Htoo Dental Clinic

Htoo Dental Clinic မိတ်ဆွေ၏ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများအတွက် အကောင်းဆုံး​သောဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။

" ထူး " သွားနှင့်ခံတွင်းဆေးခန်း အတွက် ဆေးခန်းအကူ အမျိုးသမီးတစ်ဦးအလိုရှိပါသည်- အသက် 16 နှစ်မှ 25 နှစ်အတွင်းဖြစ်ရမည်- အိမ်...
21/12/2025

" ထူး " သွားနှင့်ခံတွင်းဆေးခန်း အတွက် ဆေးခန်းအကူ အမျိုးသမီးတစ်ဦးအလိုရှိပါသည်

- အသက် 16 နှစ်မှ 25 နှစ်အတွင်းဖြစ်ရမည်

- အိမ်ထောင်မရှိသူဖြစ်ရမည်

- သပ်ရပ်စွာ ၀တ်စားဆင်ယင်တတ်သူဖြစ်ရမည်

- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်

- ဆေးခန်းမှသင်ကြားပြသသည်များကို သေချာမှတ်ယူနိုင် လေ့လာလိုစိတ်ရှိသူဖြစ်ရမည်

- ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်း‌အောင်သူဖြစ်ရမည်

- ဆေးခန်းမှ ချမှတ်‌‌ထားသောစည်းကမ်းများကို သေချာလိုက်နာနိုင်ရမည်

ရေရှည်လုပ်ကိုင်နိုင်သူပို ဦးစားပေးပါမည်။

အစမ်းခန့် ကာလ ၂ လ။

အလုပ် လျောက်လိုသူများသည် CV Form နှင့်တကွ မျှော်မှန်းလစာကိုရေး၍ လာရောက်ပို့ထားနိုင်သလို Page Messenger သို့လည်းပို့ထားနိုင်ပါသည်။

ထူး သွားဆေးခန်း စစ်ကိုင်းမြို့

လိပ်စာ~ဆင်များရှင်ဘုရား မြောက်ဘက်၊ ပန်းပဲတန်းရပ်၊ Mother ကား ရေဆေးဆီလိုက် အရှေ့ဘက်မျက်စောင်းထိုး၊ ဒေါ်မေချိုအေး (အရုဏ်ဦး) မျက်စိဆေးခန်းအနီး၊
စစ်ကိုင်းမြို့။

☎️ 𝟎𝟗 𝟕𝟔𝟓 𝟗𝟗𝟗 𝟕𝟎𝟎 ☎️ 𝟎𝟗 𝟗 𝟒𝟓𝟒 𝟗𝟗 𝟕𝟎𝟎

☎️ 𝟎𝟗 𝟕𝟓𝟐 𝟔𝟎𝟎 𝟗𝟎𝟎 ☎️ 𝟎𝟗 𝟗𝟔𝟔𝟔𝟏 𝟐𝟐𝟐𝟖

သီတင်းကျွတ်လပြည့်နေ့လေးမှာ စိတ်ချမ်းသာကျန်းမာပျော်ရွှင်ကြပါစေလို့ “ ထူး “ သွားနှင့်ခံတွင်းဆေးခန်းမှ ဆုမွန်ကောင်းတောင်းပေ...
06/10/2025

သီတင်းကျွတ်လပြည့်နေ့လေးမှာ

စိတ်ချမ်းသာကျန်းမာပျော်ရွှင်ကြပါစေလို့

“ ထူး “ သွားနှင့်ခံတွင်းဆေးခန်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 😊

လေဆာဖြင့် သွားပိုးပေါက်များကို ကြွေဖြည့်သွားဖာထားခြင်း𝐇𝐭𝐨𝐨 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐝𝐞𝐧𝐭𝐚𝐥 𝐜𝐚𝐫𝐞 😉
26/06/2025

လေဆာဖြင့် သွားပိုးပေါက်များကို

ကြွေဖြည့်သွားဖာထားခြင်း

𝐇𝐭𝐨𝐨 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐝𝐞𝐧𝐭𝐚𝐥 𝐜𝐚𝐫𝐞 😉

ထူး သွားနှင့်ခံတွင်းဆေးခန်း ယခင်နေရာမှာ ငလျင်ဒဏ်သင့်ထိခိုက် သွားသောကြောင့် ဆေးခန်း တည်နေရာအား ပြောင်းရွှေ့ထားပါတယ်။ဆေးခန...
24/06/2025

