Thant Specialist Dental Clinic

Thant Specialist Dental Clinic Everyone Deserves Beautiful Smile

🎉Happy New Year🎉အာလုံးပဲ နှစ်သစ်ကို ကျန်းမာလှပတဲ့ အပြုံးလေးတွေနဲ့ ကြိုဆိုလိုက်ရအောင်လား🥰နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရော...
01/01/2026

🎉Happy New Year🎉

အာလုံးပဲ နှစ်သစ်ကို ကျန်းမာလှပတဲ့ အပြုံးလေးတွေနဲ့ ကြိုဆိုလိုက်ရအောင်လား🥰

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်တဲ့အချိန်ကစပြီး မိတ်ဆွေအားလုံး ကျန်းမာလှပတဲ့ သွားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ၊ လိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ သန့်သွားနှင့်ခံတွင်း ဆေးခန်းမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

🎄Merry Christmas 🎄အေးချမ်းတဲ့ Christmas အခါသမယမှာ စိတ်နှလုံးအေးချမ်းပြီး ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်န...
25/12/2025

🎄Merry Christmas 🎄

အေးချမ်းတဲ့ Christmas အခါသမယမှာ စိတ်နှလုံးအေးချမ်းပြီး ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ သန့်သွားနှင့်ခံတွင်းဆေးခန်းမှ ဆုတောင်းပေးလိုက်ပါတယ်။

🇲🇲အမျိုးသားနေ့ တို့မမေ့🇲🇲၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ (၁၄) ရက်နေ့၊ သောကြာနေ့ တွင်ကျရောက်သော (၁၀၅)ကြိမ်မြောက် အမျိုးသားနေ့ကို သ...
14/11/2025

🇲🇲အမျိုးသားနေ့ တို့မမေ့🇲🇲

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ (၁၄) ရက်နေ့၊ သောကြာနေ့ တွင်ကျရောက်သော (၁၀၅)ကြိမ်မြောက် အမျိုးသားနေ့ကို သန့်သွားနှင့်ခံတွင်းဆေးခန်းမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🪔 ဒီပါဝလီနေ့ (ဒေဝါလီနေ့) 🪔🕯️ ဆီမီးထွန်းညှိပူဇော်ခြင်း (ဒီပ = ဆီမီးအလင်းရောင် + ဝလီ = ထွန်းညှိပူဇော်ခြင်း) ဟုအဓိပ္ပါယ်ရသည...
20/10/2025

🪔 ဒီပါဝလီနေ့ (ဒေဝါလီနေ့) 🪔

🕯️ ဆီမီးထွန်းညှိပူဇော်ခြင်း (ဒီပ = ဆီမီးအလင်းရောင် + ဝလီ = ထွန်းညှိပူဇော်ခြင်း) ဟုအဓိပ္ပါယ်ရသည့် ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော

🪔 ဒီပါဝလီနေ့ (ဒေဝါလီနေ့) မှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ ဟိန္ဒူဘာသာဝင်များနှင့် ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး စီးပွါးလာဘ်လာဘများပြည့်စုံကြပါစေကြောင်း သန့်သွားနှင့်ခံတွင်းဆေးခန်းမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

သွားကျဲနေရင် Dental Veneer ရှိတယ်သွားကျဲတာကို ကုသလို့ရတဲ့ Dental Veneer သွားကြွေလွှာကပ်ကုသမှုအကြောင်း အနည်းငယ်ပြောပြချင်...
20/09/2025

သွားကျဲနေရင် Dental Veneer ရှိတယ်

သွားကျဲတာကို ကုသလို့ရတဲ့ Dental Veneer သွားကြွေလွှာကပ်ကုသမှုအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။

Dental Veneer ဆိုတာကတော့ ကျဲနေတဲ့ သွားလေးတွေပေါ်မှာ ကြွေလွှာကပ်တဲ့ ကုသနည်းဖြစ်ပါတယ်။

