Mandalay Dental Office - MDO

Mandalay Dental Office - MDO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay Dental Office - MDO, General Dentist, 61stA Street, Bet. 107th & 108th Streets, Mandalay.

Our vision is to redefine the dental experience through the harmony of advanced security and profound humanity, empowering a community where radiant smiles allow every individual to flourish and prosper.

*🦷 မန္တလေးသွားဆေးခန်းတွင် အတူတူလက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်း*ကျွန်တော်တို့ရဲ့ မန္တလေးမြို့၊ ၆၁အေလမ်း၊ ၁၀၇ လမ်းနဲ့ ၁၀၈...
11/01/2026

*🦷 မန္တလေးသွားဆေးခန်းတွင် အတူတူလက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်း*

ကျွန်တော်တို့ရဲ့ မန္တလေးမြို့၊ ၆၁အေလမ်း၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ မန္တလေးသွားရောဂါကုဆေးခန်းမှာ အေး အေးဆေးဆေးနဲ့ အလုပ်အတူတူလုပ်ကိုင်ဖို့ ဆေးခန်း အကူ၊ အသက် ၂၅ နှစ်အောက်ရှိ အမျိုးသမီး ၁ ဦး အလိုရှိနေပါတယ်။

အလုပ်က ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။ အလုပ်အတွေ့ အကြုံမရှိလည်း ရပါတယ်။ အခြေခံကစပြီး စနစ်တကျ သင်ပေးမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပြီး လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတတ်ပညာတစ်ခု ရရှိမှာဖြစ်ပါတယ်။
________________________________________
၁။ ဘာတွေလုပ်ရမှာလဲ? (ရိုးရှင်းတဲ့ နေ့စဉ် လုပ်ငန်းစဉ်လေးတွေပါ)
အလုပ်က ပုံမှန်လုပ်ရိုးလုပ်စဉ်လေးတွေမို့လို့ နေသားကျ သွားရင် အလွန်လွယ်ကူပါတယ်။
• ဆေးခန်းလေး သန့်ရှင်းသပ်ရပ်နေအောင် ကူညီ ပေးရမယ်၊
• သွားကုသမှုလုပ်တဲ့အခါ ဘေးကနေ လိုအပ်တာ လေးတွေ ယူပေးရမယ်၊
• ဧည့်သည်တွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နွေးနွေး ထွေးထွေး ဧည့်ခံစကားပြောပေးရမယ်၊
• လူနာမှတ်တမ်းလေးတွေနဲ့ ဆေးခန်းသုံးပစ္စည်း စာရင်းလေးတွေကို ဖုန်း၊ ကွန်ပျူတာလေးနဲ့ မှတ်ပေးရမယ်
________________________________________
၂။ ဘယ်လိုလူမျိုးတွေကို ဖိတ်ခေါ်တာလဲ?
• အဓိကကတော့ သင်ယူလိုစိတ်ရှိပြီး၊ သင်ယူ နိုင်စွမ်းရှိတဲ့ စိတ်သဘောထားကောင်းမွန်သူ ဖြစ်ရပါမယ်။
• အလုပ်အတွေ့အကြုံ မလိုပါ။ (ကျွန်တော်တို့ကိုယ်တိုင် သေချာသင်ပေးမှာပါ)
• ဖုန်း၊ Viber နဲ့ ကွန်ပျူတာ (Excel) အခြေခံလေး သုံးတတ်ရင် ရပါပြီ။
• လူနာတွေအပေါ် စိတ်ရှည်ပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံနိုင်သူ ဖြစ်ရပါမယ်။
• အလုပ်ကို စိတ်ပါလက်ပါနဲ့ တာဝန်ကျေကျေ လုပ်ကိုင်နိုင်သူဖြစ်ရပါမယ်။
________________________________________
၃။ ရရှိမယ့် အကျိုးခံစားခွင့်တွေက ဘာလဲ?
ကျွန်တော်တို့ဆီမှာ အလုပ်လုပ်ရင် လစာအပြင် တခြား ထောက်ပံ့မှုတွေ အများကြီးရှိပါတယ်။
• လစာ: အခြေခံလစာအပြင် မိမိလုပ်ဆောင်တဲ့ အလုပ်အပေါ်မူတည်ပြီး အပိုဆုကြေး (Incentives) တွေ အများကြီး ပေါင်းပေးပါတယ်။
• အတတ်ပညာ: သွားဆေးခန်းအကူ အတတ်ပညာနဲ့ ဆေးခန်းတွင်းသွားတုပြုလုပ်တဲ့ အတတ်ပညာ တွေကို အခမဲ့ သင်ပေးမယ့်အပြင်၊ သင်ယူပြီး ကြောင်း ထောက်ခံစာ ပါ ထုတ်ပေးမှာပါ။
• ခံစားခွင့်များ: တစ်လ (၂) ရက်အထိ နားနိုင်ပါမယ်။ နှစ်တိုးလစာရှိပါမယ်။ ဆေးခန်းဝင်ငွေအပေါ်မူ တည်ပြီး Bonus လည်း ရရှိဦးမှာပါ။
• ပတ်ဝန်းကျင်: မိသားစုသဖွယ် အဆင်ပြေပြေနဲ့ ပညာသင်ရင်း အလုပ်လုပ်နိုင်မယ့် ပတ်ဝန်းကျင် ဖြစ်ပါတယ်။
________________________________________
၄။ ဘယ်လိုလျှောက်ထားရမလဲ? (အရမ်းလွယ်ပါ တယ်)
ရှုပ်ရှုပ်ထွေးထွေး စာရွက်စာတမ်းတွေ အများကြီး မလိုပါဘူး။
1. ဒီလင့်ခ်လေးထဲမှာ အချက်အလက်လေးတွေ ဖြည့် ပေးပါ - https://forms.gle/bvcWG5VWepvdZcE69
2. ဖြည့်ပြီးရင် ၀၉- ၇၇၂ ၇၃၈ ၆၇၈ ကို ဖုန်းဆက်ပြီး ဒါမှမဟုတ် Viber ကနေ "အလုပ်လျှောက်ထား ထားပါတယ်" လို့ အကြောင်းကြားပေးရုံပါပဲ။

