Thukha Dental Clinic - သုခ သွားနှင့်ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Meiktila
  • Thukha Dental Clinic - သုခ သွားနှင့်ခံတွင်းဆေးခန်း

Thukha Dental Clinic - သုခ သွားနှင့်ခံတွင်းဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thukha Dental Clinic - သုခ သွားနှင့်ခံတွင်းဆေးခန်း, Dentist & Dental Office, ကန်တော်မဂ်လာခန်းမရှေ့၊နာရီစင်တောင်ဘက်၊ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ဝါးတန်းရပ်၊, Meiktila.

30/12/2024

`မိုလာ သွားနှင့်ခံတွင်းဆေးခန်း´

(31.12.2024) & (1.1.2025) ဆေးခန်းပိတ်ပါသည်။
(2.1.2025) မှစ၍ ပုံမှန်အတိုင်းပြန်လည်‌ဖွင့်ပါမည်။

"မိုလာ သွားနှင့်ခံတွင်းဆေးခန်း"ဆေးခန်းဖွင့်ချိန်     - မနက်(၉)နာရီမှ ညနေ(၅)နာရီ။ ဆေခန်းဖုန်းနံပါတ် - 09 440 260 990 (vib...
06/12/2024

"မိုလာ သွားနှင့်ခံတွင်းဆေးခန်း"

ဆေးခန်းဖွင့်ချိန် - မနက်(၉)နာရီမှ ညနေ(၅)နာရီ။

ဆေခန်းဖုန်းနံပါတ် - 09 440 260 990 (viber)
09 985 920 804

လိပ်စာ - ကန်တော်မဂႅလာခန်းမရှေ့၊နာရီစင်တောင်
ဘက်ခြမ်း၊ဝါးတန်းရပ်၊ရန်မန်းကားလမ်းမ
ကြီးဘေး‌၊မိတ္ထီလာမြို့။

မိုလာသွားနှင့်ခံတွင်းဆေးခန်း ကို ( မိတ္ထီလာမြို့ ) မှာ ( 3.2.2024 )နေ့တွင် စတင်ဖွင့်လှစ်ပြီးဖြစ်ပါတယ်။                 မ...
03/02/2024

မိုလာသွားနှင့်ခံတွင်းဆေးခန်း ကို ( မိတ္ထီလာမြို့ ) မှာ
( 3.2.2024 )နေ့တွင် စတင်ဖွင့်လှစ်ပြီးဖြစ်ပါတယ်။

မိုလာ သွားနှင့်ခံတွင်းဆေးခန်း
ကန်တော်မဂ်လာခန်းမရှေ့၊နာရီစင်တောင်ဘက်၊ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ဝါးတန်းရပ် မိတ္ထီလာမြို့။

📞 09 440260990,09 985920804

🦷 “မိုလာ သွားနှင့်ခံတွင်းဆေးခန်း” တွင် ရရှိနိုင်သော        ကုသမှု့များ _1️⃣ Dental Examination & Consultation     (သွားန...
26/03/2023

🦷 “မိုလာ သွားနှင့်ခံတွင်းဆေးခန်း” တွင် ရရှိနိုင်သော
ကုသမှု့များ _

1️⃣ Dental Examination & Consultation
(သွားနှင့်ခံတွင်း စမ်းသပ်စစ်ဆေးခြင်းနှင့်ဆွေးနွေး
တိုင်ပင်ခြင်း)

2️⃣ Scaling & Polishing
(သွားကျောက်ခြစ်ခြင်း၊ဆေးလိပ်ဂျိုး ကွမ်းဂျိုး
ချွတ်ခြင်း)

3️⃣ Pits and Fissures Sealing
(သွားမျက်နှာပြင်၌ သွားပိုးမစားအောင် ကြိုတင်
ကာကွယ်ဖာထေးခြင်း)

4️⃣ Tooth Restorations
(သွားပိုးပေါက်များ ပြန်လည်ဖာထေးခြင်း)

5️⃣ Root Canal Treatment
(သွားအမြစ်ကြော ကုသခြင်း)

6️⃣ Tooth Extraction
(ရိုးရိုးသွားနှုတ်ခြင်း/အံဆုံးသွား ခွဲနှုတ်ခြင်း)

7️⃣ Denture & Flexible Denture
(အံကပ်အမာ/အံကပ်အပျော့ ပြုလုပ်ခြင်း)

8️⃣ Crown and Bridge (Metal, Porcelain &
Zirconia)
(သတ္တုစွပ်/ကြွေသွားစွပ် စသည်ဖြင့် သွားအသေ
စိုက်ခြင်း)

