Kaung Thukha

Kaung Thukha The diagnosis, treatment, and overall coordination of services related to your oral health needs 🦷

“ကောင်းသုခ” သွားနှင့်ခံတွင်းဆေးခန်းရဲ့ သင်္ကြန်ပိတ်ရက်အဖြစ် 13.4.2024 မှ 17.4.2024 အထိသတ်မှတ်ထားပါတယ် ခင်ဗျ🌸🌷    **18.4....
12/04/2024

“ကောင်းသုခ” သွားနှင့်ခံတွင်းဆေးခန်းရဲ့ သင်္ကြန်ပိတ်ရက်အဖြစ် 13.4.2024 မှ 17.4.2024 အထိသတ်မှတ်ထားပါတယ် ခင်ဗျ🌸🌷

**18.4.2024 ရက်နေ့မှစ၍ ပုံမှန်အချိန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမယ်ခင်ဗျာ။
🌸🌸အားလံုးပဲမဟာသင်္ကြန်နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျ🌸🌻

လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး နှင့် အလှအပအတွက် ကောင်းသုခသွားနှင့်ခံတွင်းဆေးခန်း မှ ကူညီပါရ​ စေ ခင်ဗျ 😍 🎉...
06/03/2024

လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး
နှင့် အလှအပအတွက် ကောင်းသုခသွားနှင့်ခံတွင်းဆေးခန်း မှ ကူညီပါရ​ စေ ခင်ဗျ 😍

🎉 March လရဲ့ special promotion အနေနဲ့
သွားနှင့်ခံတွင်း ကုသမှု အားလုံး ကို 15% off
promotion ရှိပါတယ်ခင်ဗျ🥳🥳

⏰ Promotion လေးကတော့ 7.3.2024 မှ 21.3.2024 အထိ ဖြစ်ပါတယ် ခင်ဗျ🤩🤩🤩

💝 လူဦးရေ အကန့်အသတ်ရှိတဲ့အတွက် page messenger သို့မဟုတ် ☎ 09 980711777
ကို booking ယူထားဖို့ မမေ့နဲ့ဦးနော် 🤫

📝 သွားနှင့်ခံတွင်း ကျန်းမာရေး နဲ့ ပတ်သက်တဲ့
ဗဟုသုတလေးတွေကိုလည်း မျှဝေပေးသွားမှာမို့ page လေးကိုလည်း like & follow လုပ်ထားပေးစေချင်ပါတယ်ခင်ဗျ 😘😘😘

dental clinic myingyan

 🌸သွားအကြောထုတ်ကုသခြင်းအကြောင်း သိကောင်းစရာများ🌸 🦷အရင်ခေတ်က သွားတစ်ချောင်းနာလာပီဆိုရင် သွားနုတ်ပစ်လိုက်ကြတာ များပါတယ်။ န...
02/03/2024