လျှောက်ထားတာကို ဆေးခန်းက သိတာနဲ့ အလုပ်လျှောက်တဲ့လူ ကွဲကွဲပြားပြားသိချင်တာလေးတွေ ဖြေပေးဖို့ရယ်၊ တခြားလိုအပ်ချက်လေးတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် တာဝန်ရှိသူနဲ့ အလုပ်လျှောက်တဲ့လူ လူခြင်းတွေ့ပြီး အသေးစိတ် ညှိယူကြပါမယ်။
နှစ်ဦးနှစ်ဖက် ကြေလည်မှ အလုပ်စကြတာပေါ့။

06/05/2023
ကိုယ်ဝန်ဆောင်မိခင်တို့ သွားနှင့်ခံတွင်းဆေးကုခြင်း၊ အပိုင်း ၂အမြစ်တွင်းကုသခြင်း (Root Canal Treatment) ဆိုသည်မှာ သွားပိုး...
04/05/2023

ကိုယ်ဝန်ဆောင်မိခင်တို့ သွားနှင့်ခံတွင်းဆေးကုခြင်း၊ အပိုင်း ၂

အမြစ်တွင်းကုသခြင်း (Root Canal Treatment) ဆိုသည်မှာ သွားပိုးစားခြင်းမှ ကူးစက်ခံရသော အာရုံကြောများကို ထုတ်ယူခြင်း၊ အမြစ်တွင်းပိုင်းကို သန့်ရှင်းရေးလုပ်ခြင်းနှင့် နောက်တဖန် ပိုးမဝင်အောင် အမြစ်တွင်းကို ပိတ်ဆို့ခြင်း တို့ဖြစ်ပါသည်။ များသောအားဖြင့် သွားပိုးစားခြင်းမှစတင်သော အမြစ်တွင်းပြဿနာကြောင့် မသက်မသာ နာကျင်မှုကို ရပ်တန့်ရန် ဒုတိယသုံးလပတ်အတွင်း စိတ်ချလက်ချကုသမှုခံယူနိုင်ပါသည်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း သွားပိုးပေါက်ဖာခြင်း၊ သွားအစွပ်စွပ်ခြင်းကဲ့သို့သော ပိုးဝင်၍ ဒုက္ခပေးစေနိုင်သော အကြောင်း အရာများကို ကာကွယ်သည့် ကုသမှုများကိုသာ ပြုလုပ်သင့်ပါသည်။ စက်ဖြင့်သွားသန့်ရှင်းရေးပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်ကို အန္တရာယ် တစုံတရာ မရှိရုံမက သွားပိုးပေါက်ဖြစ်ခြင်း၊ သွားချေးကြောက်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ တတိယသုံးလပတ်ရောက်သည်နှင့် အချိန်ကြာမြင့်စွာ ပက်လက်အိပ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သွားဖြူအောင်ကုသခြင်းနှင့် အခြားသော အလှအပရေးရာ ကုသခြင်းများ ကဲ့သို့သော ကုသနည်းများကို ကလေးမွေးပြီးသည်အထိ ရွှေ့ဆိုင်းသင့်သည်။ ကိုယ်ဝန်ဆောင်စဉ် ဤသွားနှင့်ခံတွင်း ဆေးကုခြင်းကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သလို၊ ဖွံ့ဖြိုးဆဲကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်း မည်မျှပင်အနည်းငယ် ဖြစ်စေကာမူ ရှောင်ရှားရန် အကောင်းဆုံးဖြစ်သည်။
ကိုယ်ဝန်ဆောင်နေစဉ် သောက်ဆေးတွေကကော အန္တရာယ် ဖြစ်စေမလား
ယခုအခါတွင်၊ သွားနှင်းခံတွင်း ဆေးကုသမှုတွင် အသုံးပြုသည့်ဆေးဝါးများမှ ဖွံ့ဖြိုးကြီးထွားနေသောကလေးအပေါ် ကျရောက်နိုင်သောဆိုးကျိုးများနှင့်ပတ်သက်၍ သုတေသနပညာရှင်များအကြား အယူအဆကွဲလွဲမှု(conflict) များရှိနေပါသည်။ ကိုယ်ဝန်ဆောင် မိခင်များသည် သွားဘက်ဆိုင်ရာဆေးကုသမှုခံယူရန် မဖြစ်မနေ လိုအပ်လာပါက သုံးစွဲသည့်ထုံဆေးပမာဏသည် တတ်နိုင်သမျှနည်းသင့်သော်လည်း လူနာသက်တောင့်သက်သာဖြစ်စေရန်နှင့် လုံလောက်ဖို့လည်း လိုနေပြန်ပါသေးသည်။ လူနာက နာခြင်း၊ ကျဉ်ခြင်းကဲ့သို့သော ဝေဒနာ မရှိဘဲ သက်တောင့်သက်သာ ရှိလေလေ ထုံဆေးအာနိသင် တိုးလေလေ ဖြစ်ပါသည်။ [ The more comfortable you are, the easier it is for the anesthesia to work. (American Pregnancy Association, 2023)]
သွားနှင့်ခံတွင်းဆေးကုသခြင်းသည် ရောဂါပိုးများကို ကာကွယ်ရန် သို့မဟုတ် ကုသရန် ပဋိဇီဝဆေးများ လိုအပ်ပါသည်။ ပဋိဇီဝဆေးများကို ကိုယ်ဝန်ဆောင်စဉ်တွင်လည်း ပေးလေ့ရှိပါသည်။ သို့သော် မပေးခင်၊ မညွှန်ကြားခင် တိကျသော ဆေးအမျိုးအစားကို ဂရုတစိုက်ရွေးချယ်ရပါမည်။ အချို့သော ပဋိဇီဝဆေးများသည် ကိုယ်ဝန်ဆောင်စဉ် သောက်ရန် အဆင်ပြေသော်လည်း အချို့မှာ မသင့်တော် ဖြစ်နေတတ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘေးကင်းသည်ဟု ယေဘုယျအားဖြင့် ယူဆထားသော ပဋိဇီဝဆေးများ၏ နမူနာကို အောက်တွင်ဖော်ပြထားပါသည် (Marnach, 2022)။
Amoxicillin နှင့် ampicillin အပါအဝင် Penicillins
Cefalosporins နှင့် cephalexin အပါအဝင်၊
Clindamycin
အခြားပဋိဇီဝဆေးအချို့သည် ကိုယ်ဝန်ဆောင်စဉ်တွင် အန္တရာယ်ဖြစ်စေသည်ဟု ယူဆကြပါသည်။ ဥပမာအားဖြင့် tetracyclines သည် အရိုးဖွံဖြိုးမှုကို ထိခိုက်စေပြီး ဖွံ့ဖြိုးဆဲကလေး၏ သွားများကို အရောင်ပြောင်းစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ငါးပတ်နောက်ပိုင်းတွင် Tetracyclines ကိုလုံးဝအသုံးမပြုသင့်ပါ။ Sulfonamides သည် မွေးရာပါနှလုံးရောဂါ၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် အသားဝါရောဂါတို့ကို ဖြစ်နိုင်ချေ အနည်းငယ်ရှိပါသည်။
ကိုယ်ဝန်ဆောင်စဉ် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပိုးဝင်ခြင်း သို့မဟုတ် ရောဂါအခံရှိနေလို့ပဲဖြစ်ဖြစ် နာတယ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။ နာကျင်ခြင်းကို ထိရောက်အောင်မကုသဘဲ ဆက်လက်၍ ဆက်တိုက် နာကျင်နေခြင်းသည် စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်ပါသည် (Kennedy, 2011)။ မခံမရပ်နိုင်အောင် နာကျင်ခြင်း မရှိပါက အကိုက်အခဲ ပြောက်ဆေးကို ကိုယ်ဝန်ဆောင်စဉ်တွင် မသုံးဆွဲသင့်ပါ။ သို့သော် paracetamol၊ aspirin နှင့် non-steroidal anti-inflammatory drugs (NSAIDs) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် အတော်လေး ဘေးကင်းပါသည် (Kennedy, 2011)။
သွားဓာတ်မှန်ရိုက်ခြင်းကရော ဘေးကင်းရဲ့လား
သွားဓါတ်မှန်ရိုက်ခြင်းဟာ သန္ဓေသားနဲ့ ဝေးတဲ့ ပါးစပ်ကို အဓိကထား ရိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ပါကာတဲ့ ရင်ပတ်အကာ ဝတ်လိုက်ရင်တော့ အတော်လေးကို လုံခြုံသွားပါပြီ (American Pregnancy Association, 2023)။
သွားဓါတ်မှန်ရိုက်တဲ့ဓါတ်ရောင်ခြည်ပမာဏ သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်လောက်အောင် မများပါဘူး။ American College of Radiology ၏ အဆိုအရ သွားနှင့်ခံတွင်းစစ်ဆေးမှုတွင်ပြုလုပ်ရန် ဓာတ်မှန်ရိုက်ခြင်းသက်သက်ဖြင့် ဖွံ့ဖြိုးဆဲ သန္ဓေသား၌ ဆိုးရွားသော အကျိုးသက်ရောက်မှု မရှိပါ ဟုသိရပါသည် (American Pregnancy Association, 2023)။