ထူး သွားနှင့်ခံတွင်းဆေးခန်း ယခင်နေရာမှာ

ငလျင်ဒဏ်သင့်ထိခိုက် သွားသောကြောင့် ဆေးခန်း တည်နေရာအား ပြောင်းရွှေ့ထားပါတယ်။

ဆေးခန်း တည်နေရာ အသစ်မှာ

ဆင်များရှင်ဘုရား မြောက်ဘက်၊ ပန်းပဲတန်းရပ်၊

Mother ကား ရေဆေးဆီလိုက်အရှေ့ဘက် မျက်စောင်းထိုး၊

ဒေါ်မေချိုအေး (အာရုဏ်ဦး) မျက်စိဆေးခန်း အနီး။

☎️ 𝟎𝟗 𝟕𝟔𝟓 𝟗𝟗𝟗 𝟕𝟎𝟎 ☎️ 𝟎𝟗 𝟗𝟒𝟓 𝟒𝟗𝟗 𝟕𝟎𝟎

☎️ 𝟎𝟗 𝟕𝟓𝟐 𝟔𝟎𝟎 𝟗𝟎𝟎 ☎️ 𝟎𝟗 𝟗 𝟔𝟔𝟔 𝟏 𝟐𝟐𝟐 𝟖

"အမျိုးသမီးများအားလုံး သွားဆေးခန်းပြတဲ့အခါ သတိပြုသင့်တဲ့ အချက်(၆)ခု " 🤗🤗🤗
10/03/2025

"အမျိုးသမီးများအားလုံး သွားဆေးခန်းပြတဲ့အခါ သတိပြုသင့်တဲ့ အချက်(၆)ခု " 🤗🤗🤗

"အမျိုးသမီးများအားလုံး သွားဆေးခန်းပြတဲ့အခါ သတိပြုသင့်တဲ့ အချက်(၆)ခု "

မင်္ဂလာပါခင်ဗျာ ။ ဒီနေ့က International Women's Day ဆိုတော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သွားကျန်းမာရေးအကြောင်းအရာမျိုးကို မျှဝေဖို့ အတွေးရမိပါတယ်။ ဒီအကြောင်းကို တကယ်တော့ တစ်ကြိမ်မျှဝေခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော့် Blog ရဲ့ စာဖတ်သူတွေထဲမှာလည်း အမျိုးသမီးတွေ အများကြီးရှိတယ်၊ ဒီနေ့ကလည်း International Women's Day ဖြစ်တယ်ဆိုတော့ ဒီအကြောင်းအရာလေးတွေကို ပြန်မျှဝေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပထမဦးဆုံး ပြောပြချင်တာက ဒီမျှဝေမှုမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို ထိပါးချင်တဲ့ ဆန္ဒအလျင်းမရှိပါကြောင်း ကြိုတင် မေတ္တာရပ်ခံပါရစေ ။ ဆရာဝန် နဲ့ အမျိုးသမီးလူနာတွေကြားမှာ စိတ်မသက်မသာ ၊ စိတ်ကသိကအောက်မဖြစ်ကြစေဖို့သာ ရည်ရွယ်ပါတယ်ခင်ဗျာ။