🌸သွားအကြောထုတ်ကုသခြင်းအကြောင်း သိကောင်းစရာများ🌸
🦷အရင်ခေတ်က သွားတစ်ချောင်းနာလာပီဆိုရင် သွားနုတ်ပစ်လိုက်ကြတာ များပါတယ်။ နာကျင်လွန်း တဲ့ ဝေဒနာကို မခံစားနိုင်တော့တဲ့ လူနာကလည်း သွားနုတ်ပေးဖို့သာ တောင်းဆိုကြလေ့ရှိပါတယ်။ သွားကိုက် လို့ တစ်ညလုံးအိပ်မရလို့ ငုတ်တုပ်ထိုင်နေရတယ်ဆိုပီး ဆေးခန်းမှာ ပြောပြကြလေ့ရှိပါတယ်။ နောက်နေ့ကျ ရင် ဒီလောက်နာတဲ့သွားကို လက်စားချေတဲ့အနေနဲ့ နုတ်ပစ်မယ်ကွဆိုပီး ကိုယ့်သွားကိုယ် စိတ်နာတတ်ကြပါ တယ်။ တစ်ကယ်က သွားကို ဂရုမစိုက်မိဘဲ ပစ်ထားကြတဲ့ လူနာတွေရဲ့ အမှားကနေ ဖြစ်လာတဲ့ နောက်ဆက် တွဲ သွားကိုက်သွားနာဖြစ်စဥ်လေးပါ။
🦷သွားဆေးခန်းကို ရောက်ရောက်ချင်း သွားဆရာဝန်ကို သွားနုတ်ပေးဖို့ တောင်းဆိုကြတဲ့အခါ အရင်တုန်းကတော့ တောင်းဆိုတဲ့အတိုင်း နုတ်ပေးကြလေ့ရှိပါတယ်။ နာတိုင်းသွားနုတ်ကြတဲ့အခါ တစ်ချို့ဆိုရင် ပါးစပ်တစ်ခုလုံး သွားတုတွေပဲ တပ်ထားရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ သွားကျန်းမာရေးကို ဂရုမစိုက်ဘဲ၊ ကြိုတင်ကာကွယ်ကုသမှုဘာမှမလုပ်ဘဲ သွားနာလာရင် သွားနုတ်ဖို့ပဲ စိတ်ကူးခဲ့ကြတဲ့သူတွေပါ။
🦷ဒီဘက်ခေတ်မှာတော့ မြန်မာပြည်မှာ အရမ်းခေတ်စားလာတာက သွားအကြောထုတ်ကုသနည်းပါ။ လူနာတွေကလည်း သွားနာရင် သွားနုတ်စရာမလိုအောင် သွားအကြောထုတ်ကုသလို့ ရတယ်ဆိုတာ သိနေကြ ပါပီ။ တစ်ချို့ဆိုရင် သွားဆရာဝန်က သွားနုတ်ရမယ်ဆိုရင်တောင် သွားအကြောထုတ်ကုသတာပဲ လုပ်ချင်ပါ တယ်လို့ မရမက တောင်းဆိုတတ်ကြပါတယ်။
🦷သွားအကြောထုတ်ကုသနည်းနဲ့ကုသရင် သွားနုတ်တဲ့ကုသစရိတ်ထက် ပိုများပါတယ်။ ဒါ့ကြောင့် သွားပဲ နုတ်တော့မယ်ဆိုပီး သွားနုတ်ခံကြတဲ့လူနာတွေလည်း ရှိပါတယ်။ တကယ်ပြန်စဥ်းစားကြည့်တဲ့အခါ သွားနုတ်ပီး သွားပြန်စိုက်မယ်ဆိုရင် သွားအကြောထုတ်ကုသတဲ့ကုန်ကျစရိတ်ထက်တောင် များနေတတ်ပါ သေးတယ်။ ရေရှည်အတွက်ရော၊ ဆေးကုသစရိတ်အတွက်ရော စဥ်းစားကြည့်မယ်ဆိုရင် သွားအကြောထုတ် ကုသတာက ပိုကောင်းပါတယ်။ သွားအကြောထုတ်ကုသတာက သဘာဝသွားကို ပြုပြင်ကုသတာဖြစ်ပါတယ်။ သွားနုတ်ပီး သွားပြန်စိုက်မယ်ဆိုရင် တစ်သက်လုံး သွားအတုနဲ့ နေရတော့မှာ ဖြစ်ပါတယ်။
