ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း

  • Home
  • Myanmar
  • Meiktila
  • ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း

ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း Dental Health Care Meiktila

 ်ထမ်းရသွားပါပြီရှင့်ကံ့ကော် – သွားနှင့်ခံတွင်းဆေးခန်း အတွက် ဆေးခန်းအကူ အမျိုးသမီးဝန်ထမ်း ၂ ဦး အလိုရှိပါသည်။- အသက် 18 န...
09/01/2026

်ထမ်းရသွားပါပြီရှင့်
ကံ့ကော် – သွားနှင့်ခံတွင်းဆေးခန်း အတွက် ဆေးခန်းအကူ အမျိုးသမီးဝန်ထမ်း ၂ ဦး အလိုရှိပါသည်။

- အသက် 18 နှစ်မှ 25 နှစ်အတွင်းဖြစ်ရမည်

- အိမ်ထောင်မရှိသူဖြစ်ရမည်

- သပ်ရပ်စွာ ၀တ်စားဆင်ယင်တတ်သူဖြစ်ရမည်

- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်

- ဆေးခန်းမှသင်ကြားပြသသည်များကို သေချာမှတ်ယူ လေ့လာလိုစိတ်ရှိသူဖြစ်ရမည်

- ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်း‌အောင်သူဖြစ်ရမည်။

လူနာနှင့်တိုက်ရိုက်ဆက်သွယ်ရမည်ဖြစ်သောကြောင့် စကားပြောပြေပြစ်ရမည်

- ဆေးခန်းမှ ချမှတ်‌‌ထားသောစည်းကမ်းများကို သေချာလိုက်နာနိုင်ရမည်

- ၁လ ၁ရက်နားရပါမည်။

ရေရှည်လုပ်ကိုင်နိုင်သူကို ဦးစားပေးပါမည်

နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ လုပ်ကိုင်နိုင်ရမည်

အစမ်းခန့်ကာလ - ၁ လ(အစမ်းခန့်ကာလအတွင်း လစာမှာ ၂၀၀၀၀၀)
အမြဲတမ်းလစာ - ၂၅၀၀၀၀
အလုပ်လုပ်ကိုင်နိုင်မှုနှင့် ကြိုးစားမှုအပေါ်မူတည်ပြီး လစာတိုးပေးမည်။
အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်ပြီး လစာ တိုးပေးမည်

အလုပ် လျှောက်လိုသူများသည် CV Form နှင့်တကွ 15.1. 2026ရက်နေ့တွင် ​နောက်ဆုံးထား၍ဆေးခန်း သို့ page cb သို့ tit tok acc cbတို့တွင် လာရောက် လျှောက်ထားနိုင်ပါသည်။

ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ လေပြေစားသောက်ဆိုင်နှင့်တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 / 09-989630660

ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း မှာ ရရှိနိုင်သော ကုသမှုများ(1) Tooth Restoration(သွားဖာခြင်း)(2) Tooth Extraction(သွာ...
11/07/2025

ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း မှာ ရရှိနိုင်သော ကုသမှုများ

(1) Tooth Restoration
(သွားဖာခြင်း)
(2) Tooth Extraction
(သွားနှုတ်ခြင်း)
(3) Root Canal Treatment
(သွားအ​ကြောထုတ်ကုသခြင်း)
(4) Scaling and Polishing
(သွားသန့်ရှင်းရေးပြုလုပ်ခြင်း)
(5) Wisdom Tooth Removal
(အံဆုံးသွားနှုတ်ခြင်း)
(6) Denture
(သွားအရှင်စိုက်​​ခြင်း or အံကပ်များပြုလုပ်ပေးခြင်း)
(7) Crown and Bridge
(သွားအသေစိုက်ခြင်း)
(8) Dental Implant
(သွားမြစ်တု အစားထိုးကုသခြင်း)
(9) Orthodontic Treatment
(သွားညှိကုသခြင်း)
(10) Tooth Whitening
(လေဆာဖြင့် သွားများဖြူဖွေးအောင် ကုသပေးခြင်း)
(11) Dental Veneer
(သွားကြွေလွှာကပ်ခြင်း)
(12) Dental Skycee
(သွားများတွင် စိန်ကပ်၍ အလှဆင်ခြင်း)

ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ

ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

သွားကြွေလွှာများ ပျက်စီးနေသည်ကို လေဆာဖြင့် ပြန်လည် ဖာပေးထားခြင်း ⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထ...
09/07/2025