Bibliography
American Pregnancy Association. (2023, January 1). Pregnancy and Dental Work. Retrieved from American Pregnancy Association: https://americanpregnancy.org/healthy-pregnancy/is-it-safe/dental-work-and-pregnancy/
American Pregnancy Association. (2023, January 31). X-rays During Pregnancy. Retrieved from American Pregnancy Association: https://americanpregnancy.org/healthy-pregnancy/is-it-safe/x-rays-during-pregnancy/
Dental Health Society. (2022, September 12). Can You Get Dental X'rays While Pregnant? Retrieved from Dental Health Society: https://dentalhealthsociety.com/general/can-you-get-dental-x-rays-while-pregnant/
Kennedy, D. (2011). Analgesics and pain relief in pregnancy and breastfeeding. Australian Prescriber, 8-10.
Marnach, M. (2022, August 25). Is it safe to take antibiotics during pregnancy? Retrieved from Mayo Clinic, Helthy Lifestyle; Pregnancy week by week: https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/antibiotics-and-pregnancy/faq-20058542
Oral Surgeon. (2023, January 1). Comparison of Medical, Dental, and Natural RAdiation Levels. Retrieved from ORA: https://www.orasurgery.com/comparison-of-medical-dental-and-natural-radiation-levels/ #:~:text=A%20single%20dental%20x%2Dray,about%2010%20days%20of%20radiation.
Pymble Dental Practice. (2022, 1 1). How Pregnancy Affects Teeth & Your Dental Health. Retrieved from Dental Advice: https://pymbledental.com.au/blog/pregnancy-and-dental-health/
Sharecare. (2023, 1 1). Can I get a dental crown if I am pregnant? Retrieved from sharecare: https://www.sharecare.com/health/dental-crown/who-dental-crown-pregnant

Ideally, if you are pregnant, you should try to wait until after your baby is born before having non-essential procedures done on your teeth. So if yo

ကိုယ်ဝန်ဆောင်မိခင်တို့ သွားနှင့်ခံတွင်း ဆေးကုခြင်း၊ အပိုင်း ၁အမျိုးသမီးများသည် ပထမသုံးလပတ်အတွင်း သွားနှင့်ခံတွင်းဆိုင်ရာ...
27/04/2023

