Aung Myitter Dental Clinic-အောင်မေတ္တာသွားနှင့်ခံတွင်း

  • Home
  • Myanmar
  • Mu-se
  • Aung Myitter Dental Clinic-အောင်မေတ္တာသွားနှင့်ခံတွင်း

Aung Myitter Dental Clinic-အောင်မေတ္တာသွားနှင့်ခံတွင်း တ/74တောင်ရပ်ကွက်, KBZ(1) ဘေးကပ်ရပ်လမ်းကြာ

Check up after 3 years of finishing orthodontic treatmentStill stable 😍
17/02/2025

Check up after 3 years of finishing orthodontic treatment
Still stable 😍

Some finishing braces treatment 😃 09894285863
18/09/2023

Some finishing braces treatment 😃

09894285863

နေမကောင်းဖြစ်ပြီး ကြပြီ ဟုတ်သွားပွတ်တံ အဟောင်းလေးတွေ   ဝဲ လိုက် ကြ ပါ နော်Covid ,,,  Omicron မှ မဟုတ် ပါဘူးနော်သာမာန်  တ...
17/02/2022

နေမကောင်းဖြစ်ပြီး ကြပြီ ဟုတ်

သွားပွတ်တံ အဟောင်းလေးတွေ ဝဲ လိုက် ကြ ပါ နော်

Covid ,,, Omicron မှ မဟုတ် ပါဘူးနော်

သာမာန် တုပ်ကွေး ဖျားနာ ဖြစ်ပြီးရင် တောင်

သုံးလက်စ သွားပွတ်တံက လဲကို လဲ ပစ်ရမှာပါ.....

Create a beautiful smile with orthodontic treatment သွားညိှကုသမှုဖြင့် လှပသောအပြံုးတခုဖန်တီးခြင်း😍*COVID-19 ကိုကာကွယ်ခြင...
08/12/2020

Create a beautiful smile with orthodontic treatment

သွားညိှကုသမှုဖြင့် လှပသောအပြံုးတခုဖန်တီးခြင်း😍

*COVID-19 ကိုကာကွယ်ခြင်းအားဖြင့်*

-ဆေးခန်းမလာခင် 📲 ဖုန်းကြိုဆက်ပါ
Appointment ကြိုယူပေးပါ

-ဆေးခန်းထဲမဝင်ခင်လက်ဆေးပါ

-Mask တပ်ပါ 😷

🏥 အောင်မေတ္တာ သွားနှင့်ခံတွင်းဆေးကုခန်း
တ/၇၄၊တောင်ရပ်ကွက်၊stone flower ကိုးရီးယားအ
ကင်အနီး၊ ကမ္ဘောဇဘဏ်(၁)လမ်းကြား၊မူဆယ်မြို့။

📲 09894285863

COVID-19 ကိုကာကွယ်ခြင်းအားဖြင့်        -ဆေးခန်းမလာခင် 📲 ဖုန်းကြိုဆက်ပါ      Appointment ကြိုယူပေးပါ      -ဆေးခန်းထဲမဝင်ခ...
19/11/2020

COVID-19 ကိုကာကွယ်ခြင်းအားဖြင့်

-ဆေးခန်းမလာခင် 📲 ဖုန်းကြိုဆက်ပါ
Appointment ကြိုယူပေးပါ

-ဆေးခန်းထဲမဝင်ခင်လက်ဆေးပါ

-Mask တပ်ပါ 😷

🏥 အောင်မေတ္တာ သွားနှင့်ခံတွင်းဆေးကုခန်း
တ/၇၄၊တောင်ရပ်ကွက်၊stone flower ကိုးရီးယားအ
ကင်အနီး၊ ကမ္ဘောဇဘဏ်(၁)လမ်းကြား၊မူဆယ်မြို့။

