Hmway Dental Clinic - မွှေး သွားနှင့်ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Namsang
  • Hmway Dental Clinic - မွှေး သွားနှင့်ခံတွင်းဆေးခန်း

Hmway Dental Clinic - မွှေး သွားနှင့်ခံတွင်းဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hmway Dental Clinic - မွှေး သွားနှင့်ခံတွင်းဆေးခန်း, Dentist & Dental Office, Namsang.

 #အလုပ်ခေါ်စာနမ့်စန်မြို့ မွှေး သွားနှင့်ခံတွင်းဆေးခန်းအတွက်သွားဆေးခန်းအကူ (မ) ၁ဦး အလိုရှိပါသည်။ပညာအရည်အချင်း - အထက်တန်း...
20/04/2024

#အလုပ်ခေါ်စာ

နမ့်စန်မြို့ မွှေး သွားနှင့်ခံတွင်းဆေးခန်းအတွက်
သွားဆေးခန်းအကူ (မ) ၁ဦး အလိုရှိပါသည်။

ပညာအရည်အချင်း - အထက်တန်း။
အလုပ်အတွက် အစအဆုံးအကုန်ပြန်သင်ပေးမည်။)

အသက်-၁၈နှစ်မှ ၃၀ထိ (အိမ်ထောင်မရှိ၊ကလေးမရှိသူ၊ ကျောင်းဆက်မတက်သူ)

အလုပ်ချိန်-မနက်၈နာရီမှ ညနေ ၅နာရီ။
ပိတ်ရက်- ၁လ ၂ရက်။

လစာ- ၂သိန်း+ရက်မှန်ကြေးbonus++
(အစအဆုံးပြန်သင်နေရသည်ဖြစ်၍ အစမ်းခန့်ကာလ ပထမ၁လအတွက် လစာ ၁သိန်းခွဲ)

အလုပ်မများပါ။ အေးအေးဆေးဆေး သီးသန့်အလုပ်လုပ်ချင်သူနှင့်သာလျှင် သင့်တော်ပါသည်။
ဟောင်ဖွာဖွာ ရှပ်ပြာပြာ ဗလောင်းဗလဲအကျင့်ရှိသူများ လုံးဝ အဆင်မပြေပါ။

လျှောက်ထားလိုလျှင် ၂၅.၄.၂၀၂၄ထိ မနက်၈နာရီမှ ညနေ ၅နာရီအတွင်း
လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
Ph or Msgerမှ လျှောက်သည်များ လက်မခံပါ။
လူကိုယ်တိုင်လာရောက် လျှောက်ထားရန် ။

မွှေးသွားနှင့်ခံတွင်းဆေးခန်း
Ph-09755766027
တိုက်ခန်းNo.11,12 ၊ မြို့မဘုန်းကြီးကျောင်းတိုက်တန်း၊
မူကြိုကျောင်းလမ်း၊နမ့်စန်ဈေးကြီးအနောက်ဘက်၊(၃)ရပ်ကွက်၊
နမ့်စန်မြို့။

📣📣📣 သွားမညီလို့ စိတ်ညစ်နေသူများအတွက် သတင်းကောင်း🦷နမ့်စန်မြို့ မွှေးသွားနှင့်ခံတွင်းဆေးခန်းနှင့် ပင်လုံမြို့ မြို့ဖြူတော်...
06/02/2024

📣📣📣 သွားမညီလို့ စိတ်ညစ်နေသူများအတွက် သတင်းကောင်း🦷

နမ့်စန်မြို့ မွှေးသွားနှင့်ခံတွင်းဆေးခန်းနှင့် ပင်လုံမြို့ မြို့ဖြူတော် သွားနှင့်ခံတွင်းဆေးခန်းတို့တွင် သွားညှိကုသလိုသူများအတွက် အရစ်ကျ ငွေပေးချေခြင်းစနစ်ဖြင့် သွားညှိစက်တပ်နိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်။

ကနဦးအနေနဲ့ ၂၀%ပဲ ပေးသွင်းရုံနဲ့ ကျန်ကုသစရိတ်ကိုလစဉ်အရစ်ကျပေးချေလို့ရတော့ ကုသစရိတ်အတွက် ဝန်မပိတော့ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကုသလို့ရပြီပေါ့။☺️