(၁) တိုပြတ်လွန်းသောအကျီ င်္အဝတ်စားများဝတ်ဆင်ခြင်း ။

သွားဆေးခန်းက လူနာတွေထိုင်ရတဲ့ Chair တွေဟာ လဲလျောင်းရတဲ့ ခုံပုံစံတွေဖြစ်ပြီး ကုသမှုပေးနေတဲ့အတောအတွင်း ရေတွေ ပလုတ်ထကျင်းရတာမျိုးလည်းရှိနိုင်ပါတယ် ။
ဆရာဝန်က လူနာရဲ့ ညာဘက် မျက်နှာဘေးမှာ ရှိနေမှာဖြစ်ပြီး ဆရာဝန်ရဲ့ ခန္ဓာကိုယ်ဟာ လူနာရဲ့ အပေါ်မှာ မိုးနေပြီး အတော်အတန်နီးကပ်နေမှာဖြစ်ပါတယ် ။
ကန်တော့ပါရဲ့.... ခါးတိုဝတ်ထားတဲ့ အမျိုးသမီးတွေ ရေပလုတ်ထကျင်းတဲ့အခါ သူတို့ရဲ့ ခါးအတွင်းသားတွေ ၊ အတွင်းခံဘောင်းဘီအနားတွေ ပေါ်လာပါတယ် ။
ကျွန်တော့်ရဲ့ ဆေးခန်းမှာဆိုရင် လူနာရဲ့ ဘယ်ဘက်နဲ့ ကျွန်တော့်ဘေးမှာ ဆေးခန်းအကူနှစ်ယောက်ဝိုင်းနေမှာဖြစ်ပါတယ် ။ ဆေးခန်းအကူတွေဟာ အမျိုးသားလေးတွေလည်း ဖြစ်နိုင်ပါတယ်။
လူနာက မသိပေမယ့် ကျွန်တော့်တို့တတွေ တော်တော်လေး စိတ်မသက်မသာဖြစ်ရပါတယ် ။
လူနာက ဒီကိစ္စကို ကိုယ့်ကိုယ်ကို သတိထားမိတဲ့အခါလည်း ဖုံးမရဖိမရဖြစ်နေမှာဖြစ်ပြီး ကုသနေစဉ်အတွင်း ဆရာဝန်နဲ့ ဆေးခန်းအကူများက ကိုယ့်ရဲ့ Private Area တွေ ကိုကြည့်နေမလားဆိုပြီး စိတ်ကသိကအောက်ဖြစ်နေရမှာပါ။
လည်ပင်းဟိုက်လွန်းတဲ့ အင်္ကျီတွေကိုဝတ်လာတဲ့အခါ ကျွန်တော်တို့ကတော့ Towel နဲ့ ကလစ်တပ်ပြီး ဖုံးပေးပါတယ် ။ တချို့ Towel မဖုံးပေးတဲ့ဆေးခန်းဆိုရင် ဆရာဝန်က အပေါ်ကမိုးနေတာမျိုးဖြစ်တဲ့ အတွက် မမြင်ချင်လည်း မြင်နေရမှာဖြစ်ပါတယ် ။
တိုပြတ်လွန်းတဲ့ စကပ်တွေ ဝတ်လာတဲ့အခါ ကျွန်တော့်ဘေးက ဆေးခန်းအကူအတွက် အဆင်ပြေမှာမဟုတ်ပါဘူး ။ သူ့အရှေ့တည့်တည့်မှာ ဟောင်းလောင်းကြီးဖြစ်နေမှာပါ ။
ကျွန်တော့်ဆေးခန်းက ကလေးတွေက မိန်းကလေးတွေပဲဆိုပေမယ့် ယောက်ျားလေးဆေးခန်းအကူချည်းထားတဲ့ ဆေးခန်းဆို ယောက်ျားတွေအလည်မှာ လူနာအမျိုးသမီးအနေနဲ့လည်း တော်တော်စိတ်ကသိကအောက်ဖြစ်ရမယ်ထင်ပါတယ် ။
တချို့သွားဆေးခန်းတွေဆိုရင် ဆေးခန်းအကူမရှိတဲ့ ဆေးခန်းတွေလည်း ရှိတယ်ပေါ့ ။ ဒီအခြေအနေမှာ ဆရာဝန်နဲ့လူနာ နှစ်ယောက်တည်းဆိုရင် ဆရာဝန်ဘက်ကရော လူနာဘက်ကရော စိတ်အနှောက်အယှက်တော်တော်ဖြစ်ရမှာပါ ။

(၂) နူတ်ခမ်းနီရဲရဲဆိုးလာခြင်း ။

နူတ်ခမ်းနီတွေဆိုးလာတဲ့ လူနာတွေကိုတော့ ကျွန်တော်က ကုသမှုမစခင် အားမနာပဲ အရင်ဖျက်ခိုင်းလေ့ရှိပါတယ် ။
အားနာတဲ့ ဆရာဝန်နဲ့တွေ့တဲ့အခါ ဆရာဝန်လက်အိတ်ရော လူနာနူတ်ခမ်းတဝိုက်ရော နူတ်ခမ်းနီတွေ ပေပွကုန်မှာပါ ။
နူတ်ခမ်းနီပေနေတဲ့ သွားပစ္စည်းကရိယာတွေကလည်း ဆေးကြောရတာ ခက်တာကြောင့် ဆေးခန်းအတွက်လည်း အဆင်မပြေပါဘူး ။
လေဆာနဲ့ အရှေ့သွားများကို သွားဖာတဲ့ကုသမှုများလုပ်တဲ့အခါ ကုသမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ခရီးသွားဟန်လွဲဝင်ပြတာမျိုးမဟုတ်ရင် နူတ်ခမ်းနီဖျက်ပေးပါ ။

