17/07/2024
#သွားအကြောထုတ်ကုသမှု (Root Canal Treatment) ဆိုတာဘာလဲ ⁉
♻သွားအကြေားထုတ်ကုသခြင်းဆိုတာ အလွယ်ကူဆုံးပြောရရင်တော့ ရောင်ရမ်းပျက်စီးနေတဲ့ သွားရဲ့အတွင်းဖက် အာရုံကြောသွေးကြောများကို ဖယ်ရှားခြင်းဖြစ်ပါတယ်။
💉💊သွားအမြစ်လမ်းကြောင်းအတွင်းနဲ့ သွားအမြစ်ထိပ်ပြည်တည်နာဖြစ်စေတဲ့ (Bacteria) တွေကိုသန့်ရှင်း
ဖို့ အတွက် သွားအမြစ်လမ်းကြောင်းထဲကို (Intracanal medicament) ဆေးထည့်ပေးခြင်းများ ပြုလုပ်ရပါတယ်။ ပြီးတဲ့အခါမှာတော့ သွားမြစ်တုပြန်ထည့်ခြင်းနဲ့ သွားဖာပြီး သွားအစွပ်စွပ်လိုက်တဲ့ အခါမှာ သွားတချောင်းဟာ နှုတ်စရာမလိုပဲ ရေရှည်အသုံးပြုနိုင်သွားပါတယ်။
💎အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သွားများပျက်စီးခြင်း (သွားပိုးစားခြင်း၊ သွားအမြစ်ပတ်လည် နှင့် သွားအမြစ်ထိပ်ပြည်တည်ခြင်း ထိခိုက်ဒဏ်ရာရ၍ သွားများ တပိုင်းတစ ကျိုးပဲ့ခြင်း စတဲ့ အခြေအနေတွေမှာ သွားမနှုတ်ပဲ သွားအကြောထုတ်ကုသနိုင်ပါတယ်။
💎သွားအကြောထုတ်ကုသခြင်းရဲ့ ကောင်းကျိုးတွေများစွာရှိပါတယ်။
1️⃣သွားတစ်ချောင်းအလဟသ မဆုံးရှုံးတော့ခြင်း ၊
2️⃣သွားနှုတ်ပြီးသွားပြန်မစိုက်ရင် ကြုံတွေ့ရမယ့်ပြသနာတွေကိုရှောင်လွှဲနိုင်ခြင်း ၊
3️⃣သွားနှုတ်ပြီးမှသွားပြန်စိုက်တာထက်စာရင် ကုန်ကျစရိတ်ပိုမိုသက်သာစေနိုင်ခြင်း ၊
4️⃣ဘေးသွားတွေကိုထိခိုက်မှုမရှိစေခြင်း ၊
5️⃣ရေရှည်မှာသွားဖုံးရိုးနိမ့်ကျလာတာကို ကာကွယ်နိုင်ခြင်း စတာတွေဖြစ်ပါတယ်။
🛠ဒါ့ကြောင့် သွားပိုးစားတိုင်း သွားကိုက်တိုင်း သွားနှုတ်ခြင်းများ မပြုလုပ်ပဲ သွားအကြောထုတ်ကုသဖို့ အကြံပြု
ပါရစေ။
Smile Lewe သွား၊ ခံတွင်း နှင့် သွာညှိအထူးကုဆေးခန်း ကိုလယ်ဝေးမြို့ အမှတ် (၆)ရပ်ကွက်တွင် ဖွင့်လှစ်ထားပါတယ်။
Smile Lewe သွား၊ ခံတွင်း နှင့် သွာညှိကုဆေးခန်း တွင် အထွေထွေ သွားနှင့်ခံတွင်းရောဂါများနှင့် သွာညှိကုသမှုများကို သင့်တင့်သော ကုသစရိတ်ဖြင့် ကုသမှုခံယူနိုင်ပါတယ်။
အထွေထွေ သွားနှင့် ခံတွင်းရောဂါများဖြစ်သော
#သွာဖာခြင်း (Tooth filling)
#မနာမကျင်သွားနှုတ်ခြင်း (Tooth extraction under LA)
#သွားအကြောထုတ်ကုသခြင်း (Rooth canal treatment)
#သွားအသေစိုက်ခြင်း (Dental crown and bridge)
#အံကပ်ဖြင့်သွားအရှင်စိုက်ခြင်း (Full and partial dentures)
#သွာညှိကုသခြင်း (Orthodontic treatment)
#သွားတွင်စိန်အလှကပ်ခြင်း (Diamond)
#သွားသန့်ရှင်းရေး အတွက် သွားကျောက်ခြစ်ကုသခြင်း (Ultrasonic scaling) တို့ကို စနစ်တကျ ပိုးသတ်ထားသော ကိရိယာများဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ ကုသပေးလျက်ရှိပါသည်
Smile Lewe သွား၊ ခံတွင်းနှင့် သွာညှိကုဆေးခန်း
Address - မြို့သစ် ၂ လမ်း (Crush J2O လမ်း) နှင့် မြို့သစ် ၁၂ လမ်းထောင့်၊ အမှတ် ၆ ရပ်ကွက်၊ လယ်ဝေးမြို့။
🕑 ဆေးခန်းဖွင့်ချိန် 🕗
Monday - Friday
🕑2:00pm to 8:00pm🕗
Saturday - Sunday
🕘9:00am - 8:00pm🕗
Ph: 09440645898, 09970675286