Phyu Sin Aesthetic Dental Clinic

Phyu Sin Aesthetic Dental Clinic Aesthetic Dental Clinic

Wishing you a Merry Christmas and a New Year filled with hope, health, and happiness.
25/12/2023

Wishing you a Merry Christmas and a New Year filled with hope, health, and happiness.

၁၅လ အရစ်ကျပေးသွင်းရုံနဲ့ သွားညှိကုသမှုရယူနိုင်မယ့် အခွင့်အရေး 🤩🤩🤩👨‍⚕️သွားညှိကုသရာမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံများစွာရှိ...
02/06/2023

၁၅လ အရစ်ကျပေးသွင်းရုံနဲ့ သွားညှိကုသမှုရယူနိုင်မယ့် အခွင့်အရေး 🤩🤩🤩

👨‍⚕️သွားညှိကုသရာမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံများစွာရှိတဲ့ ဆရာဝန်များနဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူလို့ရပါပြီ။

အမျိုးအစားအလိုက် ပစ္စည်းကောင်းများကိုသာ အသုံးပြုကုသပေးမှာဆိုတော့ ၁၀၀ % စိတ်ချယုံကြည်လို့ရတယ်နော်👨‍⚕️👩🏻‍⚕️

သွားညှိကုသပြီးတဲ့နောက်မှာ သွားလေးတွေညီညာလှပသွားရုံသာမက သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်နော်။

သွားလေးတွေညီညာသွားတဲ့အတွက်
🦷သွားသန့်ရှင်းရေးလုပ်ရတာ ပိုမိုလွယ်ကူလာပြီးသွားချေးကပ်တာတွေ သွားဖုံးယောင်တာတွေလျော့နည်းသွားမယ်
🦷သွားနှစ်ချောင်းကြားအစာညပ်ပြီး သွားပိုးစားတဲ့ ပြဿနာတွေလျော့ကျသွားမယ်
🦷အစာ စားရ၊ ဝါးရတာလဲ ပိုမိုကောင်းမွန်လာပါလိမ့်မယ်

သွားညှိကုသဖို့ အမျိုးအစားအများကြီးရှိတဲ့အတွက် ဘယ်အမျိုးအစားနဲ့သင့်တော်မယ်ဆိုတာ အသေးစိတ်လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော်
ကုသမှုခံယူချင်​သူ​များအ​နေနဲ့ Appointment ကြိုတင်​ယူပေးဖို့​ မေတ္တာရပ်​ခံချင်​ပါတယ်​ဗျ။

PhyuSinAestheticDentalClinic

02/06/2023
🙎‍♀️ခံတွင်းသန့်ရှင်းဖို့ သွားတိုက်ရုံနဲ့လုံလောက်ပြီလား❓👨‍⚕️သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။      သွားပွတ်ကြိုး Dental flo...
31/05/2023

🙎‍♀️ခံတွင်းသန့်ရှင်းဖို့ သွားတိုက်ရုံနဲ့လုံလောက်ပြီလား❓
👨‍⚕️သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။
သွားပွတ်ကြိုး Dental floss ပါသုံးပေးရပါမယ်။

အနည်းဆုံး တစ်နေ့တကြိမ် ညအိပ်ရာမဝင်မှီ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ် သွားတိုက်ပြီးမှ အိပ်ယာဝင်ပါ။

❤️လှပသောအပြုံးများပိုင်ဆိုင်နိုင်ကြပါစေ❤️

Phyu Sin Aesthetic Dental Clinic
09979098999

"သွားကြားပွတ်ကြိုး (Dental Floss) နှင့် ခံတွင်းကျန်းမာရေး"< ✨ ယနေ့ခေတ်မှာတော့ သွားပုံမှန် မတိုက်တဲ့သူက မရှိသလောက် နည်းပါ...
31/05/2023

"သွားကြားပွတ်ကြိုး (Dental Floss) နှင့် ခံတွင်းကျန်းမာရေး"
<

✨ ယနေ့ခေတ်မှာတော့ သွားပုံမှန် မတိုက်တဲ့သူက မရှိသလောက် နည်းပါးလာပြီ ဖြစ်သော်လည်း မေ့နေကြတဲ့ အရာတစ်ခုက "သွားကြားပွတ်ကြိုး" အသုံးပြုခြင်းဖြစ်ပါတယ် ။