🦷သွားအကြောထုတ်ပီး ကုသရတဲ့ရည်ရွယ်ချက်ကတော့ သွားမနုတ်ရစေဖို့ ဖြစ်ပါတယ်။ သွားနုတ်လိုက် ရရင် နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့ ဖြစ်ပါတယ်။ သွားနုတ်လိုက်ရရင် သွားပြန်စိုက်မယ့်နည်းလမ်းအပေါ်မူတည်ပီး ကောင်းကျိုးဆိုးကျိုးတွေ ရှိနေပါလိမ့်မယ်။ အံကပ်ရဲ့ ကောင်းကျိုး ဆိုးကျိုး၊ သွားတုအစွပ်ရဲ့ ကောင်းကျိုးဆိုးကျိုး၊ သွားမြစ်တုရဲ့ ကောင်းကျိုးဆိုးကျိုးတွေ အမျိုးမျိုးရှိပါတယ်။ သွားအကြောထုတ်ကုသပီး အောင်မြင်ခဲ့ရင် တစ်သက်လုံးကောင်းနေတတ်သလို နှစ်ပေါင်းအတော်ကြာ အဲ့ဒီသွားကို အသုံးပြုပီး စားလို့ဝါးလို့ကောင်းနေပါလိမ့်မယ်။ သွားအကြောထုတ်ကုသမှုကို ပြီးမြောက်တဲ့အထိ မကုသမိရင်တော့ ကြာလာတဲ့အခါ နာလာတတ်ပါတယ်။
🦷ဒီလောက်အထိ သွားအကြောထုတ်ကုသမှုအကြောင်းကို ပြောပြပီးပီဆိုတော့ သွားအကြောထုတ် ကုသမှုအကြောင်းကို ပိုပီးသိချင်လာကြမယ်ထင်ပါတယ်။ သွားအကြောကို ဘယ်လိုထုတ်တာလဲ။ သွားအကြောထုတ်ပီးရင် နာနိုင်သေးလား။ သွားအကြောထုတ်ထားတဲ့နေရာကို သွားဖာရင် ဘယ်လိုဖာသလဲ။ ရေရှည်ခံအောင် သွားအကြောထုတ်ထားတဲ့သွားကို ဘယ်လိုဂရုစိုက်သင့်သလဲ။ သွားအကြောထုတ်တာ တစ်ခေါက်တည်းနဲ့ ပီးနိုင်သလား။ သွားအကြောထုတ်ရင် သေချာပေါက် ပြန်ကောင်းသွားမှာလား။ သွားအကြောထုတ်မယ့်သွားကို ဘာ့ကြောင့် ဓါတ်မှန်ရိုက်ရတာလဲ။ အဲ့ဒါတွေက လူနာအများစုမေးလေ့ရှိကြတဲ့ မေးခွန်းလေးတွေ ဖြစ်ပါတယ်။
🦷သွားအကြောကို ဘယ်လိုထုတ်တာလဲဆိုတဲ့မေးခွန်းကို အရင်ဖြေပေးပါမယ်။ သွားရဲ့ အတွင်းပိုင်းမှာ သွေးကြောတွေ၊ အာရုံကြောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသားနုလွှာ (pulp)လေး ရှိပါတယ်။ သွားအကြော ထုတ်တဲ့အခါ အဲ့ဒီအလွှာလေးတွေကို အကုန်ဖယ်ပစ်လိုက်တာပါ။ သွားတစ်ခုလုံးရဲ့သွားအမြစ်ထိပ်နားအထိ ရှိနေတဲ့ အဲ့ဒီအလွှာလေးကို ကောင်းကောင်းဖယ်နိုင်လိုက်ရင် သွားကိုက်မှာ မဟုတ်တော့ပါဘူး။ ပြောင်အောင် မဖယ်နိုင်ခဲ့ရင် အနည်းငယ် နာနေ၊ ကျင်နေတတ်ပါသေးတယ်။ သွားအကြောကို ထုတ်တဲ့အခါ အတွင်းဘက်မှာ ခိုအောင်းပီးကပ်နေနိုင်တဲ့ ဘက်တီးရီယားပိုးမွှားတွေကိုပါ ဆေးရည်နဲ့ သန့်စင်ပေးလိုက်ပါတယ်။ ဒါ့ကြောင့်မို့ သွားအကြောထုတ်ထားတဲ့လူနာ(၁၀)ဦးမှာ ကံအရမ်းဆိုးတဲ့တစ်ဦးလောက်ပဲ သွားပြန်နာလေ့ရှိပါတယ်။ နောက်တစ်ချက်က သွားအကြောထုတ်ဖို့ အဆင်မပြေနိုင်တဲ့ နုတ်ပစ်ရမယ့်သွားကို သွားအကြောထုတ်မိလို့ နာတာမျိုး ဖြစ်နိုင်ပါတယ်။