ဒါဆိုရင် ဘယ်လိုလူတွေ သွားညှိကုသဖို့ လိုအပ်လဲ?
အသက်အရွယ် ကျား/မ မရွေး
သွားလေးတွေ စီတန်းညီညာလှပချင်သူတိုင်း သွားညှိကုသလို့ရပါတယ်ရှင်။🤗

သွားမညီနေတာ သွားထပ်နေတာ သွားခေါနေတာ သွားကျဲနေတာတွေအတွက် ဘဝပေးကုသိုလ်ညံ့လေခြင်း၊ငါ့မှ ဖြစ်ရလေခြင်းလို့ စိတ်ညစ်နေဖို့ ဒီခေတ်ကြီးမှာ မလိုတော့ပါဘူးနော်။

၁နှစ်ကျော််၊၂နှစ်ခန့်အချိန်ပေးရုံနဲ့ သွားညှိကုသမှုခံယူပြီး လူတိုင်းလူတိုင်း သွားလေးတွေ လှပစီတန်းပြုံးပျော်နိုင်ပါပြီရှင်။

🏥 မြို့ဖြူတော်သွားနှင့်ခံတွင်းဆေးခန်း
Ph-09788678878
ပစောက်တိုက်တန်း၊အခန်း(၃)
ပင်လုံဈေးကြီးတောင်ဘက်၊
ကန်တော်ကြီးလမ်း၊ရပ်ကွက်(၂)၊
ပင်လုံမြို့။

🏥 မွှေး သွားနှင့်ခံတွင်းဆေးခန်း
Ph-09755766027
တိုက်ခန်းNo.11,12 ၊ မြို့မဘုန်းကြီးကျောင်းတိုက်တန်း၊
မူကြိုကျောင်းလမ်း၊နမ့်စန်ဈေးကြီးအနောက်ဘက်၊(၃)ရပ်ကွက်၊
နမ့်စန်မြို့။

ဒီ တိတ်လေးတွေကို Sterilization Indicator Tape လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင် "ပိုးသတ်ခြင်းမှန်ကန်ကြောင်းပြတဲ့တိတ်" လို့ ...
06/02/2024

ဒီ တိတ်လေးတွေကို Sterilization Indicator Tape လို့ခေါ်ပါတယ်။
မြန်မာလိုဆိုရင် "ပိုးသတ်ခြင်းမှန်ကန်ကြောင်းပြတဲ့တိတ်" လို့ ပြောရမလားပဲ။

ကျမတို့ရဲ့ မွှေးသွားနှင့်ခံတွင်းဆေးခန်း(နမ့်စန်မြို့)နှင့်
မြို့ဖြူတော်သွားနှင့်ခံတွင်းဆေးခန်း(ပင်လုံမြို့)တို့မှာ သုံးတဲ့ပစ္စည်းတွေကို တစ်ယောက်ကို တစ်စုံနှုန်းနဲ့ သုံးပါတယ်။
(တစ်ယောက်သုံးထားတဲ့ပစ္စည်းကို နောက်တစ်ယောက်ကို ပိုးမသတ်ဘဲ လုံးဝ လုံးဝ ပြန်မသုံးပါ)
သုံးစွဲပြီးတဲ့ ပစ္စည်းကိရိယာတိုင်းကို ပိုးသတ်ရပါတယ်။
ပိုးသတ်နည်းအဆင့်ဆင့်တွေမှာ အဓိကကျဆုံးအဆင့်ကတော့
Autoclaveလို့ခေါ်တဲ့ ပိုးသတ်အိုးနဲ့ သတ်မှတ်ထားတဲ့ အပူချိန်၊ဖိအား၊အချိန် နဲ့ ပိုးသတ်ခြင်းပါ။

ပိုးသတ်တဲ့အချိန်မှာ ခုဏက ပြောတဲ့ တိတ်လေး‌ကို ပိုးသတ်အိုးစက်ထဲမှာ ထည့်လိုက်ပါတယ်။
အမှန်တကယ် ပိုးသတ်ပြီးစီးချိန်မှာ နဂိုမူလတိတ်‌ပြောင်လေးမှာ အစင်းကြောင်းလေးတွေ လာထင်ပါတယ်။