📲 09894285863
095270202

23/09/2020

အံကပ်တပ်ဆင်သူများ လိုက်နာရန် အချက်များ

၁။ ပထမဆုံးနေ့သည် အံကပ်ကို တပ်ဆင်ထားရုံသာဖြစ်ပါသည်။ အံကပ်ဖြင့် ဝါးခြင်း/ စားခြင်းကို ရှောင်ကြဉ်ရန် ။

၂။ အံကပ်တပ်ဆင်ခါစ၌ စကားပြောရ ခက်ခဲနိုင်ပါသည်။ စကားသံ ကျယ်ကျယ်ပြောခြင်းဖြင့် လေ့ကျင့်ပါ။ နောက်ပိုင်း၌ အဆင်ပြေသွားပါမည်။

၃။ အံကပ်တပ်ထား၍ အလွန်အမင်း နာကျင်လာပါက ချွတ်ထားနိင်ပါသည်။ မသိမသာနာကျင်မှုမျိုး ဖြစ်ပါက ချွတ်ထားရန် မလိုပါ။ သို့သော် ဆရာဝန်ထံသို့ မလာမှီ ( ၃ ) နာရီလောက်ကြို၍ တပ်ထားပြီးမှ လာရောက်ပြသရပါမည်။ သို့မှသာ နာကျင်သော နေရာကို သိနိုင်ပါမည်။

၄။ စတပ်ခါစ ( ၁၀ ) ရက် အံကပ်ကို တစ်နေ့လုံး တစ်ညလုံး အမြဲတပ်ထားရပါမည်။ ညအိပ်လျှင်လည်း အံကပ်ကို တပ်ထားပြီး အိပ်ရပါမည်။

၅။ အံကပ်တပ်ဆင်ခြင်းသည် မျက်မှန်စတပ်ခြင်း / စက်ဘီးစီးခြင်း တို့နှင့် ပုံစံတူပါသည်။ ဇွဲရှိရှိနှင့် ကြိုးစားတပ်ဆင်ရန် လိုအပ်ပါသည်။ အံကပ်သည် ကြီးမားသော ပြင်ပပစ္စည်းတစ်ခုဖြစ်သည့်အတွက် ပထမအစပိုင်း၌ ပါးစပ်ထဲတွက် တစ်မျိုးဖြစ်နိုင်ပါသည်။ သို့သော် နောက်ပိုင်း၌ အကျင့်ရသွားပြီး အဆင်ပြေမှုမျိုးကို ရရှိပါလိမ့်မည်။

၆။ ဒုတိယနေ့တွင် အစာစစားရပါမည်။ အံသွားများနှင့် (၂) ဖက်ညီညီ ပျော့သော / ကြွပ်ရွသော အစာကို စဝါးနိုင်ပါသည်။ ဥပမာ ( ငှက်ပျောသီး/ ပေါင်မုန့်/ ကိတ်မုန့် ထိုမှတဆင့် ဆန်ပြုတ်/ ဘီစကစ် နောက်တစ်ဆင့် ထမင်းပျော့ပျော့/ ငါးဟင်း/ အသားနူးနေသောဟင်း ) စသည်တို့ကို စားသွားရပါမည်။

၇။ ယခုအချိန်မှစ၍ အစာစားတိုင်း အမြဲ အံကပ်နှင့်သာစားရန်/ အနည်းငယ် အဆင်မပြေရုံမျှနှင့် ချွတ်မစားရန် လုံးဝသတိပြုရပါမည်။ နာခြင်း/ အဆင်မပြေခြင်းဖြစ်ပါက ဆရာဝန်ထံ ပြန်လည်ပြသရပါမည်။

🏥 အောင်မေတ္တာ သွားနှင့်ခံတွင်းဆေးကုခန်း
တ/74 ကိုးရီးယားအကင်ဆိုင်အနီး
တောင်ရပ်ကွက် မူဆယ်မြို့

☎️ 09894285863

21/08/2020

How clever the kid is🥰

Sharing is caring ☺️
10/08/2020

Sharing is caring ☺️

🔴  သွားအကြောထုတ်ကုသခြင်း Root Canal Treatment (RCT) ဆိုတာ ဘာလဲ 🤔🤔🤔🔸🔸🔸သွားအကြောထုတ်ကုသခြင်းဆိုသည်မှာ                 သွား...
10/08/2020