9️⃣ Tooth Whitening
(လေဆာဖြင့် သွားဖြူအောင်ပြုလုပ်ခြင်း)

🔟 Dental Skyce
(သွားမျက်နှာပြင်၌ စိန်ပွင့်ကပ်ခြင်း)

✅ဆေးခန်းဖွင့်ချိန် - မနက် (၈)နာရီမှ ညနေ (၅)နာရီအထိ။

✅လိပ်စာ - ကန်တော်မဂ်လာခန်းမရှေ့၊ နာရီစင်
တောင်ဘက်၊ရန်-မန်းကားလမ်းမကြီး
ဘေး၊ဝါးတန်းရပ်၊မိတ္ထီလာမြို့။


📞 09 440 260 990
09 985 920 804

🦷ဖုန်းဆက်၍‌‌လည်းကောင်း ၊ Chat boxမှ လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

“သွေးချိုဆီးချိုနှင့် သွားကျန်းမာရေး"👉 သွေးချိုဆီးချိုဟူသည် ခန္ဓာကိုယ်တွင်းရှိ သွေး      တွင်းသကြားဓါတ်ပမာဏ ရှိသင့်သည်ထက...
26/03/2023

“သွေးချိုဆီးချိုနှင့် သွားကျန်းမာရေး"

👉 သွေးချိုဆီးချိုဟူသည် ခန္ဓာကိုယ်တွင်းရှိ သွေး
တွင်းသကြားဓါတ်ပမာဏ ရှိသင့်သည်ထက် ပို
လွန်များပြားခြင်းပင် ဖြစ်သည်။

👉 သွေးချိုဆီးချိုကို ဘယ်လိုစစ်ဆေးမလဲ❓
- မိမိအိမ်၌ Glucometer ခေါ် သွေးချိုဆီးချိုတိုင်း
ကိရိယာဖြင့် စစ်ဆေးနိုင်ပါသည်။

👉 သွေးချိုဆီးချိုရောဂါရှိသည့် လူနာများ၌
- ခံတွင်းခမ်းခြောက်ခြင်း
-သွားပိုးစားလွယ်ခြင်း
- သွားဖုံးရောဂါဖြစ်လွယ်ခြင်း
(နောက်ဆက်တွဲ သွားများယိုင်နဲ့လာခြင်း)
- ရောဂါပိုးဝင်လွယ်ခြင်း
- အနာမကျက်လွယ်ခြင်း စသည့် သွားနှင့်ခံတွင်း
ဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရတတ်သည်။

👉 ထို့ကြောင့် သွေးချိုဆီးချိုလူနာများအ‌နေဖြင့်
မိမိ၏_
- သွေးချိုဆီးချို အမျိုးအစား
- သွေးတွင်းသကြားဓါတ်ပမာဏ
- သောက်သုံးနေသည့်ဆေးဝါး
- သွေးချိုဆီးချိုနောက်ဆက်တွဲရောဂါလက္ခဏာ
များ
စသည်တို့ပေါ် မူတည်၍ သွားနှင့်ခံတွင်းဆိုင်ရာကုသမှု့များခံယူကြရပါမည်။

💎 သွားစိန်ပွင့်အလှကပ်ခြင်း 💎
16/03/2023

💎 သွားစိန်ပွင့်အလှကပ်ခြင်း 💎

“စနစ်မှန်သွားတိုက်နည်း"✅ တစ်နေ့(၂)ကြိမ် ပုံမှန်သွားတိုက်ရမည်။✅သွားတိုက်ရမည့်အချိန်__     (၁)မနက်စာ စားပြီးချိန်     (၂)ည...
11/03/2023

“စနစ်မှန်သွားတိုက်နည်း"

✅ တစ်နေ့(၂)ကြိမ် ပုံမှန်သွားတိုက်ရမည်။

✅သွားတိုက်ရမည့်အချိန်__
(၁)မနက်စာ စားပြီးချိန်
(၂)ညအိပ်ယာမဝင်မီအချိန်

✅လိုအပ်သည်မှာ __
(၁)သွားပွတ်တံ(အမျှင်ပျော့ပျောင်း၍ မြဲမြံစွာ
ဆုပ်ကိုင်နိုင်သည့် လက်ကိုင်ဖြစ်ရမည်)
(၂)သွားတိုက်ဆေး(ဖလိုရိုက်ဒ် ပါဝင်သည့်
သွားတိုက်ဆေးဖြစ်ရမည်)

