦးသွားပိုးစားအပေါက်များကိုစောစီးစွာဖာထေးနိုင်ခြင်း၊ခံတွင်းအနံ့မနံအောင်သွားကျောက်ခြစ်ခြင်း၊သွားကြားအစာမညှပ်အောင်ဖာထေးခြင်း၊Dental floss အသုံးပြုပေးခြင်းတို့ဖြင့် သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးက်ုတိုးတက်ကောင်းမွန်လာစေမှာအသေအချာပါဘဲရှင်။🦷🦷🦷🦷🦷

Address🏥_ No.36, Ground floor, Sanchaung Street, Sanchaung Township, Yangon.

လိပ်စာ- အမှတ်၃၆၊မြေညီထပ်၊စမ်းချောင်းလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

Ph no☎️_09 880 100 418,
_09 400 979 875

Email📧 _greatsmile1289@gmail.

Happy New Year 2026နှစ်သစ်မှစပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးအားလုံးအဆင်ပြေချောမွေ့ပါစေကြောင်း GreatSmileDentalClinic မိသ...
01/01/2026

Happy New Year 2026
နှစ်သစ်မှစပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးအားလုံးအဆင်ပြေချောမွေ့ပါစေကြောင်း GreatSmileDentalClinic မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/12/2025
🎁🎄🔔Merry Christmas 🎁🎄🔔
25/12/2025

🎁🎄🔔Merry Christmas 🎁🎄🔔

သွားစိုက်နည်းအမျိုးမျိုးသွားစိုက်ဖို့အတွက် ဘယ်အမျိုးအစားတွေရှိလဲ ဘယ်ဟာကကိုယ်နဲ့အသင့်တော်ဆုံးလဲဆိုတာရွေးချယ်ဖို့ အတွက်သွာ...
07/12/2025

သွားစိုက်နည်းအမျိုးမျိုး

သွားစိုက်ဖို့အတွက် ဘယ်အမျိုးအစားတွေရှိလဲ ဘယ်ဟာကကိုယ်နဲ့အသင့်တော်ဆုံးလဲဆိုတာရွေးချယ်ဖို့ အတွက်သွား
စိုက်နည်းအမျိုးမျိုးကိုရှင်းပြပေးပါမယ်။

1.သွားအသေစိုက်နည်း( Crown & Bridge)

အားသာချက်

- အဖြုတ်အတပ်လုပ်စရာမလိုဘဲအချိန်ခဏဘဲပေးရခြင်း။
- ကုန်ကျစရိတ်သင့်တင့်မျှတခြင်း။
- သဘာဝသွားအတိုင်းအရောင်ရွေးချယ်နိုင်ပြီးသဘာဝသွားကဲ့သို့စားနိုင်ခြင်း။

အားနည်းချက်

- ဘေး၂ဖက်မှာရှိတဲ့သွားနဲ့တွဲစိုက်ရတဲ့အတွက်ဘေးသွား၂ဖက်ကို သေးအောင်စားလိုက်ရခြင်း။

2.သွားအရှင်စိုက်နည်း(အံကပ်စိုက်ခြင်း)

အားသာချက်

- ဘေးသွားနှင့်တွဲစိုက်စရာမလိုတဲ့အတွက်ဘေးဘက်သွားကိုသေးငယ်အောင်စားစရာမလိုပါ။
- ကုန်ကျစရိတ်သင့်တင့်မျှတခြင်း။

အားနည်းချက်

- အဖြုတ်အတပ်လုပ်ရခြင်း။

3.သွားမြစ်တုတိုင်စိုက်ခြင်း(Dental Implant)

အားသာချက်

- ဘေးဘက်သွားစားစရာမလိုဘဲ ပုံမှန်သွားကဲ့သို့စားနိုင်ဝါးနိုင်ခြင်း။
- အဖြုတ်အတပ်လုပ်စရာမလိုဘဲ သဘာဝသွားကဲ့သို့ခံစားရခြင်း။
- ဘေးသွားလည်းမရှိတော့ဘူး!အဖြုတ်အတပ်အံကပ်လည်းမတပ်ချင်ဘူးဆိုရင်dental implant ကအသင့်တော်ဆုံးပါ။

အားနည်းချက်

- ကုန်ကျစရိတ်အနည်းငယ်ရှိခြင်း။

* Address🏥_ No.36, Ground floor, Sanchaung Street, Sanchaung Township, Yangon.