(၃) ဆံထုံးများ ။

သွားဆေးခန်းက ထိုင်ခုံကြီးဟာ လဲလျောင်းရတာမျိုးဖြစ်တဲ့အတွက် ဆံထုံးကြီးနဲ့ လာရင်လည်း လူနာရော ဆရာဝန်ရော အဆင်ပြေမှာမဟုတ်ပါဘူး ။
ဆံထုံးကြီးခံနေတာမို့ လူနာရဲ့ခေါင်းဟာ မြင့်နေပြီး ဆရာဝန်က ခုံကို လိုအပ်တာထက် အောက်ကိုချပါလိမ့်မယ် ။
သွားနဲ့ပတ်သက်တဲ့ကုသမှုတွေဟာ မကြာဘူးဆို မိနစ် (၂၀) ခန့်ကြာတတ်တာမို့ လူနာကတော့ ဇက်တွေညောင်းမှာ အသေအချာပါပဲ ။
ကျွန်တော်ကတော့ "ဆံထုံးလေးနဲ့ဆို ဇက်တွေညောင်းမှာနော် ဖြေပေးပါလား " ဆိုပြီး ဖြေခိုင်းပါတယ် ။ အသက်ကြီးတဲ့ အဒေါ်တွေက ချက်ချင်းဖြေပေးကြပေမယ့် တချို့ကြလည်း ခေါင်းမာစွာနဲ့ ရတယ်ပေါ့ ။ ကျွန်တော်ကမရဘူး ။ သူမနာတောင် မညောင်းတောင် ဆံထုံးကြောင့် ကျွန်တော်က ခပ်ကုံးကုံးအနေအထားနဲ့ လူနာကြည့်ရင် ခါးနာမှာမို့ ဆံထုံးကို အားနာစွာနဲ့ ဖြေခိုင်းပါတယ် ။
ဒါကြောင့် သွားဆေးခန်းလာတဲ့အခါ ဆံထုံးတွေလည်း ထုံးမလာသင့်ပါဘူး ။

(၄) ဆံညှပ်များ၊ ဆံဖိများ၊ ဆံထိုးများ ။

ဆံပင်ကို ခွေခေါက်ပြီး ကျားပါးစပ်လို ဆံဖိကြီးက အဆိုးဆုံးပါပဲခင်ဗျာ ။
အဲ့ဒါကြီး ညှပ်ပြီး ရောက်လာရင် လူနာအနေနဲ့ သက်တောင့်သက်သာ လှဲလို့ရမှာမဟုတ်သလို ဆံဖိ၊ ဆံညှပ်တွေက သွားဆေးခန်းခုံရဲ့ လည်သာတွေကို ပျက်စီးစေမှာဖြစ်ပါတယ်ဗျာ ။
သွားဆေးခန်းလာတဲ့အခါ ဆံပင်ကို သားရေကွင်း၊ ခေါင်းစီးကြိုးအပျော့ဖြစ်သာ စည်းသင့်ပါတယ်ဗျာ ။

(၅) သနပ်ခါး ။

ဒီအချက်ကတော့ လူနာအတွက် သီးသန့်သာရည်ရွယ်ပါတယ် ။
ကျွန်တော်တို့ သွားကုသမှုလုပ်တဲ့အခါ အချို့ကုသမှုတွေက မျက်နှာကို ရေတွေ စင်သဗျ ။
လူနာကိုလည်းစင် ဆရာကိုလည်းစင် တချို့အချိန်များဆို သင်္ကြန်ကျနေသလိုပဲ ။
သနပ်ခါးလိမ်းထားတဲ့မျက်နှာကို ရေတွေစင်တော့ ကျွန်တော့်ဆေးခန်းအကူလေးတွေကတော့ ဘယ်အငြိမ်နေမလဲ သုပ်ပေးတာပေါ့ သိတယ်မလား ။
လူနာကိုယ်တိုင်ကလည်း တစ်ရှူးတွေယူသုံးတာပေါ့ ။
ကုသမှုအပြီး ပြန်လည်းကြည့်လိုက်ရော သနပ်ခါးတွေဟာ ကွက်သွားပြီး အားရပါးရ ငိုထားသလို ဖြစ်နေပြီ ။
ဆေးခန်းကအထွက် ပတ်ဝန်းကျင်ကလူတွေ မြင်ရင် ဆေးခန်းက တစ်ခုခုလုပ်လိုက်ကြတယ် ထင်နေမှဖြင့် ။
ဒါကြောင့် သနပ်ခါးလည်း ပျက်မယ့်အတူတူ ထူထူပိန်းပိန်း လိမ်းမလာပါနဲ့နော် ။
ကုသမှုလုပ်နေစဥ် သနပ်ခါး အမှုန်အမွှားတွေ​က ကွာကွာကျနေရင် သွားကုသမှုများကို ထိခိုက်ရလို့ပါဗျာ ။

