ကြွေလွှာ သွားနှင့်ခံတွင်းဆေးခန်း - Kyway Hlwar Dental Clinic

  • Home
  • Myanmar
  • Oktwin
  • ကြွေလွှာ သွားနှင့်ခံတွင်းဆေးခန်း - Kyway Hlwar Dental Clinic

ကြွေလွှာ သွားနှင့်ခံတွင်းဆေးခန်း - Kyway Hlwar Dental Clinic အုတ်တွင်းမြို့
ရန်မန်းလမ်း မီးပွိုင့်တောင်ဘက်
09955072358

🦷 စနစ်မှန် သွားတိုက်နည်း (Proper Tooth Brushing Method)သွားကို နေ့တိုင်းတိုက်ရုံနဲ့ လုံလောက်ပါသလားအဖြေက No!ပါမှန်ကန်တဲ့န...
12/01/2026

🦷 စနစ်မှန် သွားတိုက်နည်း (Proper Tooth Brushing Method)

သွားကို နေ့တိုင်းတိုက်ရုံနဲ့ လုံလောက်ပါသလား

အဖြေက No!ပါ

မှန်ကန်တဲ့နည်းစနစ်နဲ့တိုက်မှ သွားကျန်းမာပါတယ်

✅ ၁။ သွားတိုက်တံရွေးချယ်ခြင်း

✔ သွားတိုက်တံအမျှင်များ မကြမ်းလွန်း မပျော့လွန်းသုံးပေးပါ (soft bristle toothbrush သုံးလဲရပါတယ်)
✔ သွားတိုက်တံခေါင်းကလည်း သေးသေးနဲ့ ပါးစပ်ထဲ လွယ်ကူစွာရောက်နိုင်တာမျိုးသုံးပေးရပါမယ်



✅ ၂။ သွားတိုက်ဆေး အသုံးပြုပုံ

✔ Fluoride ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ
✔ လူကြီး – ပဲစေ့အရွယ်လောက်
✔ ကလေး – ဆန်စေ့အရွယ်လောက် ထည့်ရင် လုံလောက်ပါတယ်
ကလေးများအတွက် Flurosis(ဖလိုရိုက်ဓာတ်လွန်ကဲခြင်း)မဖြစ်စေရန် ကလေးသွားတိုက်ဆေးသုံးတာက ပိုပြီးစိတ်ချရပါတယ်
(Flurosisအကြောင်းနောက်မှ ရှင်းပြပေးပါမယ်)



✅ ၃။ သွားတိုက်နည်း (အရေးအကြီးဆုံး)

✔ သွားတိုက်တံကို ၄၅ ဒီဂရီခန့် စောင်းပြီးတိုက်ပေးပါ
✔ အထက်အောက်directionအတိုင်းတိုက်ရပါမည်
❌ဘေးတိုက်ပွတ်တိုက်ခြင်းမလုပ်ရပါ
🦷 အစဉ်လိုက် —
• အပေါ်သွား အပြင်ဘက်
• အပေါ်သွား အတွင်းဘက်
• အောက်သွား အပြင်ဘက်
• အောက်သွား အတွင်းဘက်
• သွားအပေါ်ဘက်မျက်နှာပြင် (အစာဝါးသည့်နေရာ)
✔️လျှာကိုပါ လျှာတိုက်တံဖြင့် ပွတ်တိုက်ပေးရပါမယ်



✅ ၄။ သွားတိုက်ချိန်

⏰ အနည်းဆုံး ၂ မိနစ်
မနက် အိပ်ရာထ ၁ကြိမ် + ည အိပ်မဝင်ခင်၁ကြိမ်မဖြစ်မနေ တိုက်ပေးရမည်


❌ မလုပ်သင့်သောအချက်များ

🚫 အင်အားပြင်းပြင်းနဲ့ မတိုက်ပါ
🚫 သွားတိုက်တံ အဟောင်းကို မသုံးပါနှင့်
(၃ လတစ်ခါ ပြောင်းပေးပါ)


သွားကို နာတဲ့အထိ မစောင့်ပါနဲ့
စနစ်မှန်သွားတိုက်ခြင်းက
သွားပေါက်၊ သွားနာကို ကြိုတင်ကာကွယ်ပေးပါတယ် 🦷💙

