23/07/2023
စီးပွားရေးတွက်ခြေကိုက်သည့် ပေါင်းစည်းလယ်ယာ ဘဲ+ငါးမွေးမြူရေး
" ဘဲ နှင့် ငါး တွဲမွေးခြင်း "
ငါးကန်များတွင် ဘဲခြံတည်ဆောက် မွေးခြင်းဖြင့် စီးပွားရေး တွက်ခြေကိုက်စေပါမည်။
(1) ဘဲများမှစွန့်ထုတ်လိုက်သော (manure) များသည် ငါးများအတွက် ဖြည့်စွက်စာ စုစုပေါင်းကုန်ကျစရိတ်၏ (60%)ကို သက်သာစေပါမည်။
(2) ဘဲများသည်ရေတွင် ကူးခတ်သောကြောင့် ငါးကန်၏ (aeration)ကိုလည်း အလိုအလျောက် ဖြစ်ပေါ်စေပါသည်။
(3) ဘဲခြံကို ငါးကန်၏ ကန်ဘောင်ပေါ်တွင် တည်ဆောက်ခြင်းအားဖြင့် ဘဲများအတွက် လမ်းလျှောက်ရန် မြေနေရာအပ်ို မလိုအပ်တော့ခြေ ဘဲမျာသည် ကန်အတွင်း (aquatic weeds, insects, larvae, earthworms) စသည်တို့ကို စားသုံးနိုင်ပါသည်။
#ငါးကန်ရေအနေအထား
(1) ကန်ရေအနက် အသင့်အတင့်ရှိသော ရေသည် လျှင်မြန်စွာ နွေးလွယ်ပြီး ကန်ရေထဲရှိ သက်ရှိများ ရှင်သန်ပေါက်ပွား လွယ်ပါသည်။ ရေအောက်တွင် ပေါက်နေသော အပင်များသည် ရေအနက် (0.01-1)မီတာတွင် ရှင်သန်နိုငိပါသည်။ (1m=3 ပေ 3 လက်မ)
(2) ကန်ရေသည် အပူချိန်ပေါ် လိုက်၍ အလွှာ (3)လွှာဖြစ်ပေါ်ပါသည်-
* အပေါ်ယံလွှာ (ပူနွေး)
* ပါးလွှာသောအလယ်ပိုင်း (အပူချိန်ရုတ်တရက် ကျဆင်းသွားသော အပိုင်း)
* အောက်ဆုံးလွှာ (အေးမြ)
(3) ကန်ရေသည် များစွာမနက်ပါက အလွှာများမှာမသိသာချေ။ ပူပြင်းသောဒေသတွင် ကန်ရေသည် တစ်နေ့လျှင် တစ်ကြိမ် ညအခါ၌ အထက် အောက်လှန်၍ ရောစပ်ပါပြီး ၄င်းလုပ်ဆောင်မှုသည် ကန်သြဇာဓာတ်များ လှည်လည်ရန်များစွာ အရေးပါသည်။
(4) ကန်ရေအပူချိန်မှာ (4-5)ပေ အနက်ရှိသော ပေါ်အောက်ရေ ကွာခြားမှု သိပ်မရှိသော်လည်း နက်လွန်းသော ကန်များတွင် (8ပေ)အထက်တွင် အပူချိန် ကွာခြားမှုများတတ်သည်။
(5) ကန်ရေအပူချိန် (25°c-32°c)အတွင်း ကောင်းစွာ ကြီးထွားနိုင်ပါသည်။ အပူချိန် (28°c-32°c) အတွင်း အကောင်းဆုံး ဖြစိပါသည်။
(6) ကန်ရေ၏ ရေကြည်နှုန်းသည် (28cm-45cm) အတွင်းရှိလျှင် အသင့်တော်ဆုံးဖြစ်ပြီး ရေကြည်နှုန်း (30-45cm) ရှိလျှင် အကောင်းဆုံး ဖြစ်ပါသည်။
(7) ကန်၏ပီအိပ်ခ်ျသည် (7.5 - 8.5) အတွင်းရှိလျှင် အကောင်းဆုံးဖြစ်ပြီး (5-6.5)အတွင်း ကြီးထွားနှုန်း နှေးပါမည်။ (9-11.5)အထိမြင့်တက်ပါကလည်း ကြီးထွားနှုန်း နှေးပါမည်။ (4-5)အထိကျလျှင် ငါးများ သေဆုံး နိုင်ပါသည်။