သွားကြွေလွှာများ ပျက်စီးနေသည်ကို လေဆာဖြင့် ပြန်လည် ဖာပေးထားခြင်း

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

28/04/2025

ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း ကို 29.4.25 မှ 1.5.25 ထိ ယာယီခဏပိတ်ထားပါသည်
2.5.25 နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်မှစပြီး ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများအားလုံး ဘေးရန်အမျိုးမျိုးမှ ကင်းဝေးကြပါစေကြောင်း က...
17/04/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်မှစပြီး ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများအားလုံး ဘေးရန်အမျိုးမျိုးမှ ကင်းဝေးကြပါစေကြောင်း ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏
အားလုံး ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏

သွားကျောက်ခြစ်ခြင်း သို့မဟုတ် သွားသန့်ရှင်းရေး ပြုလုပ်ခြင်း (Scaling and Polishing)🦷 သွားသန့်ရှင်းရေးပြုလုပ်ခြင်းဆိုတာ သ...
28/03/2025

သွားကျောက်ခြစ်ခြင်း သို့မဟုတ် သွားသန့်ရှင်းရေး ပြုလုပ်ခြင်း (Scaling and Polishing)
🦷 သွားသန့်ရှင်းရေးပြုလုပ်ခြင်းဆိုတာ သွားတွေရဲ့ပတ်ပတ်လည်နှင့် သွားဖုံးသားလမ်းကြောင်းတစ်လျှောက်မှာ ရှိနေ၊ကပ်နေတဲ့ သွားချေးတွေ၊ သွားဂျိုး(သွားကျောက်)တွေကို ဖယ်ရှားပေးပြီး သွားမျက်နှာပြင်များကို ချောမွေ့သွားအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်

🦷 သွားကျောက်တွေဘယ်လိုစပြီးဖြစ်လာသလဲ?
ကျွန်တော်တို့ဟာ အစားအစာ စားပြီး၊သောက်ပြီးတိုင်းမှာ သွားနှစ်ချောင်းကြားမှာပဲဖြစ်စေ၊ သွားအခြေတွေမှာပဲဖြစ်စေ သွားချေးလွှာ(သွားချီး)တွေ ကပ်ပြီးကျန်နေခဲ့ကြပါတယ်။
ကျွန်တော်တို့ဟာ ခံတွင်း​သန့်ရှင်းရေး (ဉပမာ - အချိန်မှန်မှန်သွားတိုက်ခြင်း၊ သွားကြားပွတ်ကြိုးသုံးခြင်း၊ အစာစားပြီးတိုင်း သေချာစွာပလုတ်ကျင်းခြင်း၊ အစရှိသဖြင့်)ကို သေချာစွာ မလုပ်ခဲ့ဘူးဆိုရင် သွားချေးလွှာတွေဟာ တစ်ဖြည်းဖြည်းများလာ၊စုလာပြီး အချိန်ကြာလာတာနှင့်အမျှ သွားကျောက်အဖြစ်သို့ ပြောင်းသွားကြပါတယ်

🦷 သွားကျောက်တွေရှိရင် ဘာတွေဖြစ်တတ်လဲ?
၁။သွားဖုံးသွားများနီနေ၊ရဲနေခြင်း (သွားဖုံးရောင်ရောဂါ) ကြောင့် အလွယ်တကူသွေးထွက်လွယ်ခြင်း
၂။ရေစီးကမ်းပြိုရောဂါ (သွားဖုံးရောင်ရောဂါကို စောစီးစွာ မကုသခဲ့ခြင်းကြောင့် သွားများလှုပ်လာ၊နဲ့လာခြင်း နှင့် အလိုလိုသွားများကျွတ်ထွက်သွားခြင်း)
၃။ခံတွင်းနံ့ဆိုးခြင်း
၄။အလွယ်တကူ သွားပိုးစားနိုင်ခြင်း
၅။သွားဖုံးသားများ အောက်သို့ကျလာခြင်းကြောင့် သွားအမြစ်များပေါ်လာခြင်း
၆။သွားအရောင်ပြောင်းသွားခြင်း

🦷 သွားဖုံး​ရောင်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
၁။ခံတွင်းသန့်ရှင်းရေးကို သေချာစွာဂရုစိုက်ပါ။
၂။ကျွမ်းကျင်သော သွားဆရာဝန်ဖြင့် ၆ လတစ်ကြိမ် စစ်ဆေးပါ။
၃။ကျန်းမာစွာနေထိုင်​၊စားသောက်ပါ။

မိမိရဲ့သွားတွေ မပျက်စီး၊မဆုံးရှုံးရလေအောင် ကံ့ကော်-သွားနှင့်ခံတွင်းဆေးခန်းမှာ အခမဲ့လာရောက်စစ်ဆေးပြီး ဆွေးနွေးတိုင်ပင်လို့ရပါတယ်။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