⛔မီးသွေး၊ဆား၊ဖွဲပြာ၊သစ်ကိုင်း စသည်တို့ဖြင့်
လုံးဝ(လုံးဝ) သွားမတိုက်ရ။

✅သွားတိုက်ရမည့် မျက်နှာပြင်များ__
(၁)သွား၏အပြင်ဘက်မျက်နှာပြင်
(အပေါ်အောက် ဒေါင်လိုက်တိုက်ရမည်)
(၂)သွား၏အတွင်းဘက်မျက်နှာပြင်
(အပေါ်အောက် ဒေါင်လိုက်တိုက်ရမည်)
(၃)အစာဝါးသည့် မျက်နှာပြင်
(ကန့်လန့်ဖြတ် အလျားလိုက်တိုက်ရမည်)

“မိုလာ သွားနှင့်ခံတွင်းဆေးခန်း" တွင် ရရှိနိုင်သော သွားစိုက်ခြင်းကုသမှု့များ_(၁) သွားအရှင်စိုက်ခြင်း (အံကပ်စိုက်ခြင်း)   ...
07/03/2023

“မိုလာ သွားနှင့်ခံတွင်းဆေးခန်း" တွင် ရရှိနိုင်သော သွားစိုက်ခြင်းကုသမှု့များ_

(၁) သွားအရှင်စိုက်ခြင်း (အံကပ်စိုက်ခြင်း)

- ရိုးရိုးအံကပ်(အံကပ်အမာ)(Acrylic denture)
- အံကပ်အပျော့(Flexible denture)
- သတ္တုအံကပ်(Metallic denture)

(၂) သွားအသေစိုက်ခြင်း(Crown& Bridge)

- သတ္တုသွား(Metallic)
- သတ္တုစပ်ကြွေသွား(PFM-Porcelain Fused To Metal)
- ကြွေသွား (Zirconia)
- သွားမြစ်တုဖြင့်စိုက်ခြင်း (Dental Implant)


👉ဆေးခန်းဖွင့်ချိန် - မနက်(8)နာရီမှညနေ(6)နာရီအထိ

“ကလေးငယ်များ၏ ငယ်သွားအကြောင်း”👉  သွားပေါက်ခြင်းဖြစ်စဉ်တွင် ငယ်သွားနှင့်ကြီးသွားဟူ၍ (၂)မျိုးရှိသည်။👉 ငယ်သွားများသည် အသက်(...
06/03/2023

“ကလေးငယ်များ၏ ငယ်သွားအကြောင်း”

👉 သွားပေါက်ခြင်းဖြစ်စဉ်တွင် ငယ်သွားနှင့်ကြီးသွားဟူ၍ (၂)မျိုးရှိသည်။

👉 ငယ်သွားများသည် အသက်(၆)လမှ (၃)နှစ်ဝန်းကျင်အတွင်း ပေါက်ကြသည်။ငယ်သွားစုစုပေါင်း အချောင်း(၂၀)ရှိ‌‌သည်။(ပုံ - ၁)သို့သော်တစ်ခါတစ်ရံ သွားအပိုပေါက်ခြင်း ၊ သွားလျော့ပေါက်ခြင်းများလည်း ရှိတတ်ပါသည်။

👉 ကြီးသွားများသည် အသက်(၆)နှစ်မှ စတင်၍ ပေါက်လာကြသည်။ထို့အတွက် မိဘများအနေဖြင့် ထိုကြီးသွားများအား ငယ်သွားအဖြစ်ထင်မှတ်ကြလေသည်။

👉 အထူးဂရုပြုရမည်မှာ ကလေးအံသွားများ၏ နောက်ကပ်ရပ်တွင် ပေါက်လာမည့် လူကြီးအံသွားပင်ဖြစ်သည်။အထက်အောက် ဘယ်ညာ စုစုပေါင်း (၄)ချောင်းပေါက်လာသည်။(ပုံ - ၂) ထိုသွားသည် ငယ်သွားများကဲ့သို့ အစားပြန်မပေါက်တော့ပေ။

👉 ထို့‌ကြောင့် သွားပိုးစားခြင်းနှင့် အခြားသွားရောဂါများမဖြစ်ရလေအောင် မိဘများအနေဖြင့် မိမိကလေးငယ်များအား နေ့စဉ်ပုံမှန်သွားတိုက်ရန် လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါသည်။

Address

ကန်တော်မဂ်လာခန်းမရှေ့၊နာရီစင်တောင်ဘက်၊ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ဝါးတန်းရပ်၊
Meiktila

Opening Hours

Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959252024300

Website

Alerts

Be the first to know and let us send you an email when Thukha Dental Clinic - သုခ သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share