ကိုယ်ဝန်ဆောင်မိခင်တို့ သွားနှင့်ခံတွင်း ဆေးကုခြင်း၊ အပိုင်း ၁

အမျိုးသမီးများသည် ပထမသုံးလပတ်အတွင်း သွားနှင့်ခံတွင်းဆိုင်ရာဆေးကုသခြင်းများကို ရှောင်ရှားသင့်ပါသည်။ အကြောင်းမှာ ဤအချိန်သည် သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုကို အထိခိုက်ဆုံးအချိန်ဖြစ်ပါသည်။ သို့သော်လည်း ဤကာလအတွင်း သွားဆရာဝန်ထံ သွားရောက်ပြသလို့ ကလေးအား ထိခိုက်စေသည်ဆိုသော သက်သေအထောက်အထား ခုချိန်ထိတော့မရှိသေးပါ (American Pregnancy Association, 2023)။
အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်သည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အပြောင်းအလဲများစွာ ကြုံတွေ့နေရ၍ ခါတိုင်းထက်ပိုမိုစောင့်ရှောက်မှုနှင့် အာဟာရပြည့်ဝရန် လိုအပ်နေပါသည်။ ဟော်မုန်းဓါတ်များသည်လည်း ကိုယ်ဝန်ဆောင်စဉ်အတွင်း တနေ့တခြား မြင့်တက်လာနေပါသည်။ ဟော်မုန်းများ မြင့်တက်လာခြင်းသည် အရေပြား၊ ဆံပင်နှင့် စိတ်ခံစားချက်တို့ကို ပြောင်းလဲစေခြင်း၊ ထိခိုက်စေခြင်းတို့ ရှိပါသည်။ သို့သော် ထိုပြောင်းလဲချက် တို့ကို သတိထားပြီး လိုအပ်သော ပြုစုစောင့်ရှောက်မှု မရှိပါက သွားကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည် (Pymble Dental Practice, 2022)။
ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးက ဘာကြောင့် အရေးကြီးတာလဲ
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းမညီမျှဖြစ်လာခြင်းကြောင့် ခံတွင်းကျန်းမာရေးနှင့် ပတ်သက်နေသည့် အရင်ကတည်းက မသိလိုက်မသိမသာ ဖြစ်နေပြီးသောပြဿနာများ ပိုမိုဆိုးရွားလာတတ်ပါသည်။ အချို့သည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွားနှင့်ခံတွင်းစစ်ဆေးခြင်း( Dental checkups) အပါအဝင် သွားနှင့်ခံတွင်းဆေးကုသမှု( Dental treatments) တို့သည် အန္တရာယ်ဖြစ် စေနိုင်သည် ဒါမှမဟုတ် မသက်မသာဖြစ်စေနိုင်သည် ဆိုသောအကြောင်းများကြောင့် ထိုကိစ္စတို့အား ကိုယ်ဝန်ဆောင်စဉ်တွင် မပြုလုပ်သင့်ဟု ထင်မြင်ချက်လွဲနေ ခြင်းဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒါဟာ မမှန်ပါဘူး။ အမှန်တကယ်တော့ ဖြစ်နိုင်သော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ရန် သွားဆရာဝန်ထံ ပုံမှန်သွားရောက်ပြသရန် အကြံပြုလိုပါသည်။ သွားဆရာဝန်များသည် မည်သည့်လုပ်ထုံးလုပ်နည်းများ ဘေးကင်းကြောင်းနှင့် မည်သည့်ဆေးဝါးများသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့၏ကလေးငယ်များကို အန္တရာယ်မပြုနိုင်သည်ကို သိရှိသောကြောင့် အမှန်တကယ် စိတ်ပူစရာမလိုပါ။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွားနှင့်ခံတွင်းဆေးကုခြင်းသည် ဘေးကင်းပါသလား...
ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းပမာဏ မြင့်တက်လာခြင်းကြောင့် သွားဖုံးများ ဖောရောင်ခြင်း၊ သွေးထွက် ခြင်းနှင့် သွားကြားညပ်ခြင်း တို့ကိုဖြစ်စေပါသည်။ ထို့ကြောင့် သွားဖုံးယားယံခြင်း ဝေဒနာကို ခံစားရပါသည်။ ထိုသို့ဖြစ်တတ် သည်များကို ကြိုတင်ကာကွယ်ရန် ကိုယ်ဝန်ဆောင်စဉ်အတွင်း မကြာမကြာသွားနှင့်ခံတွင်းစစ်ဆေးခြင်း နှင့် မကြာမကြာ သွားသန့်ရှင်းရေး ပြုလုပ်ခြင်းတို့သည် ဘေးကင်းရုံသာမက မပျက်မကွက် ပြုလုပ်ရန် လိုအပ်ပါသည်။
ထိုသို့ပြုလုပ်ခြင်းသည် သွားဖုံးရောဂါ(gum disease) ကဲ့သို့သော ခံတွင်းပိုးဝင်သောရောဂါ(oral infections) များကို ကာကွယ်နိုင်ရန် မဖြစ်မနေလိုအပ်ပါသည်။ ထိုခံတွင်းပိုးဝင်ခြင်းရောဂါတို့ သည် လမစေ့ဘဲမွေးခြင်းနှင့် ဆက်စပ် နေပါသည်။
အောက်ဖော်ပြပါများသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်ကင်းသော သွားနှင့်ခံတွင်းလုပ်ထုံးလုပ်နည်း များဖြစ်ပါသည် (Pymble Dental Practice, 2022)။
သွားနှုတ်ခြင်း (Tooth Extractions)
အမြစ်တွင်းကုသခြင်း (Root Canal Treatment)
သွားသန့်ရှင်းရေးလုပ်ခြင်း (Teeth Cleaning)
သွားဖာခြင်း သို့မဟုတ် သွားအစွပ်စွပ်ခြင်း (Cavity Filling and Crown)
သွားဓါတ်မှန်ရိုက်ခြင်း (Dental X’ray)

ကိုယ်ဝန်ဆောင်ကာလတွင် သွားကိုက်ခြင်းနှင့် အခြားသွားဘက်ဆိုင်ရာ လိုအပ်ချက်များ...
ကိုယ်ဝန်ဆောင်သည့်ကာလကို ပထမ သုံးလပတ်၊ ဒုတိယ သုံးလပတ် နှင့် တတိယသုံးလပတ် ဟုခွဲထားပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သွားနှင့်ခံတွင်းဆေးကုခြင်းကို လုပ်ဆောင်ပါက၊ ဒုတိယသုံးလပတ်သည် အကောင်းဆုံး ဖြစ်ပါသည်။ တတိယသုံးလပတ်အတွင်း မကုလျှင်ဖြစ်နေသော သွားဘက်ဆိုင်ရာဆေးကုသမှုကို မွေးဖွားပြီးသည်အထိ ရွှေ့ဆိုင်းသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် လမစေ့ဘဲမွေးဖွားခြင်း၊ အချိန်အကြာကြီး ပက်လက်လှဲလျောင်းရခြင်းနှင့် ခဏခဏ ရေထထွေးခြင်းတို့ကို ရှောင်ရှားဖို့ပဲ ဖြစ်ပါသည်။ ဒါကြောင့် သင့်မှာ ပိုးစားပုံပျက်နေတဲ့ သို့မဟုတ် အရမ်းစွန်းထင်း ညိုမဲနေတဲ့ သွားတစ်ချောင်းရှိနေလို့၊ ပုံသဏ္ဍာန် ကောင်းသွားအောင် ဒါမှမဟုတ် အစွန်းအထင်းကို ကာမိအောင် ကဲ့သို့သော လှပရေးရာအတွက် သွားဆေးကုသမှုများကို သင့်ကလေးမွေးပြီးတဲ့အချိန်အထိ ရွှေ့ဆိုင်းဖို့ သင့်ပါတယ် (Sharecare, 2023)။
သွားဆရာဝန်များသည် သွားတစ်ချောင်းကို နှုတ်ပစ်ရခြင်းကို မနှစ်သက်သော်လည်း သွားများ ယိုယွင်းပျက်စီးသွားပါက ဖယ်ရှားရန်တော့ လိုအပ်ပါသည်။ လုံးဝ ယိုယွင်းနေသော သွားများသည် သင့်သွားဖုံးနှင့် အခြားသွားများကို အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။ ဒုတိယသုံးလပတ်အတွင်း သွားနှုတ်ခြင်းကို အများစုက အကြံပြုထားသော်လည်း လိုအပ်ပါက ကိုယ်ဝန်ဆောင်ကာလအတွင်း အချိန်မရွေး နှုတ်ပစ်ရပါမည်။

ဆက်လက်ဖေါ်ပြပါဦးမည်...

