28/05/2026
Khit Hme Dental Care မှာ တာဝန်ထမ်းဆောင်ဖို့ Dental Assistant (သွားဘက်ဆိုင်ရာ လက်ထောက်) ဝန်ထမ်း အလိုရှိနေပါတယ် ။
ကျွန်တော်တို့ ခေတ်မှီသွားနှင့်ခံတွင်းဆေးခန်းမှာ တက်ကြွပြီး လုပ်ငန်းအပေါ် စိတ်ပါဝင်စားမယ့် ဝန်ထမ်းအသစ်ကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
📋 ရာထူးနှင့် အရည်အချင်း သတ်မှတ်ချက်များ
ရာထူး: Dental Assistant (မ တစ်ဦး)
ပညာအရည်အချင်း: ဆယ်တန်းအောင် သို့မဟုတ် ဘွဲ့ရ (ဆေးဘက်ဆိုင်ရာ နှီးနွှယ်သူများ ဦးစားပေးမည်)
အတွေ့အကြုံ: သွားနှင့်ခံတွင်းဆေးခန်းတွင် လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေးမည်ဖြစ်သော်လည်း အတွေ့အကြုံမရှိပါကလည်း ဆေးခန်းမှ စနစ်တကျ သင်ကြားပေးသွားပါမည်။
အခြားအရည်အချင်း:
-လူနာများနှင့် ဆက်ဆံရာတွင် ဖော်ရွေပျူငှာပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
-အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်။
-သန့်ရှင်းသပ်ရပ်မှုကို အလေးထားသူ ဖြစ်ရမည်။
🛠️ တာဝန်ဝတ္တရားများ
-ကုသမှုမစတင်မီ ဆေးခန်းသုံးပစ္စည်းများ သန့်စင်ခြင်းနှင့် ပိုးသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်။
-ဆရာဝန် ကုသမှုပေးနေစဉ်အတွင်း လိုအပ်သည်များကို ဘေးမှ ကူညီပံ့ပိုးပေးရန်။
-လူနာများအား ဆေးခန်းအတွင်း လမ်းညွှန်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီပေးရန်။
✨ ခံစားခွင့်များ
-လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍ ညှိနှိုင်းလစာ
-လုပ်သက်အလိုက် ဘောနပ်စ်နှင့် ခံစားခွင့်များ။
-နွေးထွေးပြီး အေးချမ်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်။
📩 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါ Contact မှတစ်ဆင့် လာရောက်လျှောက်ထားနိုင်ပါသည်။
Facebook Messenger or
📞 ဖုန်းနံပါတ်: ၀၉ ၇၆၇၀၃၃ ၂၄၅
📍 ဆေးခန်းလိပ်စာ: ခေတ်မှီမုန့်တိုက်၊ ရုပ်ရှင်ရုံလမ်း၊ မြို့မရပ်ကွက်၊ မိတ္ထီလာမြို့။