09/01/2022
*** Gummy Smile *** သို့ *** သွားဖုံးေပၚအပြုံး***
သင့်အပြုံးကိုသင်ကျေနပ်မှု့ရှိပါသလား..? လှပသောအပြုံး၏အဓိပ္ပါယ်သတ်မှတ်ချက်ကိုသင်သိပါသလား..? သင့်အပြုံးကိုသင်စိစစ်လေ့လာဖူးပါသလား...?
တခါလောက်မှန်ထဲသေချာကြည့်၍ဝေဖန်ဆန်းစစ်ကြည့်ကြရအောင်ပါ။
ပထမဦးစွာလှပသောအပြုံးကိုမည်ကဲ့သို့အဓိပ္ပါယ်သတ်မှတ်မည်နည်း..?
လူတဦးတယောက်ချင်းစီတွင်အပြုံးကွာခြားချက်အနည်းငယ်စီရှိတတ်ကြပါသည်။
၎င်းတို့အနက်မှအချက်အနည်းငယ်ကိုကောက်နှုတ်ဖော်ပြလိုပါသည်။
ပြုံးလိုက်သည့်အခါတွင်ရှေ့သွားများအားလုံးပေါ်နေမှအပြုံးလှသည်ဟု ပညာရပ်ပိုင်းဆိုင်ရာသတ်မှတ်ချက်များလည်းရှိကြပါသည်။အနောက်နိုင်ငံများတွင်နောက်ဆုံးသွားညှိကုပညာသတ်မှတ်ချက်အရရှေ့သွားများ ၁၀၀%ပေါ်ခြင်းကိုလှသည်ဟု့ဆိုကာသွားညှိကုနည်းပညာဖြင့်ရှေ့သွားများပိုမိုပေါ်လွင်ရန်ပြု့ပြင် ခြင်းများလည်းရှိပါသည်။
စာကြွင်းအားဖြင့်ရှေ့သွားများအားလုံးသည်သန့်ရှင်းစင်ကြယ်ခြင်း၊ညီညာခြင်း၊အစီအရီရှိခြင်းများသည်လည်းအပြုံးလှစေရန်ပံ့ပိုးပေးကြပါသည်။
ရှေ့သွားများ၏အဖျားများကိုဆက်ဆွဲထားသောမျဉ်းသည် အောက်နှုတ်ခမ်းနှင့်အပြိုင်လခြမ်းကွေးပုံသဏ္ဍန်ရှေ့မှနောက်သိုတက်သွားရပါမည်။ရှေ့မှဆိုလျှင်အပေါ်သွားအ ဖျားသည် အောက်သွားအဖျားကို၂မီလီမီတာခန့်ရေပြင်ညီအကွာအဝေးရှိရမည် ဖြစ်ပြီးဘေးမှကြည့်လျှင်လည်း အပေါ်သွားအဖျားသည် အောက်သွားအဖျားကို ၂မီလီမီတာခန့်ဒေါင်လိုက် ဖုံးအုပ်ရမည်ဖြစ်ပါသည်။သွားအရောင်နှင့်သွားဖုံးအရောင်သန့်ရှင်းကျန်းမာခြင်းများသည် လည်းအရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။ အပေါ် ရှေ့သွားအလယ်ကြောင်းသည် အောက်ရှေ့သွားအလယ်ချောင်းနှင့်တထပ်တည်းကျရပါမည်။ အချို့သူများသည်ပြုံးလိုက်သည့်အခါတွင် သွားဖုံးသားများ လိုအပ်သည်ထက်ပိုမိုပေါ်လွင်ထင်ရှားနေသော “Gummy Smile”မျိုးရှိတတ်ကြပါသည်။
Gummy Smile“ကုသနည်းအမျိုးမျိုးရှိရာ အထက်ဖော်ပြပါသွားညှိကုသခြင်းအပြင်သွားဖုံးသားခွဲစိတ်ပြု့ပြင်ခြင်းလည်းရှိပါသည်။ ခွဲစိတ်ရာတွင်လည်း သာမန်ခွဲစိတ်ခြင်းအပြင် သွေးထွက်နည်းစေရန်လျှပ်စစ်ခွဲဓါးဖြင့်ခွဲစိတ်ခြင်းလည်းရှိပါသည်။အားသာချက်မှာသွေးထွက်နည်းခြင်း၊သွေးတိတ်စေရန်နည်းပညာဖြင့်တပြိုင် နက်လုပ်ဆောင်ပြီးခြင်းဖြစ်ခြင်း၊အနာကျက်လွယ်ခြင်းတို့ဖြစ်ပါသည်။
လိုအပ်လာပါကသွား၏ပုံသဏ္ဍန်အနေအထားပြု့ပြင်ရန်အပြင်ကြွေလွှာကပ်ခြင်း veneer , အပေါ်နှုတ်ခမ်းသားဆက်ကြောင်းဖြတ်ခြင်း Frenectomy လည်းထပ်ဆောင်းလုပ်ကြရပါသည်။
သင်ရောသင့်အပြုံးအတွက်ကျေနပ်မှု့ရှိပြီလား..? ယုံကြည်ချက်ရှိ့ရှိဖြင့်အားရပါးရပြုံးနိုင်ပြီလား..?
တိုးတက်ခေတ်မှီသောနည်းပညာများမှသင့်အားကူညီရန်အဆင်သင့်ရှိပါသည်။
အားလုံးအလှဆုံးပြုံးနိုင်ကြပါစေရှင့်။