Bibliography
American Pregnancy Association. (2023, January 1). Pregnancy and Dental Work. Retrieved from American Pregnancy Association: https://americanpregnancy.org/healthy-pregnancy/is-it-safe/dental-work-and-pregnancy/
American Pregnancy Association. (2023, January 31). X-rays During Pregnancy. Retrieved from American Pregnancy Association: https://americanpregnancy.org/healthy-pregnancy/is-it-safe/x-rays-during-pregnancy/
Dental Health Society. (2022, September 12). Can You Get Dental X'rays While Pregnant? Retrieved from Dental Health Society: https://dentalhealthsociety.com/general/can-you-get-dental-x-rays-while-pregnant/
Kennedy, D. (2011). Analgesics and pain relief in pregnancy and breastfeeding. Australian Prescriber, 8-10.
Marnach, M. (2022, August 25). Is it safe to take antibiotics during pregnancy? Retrieved from Mayo Clinic, Helthy Lifestyle; Pregnancy week by week: https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/antibiotics-and-pregnancy/faq-20058542
Oral Surgeon. (2023, January 1). Comparison of Medical, Dental, and Natural RAdiation Levels. Retrieved from ORA: https://www.orasurgery.com/comparison-of-medical-dental-and-natural-radiation-levels/ #:~:text=A%20single%20dental%20x%2Dray,about%2010%20days%20of%20radiation.
Pymble Dental Practice. (2022, 1 1). How Pregnancy Affects Teeth & Your Dental Health. Retrieved from Dental Advice: https://pymbledental.com.au/blog/pregnancy-and-dental-health/
Sharecare. (2023, 1 1). Can I get a dental crown if I am pregnant? Retrieved from sharecare: https://www.sharecare.com/health/dental-crown/who-dental-crown-pregnant

Ideally, if you are pregnant, you should try to wait until after your baby is born before having non-essential procedures done on your teeth. So if yo

📌  We are OPEN❗❗❗🦷MDO 🦷သွားနှင့်ခံတွင်းအထူးကုဆေးခန်းတွင်✅သွားနှင့်ခံတွင်းအရေးပေါ်အခြေအနေများ၊✅သွားညှိကုသခြင်း၊✅သွား အသေစ...
02/09/2021

📌 We are OPEN❗❗❗
🦷MDO 🦷သွားနှင့်ခံတွင်းအထူးကုဆေးခန်းတွင်
✅သွားနှင့်ခံတွင်းအရေးပေါ်အခြေအနေများ၊
✅သွားညှိကုသခြင်း၊
✅သွား အသေစိုက်ခြင်း၊
✅အံကပ်ပြုလုပ်ခြင်း၊
✅သွားမြစ်တု (Dental Implant) စိုက်ခြင်း၊
✅ကလေးသွားများ ပိုးစားခြင်းမှ ကင်းဝေးစေရန် ပြုလုပ်ပေးခြင်း၊
✅ကလေး ငယ်သွားလေးများ အား ထိန်းသိမ်း စောင့်ရှောက်ပီး ကြီးသွားများညီညာလှပစေရန်ပြုလုပ်ခြင်း၊
✅သွားဖာခြင်း၊
✅သွားနှုတ်ခြင်း၊
✅သွားမြစ်ကြောကုသခြင်း၊
✅သွား အလှပြုပြင်ခြင်း ၊ သွားစိန်ကပ်ခြင်း၊
✅သွားများ ဖြူဖွေးအောင် ပြုလုပ်ခြင်း၊
✅အခြားသွားရောဂါနှင့်သွားဖုံးရောဂါများ ကုသခြင်း၊
အစရှိသည့် ကုသမှု အားလုံးကို
နေ့စဉ်ပိတ်ရက်မရှိ မနက်၉နာရီ မှ ညနေ ၅ နာရီ အထိ ဝန်ဆောင်မှု ပေးနေပါတယ်။

❗❗❗Covid-19 ကူးစက်မှုလျော့ကျစေဖို့ ဘာတွေပြင်ဆင်ထားသလဲ?
✅ appointment စနစ်ဖြင့် လူနာအချင်းချင်း ထိတွေ့မှုမရှိစေရန် ဆောင်ရွက်သွားပါမည်။
✅ လူနာနှင့် လူနာစောင့်တစ်ဦး စုစုပေါင်း ၂ ဦး သာ ဆေးခန်းအတွင်းသို့ ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
✅ ဆေးခန်းအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း တို့ကိုပြုလုပ်ရမှာဖြစ်ပါတယ်။
✅ တစ်ခါသုံး ပစ္စည်းများကို တတ်နိုင်သ၍ အသုံးပြုသွားမှာဖြစ်ပြီး ကုသမှုပြီးဆုံးသွားသည်နှင့် လူနာနှင့်ထိတွေ့မှု (contact) မှန်သမျှကို surface disinfectant ဖြင့် ပိုးသတ်သွားမှာ ဖြစ်ပါတယ်။
✅ ခရမ်းလွန်ရောင်ခြည် (UV) ဖြင့်ပိုးသတ်ခြင်း၊ လေသန့်စင်စက် (Air Purifier) ကို အချိန်ပြည့် လည်ပတ်နေမှာ ဖြစ်ပါတယ်။
✅ ကုသမှုပေးမည့် ဆရာဝန်များမှလည်း တကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများကို အသုံးပြု၍ ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။