(၆) အမျိုးသမီးကျန်းမာရေးအကြောင်းပြောပြပါ

အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားရရင်၊ နို့တိုက်မိခင်ဖြစ်နေရင် သွားဆေးခန်းကို ပြောပြပေးပါ ။
ဒါမှ မိခင်ရော ကလေးရော ဘေးကင်းစွာ ကုသမှုခံယူနိုင်ပါတယ် ။
မိမိမှာရှိတဲ့ ရောဂါအခံများ၊ စွဲသောက်နေရတဲ့ဆေးများရှိရင်လည်း ပွင့်လင်းစွာပြောပြပေးပါခင်ဗျာ ။

ဒါကတော့ အမျိုးသမီးတွေအတွက် သတိပြုရမယ့် အချက်လေးတွေပေါ့နော် ။
အားလုံးအတွက် သတိပြုစရာလေးတွေဖြစ်မယ်ထင်ပါတယ် ။ အကျိုးရှိမယ်လို့လည်း ထင်ပါတယ် ။
နောက်ပြီး လူတိုင်းကို မှာချင်တာက သွားဆေးခန်းလာတဲ့အခါ မိမိတို့ရဲ့ သွားလေးတွေကို တိုက်ပြီး လာရင်ပိုကောင်းပါတယ် ။
အစာစားပြီးခါစတွေ လာရင် ကျွန်တော်တို့က အကောင်းဆုံးလုပ်ပေးပေမယ့် အစာတွေဗလပွနဲ့ဆိုတော့ နည်းနည်းတော့ စိတ်ညစ်ပါတယ် ။
ပြီးတော့ အနံ့ပြင်းတဲ့ အစားအသောက်တွေ မစားလာရင်လည်း အကောင်းဆုံးပါပဲ ။ ကျွန်တော်ခဏကပြောပြခဲ့သလိုပဲ ကျွန်တော်တို့မျက်နှာက လူနာရဲ့ပါစပ်နားကို ရောက်နေတာ အကြာကြီးကိုး ။ ကြက်သွန်ဖြူစားထားတဲ့လူနာကို သွားဆရာဝန်တွေ အကြောက်ဆုံးပါပဲ ။ အမှန်အတိုင်းဝန်ခံမယ်နော်...ကျွန်တော်ဆို ကွမ်းနံ့နဲ့ကြက်သွန်ဖြူစားထားတဲ့လူနာကြည့်ပြီးရင် လုံးဝအစားအသောက်ပျက်သွားရော ။အဘထ တစ်နေကုန် ရှူပေရော့ပဲ မူးနောက်ပြီးကျန်ခဲ့တာ ။
ဒါပေမယ့် ဆရာဝန်တွေက ဘယ်အခြေအနေနဲ့ ရောက်လာတဲ့ လူနာဖြစ်ဖြစ် ဝေဒနာနဲ့လာတဲ့သူတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးကုသမှုပေးကြမှာပါ ။
ဒီအချက်လေးတွေကတော့ အမျိုးသမီးလူနာများနဲ့ဆရာဝန်တွေကြား စိတ်အနေခက်စေမယ့် အနေအထားလေးတွေကို ရေးပြခြင်း သက်သက်ပါပဲဗျာ ။

International Women Day ပါဗျာ ။

ချစ်ခြင်းဖြင့်သာမျှဝေပါသည် ။

ဒေါက်တာ မျိုးမြင့်အောင်


သတ္တုအံကပ် (သို့) Metallic Denturesပုံမှန်ရိုးရိုး အံကပ်များနဲ့ မတူပဲ အစားစားရာတွင် သွားအသေစိုက်ထားသကဲ့သို့ ခံစားချက်မျိ...
02/10/2024