✨ အမေရိကန်နိုင်ငံလို ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံမှာတောင် လူဦးရေ တစ်ဝက်လောက်က သွားတိုက်တာတစ်ခုထဲလုံလောက်သည် အထင်နှင့် သွားကြားပွတ်ကြိုးကို အသုံးပြုဖို့ မေ့လျော့နေကြပါတယ်လို့ဆိုပါတယ် ။


✨ သွားတိုက်ခြင်းက သွား၏ အပေါ်မျက်နှာပြင်၊ ပါးဘက်နှင့် လျှာဘက် မျက်နှာပြင်မှာ ရှိတယ့် အစာကြွင်းအစာကျန်တွေကို ဖယ်ရှားပေးနိုင်သော်လည်း သွားတစ်ချောင်းနှင့် တစ်ချောင်းထိကပ်နေတဲ့ ဘေးဘယ်ညာ မျက်နှာပြင်က နေရာမှာကပ်ငြိနေတဲ့ အစာကြွင်း အစာကျန်တွေကို ဖယ်ရှား မပေးနိုင်ပါဘူး ။

✨ ဒါကို လူအများက သွားကြားထိုးတံကို သုံးပြီးဖြေရှင်းကြလေ့ရှိပါတယ်။ ဆိုးကျိုးအနေနဲ့ သွားကြားမှာ ရှိတဲ့ သွားဖုံးတွေကို ထိခိုက်မိပြီး သွားဖုံးတွေရောင်ရာမှာ သွားဖုံးတွေနိမ့်ဆင်းလာခြင်း ၊သွားတွေကြဲလာခြင်း စသည်တို့ ဖြစ်တတ်ပါတယ် ။

✨😥 သွားဆေးခန်းကိုလာပြကြတဲ့ လူနာတွေကို ကြည့်ရင်လည်း သွားနှစ်ချောင်းကြားမှာ သွားပိုးပေါက်ဖြစ်ခြင်း (Interproximal caries) ကို တွေ့ရလေ့ရှိပါတယ် ။

🤗 သွားကြားပွတ်ကြိုးက ဆေးဆိုင်တွေ ၊ သွားနှင့်ခံတွင်းဆေးခန်းတွေ နဲ့ ကုန်စုံဆိုင်တွေမှာ အလွယ်တကူ စျေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တာကြောင့် သွားကြားပွတ်ကြိုးလေးတွေ ဝယ်ယူ သုံးစွဲသင့််ပါတယ် ။

🤗 ပုံမှန်အားဖြင့် တစ်နေ့ကို တစ်ကြိမ် ညအိပ်ရာမဝင် မှီ သွားကြားပွတ်ကြိုး နဲ့ သန့်ရှင်းရေးလုပ်ပြီး သွားတိုက်ကာ အိပ်စက်နိုင်ပါတယ် ။

🤗 သို့သော် တချို့တွေက မနက်ပိုင်း သို့မဟုတ် နေ့လည်ပိုင်း စသည်ဖြင့် မိမိအဆင်ပြေသည့် အချိန်မှာ သွားကြားပွတ်ကြိုးသုံးလေ့ရှိပါတယ်။ သွားဆရာဝန်နှင့် တိုင်ပင်ပြီးတော့ သွားကြားပွတ်ကြိုး အသုံးပြုပုံ နှင့် အသုံးပြုရမည့် အချိန်အခါ ကို ဆွေးနွေးတိုင်ပင်နိုင်ပါသည် ။

သွားကြားပွတ်ကြိုးနှင့် အကျိုးကျေးဇူးများ
========================

👉(၁) သွားကြားပွတ်ကြိုးကို အသုံးပြုခြင်းအားဖြင့် သွားတိုက်တံ မရောက်နိုင်တဲ့ နေရာတွေမှာရှိတဲ့ အစာကြွင်းအစာကျန်တွေဖယ်ခြားပေးနိုင်ခြင်း …။

👉(၂) စျေးသက်သက်သာသာနှင့် အလွယ်တကူဝယ်ယူရရှိနိုင်ခြင်း … ။

👉(၃) သွားကြားမှာဖြစ်တဲ့ သွားပိုးပေါက်တွေကို လျော့ချပေးနိုင်ခြင်း… ။

👉(၄) သွားဖုံးရောဂါတွေ ကင်းစင်ပြီးလှပတဲ့ အပြုံးကိုဖော်ဆောင်ပေးနိုင်ခြင်း…
စသည်ဖြင့် အကျိုးကျေးဇူးတွေများပါတယ် ။