⚠️ ကိုဗစ်ရောဂါလက္ခဏာများရှိပါက ရှေးဦးစွာ လိုအပ်သည့်ကုသမှုများကို ဆောင်ရွက်ပြီးမှသာ သွားနှင့်ခံတွင်းရောဂါကုသမှုကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

❗❗❗ရောဂါပိုး ကူးစက်မှုဘေးရန်မှ ကာကွယ်ရနိအတွက် လူနာတဦး နှင့် တဦး ကြား ပိုးသန့်စင်ရနိ လိုအပ်ပါသဖြင့်
📌ကြိုတင် ရက်ချိန်းယူခြင်း၊
📌ချိန်းဆိုထားသော အချိန် အတိအကျ လာရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါဗျ။
📞 Call us 09 - 88 77 66 522








🙋မိတ်ဆွေများခင်ဗျား...😔ယခုဆိုးဝါးလျက်ရှိသော ကပ်ရောဂါဘေးကြီးကြောင့် Mandalay Dental Office အား ယာယီပိတ်ထားရပါသည်။🙏ယခုလက်ရ...
11/08/2021

🙋မိတ်ဆွေများခင်ဗျား...
😔ယခုဆိုးဝါးလျက်ရှိသော ကပ်ရောဂါဘေးကြီးကြောင့် Mandalay Dental Office အား ယာယီပိတ်ထားရပါသည်။
🙏ယခုလက်ရှိ အခြေနေအရ ဆေးခန်းအား ၂၀၂၁ ဩဂုတ်လကုန်အထိ ပိတ်ထားမည်ဖြစ်ပြီး ဩဂုတ်လနောက်ဆုံးအပတ်တွင် ဆေးခန်းအခြေနေကို ထပ်မံကြေညာပေးပါမည်။
📞ယခုကာလအတွင်း သွားရောဂါဝေဒနာခံစားနေရသူများ နှင့် ဆေးခန်းပြသရန်ကြိုတင်ချိန်းဆိုလိုသူများ၊ ကုသမှုနှင့်ပတ်သက်၍ စုံစမ်းလိုသူများသည် ဆေးခန်းဖုန်း 09 887766522 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🙏အားလုံး ရောဂါဘယ ကင်းရှင်းကြပါစေ🙏

မိတ်ဆွေများ...💊ယခုကာလအတွင်း သွားနှင့်ခံတွင်း အရေးပေါ်ပြဿနာများအတွက် ပြသလိုပါက Mandalay Dental Office တွင် နံနက် ၉:၀၀ မှ ...
12/04/2021

မိတ်ဆွေများ...
💊ယခုကာလအတွင်း သွားနှင့်ခံတွင်း အရေးပေါ်ပြဿနာများအတွက် ပြသလိုပါက Mandalay Dental Office တွင် နံနက် ၉:၀၀ မှ ညနေ ၄:၀၀ အတွင်း ကြိုတင်ဆက်သွယ်ပြီး ပြသနိုင်ပါသည်။
💊09 88 77 66 522 သို့ ကြိုတင်ဖုန်းဆက်ပြီး ဘိုကင်ရယူပေးပါ။
သင့် သွားနှင့်ခံတွင်းရောဂါကို MDOက ကူညီဖြေရှင်းပေးပါမည်။

Dears...
💊If you have trouble with your teeth in this period, you can get emergency dental treatment at Mandalay Dental Office during 9:00 AM to 4:00 PM daily.
💊Please give a call to 09 88 77 66 522 for appointment.
MDO is ready to help you.

သွားနှင့်ခံတွင်းအထူးကုဆရာဝန်များ ဆိုသည်မှာ➖➖➖➖➖➖➖➖➖➖➖➖➖➖➖လူတော်တော်များများအနေဖြင့် သွားဆရာဝန်ဟူသော အခေါ်အဝေါ်ကို ရင်းနှ...
21/01/2021

သွားနှင့်ခံတွင်းအထူးကုဆရာဝန်များ ဆိုသည်မှာ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
လူတော်တော်များများအနေဖြင့် သွားဆရာဝန်ဟူသော အခေါ်အဝေါ်ကို ရင်းနှီးသော်လည်း သွားနှင့်ခံတွင်းအထူးကုဆရာဝန်ဟူသော အသုံးနှုန်းကို မရင်းနှီးလှပေ။ သွားဆရာဝန်ဖြစ်ကတည်းကပင် သွားနှင့်ခံတွင်းအစိတ်အပိုင်းကိုအထူးပြုထားသဖြင့် သွားနှင့်ခံတွင်းအထူးကုပင်မဟုတ်လော ဟုဆိုကြသည်မှာ သဘာဝကျပါသည်။ အချို့ကလည်း စစနောက်နောက်ဖြင့် သွား ၃၂ချောင်းတွင် ရှေ့သွားအထူးကု အံသွားအထူးကုဆိုပြီးခွဲသေးသလားဟု ဆိုကြပါသည်။ မည်သို့ပင်ဖြစ်စေ လူအများမရင်းနှီးသေးသော သွားနှင့်ခံတွင်းအထူးကုကဏ္ဍကို မိတ်ဆက်လိုပါသည်။
မြန်မာနိုင်ငံရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ကုသမှုအထူးပြုနယ်ပယ် ၈ ခုဖြင့် အထူးကုများမွေးထုတ်ပါသည်။ သွားဆရာဝန်ဖြစ်ရန် အခြေခံသင်တန်းတွင် ထိုဘာသာ ၈ ခုလုံးကိုလေ့လာရပြီး သက်ဆိုင်ရာနယ်ပယ်တွင်အထူးကုဖြစ်လာရန် ထိုဘာသာရပ်ကို ထဲထဲဝင်ဝင် အသေးစိတ်ထပ်မံလေ့လာသင်ယူရပါသည်။ ပြည်တွင်းတွင် မဟာဘွဲ့ (Master of Dental Science, MDSc), ပါရဂူဘွဲ့ (Doctor of Dental Science, DrDSc) များအတွက် လေ့လာသင်ယူနိုင်ပါသည်။ ပြည်ပတွင်မူ အထူးပြုနယ်ပယ်များကို ထပ်မံအသေးစိတ်ခွဲဖြာလိုက်သဖြင့် အထူးကုနယ်ပယ်ပိုမိုကျယ်ပြန့်ပါသည်။