သတ္တုအံကပ် (သို့) Metallic Dentures

ပုံမှန်ရိုးရိုး အံကပ်များနဲ့ မတူပဲ အစားစားရာတွင် သွားအသေစိုက်ထားသကဲ့သို့ ခံစားချက်မျိုး ရရှိစေမှာဖြစ်ပါတယ်

ရိုးရိုးအံကပ်တွေထက်

✅ ကပ်အားပိုကောင်းမယ်

✅ ပိုငြိမ်မယ်

✅ ပိုပြီး ဝါးကောင်းမယ်

✅ သွားဖုံးရိုး နိမ့်ကျလာခြင်းကိုလည်း ကာကွယ်ပေးမယ်

သွားများ ကျိုးနေခြင်းကြောင့် အစားအစာ စားသောက်ရာတွင် အခက်အခဲ ဖြစ်ခြင်း ရယ်မောစကားပြောရာတွင် မလှမပ ဖြစ်နေခြင်းကို စိတ်တိုင...
01/10/2024

သွားများ ကျိုးနေခြင်းကြောင့် အစားအစာ စားသောက်ရာတွင် အခက်အခဲ ဖြစ်ခြင်း ရယ်မောစကားပြောရာတွင် မလှမပ ဖြစ်နေခြင်းကို စိတ်တိုင်းမကျ ဖြစ်နေပါသလား ?

စစ်ကိုင်းမြို့မှ “ ထူး သွားနှင့်ခံတွင်းဆေးခန်း ” တွင်

သွားအသေစိုက်ခြင်း ကုသမှုပြုလုပ်ကာ အရင်လိုစားကောင်းအောင် လှပအောင် ကုသနိုင်ပါတယ်။

🤔 သွားအသေစိုက်ခြင်းဆိုတာဘာလဲ ?

သွားအသေစိုက်ခြင်းဆိုသည်မှာ တစ်ချောင်းသို့မဟုတ် တစ်ချောင်းထက်ပိုသော သွားများကျိုးနေခြင်းကို ဘေးရှိသွားများကို တွဲ၍ ကျိုးနေသောသွားများကို ပြန်စိုက်ခြင်းဖြစ်ပါတယ်။

🤗 သွားအသေစိုက်ခြင်းရဲ့ ကောင်းကျိုးများ

၁။ အစားအစာများကို အရင်လို စိတ်တိုင်းကျ ဝါးနိုင်စားနိုင်စေပါတယ်

၂။ ကျိုးနေတဲ့ ရှေ့သွားလေးကို ပြန်စိုက်ပြီး စကားပြော ပြုံးရာတွင်လည် လှပသွားကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေမယ်

၃။ ဘေးကပ်လျပ်ရှိသော သွားများ မျက်နှာခြင်းဆိုင်ရှိသွားများ ယိုင်လာခြင်း၊ စောင်းလာခြင်း၊ ရှည်ကျလာခြင်း တို့ကြောင့် ဘေးသွားများ ပိုးစားခြင်း ပျက်စီးဆုံးရှုံးခြင်းကို ကာကွယ် ပေးနိုင်တဲ့အတွက် သွားနှင့်ခံတွင်း ကျန်းမာရေးကို ပိုကောင်းစေပါတယ်

မိမိရဲ့သွားအနေအထားနဲ့ ကုန်ကျစရိတ်အပေါ်မူတည်ပြီး

🦷 ကြွေအပျော့သွား

🦷 သတ္တုသွား

🦷 သတ္တုတစ်ဝက် ကြွေတစ်ဝက်သွား

🦷 သတ္တုအောက်ခံ ကြွေသွား

🦷 ကြွေအမာသွား

ဆိုပြီး အမျိုးမျိုးရွေးချယ်ကာ သွားစိုက်ကုသမှုခံယူနိုင်ပါတယ်။

သင့်တင့်သော စျေးနှုန်း တိကျ သေသပ် လှပသော သွားလေးများနှင့် သွားအသေစိုက်နိုင်ဖို့အတွက်

စစ်ကိုင်းမြို့က “ ထူး သွားနှင့်ခံတွင်း ဆေးခန်း “ မှာ
ယုံကြည်စိတ်ချစွာ လာရောက် တိုင်ပင်ဆွေးနွေး ကုသမှုခံယူနိုငိပါတယ် 😊