📩 သွားစစ်ဆေးချင်ရင်
Kyway Hlwar Dental Clinic Page မှာ စာပို့နိုင်ပါတယ်
📞09955072358

2026 နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြပါစေသွားနှင့်ခံတွင်းကျန်းမာရေးလဲ အရင်နှစ်တွေထက် ပိုမိုဂရုစိုက်နိုင်ကြပြီး ပိ...
01/01/2026

2026 နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြပါစေ
သွားနှင့်ခံတွင်းကျန်းမာရေးလဲ အရင်နှစ်တွေထက် ပိုမိုဂရုစိုက်နိုင်ကြပြီး ပိုမိုကောင်းမွန်လှပကြပါစေလို့ အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🏻💜
Happy new yearဖြစ်ပါစေရှင် 💜

❗️ကြွေသွားလဲစိုက်ချင်တယ် ၃ချောင်းတွဲရမှာမလို့ ကုန်ကျစရိတ်များမှာကို စိတ်ပူနေလား 🤔❗️သင်ရယ်လိုက်ရင် မြင်နိုင်တဲ့သွားကို ကြ...
20/05/2025

❗️ကြွေသွားလဲစိုက်ချင်တယ် ၃ချောင်းတွဲရမှာမလို့ ကုန်ကျစရိတ်များမှာကို စိတ်ပူနေလား 🤔

❗️သင်ရယ်လိုက်ရင် မြင်နိုင်တဲ့သွားကို ကြွေသွားစိုက်ပြီး မမြင်ရတဲ့သွားကို အခုပုံထဲကလို သတ္တုသွားနဲ့တွဲစိုက်လို့ရပါတယ်နော်🤗

❗️လှလဲလှမယ် စျေးလဲပိုသက်သာသွားမယ်နော်🤭

💜ကြွေလွှာ သွားနှင့်ခံတွင်းဆေးခန်း - Kyway Hlwar Dental Clinic💜

🏥အုတ်တွင်းမြို့

📲 09269244991 / 09955072358

🦷ကြွေလွှာသွားဆေးခန်း🦷မှာ သွားစိုက်ပေးထားတဲ့ပုံလေးပါBridgeလို့ခေါ်တဲ့ သွားအသေစိုက်နည်းဖြင့်စိုက်ပေးထားတာဖြစ်ပါတယ်အမျိုးအစ...
18/05/2025

🦷ကြွေလွှာသွားဆေးခန်း🦷မှာ သွားစိုက်ပေးထားတဲ့ပုံလေးပါ

Bridgeလို့ခေါ်တဲ့ သွားအသေစိုက်နည်းဖြင့်စိုက်ပေးထားတာဖြစ်ပါတယ်

အမျိုးအစားကတော့ သတ္တုစပ်ကြွေသွား(PFM)ပဲဖြစ်ပါတယ်

❗️သွားဘာကြောင့်စိုက်သင့်သလဲ❓

သွားတစ်ချောင်းနှုတ်လိုက်တဲ့အခါမှာ

📌ဘေးသွားလေးတွေမယိုင်အောင်

📌ရှေ့သွားများဖြစ်လျှင်လှပအောင်

📌သွားနှုတ်တာကြာလျှင် သွားဖုံးရိုးနိမ့်သွားတတ်သည့်အတွက် သွားဖုံးရိုးများ မနိမ့်အောင်

📌အစာစားသည့်ဝါးသည့်အခါ သေချာကြေညက်စေအောင်

သွားပြန်စိုက်ဖို့လိုအပ်ပါတယ်ရှင်

✅သွားအသေစိုက်ခြင်းတွင် ရရှိနိုင်တဲ့အမျိုးအစားများမှာ

1.Metal (သတ္တုသွား)

2.PFM (သတ္တုစပ်ကြွေသွား)

3.Zirconia (နောက်ဆုံးပေါ်ကြွေသီးသန့်သွား)

တို့ပဲဖြစ်ပါတယ်

Confidentရှိရှိပြုံးနိုင်ပါပြီ ✅

‼️သွားမညီ သွားကျဲ သွားထပ်နေသူများအားလုံးအတွက် အခုခေတ်ကြီးမှာ သွားညှိလို့ရနေပြီနော် ‼️သွားညှိစက်(braces or bracket) အကြော...
17/05/2025