သွားညှိကုသမှု (Orthodontic Treatment)ဘယ်လိုအခြေအနေတွေမှာ သွားညှိကုသမှုကို ခံယူသင့်လဲ-သွားထပ်တာ၊ သွားကျဲတာ-သွားတွေလည်နေတာ...
26/03/2025

သွားညှိကုသမှု (Orthodontic Treatment)

ဘယ်လိုအခြေအနေတွေမှာ သွားညှိကုသမှုကို ခံယူသင့်လဲ
-သွားထပ်တာ၊ သွားကျဲတာ
-သွားတွေလည်နေတာ၊ အပေါ်အောက်ရှေ့သွားတွေမထိဘဲ ဟ,နေတာ
-သွားခေါတာ၊ ကလေးသွားများမကျိုးဘဲ ကျန်နေခြင်းကြောင့် လူကြီးသွားများ ပေါက်တဲ့အခါ မညီမညာပေါက်တာ
စတဲ့ သွားမညီမညာပြသနာများရှိနေလျှင်​ သွားညှိကုသမှုကို ခံယူသင့်ပါတယ်

သွားညှိကုသမှု အမျိုးအစားများ
၁။ Braces
-Traditional Metal Braces
-Ceramic Braces
-Self-ligating Braces
၂။ Clear Aligner (Invisalign)

မိမိသွားပုံစံအနေအထားနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိခြင်း၊
အစာစားရာတွင် အဆင်မပြေခြင်း၊ စကားပြောရာတွင်ဖြစ်စေ၊ ရုပ်ပိုင်းဆိုရာတွင်ဖြစ်စေ ယုံကြည်မှုရှိရှိမပြုံးဝံ့သူတွေအတွက် ကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်းမှာ အပြုံးလှလှပိုင်ရှင်လေးတွေအဖြစ် ပြောင်းလဲနိုင်ပါပြီ

ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း မှာဆိုရင် စုစုပေါင်းကုန်ကျစရိတ်ရဲ့ ၂၀% ကို ကနဦးပေးသွင်းရုံနဲ့ သွားညှိကုသမှု ခံယူနိုင်ပါပြီ
ကျန်သောကုန်ကျစရိတ်များကိုလည်း လစဥ်အရစ်ကျစနစ်နဲ့ ပေးသွင်းသွားရုံပဲ ဖြစ်ပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

🦷 ပိုးစားနေသော အံသွားကို သဘာဝအတိုင်း လှပအောင်၊ အစာဝါးလို့ကောင်းအောင် လေဆာဖြင့် ဖာထားပေးခြင်းဖြစ်ပါတယ်🦷 လေဆာဖြင့်သွားဖာခြ...
25/03/2025

🦷 ပိုးစားနေသော အံသွားကို သဘာဝအတိုင်း လှပအောင်၊ အစာဝါးလို့ကောင်းအောင် လေဆာဖြင့် ဖာထားပေးခြင်းဖြစ်ပါတယ်
🦷 လေဆာဖြင့်သွားဖာခြင်းဟာ ကုန်ကျစရိတ်သင့်တင့်တာမို့ မိမိသွားတွေကို ပျက်စီးမသွားအောင် သွားပိုးစားတာကို စပြီး သတိထားမိတည်းက ကုသမှုခံယူထားသင့်ပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

🦷 ရှေ့သွားနှစ်ချောင်းကြား ကျဲနေတာကို လေဆာဖြင့် ပြန်လည်ဖာထား​ပေးခြင်း ဖြစ်ပါတယ်🦷 ရှေ့သွားတွေဟာ မိမိအလှအပအတွက် အရေးကြီးတာမ...
24/03/2025

🦷 ရှေ့သွားနှစ်ချောင်းကြား ကျဲနေတာကို လေဆာဖြင့် ပြန်လည်ဖာထား​ပေးခြင်း ဖြစ်ပါတယ်
🦷 ရှေ့သွားတွေဟာ မိမိအလှအပအတွက် အရေးကြီးတာမို့ သွားကျဲလို့ပဲဖြစ်ဖြစ်၊ သွားဝါလို့ပဲဖြစ်ဖြစ် ယုံကြည်မှုရှိရှိ မပြုံးဝံ့သူတွေအတွက်
ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း မှာ ကုန်ကျစရိတ်သင့်တင့်စွာနဲ့ မိမိသွားများကို သဘာဝအတိုင်းလှပလာအောင် ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူနိုင်ပါပြီ