ဒါဆိုရင် ပိုးသတ်ပြီးစီးကြောင်းပေါ့။

ဒီတိတ်လေးတွေ မထည့်ဘဲလည်း ပိုးသတ်လို့လည်း ရတာပါပဲ။
ထည့်လိုက်တော့ သေချာကြောင်း သက်သေရပြီးသားဖြစ်တာပေါ့။

ပိုးသတ်အိုးချို့ယွင်းနေတာကို မသိလိုက်တာဖြစ်စေ၊ ပိုးသတ်တဲ့ ဆေးခန်းအကူညီမလေးတွေရဲ့ လိုအပ်ချက်ကြောင့်ဖြစ်စေ၊ နည်းနည်းလေးမှ လွတ်သွားတယ် မရှိရအောင်၊ သေချာပိုင်နိုင်အောင် သက်သေလေးတခုပေါ့။

ပိုးသတ်ထားတဲ့ ကိရိယာတွေကို UV cabinetထဲမှာ ထပ်ဆင့်ပိုးသတ် ထည့်ထားပါတယ်။
ပိုးသတ်ထားပြီးသားပစ္စည်းတွေကို ထုတ်ယူဖို့ကိုင်တွယ်ရင်လည်း လက်ဗလာနဲ့ လုံးဝ လုံးဝ မကိုင်တွယ်ရပါဘူး။
ပိုးသတ်ထားတဲ့ Cheatle Forcepsလို့ခေါ်တဲ့ ညှပ်နဲ့ ညှပ်ပြီးမှသာ ထုတ်ယူရပါတယ်။

(ကျမတို့ရဲဆေးခန်းတွေမှာ သန့်ရှင်းရေးလုပ်ပုံ၊ ပိုးမကူးစက်အောင် ကာကွယ်ပုံတွေ၊ပိုးသတ်နည်းအစုံအဆင့်ဆင့်တွေကို
နောက်ပို့စ်တွေမှ ဆက်လက်ရေးပြပါဦးမယ်ရှင်)

HIV, B,C စသဖြင့် ရောဂါပေါင်းစုံ များပြားလှတဲ့ခေတ်ကြီးမှာ လူနာကို ဆေးကုတာကနေ လူနာကို ရောဂါဖြန့်ဝေနေတာမျိုးမဖြစ်စေဖို့ Sterilizationလို့ခေါ်တဲ့ ပိုးသတ်တာက တကယ့်ကို အရေးကြီးပါတယ်။

အဲလိုမျိုး အသေးစိတ်ကအစ အမြဲတမ်း စနစ်တကျ ပိုးသတ်ကိုင်တွယ် အသုံးပြုတာမလို့ ကုသမှုခံယူတိုင်း စိတ်ချလက်ချ စိတ်ရှင်းရှင်းထားနိုင်ပါတယ်ရှင်။

မွှေးသွားနှင့်ခံတွင်းဆေးခန်း
Ph-09755766027
တိုက်ခန်းNo.11,12 ၊ မြို့မဘုန်းကြီးကျောင်းတိုက်တန်း၊
မူကြိုကျောင်းလမ်း၊နမ့်စန်ဈေးကြီးအနောက်ဘက်၊(၃)ရပ်ကွက်၊
နမ့်စန်မြို့။

မြို့ဖြူတော်သွားနှင့်ခံတွင်းဆေးခန်း
Ph 09788678878
ပစောက်တိုက်တန်း၊အခန်း(၃)
ပင်လုံဈေးကြီးတောင်ဘက်၊
ကန်တော်ကြီးလမ်း၊ရပ်ကွက်(၂)၊
ပင်လုံမြို့။


မွှေး သွားနှင့်ခံတွင်း ဆေးခန်း

ခံတွင်းနံ့ ဘာကြောင့် ဆိုးရတာလဲ။ 🤢💨🤮ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။1. သွားချေးကျောက်များ ရှိခြင်း...
06/02/2024