တစ်ခါပြုလုပ်ပြီးရင် နှစ်အကြာကြီး ခံပါတယ်၊ သဘာဝသွားနဲ့ ခွဲမရအောင် တူပါတယ်။

အစားရှောင်ရတာလည်း သိပ်မရှိဘဲ ကြိုက်ရာစားလို့ ရနိုင်ပါတယ်။

စျေးနှုန်းသင့်တင့်ပြီးတော့ သွားကျဲနေတဲ့လူတွေအတွက် သင့်တော်ပါတယ်။

ဒါကြောင့် သွားကျဲနေရင် စိတ်မညစ်ပါနဲ့တော့နော်။ Dental Veneer ရှိပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင် Page Messenger မှာ လာရောက်တိုင်ပင်နိုင်ပါတယ်။

သွားပြန်မစိုက်ရင် ဘာဖြစ်တတ်သလဲ..?————————————————————————အကြောင်းတစ်ခုခုကြောင့် သွားနှုတ်လိုက်ရပြီဆိုရင် လစ်လပ်သွားတဲ့နေ...
11/09/2025

သွားပြန်မစိုက်ရင် ဘာဖြစ်တတ်သလဲ..?
————————————————————————

အကြောင်းတစ်ခုခုကြောင့် သွားနှုတ်လိုက်ရပြီဆိုရင် လစ်လပ်သွားတဲ့နေရာမှာ သွားအသစ်တစ်ချောင်း ပြန်စိုက်ဖို့ လိုပါတယ်။

မစိုက်ရင် ဘာဖြစ်လာနိုင်သလဲဆိုရင်...

♦️ ပါးများ ပုံစံမကျဖြစ်ခြင်း

မြင်ယောင်ကြည့်လိုက်ပါ။ သင့်ပါးစပ်ထဲမှာ သွားတွေရှိနေတဲ့အခါ မြင်ရမယ့် သင့်ရဲ့ ပါးပုံစံနဲ့ မရှိတဲ့အခါ မြင်ရမယ့် ပါးပုံစံ။ သွားဆုံးရှုံးတာ များလေလေ ပါးတွေ ချိုင့်ဝင်လာလေလေ ဖြစ်ပြီး ပုံစံမကျ ဖြစ်လေလေပါပဲ။

♦️ သွားဖုံးရိုးများ နိမ့်ကျလာခြင်း

သွားဖုံးရိုးဆိုတာ သွားရဲ့ အောက်ခြေမှာ ရှိတာပါ။ သွားမရှိတဲ့အခါ သွားဖုံးရိုးတွေဟာလည်း မူလနေရာမှာ ဆက်မရှိနေနိုင်တော့ဘဲ အောက်ကို နိမ့်ကျသွားတတ်ပါတယ်။

♦️ ဆန့်ကျင်ဘက်သွားများ ရှည်ကျလာခြင်း

သွားဆိုတာ အပေါ်အောက် ထိတွေ့ပြီး နေကြတာ ဖြစ်ပါတယ်။ ဒီလိုနေတဲ့အတွက်ကြောင့် တစ်ချောင်းမရှိရင် ကျန်တစ်ချောင်းက အောက်ကို အလိုလို ရှည်ကျလာမှာ ဖြစ်ပါတယ်။ အောက်သွားကျိုးရင် အပေါ်သွားက ရှည်ကျလာမှာ ဖြစ်ပြီး အပေါ်သွားကျိုးရင် အောက်သွားက ရှည်လာမှာ ဖြစ်ပါတယ်။

♦️ ဘေးသွားများ ယိုင်လာတတ်ခြင်း

ဒါသည်လည်း ရှင်းပါတယ်။ တစ်ချောင်းနဲ့ တစ်ချောင်း ပူးပူးကပ်ကပ်နေလာရကနေ တစ်ချောင်းမရှိတဲ့အခါမှာ လျော့တိလျော့ရဲဖြစ်ပြီး ယိုင်လာမှာ သဘာဝပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ သွားပြန်မစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

သင်သွားပိုးစားတာ ဘယ်အဆင့်ထိရောက်နေပြီလဲ..?———————————————————————-အဆင့် (1) သွားပေါ်မှာ အဖြူစက်ကလေးတွေပေါ်နေပြီ။အဆင့် (2...
02/09/2025