▶️အထူးပြုနယ်ပယ် နှင့် အထူးကုများ

🦷🩸Oral and Maxillofacial Surgery
(မျက်နှာ၊ မေးရိုး နှင့် ခံတွင်းခွဲစိတ်ကုပညာ)
----------------------------------------
မျက်နှာနှင့်ခံတွင်းပိုင်းဆိုင်ရာ အနာ အကျိတ် ကင်ဆာ မကောင်းသောသွားများကို ခွဲစိတ်ဖယ်ရှားခြင်း၊ မေးရိုးခွဲစိတ်ဖြတ်တောက်ခြင်း၊ မေးရိုးကျိုးကုသမှုများ၊ မျက်နှာအလှအပဆိုင်ရာ ခွဲစိတ်မှုများ၊ ပါးစပ်အတွင်းခွဲစိတ်မှုအားလုံးကိုပါ အထူးပြုထားသော ဘာသာရပ်ဖြစ်ပါသည်။

🦷🔬Oral Medicine (မေးရိုးနှင့်ခံတွင်းဆေးပညာ)
----------------------------------------
ပါးစပ်အတွင်းဖြစ်ပေါ်လာသော အနာ အကျိတ် ဝေဒနာများ၊ ခန္ဓာကိုယ်နှင့်ဆက်စပ်နေသော ခံတွင်းရောဂါများ၊ နာတာရှည် ခံတွင်းရောဂါများကုသမှုကိုအထူးပြုနယ်ပယ်ဖြစ်သည်။

🦷Periodontology (သွားဖုံးရောဂါကုဆေးပညာ)
----------------------------------------
သွား၏ဘေးပတ်လည်ရှိ သွားဖုံးသား အရိုး အမြှေးပါး စသည်တို့၏ ရောဂါဝေဒနာဆိုင်ရာ ကုသမှုကို အထူးပြုပါသည်။ သွားပတ်လည်ရှိအရိုးများ ဆုံးရှူံးသွားသည်ကို အစားထိုး၍ သွားမနဲ့အောင်ထိန်းသိမ်းခြင်း၊ သွားဖုံးသားကို ခွဲစိတ်ပြုပြင်ခြင်း၊ အောက်ခံသွားဖုံးရိုး သွားဖုံးသားအခြေနေအရ သွားမြစ်တုအစားထိုးကုသခြင်း၊ လေဆာရောင်ခြည်အသုံးပြုကုသခြင်း၊ သွားဖုံးရောင်ရမ်းမှုနှင့် ကိုယ်တွင်းနှလုံးရောဂါ ဆီးချို ကိုယ်ဝန်လျှောခြင်း စသည်တို့သည် ဆက်စပ်သဖြင့် ဆက်နွယ်ကုသခြင်း တို့သည်သွားဖုံးအထူးကုတို့၏ ပညာခန်းဖြစ်ပါသည်။

🦷👶Paediatric Dentistry (ကလေးသွားကျန်းမာရေးပညာ)
----------------------------------------
ခန့်မှန်းရခက်ပြီးစကားရေရေလည်လည်မပြောနိုင်သေးသော ကလေးများကို စိတ်ရှည်စွာကုသနိုင်သူများမှာ paediatric dentist များဖြစ်ပါသည်။ ၁၄ နှစ်အောက်ကလေးတို့၏ သွားပြဿနာများ၊ အမူအကျင့်မတူကြသောကလေးများကို ကိုင်တွယ်ကုသခြင်း၊ ကလေးခံတွင်းအနာရောဂါ၊ ပုံမှန်မဟုတ်သော မွေးရာပါရောဂါရှိသောကလေးများ၏ သွားပြဿနာများ ထို့အပြင် ငယ်သွားကြီးသွားပြဿနာ ကြီးလာလျှင်သွားမညီညာ မေးရိုးမလှမည့်ပြဿနာ စသည်တို့ကို ကုသဖြေရှင်းခြင်းနှင့် ကာကွယ်မှုများကို အထူးပြုကြသည်။

🦷Orthodontics (သွားညှိကုပညာ)
----------------------------------------
ယနေ့ခေတ်စားလာသော braces တပ်ခြင်းနှင့် သွားညှိခြင်းကုသမှုကို အထူးပြုသောနယ်ပယ်ဖြစ်သည်။ ပညာရပ်၏သဘောသဘာဝအရ မညီမညာ၊ ထပ်သော ခေါသော ကျဲသော သွားချည်းသက်သက်ညီအောင် ကုသရသည်မဟုတ်ဘဲ မေးရိုးအနေအထား မျက်နှာကျ တို့ကိုပါ အသွင်ညှိကုသမှုထိ ကျယ်ပြန့်ပါသည်။ မျက်နှာ မညီညာခြင်း မေးရိုးတိုခြင်း ရှည်ခြင်းတို့ကို လိုအပ်သလိုကုသမှုပေးကြပါသည်။

🦷Operative Dentistry (သွားရောဂါကုဆေးပညာ)
----------------------------------------
သွားကိုယ်ထည်တွင်ဖြစ်သော ပိုးစားခြင်း ပဲ့ခြင်း ချိုင့်ခြင်း ခွက်ခြင်း အရောင်မညီမညာ မလှပခြင်းတို့ကို ကုသမှုမှသည် အလှအပသုံး ဖာထေးပြုပြင်ခြင်း၊ မူလသွားပုံစံ အရောင် ပြန်ရစေရန် ကုသခြင်း စသည်တို့ကိုအထူးပြုပါသည်။

🦷Endodontics (သွားအကြောကုသမှုဆိုင်ရာဆေးပညာ)
----------------------------------------
သွား၏အလယ်ခေါင်ရှိ သွေးကြောအာရုံကြောများ စုထားသော အူတိုင် အကြောနုသည် ပိုးစားခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့် ကာရံထားသော ကြွေလွှာများပွင့်ထွက်သွားပြီး အကြောဒဏ်ရာရပါက ထိုဒဏ်ရာရ၊ ကိုက်ခဲနေသောအကြောကို နည်းလမ်းမျိုးစုံသုံး၍ ကုသခြင်း၊ ရှင်းလင်းခြင်း တို့ကို ဤနယ်ပယ်ကအထူးပြုပါသည်။ သွားတချောင်းသည် သေးငယ်လှရာ သွားတွင်းမှအကြောနေရာမှာ အပ်တချောင်းစာခန့်ပင်မရှိသဖြင့် ယင်းအကြောခန်းထဲသို့ ကိရိယာများထည့်သွင်းကုသရသည်မှာ လက်ဝင်လှသည်။