ခံတွင်းနံ့ ဘာကြောင့် ဆိုးရတာလဲ။ 🤢💨🤮

ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။
1. သွားချေးကျောက်များ ရှိခြင်း
2. သွားဖုံးရောဂါနဲ့ ရေစီးကမ်းပြိုရောဂါဖြစ်ခြင်း
3. သွားပိုးပေါက်များကြား အစာ ခိုဝင်ကျန်ခြင်း
4. သွားသန့်ရှင်းရေး နည်းခြင်း ( လျှာသန့်ရှင်းရေးနည်းခြင်း၊ သွားအရင်း သွားကြား တချောင်းချင်းကြား သန့်ရှင်းရေး မပြည့်စုံခြင်း၊ သွားကြားပွတ်ကြိုး သုံးသော အလေ့အထ မရှိခြင်း)
5. စနစ်မှန်မဟုတ်တဲ့သွားစိုက်ထားခြင်းဖြင့် အစားများကပ်ညိနေခြင်း
6. ခံတွင်းထဲမှာ ကင်ဆာနာများရှိခြင်း
7. ပါးစပ်ခြောက်ဝေဒနာ (dry mouth)ရှိခြင်း
စသည်ဖြင့် ရှိပါတယ်။

Q:ဘယ်လို ဖြေရှင်းမလဲ။
A:တကယ့်နံစေတဲ့ အကြောင်းအရင်းကို ဖြေရှင်းဖယ်ထုတ်ရပါမယ်။
ဒါဆိုဘာတွေလဲ။
အပေါ်က အချက်တွေအရ
ကုသမှုယူရမယ့် ရောဂါတွေကို ဖယ်လိုက်ရင် ပါးစပ်ထဲမှာ အနံ့ဆိုး အဓိက ထုတ်ပေးနေတာတွေက
သွားချေးကျောက်၊ အစားကြွင်းအကျန်အညှိတွေပဲ ဖြစ်ပါတယ်။

ဒါဖြင့်ရင် အဲဒီ့သွားချေးကျောက် အစားကျန်တွေကို ဖယ်ရပါမယ်။
အစားကြွန်းကျန်အညှိတွေကိုတော့ သွားစနစ်တကျ တိုက်ခြင်း၊ သွားကြားပွတ်ကြိုး သုံးပေးခြင်းတို့နဲ့ သန့်ရှင်းလို့ရပါတယ်။
သွားပိုးပေါက်ထဲမှာ အစာကပ်ကျန် ပုန်းခိုမနေအောင် အဲဒီ့သွားပိုးပေါက်အခေါင်းကို သွားဆေးခန်းမှာ ဖာရပါမယ်။
အဓိက အနံ့ဆိုး ထုတ်လွှတ်ပေးနေတဲ့
သွားချေးကျောက်တွေကိုတော့ မိမိဘာသာ ဖယ်ရှားလို့ မရနိုင်ပါဘူး။
သွားဆေးခန်းမှာ စနစ်တကျ ဖယ်ရှား သန့်ရှင်းရေးလုပ်ရပါတယ်။

ဒါဆိုရင်
1. သွားသန့်ရှင်းရေးလုပ် သွားကျောက်ခြစ်မယ်
2. သွားပိုးပေါက်ဖာမယ်
3. စနစ်တကျ သွားတိုက်မယ်၊ သွားကြားပွတ်ကြိုး/သွားကြားသန့်ရှင်းစက် သုံးမယ် ဆိုရင်
ခံတွင်းနံ့ ကင်းစင် ပြုံးပျော်ရွှင်မယ့် ယုံကြည်မှုအပြည့်ရှိတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

နောက်တခါpostမှာတော့ ယုံကြည်မှုလျော့နည်းစေတဲ့၊အင်မတန် ဒုက္ခပေးတဲ့ ၊ စကားပြောတိုင်း နံ၊ မိုးလင်းအိပ်ရာထတိုင်းနံစေတဲ့ သွားချေးကျောက်များအကြောင်းကို ရေးပါမယ်ရှင်။

မွှေးသွားနှင့်ခံတွင်းဆေးခန်း
Ph-09755766027
တိုက်ခန်းNo.11,12 ၊ မြို့မဘုန်းကြီးကျောင်းတိုက်တန်း၊
မူကြိုကျောင်းလမ်း၊နမ့်စန်ဈေးကြီးအနောက်ဘက်၊(၃)ရပ်ကွက်၊
နမ့်စန်မြို့။

မြို့ဖြူတော်သွားနှင့်ခံတွင်းဆေးခန်း
Ph 09788678878
ပစောက်တိုက်တန်း၊အခန်း(၃)
ပင်လုံဈေးကြီးတောင်ဘက်၊
ကန်တော်ကြီးလမ်း၊ရပ်ကွက်(၂)၊
ပင်လုံမြို့။