🔴 သွားအကြောထုတ်ကုသခြင်း
Root Canal Treatment (RCT) ဆိုတာ ဘာလဲ 🤔🤔🤔

🔸🔸🔸သွားအကြောထုတ်ကုသခြင်းဆိုသည်မှာ

သွားရဲ့ အတွင်းဆုံးအလွှာမှာရှိတဲ့
နာဗ့်ကြော(Nerve) လေးများကို သွားအကြောထုတ် ကိရိယာပစ္စည်းလေးများ( hand file or endomotor) ဖြင့် ဖယ်ရှားသန့်စင်ပြီး သွားအကြောတုထည့်ကာ ပြန်လည်အစားထိုး ဖာထေးပေးခြင်းဖြစ်ပါတယ်...

🔴ဘယ်လို အခြေအနေမှာ သွားအကြောထုတ် ကုသရတာလဲ ?????

🔸🔸🔸ပိုးစားနေတဲ့သွားလေးတွေကို မိမိကိုယ်တိုင် သတိမထားမိ၊ သွားဆေးခန်းမှာ စောစောမဖာမိပါက အချိန်ကြာလာသည့်အခါမှာ သွားပိုးစားခြင်းဖြစ်ပေါ်လာပြီး တဖြေးဖြေး နာဗ့်ကြော(Nerve) လေးတွေရှိတဲ့ သွား၏အတွင်းဆုံး အလွှာထိ ရောက်သွားတတ်ပါတယ်။ ထိုအချိန်တွင် ရောင်ရမ်းနာကျင်မှုတွေ ... သွားကိုက်တာတွေ ... သွားကို အထိမခံနိုင်အောင် နာကျင်တဲ့ ဝေဒနာတွေကိုခံစားလာရတတ်ပါတယ်.........
အဲဒီအချိန်ကျရင် ရိုးရိုးသွားဖာလို့မရတော့ပဲ သွားအကြောထုတ်ကုသမှုခံယူရမှာပါ

🔴 သွားအကြောထုတ်ကုသခြင်းအဆင့်ဆင့်

🔸ပထမဦးစွာ ပိုးစား၍ပျက်စီးဆွေးမြေ့နေသော သွားပိုးစားနေသည့်အစိတ်အပိုင်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း

🔸သွား၏အတွင်းဆုံးပိုင်းတွင်ရှိသော ရောင်ရမ်းနေသော နာဗ့်ကြော(Nerve)လေးများကို ရှင်းလင်းသန့်စင်၍ သွားအကြောတုပစ္စည်း ပြန်လည်အစားထိုးထည့်၍ ဖာခြင်း။ တချို့အခြေအနေများတွင် လိုအပ်ပါက သတ္တုတိုင် သို့မဟုတ် ဖိုင်ဘာတိုင်လေးများထည့်၍ သွားခိုင်ခံ့မှုရှိအောင် ပြန်လည်တည်ဆောက်ဖို့ လိုအပ်တတ်ပါတယ်

🔸ထိုကဲ့သို့ သွားအကြောတုထည့်ပြီးပါက နဂိုမူလသွားအတိုင်းဖြစ်အောင် သွားဖာပစ္စည်းများဖြင့် ပြန်လည်ဖာထေးရပါတယ်

🔸နောက်ဆုံးအနေနဲ့ အကြောသတ်ထားတဲ့သွား တာရှည်ခံနိုင်ပြီး စားတဲ့ဝါးတဲ့ဒဏ်ခံနိုင်အောင် အပေါ်ကသွားအစွပ်လေးစွပ်ပေးရပါတယ်။ထိုမှသာ နဂိုကျန်းမာတဲ့သွားတွေနဲ့တန်းတူ အစာများကြိတ်ချေခြင်း တာဝန်ကိုအပြည့်အဝ ပေးန်ိုင်မှာပါ