🦷သွားအကြောထုတ်ထားတဲ့သွားဟာ ပြန်ပီး နာလာနိုင်သလား။ အထက်မှာ ပြောခဲ့သလိုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် နာလာနိုင်ပါသေးတယ်။ နေ့စဥ် သွားသန့်ရှင်းရေးသေချာမလုပ်လို့ သွားဖုံးရောဂါ ဖြစ်ပီး သွားနဲ့လာရင် အစာစားတဲ့အခါ၊ သွားအချင်းချင်းထိတဲ့အခါ နာတတ်ပါတယ်။ သွားအကြောတု ထည့်ပြီးနောက် သွားဖာပေးလိုက်ရာမှာ အချိန်ကြာလာတဲ့အခါ ပြန်ပဲ့ရာကတစ်ဆင့် သွားအပေါက်ထဲ ဘက်တီးရီးယားပိုးတွေ ပြန်လည်ဝင်ရောက်လာနိုင်ပီး ပြန်နာလာနိုင်ပါသေးတယ်။ တစ်ချို့လူနာတွေဟာ သွားအကြောထုတ်ကုသမှုပြီးမြောက်တဲ့အထိ ကုသမှုမခံယူဘဲ သွားမနာတော့ရင် သွားဆေးခန်းကို ပြန်မလာကြတော့ပါဘူး။ သွားက နောက်တစ်ကြိမ်ပြန်နာလာလို့ ဆေးခန်းလာတဲ့အခါ အခြေအနေက ပိုဆိုး နေတတ်ပါတယ်။ ဒါ့ကြောင့် သွားနှင့်ခံတွင်းဆရာဝန်က လမ်းညွှန်တဲ့အတိုင်း ကုသမှုကို ပြီးတဲ့အထိ ခံယူသင့်ပါတယ်။ ဒါ့အပြင် ဘယ်လိုကုသမှုမျိုးမဆို အကြောင်းတစ်ခုခုကြောင့် ပျက်စီးချို့ယွင်းနိုင်တာမို့ ကြိုတင်ကာကွယ်ခြင်းနဲ့ သွားဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
🦷သွားအကြောထုတ်ပီးရင် သွားပြန်ဖာတဲ့အခါ ဘယ်လိုဖာသလဲ။ ပုံမှန် သွားဖာတဲ့ဆေးနဲ့ မူလသွား အရောင်အတိုင်းရအောင် ပြန်ဖာပေးပါတယ်။ သွားက ဆွေးမြေ့ပီး ပဲ့တာ များနေရင် စားတဲ့ဝါးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိရင် သွားအတွင်းပိုင်းကို သတ္တုတိုင်(သို့မဟုတ်)ဖိုင်ဘာချောင်းလေးတွေ ထည့်ပီး သွားဖာပေးလေ့ ရှိပါတယ်။ သွားအငုတ်ပဲ ကျန်တော့တဲ့သွားတွေဆိုရင် သွားအစွပ်စွပ်လို့အဆင်ပြေအောင် သတ္တုတိုင်နဲ့တွဲလျှက် သတ္တုခုံ (post and core)လေးကို အရင်ပြုလုပ်ပီး အပေါ်ကနေ သွားအစွပ်စွပ်ပေးလေ့ရှိပါတယ်။
🦷သွားအကြောထုတ်ထားတဲ့သွားကို ရေရှည်ခံဖို့ ဘယ်လိုဂရုစိုက်သင့်သလဲ။ ရေရှည်ခံဖို့အတွက်ဆိုရင် သဘာဝသွားတစ်ချောင်းကို ဂရုစိုက်သလိုပဲ ဂရုစိုက်ရပါမယ်။ သွားပုံမှန်တိုက်ပေးရပါမယ်။ မာလွန်းတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။ သွားအကြောထုတ်ထားတဲ့သွားတွေဟာ ကြံ့ခိုင်မှုအပိုင်းမှာ နည်းနေတတ်တာမို့ မာလွန်းတဲ့အစားအသောက်တွေကို မကြာခဏစားနေရင် ကြာလာတဲ့အခါ ပဲ့တတ်ပါတယ်။ သွားအစွပ်က မပဲ့ရင်တောင် သွားအတွင်းပိုင်းမှာ ပဲ့တာ၊ ကျိုးတာ ဖြစ်တတ်ပါတယ်။ သွားတွေကို နေ့စဥ်အသုံးပြုနေရတာမို့ ညှာညှာတာတာနဲ့ဒဏ်မဖြစ်အောင် အသုံးပြုမှသာ ရေရှည်အတွက် အသုံးပြုနိုင်မှာပါ။ ဂရုမစိုက်ဘဲ မညှာမတာဒဏ်ဖြစ်အောင် အသုံးပြုရင် ရေရှည်မခံနိုင်ပါဘူး။