သင်သွားပိုးစားတာ ဘယ်အဆင့်ထိရောက်နေပြီလဲ..?
———————————————————————-

အဆင့် (1)

သွားပေါ်မှာ အဖြူစက်ကလေးတွေပေါ်နေပြီ။

အဆင့် (2)

ကြွေလွှာတွင် သွားပိုးစားလာပြီ။

အဆင့် (3)

သွားအပေါက်ဖြစ်လာပြီ။

အဆင့် (4)

သွားအတွင်းပိုင်း အစွယ်လွှာ ပိုးစားလာပြီ။

အဆင့် (5)

သွားအမြစ် အကြောများထိ ပိုးစားလာပြီ။

အဆင့် (6)

သွား တစ်ချောင်းလုံးသေသွားခြင်း

သင့်ရဲ့သွားပိုးစားတဲ့အဆင့်ဟာ အဆင့် 4 ဆိုရင် သွားဖါရုံနဲ့ ရနိုင်ပြီး အဆင် 5, 6 လောက်ထိ ရောက်လာပြီဆိုရင်တော့ သွားအကြောဖြတ်တာ၊ သွားနှုတ်တာလုပ်မှပဲ ရနိုင်တော့မှာ ဖြစ်တယ်လို့ အသိပေးလိုပါတယ်။

ဒါကြောင့် သွားပိုးစားတာသိပြီဆိုရင် ချက်ချင်းကုသမှု ခံယူပါလို့ တိုက်တွန်းချင်ပါတယ်။

ခံတွင်းနံ့ ဆိုးနေတာ ဒီအကြောင်းရင်း (၃) ချက်ကြောင့်ပါခံတွင်းနံ့ဆိုးနေလား? ဒါဆိုရင်တော့ သင့်မှာ အောက်က အကြောင်းရင်းတွေထဲက ...
24/08/2025

ခံတွင်းနံ့ ဆိုးနေတာ ဒီအကြောင်းရင်း (၃) ချက်ကြောင့်ပါ

ခံတွင်းနံ့ဆိုးနေလား? ဒါဆိုရင်တော့ သင့်မှာ အောက်က အကြောင်းရင်းတွေထဲက တစ်ခုခု ရှိနေနိုင်ပါတယ်။

ခံတွင်း သန့်ရှင်းမှု အားနည်းနေလို့

သွားကို မှန်မှန်တိုက်တာ၊ သွားကြားထိုးတာ၊ ပလုတ်ကျင်းတာမျိုး ပုံမှန်မလုပ်ရင် အစာစားကြွင်းတွေက ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုပြီး အနံ့ဆိုးတွေ ထွက်လာစေပါတယ်။

သောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး

ဆီးချိုရောဂါ၊ အစာအိမ်ရောဂါစတဲ့ ရောဂါတွေအတွက် သောက်သုံးရတဲ့ ဆေးဝါးအချို့ဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံတွင်းခြောက်တာ၊ ခံတွင်းနံ့ဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။

သွားကျောက်တွေ ရှိလို့

သွားကျောက်တွေဆိုတာ ဘက်တီးရီးယားနဲ့ အစာစားကြွင်းတွေ စုပြုံပြီး မာကျောလာတဲ့ အရာတွေပါ။ ဒီကျောက်တွေကြားထဲမှာ ပုပ်သိုးနေတဲ့ ဘက်တီးရီးယားတွေက ခံတွင်းနံ့ဆိုးရဲ့ အဓိက တရားခံပါပဲ။ သွားကျောက်ခြစ်ပြီးတာနဲ့ ခံတွင်းနံ့ သိသိသာသာ သက်သာသွားတာကို ခံစားရမှာပါ။

ခံတွင်းနံ့ဆိုးတာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ သွားဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်းကို ရှာဖွေကုသဖို့ပါပဲ။

သင့်သွားနဲ့ ခံတွင်းပြဿနာတွေကို စောစီးစွာ သိချင်ရင်----------------------------------------------- သင့်သွားနဲ့ ခံတွင်းပြဿ...
13/08/2025