❤ ဒါကြောင့် သွားပိုးပေါက်တွေ ကင်းစင်ပြီး သွားဖုံးရောဂါတွေ ပပျောက်ဖို့ သွားကြားပွတ်ကြိုးသုံးကြစို့ … ❤

🤗 တစ်နေ့နှစ်ကြိမ် မနက်တစ်ကြိမ် ၊ညတစ်ကြိမ် ပုံမှန်သွားတိုက်ဖို့ နှင့်

၆ လတစ်ကြိမ် သွားနှင့်ခံတွင်း ဆေးခန်းတွေမှာ သွားနှင့်ခံတွင်း ကျန်းမာရေးကို စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေခံယူဖို့လည်းမမေ့ကြဖို့ နှိုးဆော်လိုက်ပါသည်။

ဆန္ဒမွန်ဖြင့်…

Dr. Ye Win Naing
17August 2017

Ref by
Credit with respect.

Let’s settle this :SQUEEZE or ROLL?Comment your answer below .
31/05/2023

Let’s settle this :
SQUEEZE or ROLL?
Comment your answer below .

Are you brushing your teeth the correct way? The goal of brushing your teeth is to remove plaque, the white sticky mater...
30/05/2023

Are you brushing your teeth the correct way?

The goal of brushing your teeth is to remove plaque, the white sticky material which causes decay. To remove plaque, it’s good brushing technique that matters most, rather than brushing hard.

Proper brushing takes at least two minutes — that’s right, 120 seconds! Most adults do not come close to brushing that long!
To properly brush your teeth, use short, gentle strokes, paying extra attention to the gumline, hard-to-reach back teeth and areas around fillings, crowns or other restoration.

Concentrate on thoroughly cleaning each section as follows:

Clean the outer surfaces of your upper teeth, then your lower teeth.

Clean the inner surfaces of your upper teeth, then your lower teeth.

Clean the chewing surfaces.

For fresher breath, be sure to brush your tongue, too.

AND DON’T FORGET TO FLOSS!

Contact us: 09979098999
Phyu Sin Aesthetic Dental Clinic.

🦷သွားနှုတ်ပြီးလိုက်နာရန်ကျတော်တို့ "သွားလေးတွေ " အဓိကဆုံးရှုံးနေရတဲ့ အကြောင်းကြီး (၂) ချက်က 👉 သွားပိုးစားရောဂါ နဲ့ 👉 သွာ...
28/05/2023

🦷သွားနှုတ်ပြီးလိုက်နာရန်

ကျတော်တို့ "သွားလေးတွေ " အဓိကဆုံးရှုံးနေရတဲ့ အကြောင်းကြီး (၂) ချက်က

👉 သွားပိုးစားရောဂါ နဲ့
👉 သွားဖုံးရောဂါတွေ ကြောင့်ပဲဖြစ်ပါတယ် ။

အကြောင်းအမျိုးမျိုးကြောင့် သွားနှုတ်ဖို့် လိုလာပြီဆိုရင်တော့ သွားဆေးခန်းကိုတော့ ပြေးရတော့မှာပါ ။

သွားနှုတ်ပြီးရင် လိုက်နာရမည့် အချက်လေးတွေကို သက်ဆိုင်ရာ သွားဆရာဝန်က ညွှန်ကြားလေ့ရှိပါတယ် ။

👉လိုက်နာရန်👈
=========

(၁) ဂွမ်းကိုက်ထားရန်။ သွားနှုတ်ပြီးပြီ ဆိုရင် သွေးတိတ်အောင် ဂွမ်းကို (၄၅) မိနစ်ကနေ (၁)နာရ်ီလောက် ကိုက်ထားရပါမယ်။ ဂွမ်းထုတ်ပြီးရင်တော့ ပှံမှန်အတိုင်း ရေသောက် ထမင်းစားလို့ရပါပြီ ။သို့သော် အစာပျော့လေးတွေကနေ စပြီး စားပေးရပါမယ်။ အချိန်ပြည့်လို့ ဂွမ်းထုတ်ပြီး သွေးမတိတ်သေးရင် ဂွမ်းကိုနောက်ထပ် နာရီဝက် ဆက်ကိုက်ထားပေးပါ။ ကိုက်ထားသော်လည်း ထပ်ထွက်နေရင် ဆေးခန်းကိုဆက်သွယ်ပြီးပြန်လာပြပါ။