🦷သွားအကြောထုတ်ကုသတဲ့အခါ တစ်ခေါက်တည်းနဲ့ အပြီးကုသနိုင်တဲ့ အနေအထားတွေရှိတတ်သလို ၂-၃ခေါက်လာပြပီးမှ ကုသမှုကို အပြီးသပ်နိုင်မယ့်အနေအထားတွေလည်း ရှိပါတယ်။ လူနာအများစုက တစ်ခေါက်လာပြပြီးရင် သွားမနာတော့လို့ဆိုပီး ပြန်လာမပြဘဲ နေတတ်ပါတယ်။ ကြာလာတဲ့အခါ သွားပြန်နာ လာတတ်သလို၊ သွားပဲ့တာ၊ သွားမှာ ပြည်တည်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒီလိုဖြစ်မှ ပြန်လာပြတဲ့အခါ ခက်ခက်ခဲခဲပြန်ကုရတတ်ပါတယ်။ ပိုဆိုးလာရင် သွားနုတ်ပစ်ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
🦷သွားအကြောထုတ်ကုသမှုပြုလုပ်တိုင်း သွားက ပြန်ကောင်းသွားနိုင်သလား။ သွားအကြောထုတ်ကုသ မှုရဲ့ အောင်မြင်မှုရာခိုင်နှုန်းက (၉၅)ရာခိုင်နှုန်းခန့် ရှိပါတယ်။ သွားအချောင်း(၁၀၀)ကို ကုသမယ်ဆိုရင် (၉၅)ချောင်းလောက်က ပြန်ကောင်းသွားလေ့ရှိပါတယ်။ ကျွမ်းကျင်တဲ့ သွားနှင့်ခံတွင်းဆရာဝန်က ကုသမှုပေး မယ်ဆိုရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ခက်ခဲတဲ့အနေအထားတွေမှာ သွားအကြောထုတ်ကုသမှုကို အထူးကုသပေးတဲ့ အထူးကုဆရာဝန်(endodontist)နဲ့ပြသနိုင်ရင် ပိုကောင်းနိုင်ပါတယ်။
🦷သွားအကြောထုတ်မယ့်သွားကို ဓါတ်မှန်ရိုက်ကြည့်ခြင်းအားဖြင့် သွားအမြစ်အတိုအရှည်၊ သွားအမြစ် အနေအထား၊ သွားပတ်ပတ်လည်ရှိ အရိုးအနေအထား စတာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို သိရှိခြင်း အားဖြင့် ကုသမယ့်သွားဟာ အောင်မြင်နိုင်တဲ့အနေအထားရှိ၊မရှိ အကြမ်းဖျဥ်းသိနိုင်ပါတယ်။ သွားအကြော ထုတ်ကုသမှုမပြုလုပ်မီအနေအထားနဲ့ သွားအကြောထုတ်ကုသမှုလုပ်ပြီးနောက်အနေအထားတွေကိုလည်း နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။ ထည့်ထားတဲ့သွားအကြောတုလေးဟာ လိုအပ်တာထက် ပိုနေလား၊ လိုနေသလား၊ ကွက်တိဖြစ်နေသလားဆိုတာကိုလည်း သွားဓါတ်မှန်မှာ ခန့်မှန်းကြည့်နိုင်ပါတယ်။
🦷နာကျင်ကိုက်ခဲနေတဲ့သွားကို နုတ်မပစ်ရစေဖို့ သွားအကြောထုတ်ကုသမှုပြုလုပ်ခြင်းကို ပြုလုပ်ကြပါ တယ်။ သွားနုတ်မပစ်ရတော့ဘူးဆိုရင် သွားပြန်စိုက်စရာမလိုတော့ပါဘူး။ သွားမစိုက်ရတဲ့အတွက် သွားအတုနဲ့ မနေရတော့ပါဘူး။ သွားအတုမတပ်ရတဲ့အတွက် သွားတုအတွက် ကုန်ကျစရိတ် မကုန်တော့ပါဘူး။ ရေရှည်မှာ လူနာအတွက် ကုန်ကျစရိတ်သက်သာစေသလို သွားတုမဟုတ်တဲ့ သဘာဝသွားလေးကို ဆက်လက်ပြုပြင်ကာ အသုံးပြုနိုင်မှာမို့ စိတ်ကျေနပ်မှုပေးနိုင်တဲ့ကုသမှုလေးလို့ ပြောချင်ပါတယ်။

