TML Gems & Stones

TML Gems & Stones Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TML Gems & Stones, Myawadi.

ကလေးနှင့်သွားကျန်းမာရေး (အပိုင်း-၁) ဒီနေ့ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအတွက် သွားနှင့်ခံတွင်းသန့်ရှင်းရေးလုပ်နည်းလေး မျှဝေပေ...
20/11/2023

ကလေးနှင့်သွားကျန်းမာရေး (အပိုင်း-၁)

ဒီနေ့ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအတွက် သွားနှင့်ခံတွင်းသန့်ရှင်းရေးလုပ်နည်းလေး မျှဝေပေးသွားမှာပါ။ ပထမဆုံး ၂နှစ်အောက်ကလေးငယ်သွားကျန်းမာစေဖို့သန့်ရှင်းရေးလုပ်နည်းပြောပြပေးပါမယ်။

ကလေးငယ်လေးတွေက အသက်၆လကနေ ၁၀လအတွင်းမှာ ပထမဆုံးသွားကလေးစပေါက်ပါမယ်။ အသက်၃လကျော် သွားမပေါက်ခင်အချိန်လေးမှာ နူးညံ့တဲ့အဝတ်သန့်လေးရေစွတ်ပြီး သွားဖုံးနဲ့လျှာလေးကိုသန့်စင်ပေးတာ မျိုးလုပ်ပေးရပါမယ်။ လျှာကိုသန့်ရှင်းပေးတဲ့အခါမှာ ဖြည်းဖြည်းလေး စက်ဝိုင်းပုံပွတ်တိုက် သန့်ရှင်းပေးရပါမယ်နော်။

***သွားကလေးတွေစပေါက်လာတဲ့အခါမှတော့ (ရေလေးသီးသန့်သုံးပြီး) ကလေးအသက်အလိုက်ထုတ်ထားတဲ့ သွားတိုက်ဆေးလေးသုံးပြီး *** နူးညံ့တဲ့သွားတိုက်တံသေးသေးလေးနဲ့ တရက်နှစ်ကြိမ်စပြီး သန့်ရှင်းပေးနိုင်ပါပြီ။

စစချင်းသွားတိုက်တံနဲ့ ကျင့်သားမရခင်မှာ သွားမပေါက်သေးခင်ကလိုဖဲ အဝတ်လေးနဲ့သန့်ရှင်းပေးနိုင်ပါတယ်။ အသက်၂နှစ်ကျော် သွားစုံသလောက်ဖြစ်လာတဲ့အခါမှာတော့ fluoride ပါတဲ့သွားတိုက်ဆေးကို ပဲစေ့လောက်ပမာဏ သုံးပြီး သွားတိုက်ပေးလို့ရပါပြီ။ သွားတိုက်ပေးတဲ့အခါမှာ သေချာစနစ်တကျ အတွင်းမျက်နှာပြင် အပြင်မျက်နှာပြင် တိုက်ပေးရပါမယ်။ သွားတိုက်ပြီးတိုင်းလျှာကိုပါတစ်ခါထဲ သန့်ရှင်းပေးရပါမယ်။ တရက်နှစ်ခါပုံမှန်သွားတိုက်ပေးဖို့နဲ့ ၆လတစ်ခါ သွားတိုက်တံအသစ်လဲပေးဖို့အတွက်တော့မမေ့ပါနဲ့နော်။ ဆ်ိုတော့ ဒီနေ့ postလေးကတော့ဒီလောက်ပါဖဲနော် နောက်postမှာတော့ ကလေးအသက်အရွယ်အလိုက် ဂရုပြုရမယ့် သွားပြသနာများအကြောင်းမျှဝေပေးမှာမို့ ဖေဖေမေမေတို့ ဒီpageကို like & followလုပ်ထားဖို့မမေ့ပါနဲ့နော် ❤️❤️❤️

လူကြီးမင်းတို့ သွားကျန်းမာရေး ကုသစောင့်ရှောက်မှုများအတွက် ဖြူစင် သွားနှင့်ခံတွင်း ဆေးခန်း မှ နွေးထွေးစွာတာဝန်ယူပေးပါရစေရ...
03/06/2023