(၂) သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ တံတွေးထွေးတာ သွားနှုတ်ပြီး တစ်ရက်အတွင်းမလုပ်ရပါဘူး။

(၃) သွားနှုတ်ပြီး ဂွမ်းကိုက်ထားချိန်ထွက်လာတဲ့ တံတွေးတွေကို အပြင်ကို အားသုံးပြီး မထွေးဘဲ မြိုချပေးရပါမယ် ။

(၄) အရမ်းပူတဲ့အစားအ‌သောက်တွေ ရှောင်ရပါမယ်။ ဖြစ်နိုင်ရင်တော့ သွားနှုတ်ထားဘက်ကိုသုံးပြီး မစားသင့်သေးပါဘူး ။ သွားနှုတ်ထားတဲ့နေရာကို လျှာနဲ့ထိုးတာတို့ ဘာတို့ မလုပ်ရပါဘူး။ သွေးခဲလေးတွေပြန်ပြုတ်ထွက်ပြီး သွေးမတိတ်ဖြစ်တတ်ပါတယ် ။

(၅) ဖိအားသုံးရတဲ့ အလုပ်တွေဖြစ်တဲ့ ပိုက်နဲ့ အချိုရည် သို့မဟုတ် အခြားအရည်တွေကို စုပ်သောက်ခြင်းကို ရှောင်ကြဉ်ရပါမယ် ။

(၆) နှုတ်လိုက်ရတဲ့ သွားအနေအထားနဲ့ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အကိုက်ခဲပျောက်ဆေးတွေ ၊ ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေသောက်ဖို့လိုလို့ ညွှန်ကြားလိုက်ရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင်သောက်ပေးရပါမယ် ။

(၇) တချို့ ခွဲနှုတ်ထားတဲ့ သွားတွေဆိုရင် ၂ရက်၊၃ရက်လောက်ရောင်နေတတ်ပါတယ်။ စိုးရိမ်စရာမရှိပါ။ ဆေးသေချာသောက်ပေးပါ။ ရောင်ရမ်းတာတွေနဲ နာကျင်မှုတွေသက်သာဖို့ သွားနှုတ်ပြီး ၂၄နာရီ/(၁)ရက် ပြည့်ရင်တော့ ရေနွေးနွေးလေးထဲ ဆားလေးနည်းနည်းထည့်ပြီး ဆားရေနွေးလေး ပလုတ်ကျင်းပေးလို့ရပါတယ် ။ ဆေးအပူတွေ ပါးဘက်ကနေလိမ်းတာရှောင်ကြဉ်ပါ။

(၈) ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်ဘီယာသောက်ခြင်းတို့ က အနာကျက်တာ နှေးစေတာကြောင့် ရှောင်ရပါမယ်။

(၉) သွားနှုတ်ပြီးရင် ပြင်းပြင်းထန်ထန် အလုပ်တွေ လေ့ကျင့်ခန်းတွေ မလုပ်သင့်သေးပါဘူး ။

တစ်ခါတလေ ဆရာဝန်က အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရန်ရှောင်ရန်တွေ ညွန်ကြားဖို့ကျန်ခဲ့မယ်ဆိုရင် မိမိက အလိုက်သိ မေးမြန်းရမှာဖြစ်ပါ။ ဘယ်ချိန်ထိ ဂွမ်းကိုက်ထားရမှာလဲ? ဘယ်ချိန်ထမင်းစားလို့ရပြီလဲ? စသည်ဖြင့်

(၁၀) နောက်ဆုံးတစ်ခုကတော့ သွားနှုတ်ပြီးပြီဆိုရင် နှုတ်ထားတဲ့သွားနေရာကို (၆) လ ထက်နောက်မကျဘဲ သွားလေးတွေပြန်စိုက်ပေးဖို့လိုပါတယ်။ ဒါမှသာ ဘေးသွားတွေရွေ့လာတာ၊ စောင်းလာတာ၊ မျက်နှာချင်းဆိုင်သွားတွေ ရှည်ကျလာတာ၊ ပါးတွေချိုင့်လာတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

#အားလုံးကျန်းမာကြပါစေ

ဆန္ဒမွန်ဖြင့်…
Dr. Ye Win Naing

ရေးသားချိန်
17July 2017
2:30 (နံနက်)
Credit with respect.