‼️သွားမညီ သွားကျဲ သွားထပ်နေသူများအားလုံးအတွက် အခုခေတ်ကြီးမှာ သွားညှိလို့ရနေပြီနော် ‼️

သွားညှိစက်(braces or bracket) အကြောင်းလဲ တော်တော်များများသိနေလောက်ပေမယ့် မသိသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်

ကြွေလွှာဆေးခန်းမှာ သွားညှိကုသမှုများပြုလုပ်ပေးနေပါပြီ

နှစ်သက်ရာ bracketအမျိုးအစားကို ရွေးချယ်တပ်ဆင်နိုင်ပါတယ်

မိမိ၏သွားအခြေအနေပေါ်မူတည်၍ တပ်ရမည့်ကြာချိန် မတူညီပါ

အမှန်တကယ်လှချင်လျှင် စိတ်ရှည်ဖို့လိုပါသည်

✅ဆေးခန်းတွင်ရနိုင်သောအမျိုးအစားများ
Traditional metal/ ceramic
SL metal/ ceramic (self ligating)
Tomy
Damon တို့ပဲဖြစ်ပါတယ်

အသေးစိတ်သိရှိလိုပါက ဆေးခန်းတွင် ဆရာဝန်နှင့် လာရောက်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်

မတင်ဖြစ်တာကြာပေမယ့် treatmentလေးတွေ ပေးနေပါတယ်နော်အခုပုံက သွားညှိကုသမှုကို ခံယူနေတဲ့ အစ်မတစ်ယောက်ရဲ့ပုံပါရှင့်သွားစညှိတာ...
16/05/2025

မတင်ဖြစ်တာကြာပေမယ့် treatmentလေးတွေ ပေးနေပါတယ်နော်
အခုပုံက သွားညှိကုသမှုကို ခံယူနေတဲ့ အစ်မတစ်ယောက်ရဲ့ပုံပါရှင့်
သွားစညှိတာ ၂၀၂၄ ၇လပိုင်းလောက်ကပါ
အခုရိုက်ပြထားတဲ့ပုံက သင်္ကြန်မတိုင်ခင်က ရိုက်ထားတာပါ
အခုဆို သွားလေးတွေလည်း တော်တော်ညီပြီးစေ့လာပါပြီ
Treatment ကတော့ အကုန်တော့မပြီးသေးဘူးပေါ့နော်

ပိုပြီးလှချင်သူများ/ သွားမညီလို့ self-confidence နည်းနေသူများအတွက် braceတပ်ကြပါလို့ အကြံပေးချင်ပါတယ် ☺️

💎 သွားစိန်ကပ်ခြင်း 💎သွားဘက်ဆိုင်ရာ ဆေးကုသမှုအပြင်အခုလို  သွားအလှဆင်တာလေးတွေပါ လုပ်လို့ရပါတယ်ရှင်အခုကပ်ပေးထားတာကတော့ Aqua...
06/07/2024

💎 သွားစိန်ကပ်ခြင်း 💎

သွားဘက်ဆိုင်ရာ ဆေးကုသမှုအပြင်
အခုလို သွားအလှဆင်တာလေးတွေပါ လုပ်လို့ရပါတယ်ရှင်

အခုကပ်ပေးထားတာကတော့ Aqua blue colorလေး ဖြစ်ပါတယ် အပြင်မှာ အရမ်းလှတယ်နော် 😇

📌သွားသန့်ရှင်းရေးလို့ခေါ်တဲ့ သွားကျောက်ခြစ်ခြင်း သွားချိုးခြင်းခြင်း နှင့် ကွမ်းချိုးခြစ်ခြင်းကို အမေးများလို့ ပို့စ်တင်...
04/07/2024

📌သွားသန့်ရှင်းရေးလို့ခေါ်တဲ့ သွားကျောက်ခြစ်ခြင်း သွားချိုးခြင်းခြင်း နှင့် ကွမ်းချိုးခြစ်ခြင်းကို အမေးများလို့ ပို့စ်တင်ပေးလိုက်ပါတယ်နော်

မင်္ဂလာပါရှင့်
ကြွေလွှာသွားနှင့်ခံတွင်းဆေးခန်းတွင် ➡️သွားကျောက်ခြစ်ခြင်း ကွမ်းချိုးခြစ်ခြင်း⬅️များလည်း ပြုလုပ်လို့ရပါတယ်ရှင်