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

အကြောင်းအမျိုးမျိုးကြောင့် မိမိသွားတွေနှုတ်လိုက်ရပြီး ပြန်မစိုက်ဖြစ်ခဲ့လျှင်(၁)ဘေးသွားများ ယိုင်လာခြင်း၊ ဆန့်ကျင်ဘက်သွား...
24/03/2025

အကြောင်းအမျိုးမျိုးကြောင့် မိမိသွားတွေနှုတ်လိုက်ရပြီး ပြန်မစိုက်ဖြစ်ခဲ့လျှင်
(၁)ဘေးသွားများ ယိုင်လာခြင်း၊ ဆန့်ကျင်ဘက်သွားများရှည်ကျလာခြင်းကြောင့် သွားအမြစ်များပေါ်လာခြင်း
(၂)မရှိတဲ့သွားများလာတဲ့အခါ သွားဖုံးရိုးများနိမ့်လာခြင်း၊ ပါးများချိုင့်ဝင်လာခြင်းတို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျလာခြင်း
(၃)အစာစားရ၊ဝါးရ ခက်ခဲလာခြင်းကြောင့် အာဟာရပြည့်ဝစွာ မစားသုံးနိုင်ခြင်း
(၄) စကားပြောသောအခါ ပီပီသသမရှိခြင်း၊ ယုံကြည်မှုမရှိခြင်း
စသည့် နောက်ဆက်တွဲဆိုးကျိုးများစွာကို ဖြစ်စေပါတယ်

အထက်ပါပြသနာများ မဖြစ်စေရန် သွားနှုတ်ပြီး (၆) ပတ်မှစ၍ (၆)လအတွင်း သွားပြန်စိုက်ပေးဖို့ လိုအပ်ပါတယ်
သွားစိုက်တဲ့အခါမှာလည်း နည်း (၃) မျိုးဖြင့် ပြန်စိုက်လို့ရပါတယ်
(၁) သွားအရှင်စိုက်ခြင်း (အံကပ်)
-ရိုးရိုးအံကပ်အမာ (Acrylic Partial Denture)
-အံကပ်အပျော့ (Flexible Denture)
-သတ္တုအံကပ် (Metallic Denture)
(၂) သွားအသေစိုက်ခြင်း (ဘေးသွားအကူအညီယူ၍ သွားစိုက်ခြင်း)
-သတ္တုသွား (All Metal)
-သတ္တုစပ်ကြွေသွား (Porcelain Facing)
-ကြွေသွား (Porcelain fused to Metal)
-ကြွေအသန့် (Zirconia)
(၃) သွားဖုံးရိုးအတွင်း သွားမြစ်တုထည့်ပြီးစိုက်ခြင်း (Dental Implant)
ကံ့ကော်သွားနှင့်ခံတွင်း ဆေးခန်း မှာ ကုန်ကျစရိတ်သင့်တင့်စွာနဲ့ မိမိဆုံးရှုံးထားတဲ့သွားတွေကို ပြန်စိုက်လို့ရနေပြီဖြစ်ပါကြောင်း......

စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်ဖို့အတွက် သွားလေးတွေဟာလည်း တစ်စိတ်တစ်ပိုင်းကနေ အရေးကြီးတာမို့ ဆုံးရှုံးပြီးသားသွားတွေကို ပြန်စိုက်ပေးကြဖို့ အကြံပြုလိုပါတယ်

မိမိကိုယ်ကို ယုံကြည်မှုရှိသော အပြုံးလှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

🦷 ပိုးစားပြီး ပျက်စီးနေသော သွားကို လေဆာဖြင့် ဖာထေးပြုပြင်ခြင်း🦷 ကိုယ့်ရဲ့သွားလေးတွေ အခုလိုမျိုး ပိုးစားပျက်စီးနေပြီဆိုရင...
23/03/2025

🦷 ပိုးစားပြီး ပျက်စီးနေသော သွားကို လေဆာဖြင့် ဖာထေးပြုပြင်ခြင်း

🦷 ကိုယ့်ရဲ့သွားလေးတွေ အခုလိုမျိုး ပိုးစားပျက်စီးနေပြီဆိုရင် လှပမှုရှိအောင်၊ အစာစားလို့၊ဝါးလို့ကောင်းအောင် ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း မှာ လေဆာဖြင့်ဖာထေးပြီး ပြုပြင်လို့ရနေပါပြီ

🦷 ယခုလိုဖာထေးခြင်းက ကုန်ကျစရိတ် သင့်တင့်ရုံမျှမက ခံတွင်းသန့်ရှင်းရေးကို ကိုယ်တိုင်သေချာဂရုစိုက်လျှင် ရေရှည်အကြာကြီး သုံးလို့လည်းရပါတယ်

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ

🏥 ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း (ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