🔺🔺🔺ထို့ကြောင့် သွားများဆွေးမြည့်ပျက်စီး၍ ဝါးလို့မရအောင် နာကျင်တာနဲ့ အရင်ခေတ်ကလို တန်းပြီးသွားနှုတ်ပစ်စရာ မလိုအပ်တော့ပါဘူး..... အတတ်နိုင်ဆုံးထိန်းထားနိုင်ပါပြီ 😇😇😇

🔺🔺🔺သွားတစ်ချောင်းရဲ့တန်ဖိုးကို သွားနှုတ်ထားပြီး မရှိတော့တဲ့အချိန်မှ များသောအားဖြင့် သေချာသိကြတာပါ......😢😢😢

🔺🔺🔺ထို့ကြောင့် သွားနာပြီဆိုတာနဲ့ နှုတ်စရာမလိုအပ်သေးတဲ့သွားမျိုးကို နှုတ်ပစ်တာမျိုး မပြုလုပ်ဘဲ သွားအကြောထုတ်ကုသခြင်းဖြင့် မိမိသွားလေးတွေကို နှစ်အကြာကြီးထိန်းထားနိုင်ပါပြီနော် 🥰🥰🥰
Credit

🦷 အောင်မေတ္တာသွားနှင့်ခံတွင်းဆေးကုခန်း 🦷

🏥 ဆေးခန်းဖွင့်ချိန် ~မနက် 9:30မှ12:00ထိ

နေ့လည် 2:00မှ7:00 ထိ

တနင်္လာနေ့တိုင်းညနေပိုင်းဆေးခန်းပိတ်သည်

📞 ကြိုတင်appointment ယူနိုင်ရန်

☎️ 09894285863 သို့ဆက်သွယ်နိုင်ပါတယ်ရှင်

လေဆာအလင်းရောင် နဲ့ Composite ဆေးကိုအသုံးပြုပြီး သွားဖာခြင်း (Light-cure composite filling) - ကုန်ကျစရိတ်အသက်သာဆုံး- အမြန...
08/08/2020

လေဆာအလင်းရောင် နဲ့ Composite ဆေးကိုအသုံးပြုပြီး သွားဖာခြင်း (Light-cure composite filling)
- ကုန်ကျစရိတ်အသက်သာဆုံး
- အမြန်ဆုံးနည်းလမ်းပါ။
- မိနစ်အနည်းငယ်ပဲလိုအပ်ပါတယ်။
-သွားအရောင်တိုင်းတထပ်တည်းတူပါတယ်။
-အမာတွေ ဂရုစိုက်ရင် နှစ်ရှည်ခံနိုင်ပါတယ်။

🦷 အောင်မေတ္တာသွားနှင့်ခံတွင်းဆေးကုခန်း 🦷

🏥 ဆေးခန်းဖွင့်ချိန် ~မနက် 9:30မှ12:00ထိ

နေ့လည် 2:00မှ7:00 ထိ

တနင်္လာနေ့တိုင်းညနေပိုင်းဆေးခန်းပိတ်သည်

📞 ကြိုတင်appointment ယူနိုင်ရန်

☎️ 09894285863 သို့ဆက်သွယ်နိုင်ပါတယ်ရှင်

Address

XWW3+JR Muse
Mu-Se
06402

Opening Hours

Tuesday 09:00 - 13:00
14:00 - 18:00
Wednesday 09:00 - 13:00
14:00 - 18:00
Thursday 09:00 - 13:00
14:00 - 18:00
Friday 09:00 - 13:00
14:00 - 18:00
Saturday 09:00 - 13:00
14:00 - 18:00
Sunday 09:00 - 13:00
14:00 - 18:00

Telephone

+959894285863

Website

Alerts

Be the first to know and let us send you an email when Aung Myitter Dental Clinic-အောင်မေတ္တာသွားနှင့်ခံတွင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Myitter Dental Clinic-အောင်မေတ္တာသွားနှင့်ခံတွင်း:

Share