သင့်သွားနဲ့ ခံတွင်းပြဿနာတွေကို စောစီးစွာ သိချင်ရင်
-----------------------------------------------

သင့်သွားနဲ့ ခံတွင်းပြဿနာတွေကို စောစီးစွာ သိချင်ရင် ဒီ ၃ ခုပဲ လုပ်ပါ။

🔺 တနေ့ ၂ ကြိမ် သွားပုံမှန်တိုက်ပါ

တနေ့ကို ၂ ကြိမ် စနစ်မှန်သွားတိုက်နည်းနဲ့ ပုံမှန်လေး တိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း ကိုယ့်ရဲ့ သွားနဲ့ခံတွင်းကျန်းမာရေး ကောင်းစေမယ့် သွားတိုက်ဆေးတွေသုံးပြီး တိုက်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့လည်း လိုအပ်ပါသေးတယ်။

🔺 သွားကြားညပ်ရင် Dental Floss သုံးပေးပါ

သွားကြားညပ်ရင် သွားကြားထိုးတံ သုံးပြီး မဖယ်ရှားပါနဲ့။ Dental Floss သုံးပြီး ဖယ်ရှားပါ။ Dental Floss သုံးခြင်းဟာ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်သာမက သွားကျောက်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

🔺 ၆ လ တစ်ကြိမ် သွားနံ့ခံတွင်း စစ်ဆေးမှု ခံယူပါ

၆ လတစ်ကြိမ် သွားနဲ့ခံတွင်း စစ်ဆေးမှု ခံယူခြင်းဟာ သွားနဲ့ခံတွင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကို စောစီးစွာ သိရှိနိုင်စေနိုင်ပြီး ကုသမှုကို စောစီးစွာခံယူနိုင်ကာ သွားနဲ့ခံတွင်းကျန်းမာရေးကို အဆိုးဆုံး အခြေအနေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒီ ၃ ခုပဲလုပ်ပါ။ သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးကို အလိုလိုကာကွယ်စောင့်ရှောက်ပြီးရာ ရောက်သွားပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

သွားကျန်းမာရေး သိလိုရာမေး———————————————————————-သွားတွေကျဲနေလို့ ဘာလုပ်ရကောင်းမလဲ မသိဖြစ်နေလား...?သွားတွေခေါနေလို့ မခေါ...
31/07/2025

သွားကျန်းမာရေး သိလိုရာမေး
———————————————————————-

သွားတွေကျဲနေလို့ ဘာလုပ်ရကောင်းမလဲ မသိဖြစ်နေလား...?

သွားတွေခေါနေလို့ မခေါအောင် ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေလား...?

ဒါမှမဟုတ် ခံတွင်းနံ နံနေလို့..

သွားကျောက်တည်နေလို့..

ရေစီးကမ်းပြိုဖြစ်နေလို့...

စသည်ဖြင့် သွားနှင့်ခံတွင်းရောဂါတွေနဲ့ ပတ်သတ်ပြီး ဘာတွေလုပ်ရမလဲ၊ ဘယ်လိုကုသရမလဲ စမ်းတဝါးဝါးဖြစ်နေရင် ကျွန်တော်တို့ သန့် သွားနှင့်ခံတွင်းဆေးခန်းကိုသာ လာခဲ့ပါ။

ကျွမ်းကျင်ဆရာဝန်များက မိတ်ဆွေတို့ ခံစားနေရတဲ့ ဝေဒနာတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုကုသမှုမျိုးခံယူသင့်လဲဆိုတာ အကြံပြုပြောပြပေးသွားပါမယ်။

ဒါ့အပြင် ကိုယ့်ရဲ့ သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိချင်တာ ရှိရင်လည်း Dental Check- up လုပ်လို့ရကြောင်း သတင်းကောင်းပါးလိုပါတယ်။

Address

19thstreet, Between 62nd And 63rd Streets, Nanshae, AungmyayTharzan TownshipClinic
Mandalay

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

09250099554

Website

Alerts

Be the first to know and let us send you an email when Thant Specialist Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thant Specialist Dental Clinic:

Share