သွားနှင့်ခံတွင်းကျန်းမာရေးကောင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၁။ ဘာကြောင့် အရေးပါသလဲ?🦷 သွားများပိုးစားပျက်စီးခြင်း မဖ...
21/03/2025

သွားနှင့်ခံတွင်းကျန်းမာရေးကောင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း
၁။ ဘာကြောင့် အရေးပါသလဲ?
🦷 သွားများပိုးစားပျက်စီးခြင်း မဖြစ်စေရန်။
🦷 သွားဖုံးရောင်ရောဂါ မဖြစ်စေရန်။
🦷 ခံတွင်းမှ အနံ့ဆိုးများ မထွက်စေရန်

၂။ သွားနှင့်ခံတွင်းကျန်းမာရေးအားနည်းတဲ့သူတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရလေ့ရှိလဲ?
🦷 သွားများပိုးစားပျက်စီးနေခြင်း
🦷 သွားကျောက်များရှိနေခြင်းကြောင့် သွားဖုံးသားများယောင်ရမ်းပြီး သွေးထွက်ခြင်း
🦷 ခံတွင်းနံ့မကောင်းခြင်း
🦷 သွားများ လှုပ်နေ၊နဲ့နေခြင်း
🦷 သွားဖုံးသားများ အောက်သို့ကျသွားတတ်ခြင်းကြောင့် အပူ၊အအေးသောက်လျှင် သွားများကျဥ်တတ်ခြင်း
🦷 ဘက်တီးရီယားနှင့်ဗိုင်းရပ်စ်ပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ခြင်းကြောင့် ပိုးဝင်နိုင်ခြင်း

၃။သွားနှင့်ခံတွင်းကျန်းမာရေးကောင်းအောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ
🦷 စနစ်မှန်သွားတိုက်နည်းဖြင့် နေ့စဥ် နံနက်အစာစားပြီးတစ်ကြိမ် ညအိပ်ယာမဝင်မီတစ်ကြိမ် သွားတိုက်ပါ။
🦷 လျှာကိုလည်း သွားတိုက်တံဖြင့်တိုက်ပါ သို့မဟုတ် လျှာခြစ်တံ အသုံးပြုပါ။
🦷 သွားကြားပွတ်ကြိုးအသုံးပြု၍ တစ်နေ့တစ်ကြိမ် သွားနှစ်ချောင်းကြား သန့်ရှင်းရေးပြုလုပ်ပါ။
🦷 အစာစာပြီးတိုင်း ရေဖြင့် သေချာစွာ ပလုတ်ကျင်းပါ။
🦷 ပလုတ်ကျင်းဆေးရည်ဖြင့် နေ့စဥ် ပလုတ်ကျင်းပါ။
🦷 စေးကပ်ပြီး ချိုသာအစားအစာများကို ရှောင်ကြဥ်ပါ။
🦷 ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ။
🦷 သွားများ မညီမညာဖြစ်နေလျှင် သို့မဟုတ် ထပ်နေ၊ကျဲနေ လျှင် ပြုပြင်ပါ။
🦷 ညအိပ်ချိန် အံကြိတ်တတ်လျှင် Night Guard (အံကြိတ်တတ်သူများ တပ်ရသော သွားပုံစံအစွပ်) တပ်ပြီးမှ အိပ်ပါ။
🦷 ကျွမ်းကျင်သော သွားဆရာဝန်ဖြင့် ပုံမှန်ပြသစစ်ဆေးပါ။

သွားနှင့်ခံတွင်းကျန်းမာရေးကောင်းအောင် ထိန်းသိမ်းပြီး ယုံကြည်မှုရှိသော အပြုံးလှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ......

Upcoming
စနစ်မှန်သွားတိုက်နည်းဆိုတာ ဘာလဲ ???

ဆေးခန်းဖွင့်ချိန် - နေ့စဥ် နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ

ဆေးခန်းလိပ်စာ - ကန်ပတ်လမ်း(ကရဝိတ်ဖောင်တော်လမ်း)၊ ရွှေစည်းခုံဘုရားအရှေ့ဘက်၊ တက်နေဝန်းအိမ်ဆောက်ပစ္စည်းဆိုင်နှင့် လေပြေ စားသောက်ဆိုင်ကြား၊ မိတ္ထီလာမြို့။
09-449237737 | 09-767163361

Address

ကန်ပတ်လမ်း၊ ဓမ္မသုခ ရွှေစည်းခုံဘုရား(ဦးသိန်းစိန်ဘုရား​) အရှေ့ဘက်၊ မိတ္ထီလာမြို့။
Meiktila
05201

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when ကံ့ကော် - သွားနှင့်ခံတွင်း ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share