(8) နိုက်ထရိုဂျင် (4ppm) ဖော့စဖရပ် (1ppm) ပိုတက်စီယမ်(1ppm) ရှိရမည်။
ဟိုက်ထရိုဂျင်ဆာလဖိုဒ် (6ppm) ရှိလျှင် ငါးများသေနိုင်ပါသည်။ ကာဗွန်ဒိုင် အောက်ဆိုဒ် (5L) ရှိလျှင် ငါးများကို သေစေနိုင်ပါမည်။ ဖော့စဖရပ် (1ppm) ပိုတက်စီယမ် (1ppm) ရှိပါက မျောလှေများ ကောင်းစွာပေါက်ပွား ပါမည်။
#ဘဲမွေးမြူခြင်း
(1) ငါးကန်အကျယ်အဝန်း (1000m2) အတွက် pond fertilizer လုံလောက်ရန် အတွက် ဘဲကောင်ရေ (30)ဖြစ်ပြီး ၄င်းအတွက် ခြံအကျယ်အဝန်းမှာ (13-24m2) တည်ဆောက်ထားရပါမည်။
(2) ဘဲများသည် ကန်အတွင်းမှ သဘာဝအစာများကို ရှာဖွေစားသောက် နိုင်သောကြောင့် ဖြည့်စွက်စာ စရိတ်သက်သာ စေပါမည်။
(3) ဘဲများသည် အသက်(6)လ (24)ပတ်မှ စတင်ဥချနိုင်ပါသည်။
(4) ဥသေတ္တာများကို ဘဲခြံတွင် ချိတ်ထားပေးရပါမည်။ ဘဲများသည် ညအချိန်တွင် ဥဥလေ့ရှိကြပါသည်။ နံနက်တိုင်းဘဲဥကောက်ရမည် ဖြစ်ပြီး (2)နှစ်အထိ ဥများဥနိုင်ပါမည်။
#ဘဲအစာစပ်နည်းများ
#ဒေသမျိုး (အရွယ်ရောက်ပြီး)
* ဆန်ကွဲ (60%) ပြောင်းဖူးကြမ်း (15%) ဖွဲနုအမှတ်(2) (15%) ပုဇွန်ဖွဲ / ငါးမှုန့် (10%)
#အတိုင်းအဆအားဖြင့်
* ဆန်ကွဲ (၆ဆ) ပြောင်းဖူးကြမ်း (၁ဆ) ဖွဲနုအမှတ်(2) (၂ဆ) ပုဇွန်ဖွဲ / ငါးမှုန့် (၁ဆ)
ဆောင်းရာသီတွင် ပြောင်းဖူးကို ပိုထည့်သင့်ပါသည်။
နံနက်စောစော မလွှတ်ခင် ကျွေးရမည်။
(အကောင်းဆုံးဖြစ်ပါသည်)
ညနေပိုင်းကျွေးမည်ဆိုပါက အစာကို ရေအနည်းငယ် စွတ်ပြီးကျွေးပါ။
#ဘဲငယ်လေးများ
ပေါက်ပြီး(2)ပတ်အထိ အစာနု နှင့် အစာခြောက်များကို တစ်နေ့ (4-6)ကြိမ်ထိ ကျွေးရပါမည်။ (2)ပတ်ကျော်လျှင် (4)ကြိမ် နောက် (3) ကြိမ် လျော့ကျွေးရပါမည်။
#အသားစားဘဲများ
ရက်သတ္တ (10-14)ပတ်အတွင်း ဖြစ်ရာ (6-12) ပတ်အတွင်း ကောင်းမွန်စွာ ကျွေးရန်လိုအပ်ပါသည်။
* ငါးကြီးဆီ (2) နို့မှုန့် (10) ဆန်ကွဲ(20) ဖွဲနု(40)
ရက်သတ္တ(1-8)ပတ်အရွယ် ဘဲငယ်များအား
* ပုဇွန်ဖွဲ/ငါးမှုန့် (10) ဆန်ကွဲ (15)
* ပုဇွန်ဖွဲ/ငါးမှုန့်(15) ဆန်ကွဲ(60) ဖွဲနု(20)
#အစာခွက် နှင့် ရေခွက်များထားပေး ရပါမည်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်