လူကြီးမင်းတို့ သွားကျန်းမာရေး ကုသစောင့်ရှောက်မှုများအတွက် ဖြူစင် သွားနှင့်ခံတွင်း ဆေးခန်း မှ နွေးထွေးစွာတာဝန်ယူပေးပါရစေရှင် 🦷

ဖြူစင် သွားနှင့်ခံတွင်းဆေးခန်းက မြဝတီမြို့မှာ နှစ် ၂၀ ကျော်ကြာ ဖွင့်လှစ်ခဲ့တဲ့ဆေးခန်းဖြစ်ပြီး လူနာများစွာရဲ့ယုံကြည်မှုရထားပြီးထားဆေးခန်းဖြစ်ပါတယ် 🦷

2022 မှစ၍ ဖြူစင် သွားနှင့်ခံတွင်း ဆေးခန်း (၂) မြဝတီ ကို တောရကျောင်းလမ်းတွင် အသစ်တဖန်ပြန်ဖွင့်ခဲ့ပါတယ်ရှင်
မူလအရင် ဆရာဝန်ကြီးအပြင် အတွေ့အကြုံရှိသော ကျွမ်းကျင်သော ဆရာဝန်များမှ စိတ်ရှည်စွာ ကုသမှုပြုလုပ်ပေးမှာဖြစ်ပါတယ်🦷

🦷 ဖြူစင် သွားနှင့်ခံတွင်း ဆေးခန်းတွင် ရရှိနိုင်သော ကုသမှုများကတော့

1. သွားနှုတ်ခြင်း ( Extraction )

2. သွားအံကပ်ပြုလုပ်ခြင်း ( Denture )

3. သွားစိုက်ခြင်း ( Crown & Bridge )

4. သတ္တုမပါကြွေဖြင့်ပြုလုပ်ထားသော သွားအစစ်ဖြင့် ချွတ်စွတ်တူသောကြွေသွားစိုက်ပေးခြင်း ( Zirconia )

5. သွားအမြစ်အတွင်း နာကျင်မှုများကို အကြောထုတ်ကုသခြင်း ( Root Canal Treatment )

6. သွားအပေါက်များကို ဖာပေးခြင်း ( Tooth Filling )

7. သွား ကျောက်များခြစ်ပေးခြင်း ( Dental Scaling )

8. ညစ်ပေနေသော ကွမ်းဂျိုး , ကော်ဖီဂျိုးများကို သန့်စင်ပေးခြင်း ( Dental Scaling & Polishing )

9. သွား စိန်တပ်ပေးခြင်း ( Skyce (Crystal) Installation )

10. ကလေးများအတွက် သွားနှင့်ခံတွင်းဆိုင်ရာပြသာနာဖြေရှင်းပေးခြင်း ( Paediatric Dentistry )

11. သွားများဖြူဖွေးစေရန် ပြုလုပ်ပေးခြင်း ( Laser Whitening Treatment )

12. သွားကြွေလွှာကပ်ခြင်း ( Veneer )

13. သွားနှင့်ခံတွင်းဆိုင်ရာ ဆွေးနွေးမှုများ အခမဲ့ပြုလုပ်စစ်ဆေးပေးခြင်း

14. သက်ကြီးရွယ်အို သွားကျန်းမာရေးစောင့်ရှောက်မှုများအတွက် စျေးအသက်သာဆုံးလျော့ပေးခြင်း

ဆေးခန်းဖွင့်ချိန် - မနက် (၈) နာရီမှ ညနေ ( ၇ ) နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်ရှင့် 🦷

🦷 ဖြူစင် ဆေးခန်း ( ၂ ) - တောရကျောင်းလမ်း , မြဝတီမြို့ ။

🦷 ဖြူစင် ဆေးခန်း (၁) - အထက (၁) ကျောင်းရှေ့ , မြဝတီမြို့ ။

0943060632 , 09976267914 ကိုဆက်သွယ်ပြီး သိလိုသည်များကိုလည်း မေးမြန်းလို့ရပါတယ်ရှင် 🦷

အားလုံးပဲ သွားနှင့်ခံတွင်းရောဂါကင်းဝေးပြီး သွားလှလှလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင် 🦷

Address

Myawadi

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+95943060632

Website

Alerts

Be the first to know and let us send you an email when TML Gems & Stones posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share