"ထူး" သွားနှင့်ခံတွင်းဆေးခန်း

စစ်ကိုင်းမြို့မစျေးအရှေ့ဘက်
အိုးတန်းလေးလမ်း၊ မင်းလမ်းရပ်ကွက်၊ ပန်းဝါထမင်းဆိုင်လမ်းကြား (သို့) ဒေါက်တာအောင်မိုးဆေးခန်းလမ်းကြား၊ ဗိုလ်ဗိုလ်ဆေးဆိုင်မျက်နှာခြင်းဆိုင်၊ ရွှေပြည့်စုံဟိုတယ်ကပ်ရပ်။

☎️ 09 765 999 700 ☎️ 09 9666 1 222 8

“ ထူး “ သွားနှင့် ခံတွင်းဆေးခန်းတွင် ခေတ်မှီအဆင့်မြင့်ဒစ်ဂျစ်တယ်သွားပုံရိုက်ဓာတ်မှန်Dental X Ray and Sensor ကိုထားရှိထား...
10/05/2024

“ ထူး “ သွားနှင့် ခံတွင်းဆေးခန်းတွင်

ခေတ်မှီအဆင့်မြင့်ဒစ်ဂျစ်တယ်သွားပုံရိုက်ဓာတ်မှန်

Dental X Ray and Sensor ကိုထားရှိထားပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 😊

စစ်ကိုင်းမြို့ရှိ မိဘပြည်သူများအတွက် သွားနှင့်ခံတွင်း ဆိုင်ရာရောဂါ ဝေဒနာ ကုသမှုများကို

ပိုမိုတိကျ ကောင်းမွန်စေရန် ရည်ရွည်ပြီး

မန္တလေးမြို့သို့လည်း တကူးတကသွားပြီး သွားဓာတ်မှန်ရိုက်စရာမလိုပဲ

စစ်ကိုင်းမြို့ရှိ “ ထူး “ သွားနှင့် ခံတွင်းဆေးခန်းတွင်

အကောင်းဆုံး သွားဓာတ်မှန်ကို ရိုက်လို့ရပါပြီ 😊

" ထူး " သွားနှင့်ခံတွင်းဆေးခန်း အတွက် ဆေးခန်းအကူ အမျိုးသမီးတစ်ဦးအလိုရှိပါသည်- အသက် 18 နှစ်မှ 25 နှစ်အတွင်းဖြစ်ရမည်- အိမ်...
08/03/2024

" ထူး " သွားနှင့်ခံတွင်းဆေးခန်း အတွက် ဆေးခန်းအကူ အမျိုးသမီးတစ်ဦးအလိုရှိပါသည်

- အသက် 18 နှစ်မှ 25 နှစ်အတွင်းဖြစ်ရမည်

- အိမ်ထောင်မရှိသူဖြစ်ရမည်

- သပ်ရပ်စွာ ၀တ်စားဆင်ယင်တတ်သူဖြစ်ရမည်

- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်

- ဆေးခန်းမှသင်ကြားပြသသည်များကို သေချာမှတ်ယူနိုင် လေ့လာလိုစိတ်ရှိသူဖြစ်ရမည်

- ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်း‌အောင်သူဖြစ်ရမည်

- ဆေးခန်းမှ ချမှတ်‌‌ထားသောစည်းကမ်းများကို သေချာလိုက်နာနိုင်ရမည်

ရေရှည်လုပ်ကိုင်နိုင်သူပို ဦးစားပေးပါမည်

အလုပ် လျောက်လိုသူများသည် CV Form နှင့်တကွ မျှော်မှန်းလစာကိုရေး၍ လာရောက်ပို့ထားနိုင်သလို Page Messenger သို့လည်းပို့ထားနိုင်ပါသည်။

"ထူး" သွားနှင့်ခံတွင်းဆေးခန်း

စစ်ကိုင်းမြို့မစျေးအရှေ့ဘက်
အိုးတန်းလေးလမ်း၊ မင်းလမ်းရပ်ကွက်၊ ပန်းဝါထမင်းဆိုင်လမ်းကြား (သို့) ဒေါက်တာအောင်မိုးဆေးခန်းလမ်းကြား၊ ဗိုလ်ဗိုလ်ဆေးဆိုင်မျက်နှာခြင်းဆိုင်၊ ရွှေပြည့်စုံဟိုတယ်ကပ်ရပ်။

Address

ပန်းပဲတန်း၊ မုံရွာမန်းလေး လမ်းဟောင်း။
Sagaing

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959765999700

Alerts

Be the first to know and let us send you an email when Htoo Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share