04/05/2026
သွားတိုက်ခြင်းက ခံတွင်းကျန်းမာရေးအတွက် အရေးကြီးသလို၊ မှန်ကန်တဲ့ "သွားတိုက်တံ" ရွေးချယ်တတ်ဖို့ကလည်း အဓိကကျပါတယ်။ သွားတိုက်တံ မမှန်ကန်ရင် သွားဖုံးနာတာ၊ သွားကြွေလွှာစားတာတွေ ဖြစ်တတ်လို့ ရွေးချယ်တဲ့အခါ ဒီ ၃ ချက်ကို သတိထားကြည့်ကြမယ်နော်...
(၁) သွားတိုက်တံ အမွှေးတွေကို Soft, Medium, Hard ဆိုပြီး အမျိုးမျိုးတွေ့ရပါလိမ့်မယ်။ သွားဆရာဝန်အများစု အကြံပြုတာကတော့ အပျော့စားလေးတွေ ( Extra soft & Soft) ပါပဲ။ သွားဖုံးကို မထိခိုက်စေဘဲ သွားကြားထဲက အညစ်အကြေးတွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ( Medium & Hard ) အမျိုးအစားတွေက သွားကြွေလွှာကို အချိန်ကြာရင် ပွန်းစေနိုင်ပြီး သွားဖုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။
(၂) နံပါတ် ၂ ကတော့ သွားတိုက်တံခေါင်း အရွယ်အစားပါပဲ။ သွားတိုက်တံခေါင်းက သိပ်ကြီးနေရင် ခံတွင်းအနောက်ဘက်က သွားတွေကို ရောက်အောင် တိုက်ဖို့ ခက်ခဲတတ်ပါတယ်။ သင့်ခံတွင်းထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ ခေါင်းအသေး (သို့) အလယ်အလတ် အရွယ်အစားက အကောင်းဆုံးပါ။
(၃) သွားတိုက်တံရဲ့ လက်ကိုင်ဒီဇိုင်းကလည်း စကားပြောပါတယ်။ သွားတိုက်တဲ့အခါ လက်ထဲမှာ တင်းတင်းရင်းရင်း ရှိနေဖို့ လိုပါတယ်။ လက်ကိုင်မှာ ရော်ဘာ (Non-slip grip) ပါတာမျိုးက ရေစိုနေရင်တောင် လက်ထဲက ချော်မထွက်ဘဲ သွားတိုက်ရတာ ပိုအဆင်ပြေစေပါတယ်။
💡 Kyal Sin Linn မှ အကြံပြုချက်
• သွားတိုက်တံကို ၃ လတစ်ကြိမ် ဒါမှမဟုတ် အမွှေးတွေ ကားထွက်သွားတဲ့အခါတိုင်း အသစ်လဲလှယ်ပေးပါ။