* လိပ်စာ- အမှတ်၃၆၊မြေညီထပ်၊စမ်းချောင်းလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

* Ph no☎️_09 880 100 418,
* _09 400 979 875

* Email📧 [email protected]

#သွားစိုက်နည်းအမျိုးမျိုး

GreatSmileDentalClinic တွင်တာဝန်ထမ်းဆောင်ရန်Dental Assistant female (2) ဦး အလိုရှိသည်။❗️Job Description ❗️* အသက် ၁၈- ၃၅ ...
25/10/2025

GreatSmileDentalClinic တွင်တာဝန်ထမ်းဆောင်ရန်

Dental Assistant female (2) ဦး အလိုရှိသည်။

❗️Job Description ❗️

* အသက် ၁၈- ၃၅ နှစ်အတွင်း

* ပညာအရည်အချင်း- ဆယ်တန်း သို့ ဆယ်တန်းအောင် ဖြစ်ရမည်။

* သန့်ရှင်းသပ်ရပ်ပြီးလူမူဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
* သွေး၊တံတွေး၊အပ်မကြောက်သူဖြစ်ရမည်။

* သွားဆေးခန်းအကူအတွေ့အကြုံရှိသူဦးစားပေးမည်။

* သင်ယူနိုင်စွမ်းရှိပါကအတွေ့အကြုံမရှိလည်းလျှောက်ထားနိုင်သည်။

* တစ်ပတ်တစ်ရက်နားရက်ရမည်။

* အလုပ်ချိန် မနက်၉နာရီမှ ညနေ ၆နာရီ အထိ

* အရည်အချင်းနှင့်လုပ်သက်ပေါ်မူတည်၍လစာညှိနိူင်းပေးမည်။

* Address🏥_ No.36, Ground floor, Sanchaung Street, Sanchaung Township, Yangon.
လိပ်စာ- အမှတ်၃၆၊မြေညီထပ်၊စမ်းချောင်းလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

* Ph no ☎️09880100418, 09400979875

* လျှောက်ထားလိုပါက 09880100418၊ 09250790391 သို့ Viber မှတစ်ဆင့် CV form ပေးပို့လျှောက်ထားနိုင်သည်။

Hypersensitivity of tooth(သွားကျင်ခြင်း)✨သွားကျင်တဲ့ဝေဒနာကိုခံစားဖူးပါသလား❓တစ်ခုခုစားလိုက်တိုင်းသွားကစူးခနဲကျင်သွားတာ ၊သ...
30/06/2025

Hypersensitivity of tooth(သွားကျင်ခြင်း)

✨သွားကျင်တဲ့ဝေဒနာကိုခံစားဖူးပါသလား❓

တစ်ခုခုစားလိုက်တိုင်းသွားကစူးခနဲကျင်သွားတာ ၊သွားကိုက်သလိုမျိုးခံစားလာရတာ၊ခဏနေပြန်ပျောက်သွားတာမျိုးရောဖြစ်ဖူးပါသလား❓

✨ဒါမျိုးခံစားနေရပြီဆိုရင်သင့်သွားကအပေါ်ယံကြွေလွှာ (enamel)တွေပါးလွှာပြီး သွားရဲ့ဒုတိယအလွှာဖြစ်တဲ့ dentine နားရောက်ခါနီးဖြစ်နေပါပြီ❗️

✨သွားကျင်စေတဲ့ အကြောင်းအရင်းတွေကတော့

1.အပေါ်ယံကြွေလွှာပြုန်းတီးခြင်း(acid ဓာတ်များစွာပါဝင်သောအစားအသောက်များ - soda,soft drinks,high sugar or carbohydrate rich foods)

2.အံကြိတ်ခြင်း(bruxism- Clenching of teeth)

3.သွားတိုက်နည်းစနစ်မမှန်ကန်ခြင်း( improper tooth brushing technique)

4.သွားကွဲအက်သွားခြင်း( crack tooth) တို့ဖြစ်ပါတယ်။

5.တစ်ခါတစ်ရံသွားပိုးပေါက်ဖာခြင်း၊သွားကျောက်ခြစ်ခြင်းတို့ကြောင့်လည်းသွားကျင်တာကိုခံစားရနိုင်ပါတယ်။

✨ဒါဆို သွားကျင်တာပျောက်ကင်းသက်သာအောင်ဘာတွေလုပ်ကြမလဲ❓

🌟ချိုလွန်း ၊ ချဉ်လွန်းသောအစားအသောက်တွေကိုရှောင်ရမယ်။
🌟သွားကျင်တာပျောက်တဲ့သွားတိုက်ဆေးကိုရွေးချယ်အသုံးပြုပြီးသွားတိုက်နည်းစနစ်မှန်ကန်စွာတိုက်ရမယ်၊သွားတိုက်တံအပျော့စားကိုသုံးပေးရမယ်။
🌟Fluroid ပါဝင်သော သွားတိုက်ဆေး၊ငုံဆေးစသည်တို့ကိုအသုံးပြုရမယ်။
🌟အံကြိတ်တက်သူဆိုရင် nigh guard လိုမျိုးသွားအပေါ်ယံအစွပ်စွပ်သင့်ပါတယ်။

ကိုယ်တိုင်သွားကျင်တဲ့ဝေဒနာခံစားနေရပြီဆိုရင်သွားဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြီးစစ်ဆေးကုသသင့်ပါတယ်။

* မှာကျွမ်းကျင်တဲ့ဆရာဝန်များနဲ့အသေးစိပ်လာရောက်ဆွေးနွေးကုသနိုင်ပါတယ်ရှင်

* Address🏥_ No.36, Ground floor, Sanchaung Street, Sanchaung Township, Yangon.