27/02/2024

မင်္ဂလာပါခင်ဗျ

မြင်းခြံမြို့ပေါ်မှာ အသစ်ဖွင့်လှစ်ထားတဲ့

"ကောင်းသုခ”သွားနှင့်ခံတွင်းဆေးကုခန်း မှကြိုဆိုပါတယ်။

"ကောင်းသုခ“မှ လူကြီးမင်းတို့ သွားကျန်းမာရေးအတွက် ပိတ်ရက်မရှိ နေ့စဉ် နံနက် (၇)နာရီမှ ည (၆) နာရီအထိ သွားနှင့်ခံတွင်း ကျန်းမာရေးကုသမှုများ ကို ပြုလုပ်ပေးလျက်ရှိပါတယ်။

"ကောင်းသုခ" သွားနှင့်ခံတွင်းဆေးကုခန်းတွင်
ရရှိနိုင်တဲ့ကုသမှုတွေကတော့ 💁🏻‍♂️

🦷 Oral Health Check Up
(သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း)

🦷 Tooth Filling
(သွားဖာခြင်း)

🦷 Scaling & Polishing
(သွားကျောက်ခြစ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပေးခြင်း)

🦷 Teeth Whitening
(လေဆာဖြင့်သွားများဖြူဖွေးလာအောင်ကုသမှု‌ပေးခြင်း)

🦷 Tooth Extraction
(သွားများကိုမနာကျင်စေဘဲ ထုံဆေးဖြင့်နှုတ်ပေးခြင်း)

🦷 Third Molar Extraction
(အံဆုံးခွဲနှုတ်ပေးခြင်း)

🦷 Root Canal Treatment
(သွားအကြောထုတ်ကုသခြင်း)

🦷 Denture
(သွားအရှင်စိုက်ခြင်း / အံကပ်ပြုလုပ်ခြင်း)

🦷 Crown & Bridge Treatment
(သွားအစွပ် စွပ်ကုသခြင်း နှင့် ဘေးသွားတွဲ
အစွပ်စိုက်ကုသခြင်း)

🦷 Dental Skyce
(သွားများကိုစိန်ကပ်အလှဆင်ခြင်း)

🦷 Direct & Indirect Veneering
(သွားမျက်နှာပြင်‌ကြွေလွှာကပ်ခြင်း)

🦷 Dental Implants
(သွားအမြစ်တုစိုက်ကုသခြင်း)

🦷 Orthodontic Treatment
(သွားညှိကုသခြင်း)

🦷 Dental X-Ray
(သွားဓာတ်မှန်ရိုက်ကူးခြင်း)
အစရှိသည့် ကုသ၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။

✅ သန့်ရှင်းကျယ်ဝန်းပြီး သက်တောင့်သက်သာအနားယူနိုင်တဲ့ Waiting Room ထားရှိပေးခြင်း

✅ အရည်အသွေးမြင့်မားသော Dental Chair နှင့် Dental Materials များအသုံးပြုထားခြင်း

✅ လူနာတစ်ယောက် ကုသမှုပြီးဆုံးသွားတိုင်း အသုံးပြုပြီးပစ္စည်းတိုင်းကို ပိုးသတ်သန့်စင်ခြင်းနှင့်ပေါင်းတင်သန့်စင်ခြင်း

☎️ 09980711777

🏥 ပြည့်ဝလက်ဖက်ရည်ဆိုင်အရှေ့ဖက်၊
ဗိုလ်ချုပ်လမ်း၊ မြင်းခြံမြို့။

The diagnosis, treatment, and overall coordination of services related to your oral health needs 🦷

ကျွန်တော် တို့ရဲ့ "ကောင်းသုခ" သွားနှင့်ခံတွင်း ဆေးခန်း မှနွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် ခင်ဗျ။__________________________လ...
24/02/2024

ကျွန်တော် တို့ရဲ့ "ကောင်းသုခ" သွားနှင့်ခံတွင်း ဆေးခန်း မှ
နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
__________________________
လူကြီးမင်းတို့ ရဲ့ သွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများ အတွက်
Kaung Thukha မှ နေ့စဉ် ပိတ်ရက်မရှိ နံနက် ၇ နာရီ မှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

🏠𝐊𝐚𝐮𝐧𝐠 𝐓𝐡𝐮𝐤𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 (𝐌𝐲𝐢𝐧𝐠𝐲𝐚𝐧)
"ပြည့်ဝ" လက်ဖက်ရည်အရှေ့ဘက်၊ဗိုလ်ချုပ်လမ်း၊မြင်းခြံမြို့။
ဖုန်း - 09 980711777

Address

Near Pyae Wa Cafe, Bogyoke Street
Myingyan
05251

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959980711777

Alerts

Be the first to know and let us send you an email when Kaung Thukha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Thukha:

Share