မင်္ဂလာပါရှင်။လူကြီးမင်းတို့ရဲ့ အပြုံးများ ဖြူစင်လှပစေဖို့ နမ့်စန်မြို့တွင် မွှေးသွားနှင့်ခံတွင်းဆေးခန်း(Hmway Dental Cl...
20/01/2024

မင်္ဂလာပါရှင်။
လူကြီးမင်းတို့ရဲ့ အပြုံးများ ဖြူစင်လှပစေဖို့ နမ့်စန်မြို့တွင် မွှေးသွားနှင့်ခံတွင်းဆေးခန်း(Hmway Dental Clinic)ကို ဖွင့်လှစ်ထားကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။

ကျမတို့ရဲ့ မွှေးသွားနှင့်ခံတွင်းဆေးခန်းတွင် သွားနှင့်ခံတွင်းရောဂါများ၊ပြသနာများအတွက် ခေတ်မှီနည်းပညာများဖြင့် အဆင့်မှီမှီ ကုသပေးလျှက်ရှိပါတယ်ရှင်။
အောက်ပါကုသမှုများ ရရှိနိုင်ပါတယ်။
1. သွားညှိကုသခြင်း(ထပ်နေသော၊ကျဲနေသော၊ခေါနေသော၊ မညီညာနေသော သွားများကို သွားညှိုစက်တပ်၍ ကုသပေးခြင်း)
2. ကြွေကြည်သွား၊ရိုးရိုးကြွေသွား၊သတ္တုသွားဖြင့် သွားအသေစိုက်ခြင်း
3. သွားအရှင်စိုက် အံကပ်ပြုလုပ်ခြင်း
4. သွားအမြစ်တုတိုင်implantထည့်၍ သွားစိုက်ခြင်း
5. သွားကြွေလွှာကပ်၍ ပိုမိုလှပဖြူဖွေးအောင်ကုသခြင်း
6. လေဆာဖြင့် သွားများဖြူဖွေးတောက်ပအောင် ပြုလုပ်ခြင်း
7. လေဆာဖြင့်သွားဖာခြင်း၊ဆေးဖြင့် သွားဖာခြင်း
8. သွားအကြောထုတ်ကုသခြင်း
9. နာကျင်မှုမရှိစေဘဲ သွားနှုတ်ခြင်း
10. နာကျင်ကိုက်ခဲစေသော အံဆုံးသွားများကို ခွဲနှုတ်ခြင်း
11. သွားဖုံးရောဂါများ ကုသခြင်း
12. သွားသန့်ရှင်းရေး၊သွားချေးကျောက်များခြစ်ခြင်း၊ ကွမ်းဂျိုးဆေးလိပ်ဂျိုးများ သန့်ရှင်းခြင်း
13. သွားစိန်အလှတပ်ခြင်း
14. ကလေးသွားများ ကုသခြင်း။
15. သွားဓါတ်မှန်ရိုက်ခြင်း

မိမိတို့ရဲ့ သွားနှင့်ခံတွင်းပြသနာများအတွက် တိုင်ပင်မေးမြန်း ဆွေးနွေးလိုလျှင်လည်း ဆေးခန်းသို့ ဆွေးနွေးခ #အခမဲ့ဖြင့် လာရောက်တိုင်ပင်နိုင်ကြောင်းလည်း နွေးထွေးစွာ သတင်းစကားပါးပါရစေရှင်။

မွှေးသွားနှင့်ခံတွင်းဆေးခန်း
တိုက်ခန်းNo.11,12 ၊ မြို့မဘုန်းကြီးကျောင်းတိုက်တန်း၊
မူကြိုကျောင်းလမ်း၊နမ့်စန်ဈေးကြီးအနောက်ဘက်၊(၃)ရပ်ကွက်၊နမ့်စန်မြို့(ရှမ်းတောင်)။
Ph-09755766027

ဆေးခန်းဖွင့်ချိန်- မနက်၈နာရီမှ-ညနေ ၅နာရီအထိ။

Address

Namsang

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959755766027

Website

Alerts

Be the first to know and let us send you an email when Hmway Dental Clinic - မွှေး သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share