* လိပ်စာ- အမှတ်၃၆၊မြေညီထပ်၊စမ်းချောင်းလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

* Ph no☎️_09 880 100 418,
* _09 400 979 875
* Email📧 [email protected]

💦နှစ်သစ်ကူးမဟာသကြင်္န်ဆေးခန်းပိတ်ရက်အဖြစ် April 12th ရက်နေ့မှ April 17thထိပိတ်ထားမည်ဖြစ်ပြီး April 18th (နှစ်ဆန်း နှစ်ရက...
11/04/2025

💦နှစ်သစ်ကူးမဟာသကြင်္န်ဆေးခန်းပိတ်ရက်အဖြစ် April 12th ရက်နေ့မှ April 17thထိပိတ်ထားမည်ဖြစ်ပြီး April 18th (နှစ်ဆန်း နှစ်ရက်နေ့)တွင် ပုံမှန်အချိနိအတိုင်းဆေးခန်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ရှင်💦

🎊2025 နှစ်သစ်မှစပြီး မိဘပြည်သူအပေါင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း   မိ...
02/01/2025

🎊2025 နှစ်သစ်မှစပြီး မိဘပြည်သူအပေါင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်🎊

နေရာမမှန်သွားပေါက်ခြင်း(၃ပွင့်ဆိုင်သွားဇာတ်လမ်း)❗️    🔹 ကြီးသွားတွေဟာသူ့နေရာနဲ့သူညီညီညာညာပေါက်မှသာသွားတိုက်ရတာလွယ်ကူပြီး...
29/06/2024

နေရာမမှန်သွားပေါက်ခြင်း(၃ပွင့်ဆိုင်သွားဇာတ်လမ်း)❗️

🔹 ကြီးသွားတွေဟာသူ့နေရာနဲ့သူညီညီညာညာပေါက်မှ

သာသွားတိုက်ရတာလွယ်ကူပြီးအစာညှပ်ခြင်းကြောင့်

ဖြစ်ပေါ်လာတဲ့သွားပိုးစားကိုလျော့ကျစေမှာဖြစ်ပါတယ်။

🔹အခုပုံလေးကတော့ မှာကု

သမူပေးထားတဲ့ပုံလေးဖြစ်ပြီးသွားတစ်ချောင်းအာခေါင်

ဘက်မှာနေရာမှားပြီးပေါက်နေခြင်းကြောင့် ဘေး

သွား၂ချောင်းလုံးသွားပိုးစားအနေအထားကိုရောက်ရှိသွား

ကာသွားတစ်ချောင်းနူတ်လိုက်ရတာဘဲဖြစ်ပါတယ် ။

💔၃ပွင့်ဆိုင်လာရင်ကျန်တဲ့ဘေးသွားတွေပါအကုန်

နာကျင်ရတာပါဘဲနော်💔

🔹 ဒါကြောင့်ကိုယ့်ရဲ့ဘေးသွားလေးတွေမနာမကျင်မ

ကိုက်ခဲရဖို့အတွက်

သွားလေးတွေ နေရာမှားပေါက်နေလား ❗️

အစာညှပ်ပြီးသွားပိုးစားအဆင့်ရောက်နေပြီလား❗️

သွားတွေထပ်နေလား❗️ဆိုတာကိုအချိန်မှီအမြဲစစ်ဆေး

သင့်ပါတယ်။

မှာကျွမ်းကျင်တဲ့

ဆရာဝန်များနဲ့အသေးစိပ်လာရောက်ဆွေးနွေးကုသနိုင်ပါ

တယ်ရှင်🙂

Address🏥_ No.36, Ground floor, Sanchaung Street, Sanchaung Township, Yangon.

လိပ်စာ- အမှတ်၃၆၊မြေညီထပ်၊စမ်းချောင်းလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

Ph no☎️_09 880 100 418,
_09 400 979 875

Email📧 [email protected]

Address

No. (36), Ground Floor, Sanchaung Street
Sanchaung
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959880100418

Website

Alerts

Be the first to know and let us send you an email when Great Smile Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Great Smile Dental Clinic:

Share