❇️သွားတွင် ကပ်တွယ်နေတတ်သော သွားချိုးများ ကော်ဖီချိုးများ နှင့် ကွမ်းချိုးများ ရှိနေပါက သွားဖုံးကျန်းမာရေးထိခိုက်စေတတ်ပါတယ် (သွားဖုံးယောင်ခြင်းနာခြင်း ခံတွင်းနံ့နံခြင်း)

❇️ထိုချိုးများကို မခြစ်ဘဲ အချိန်ကြာမြင့်လာပါက ရေစီးကမ်းပြိုလို့ခေါ်တဲ့ သွားဖုံးရောဂါဖြစ်လာတတ်ပါတယ်

❇️ရေစီးကမ်းပြိုဖြစ်ပါက သွားများကျဉ်ခြင်း သွားဖုံးယောင်ခြင်း သွားနဲ့ခြင်း ခံတွင်းနံ့နံခြင်းတို့ဖြစ်လာတတ်ပါတယ်

❇️ထို့ကြောင့် သွားချိုးခြစ်ခြင်းကို ခြောက်လတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်

⛔️ကြွေလွှာသွားနှင့်ခံတွင်းဆေးခန်းတွင် သွားကျောက်ခြစ်ခြင်းနှင့် ကွမ်းချိုးခြစ်ခြင်းများကို နာကျင်မှုမရှိဘဲ အချိန်တစ်နာရီခန့်ပေးရုံဖြင့် ကုသနိုင်ပါတယ်ရှင်🤗✅

⛔️ဆေးခန်းတွင် တစ်ခါသုံးပစ္စည်းများ စနစ်တကျပိုးသတ်ထားသော ကိရိယာများကို အသုံးပြုထားသည့်အတွက် ရောဂါကူးစက်မှုများ မဖြစ်နိုင်ပါ
အဆင့်မှီပစ္စည်းများ အသုံးပြုထားသည့်အတွက်လည်း နာကျင်မှု မရှိပါရှင် 💯✅

🏥ကြွေလွှာသွားနှင့်ခံတွင်းဆေးခန်း
ပဲခူးလမ်းမအပေါ် မီးပွိုင့်အနီး
အုတ်တွင်းမြို့
09955072358



အဆင့်မှီပစ္စည်းများ အသုံးပြုထားသည့်အတွက်လည်း နာကျင်မှုမရှိပါရှင့်**💯✅

‼️ရှေ့သွားစိုက်ခြင်း‼️🔸ယခုစိုက်ထားသော သွားအမျိုးအစားမှာ Jacket ခေါ် Acrylic tooth သွားအမျိုးအစားဖြစ်ပါတယ်ရှင့်🔸ကုန်ကျစရိ...
15/06/2024

‼️ရှေ့သွားစိုက်ခြင်း‼️

🔸ယခုစိုက်ထားသော သွားအမျိုးအစားမှာ Jacket ခေါ် Acrylic tooth သွားအမျိုးအစားဖြစ်ပါတယ်ရှင့်

🔸ကုန်ကျစရိတ်သက်သာပြီး ပိုမိုကြည့်ကောင်းသွားစေမှာ ဖြစ်ပါတယ်

အသေးစိတ်သိရှိလိုပါက messenger သို့မဟုတ် 09955072358 viber, telegram သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

☎️09955072358

✅viber number ➡️ +959955072358

✅telegram number ➡️ +959955072358 / https://t.me/kywayhlwardentalclinic

✅Telegram channel လေး joinလို့ ရအောင်ပါ✅Viberလဲ ဖွင့်ထားပါတယ်ရှင်📌Telegram link ▶️  https://t.me/kywayhlwardentalclinic📌...
15/06/2024

✅Telegram channel လေး joinလို့ ရအောင်ပါ
✅Viberလဲ ဖွင့်ထားပါတယ်ရှင်

📌Telegram link ▶️ https://t.me/kywayhlwardentalclinic
📌Viber number ▶️ +959955072358

Address

Bago Road/Yangon-Mandalay Road
Oktwin

Telephone

+959955072358

Website

Alerts

Be the first to know and let us send you an email when ကြွေလွှာ သွားနှင့်ခံတွင်းဆေးခန်း - Kyway Hlwar Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကြွေလွှာ သွားနှင့်ခံတွင်းဆေးခန်း - Kyway Hlwar Dental Clinic:

Share