🔵Free Dental Check Up and Consultation ကျနော်တို့ ဖြူစင်သွားဆေးခန်းမှ သွားနှင့်ခံတွင်းဆိုင်ရာ စစ်ဆေးပေးခြင်းနှင့် ဆွေးနွ...
28/05/2023

🔵Free Dental Check Up and Consultation

ကျနော်တို့ ဖြူစင်သွားဆေးခန်းမှ သွားနှင့်ခံတွင်း
ဆိုင်ရာ စစ်ဆေးပေးခြင်းနှင့် ဆွေးနွေးပေးခြင်း အခမဲ့ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် အောက်ပါ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများ၊ပြဿနာများကို ဆွေးနွေးတိုင်ပင်ကုသနိုင်ပါတယ်။

🦷သွားနှုတ်ကုသခြင်း-Dental Extraction

🦷သွားဖာခြင်း-Dental Restoration

🦷သွားအကြောထုတ်ကုသခြင်း-Root Canal Treatment(RCT)

🦷သွားအသေစိုက်ခြင်း-Dental Crown and Bridge

🦷အံကပ်ပြုလုပ်ခြင်း-Dentures

🦷သွားအမြစ်တု အစားထိုးကုသခြင်း-Dental Implant

🦷သွားများညီညာလှပစေရန် သွားညှိကုသခြင်း-Orthodontics Treatment

🦷သွားကျောက်ခြစ်ခြင်းနှင့် ကွမ်းဂျိုးခြစ် သန့်စင်ပေးခြင်း-Dental Scaling and Polishing

🦷သွားစိန်အလှကပ်ခြင်း-Dental Skyce

🔵လိပ်စာ-မြင်းမူ၊စစ်ကိုင်းတိုင်း။

🔵ဖုန်း-09 979098999

☘️စနစ်တကျ ပိုးသတ်သန့်စင်ထားသော ကိရိယာများဖြင့်သာ လူနာများကို စမ်းသပ်ကုသဝန်ဆောင်မှုပေးပါသည်။


🔴သွားတိုက်နည်းစနစ်မမှန်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ🔴🔴သွားကြွေလွှာပွန်းပဲ့ ပျက်စီးခြင်း (Cervical Abrasion...
09/09/2022

🔴သွားတိုက်နည်းစနစ်မမှန်ခြင်းကြောင့်
ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ🔴

🔴သွားကြွေလွှာပွန်းပဲ့ ပျက်စီးခြင်း (Cervical Abrasion)
-မိတ်ဆွေတို့ သွားတိုက်တဲ့အခါ သွားတိုက်နည်းစနစ်
မမှန်ကန်ပါက နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ အပေါ်ယံသွားကြွေလွှာများပျက်စီးဆုံးရှုံးခြင်း၊
သွားဖုံးနှင့်သွားထိစပ်နေသောနေရာတွင် အချိုင့်
ဖြစ်ပေါ်လာခြင်း၊သွားကျဉ်ခြင်းများခံစားရတတ်
ပါသည်။

🔴သွားဖုံးနိမ့်ခြင်း(Gingival Recession)
-သွားတိုက်နည်းစနစ်မမှန်ကန်ခြင်းသည် သွားဖုံးများကိုလဲပျက်စီးစေပါသည်။သွားဖုံးများနိမ့်ကျပြီး
သွားကျဉ်ခြင်း ခံစားရတတ်ပါသည်။

အဆုံးသတ်အားဖြင့် သွားတိုက်နည်းစနစ်
မမှန်ကန်ခြင်းသည် အချိန်ကြာလာတာနှင့်အမျှ
သွားများကို ပျက်စီးစေပါသည်။

Phyu Sin
Aesthetic Dental Clinic

လိပ်စာ-မြင်းမူ၊စစ်ကိုင်းတိုင်း။

ဖုန်း-09 979098999





Address

မုံရွာ၊မန္တလေးလမ်း
Myinmu

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959979098999

Website

Alerts

Be the first to know and let us send you an email when Phyu Sin Aesthetic Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phyu Sin Aesthetic Dental Clinic:

Share