🦷Asthetic or Cosmetic Dentistry (အလှအပရေးရာသွားကုသမှုပညာ)
----------------------------------------
သွားမူလအရောင်အတိုင်း မသိသာအောင် ဖာထေးခြင်း၊ နဂိုမူလသွားပုံစံမပျက်ပြုပြင်ခြင်း၊ လိုချင်သောသွားပုံစံနှင့်အရောင်ရရှိအောင် ပြုပြင်ကုသခြင်း၊ မလှသောသွားကို ကုသခြင်း၊ သွားကြွေလွှာအစားထိုး လဲလှယ်ခြင်း တို့ကို အထူးပြုထားသော နယ်ပယ်ဖြစ်ပါသည်။

🦷Prosthodontics (သွားတုဆေးပညာ)
----------------------------------------
အမျိုးမျိုးသော သွားတုတပ်ဆင်ကုသခြင်းတို့ကို အထူးပြုထားသည်။ အရပ်အခေါ်ပင်လျှင် အသေစိုက် အရှင်စိုက် စသဖြင့် ကွဲပြားသော သွားတုများကို လူနာတစ်ဦးစီ၏ ပါးစပ်တွင်းအခြေနေသာမက အမူအကျင့် ကျန်းမာရေးအခြေနေတို့နှင့် ဆီလျော်အောင် ရွေးချယ်တပ်ဆင်ကုသမှုပေးနိုင်ရန် ဤဘာသာရပ်က အထူးပြုပါသည်။ သွားမြစ်တုစိုက်ထားသူများတွင် သွားမြစ်တုရေရှည်အသုံးပြုနိုင်ရန် သွားတုဒီဇိုင်းတို့ကို ရွေးချယ်ပြုပြင်ပေးကြသည်။

🦷Implant Dentistry (သွားမြစ်တုအစားထိုးကုဆေးပညာ)
----------------------------------------
သွားအမြစ်တုခွဲစိတ်ထည့်သွင်းခြင်း၊ အမြစ်စွဲစေရန်ကုသခြင်း၊ သွားတုတပ်ဆင်ခြင်းနှင့် အမြစ်စွဲပြီးနောက် သွားဖုံးမှပိုးမဝင်စေရန် ကာကွယ်ကုသခြင်း ပိုးဝင်သည်ကို ကုသဖြေရှင်းခြင်းတို့အထိ အထူးပြုထားသောနယ်ပယ်ဖြစ်ပါသည်။ သွားမြစ်တုအစားထိုးခြင်းသည် ယနေ့ကာလတွင်ခေတ်စားလာပြီး သွားတစ်ချောင်းပြန်ပေါက်သကဲ့သို့အသုံးဝင်ပါသည်။

🦷👨‍🦳Geriatric Dentistry (သက်ကြီးရွယ်အိုသွားနှင့်ခံတွင်းဆေးပညာ)
----------------------------------------
အသက်ကြီးလာလျှင် သွားများနည်းလာခြင်း၊ ရောဂါများထူလာခြင်း၊ ကိုယ်တွင်းရောဂါနှင့် သောက်ဆေးများက ခံတွင်းပြဿနာများဖြစ်စေခြင်းတို့အပြင် လေဖြတ်ခြင်း မသန်စွမ်းတော့ခြင်း စသည်တို့ဖြစ်လာကြရာ ထိုလူနာများ၏ကိုယ်တွင်းကျန်းမာရေးအခြေနေအလိုက် သင့်လျော်သော ခံတွင်းကုသမှုများချင့်ချိန်ပေးရပါသည်။ လူနာနှင့်သင့်လျော်သော သွားတုများတပ်ဆင်လေ့ကျင့်ပေးခြင်းမှသည် မလှုပ်ရှားနိုင်သောလူနာများ၏ ခံတွင်းကုသမှု၊ အစာရေမျိုရန်ခက်ခဲသောလူနာများကို ကုသခြင်း၊ ကျန်ရှိနေသောဘဝသက်တမ်းကို အဆင်ပြေပြေစားသောက်နေထိုင်နိုင်စေရန် နှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိ နေထိုင်သွားနိုင်စေရန် ကုသမှုပေးခြင်း တို့ကိုအထူးပြုသောနယ်ပယ်ဖြစ်သည်။

ဤသည်မှာ လက်ရှိသွားနှင့်ခံတွင်းလောကအတွင်း ထင်ရှားသောအထူးကုနယ်ပယ်များကို အကျဉ်းတင်ပြထားခြင်းဖြစ်ပါသည်။ ယနေ့မြန်မာနိုင်ငံတွင် လက်ရှိ ထိုနယ်ပယ်အားလုံးမှ အထူးကုများက လူနာများ၏လက်တစ်ကမ်းတွင်ရှိနေခြင်းက လူနာများအတွက် ရွေးချယ်စရာပိုရသလို မိမိအခြေနေနှင့်လိုက်လျောညီထွေအဖြစ်ဆုံး ကုသမှုကိုပါ ရရှိနိုင်ပြီဖြစ်သည်။

Mandalay Dental Office - MDO တွင် ကနဦး တာဝန်ကျသွားဆရာဝန်က ကြည့်ရှုပေးပြီး လူနာများလက်ခံသဘောကျပါက လူနာ၏ အခြေနေနှင့် သက်ဆိုင်သောအထူးကုကို ဤဆေးခန်းတွင်ပင် လွှဲအပ်ပြသပေးပါသည်။ သို့မဟုတ်လျှင်လည်း ကနဦးကြည့်ရှူပေးသော ဆရာဝန် (အထူးကုတစ်ဦးဦး) က အကောင်းဆုံး ကုသမှုပေးပါသည်။ ထို့အပြင် လူနာများက မည်သူ မည်ဝါ မည်သည့်အထူးကုနှင့်ပြသလိုပါသည်ဟု ဆိုပါကလည်း တိုက်ရိုက်ပြသနိုင်ရန် စီစဉ်ချိန်းဆိုပေးပါသည်။
မိမိတို့အနေဖြင့် လူနာများကို အသင့်လျော်ဆုံး နှင့် အကောင်းဆုံး ကုသမှုများ ရရှိသွားစေရန် ဆန္ဒရှိသည့်အလျောက် သက်ဆိုင်ရာအထူးကုများကိုလည်းစုံလင်စွာ ပင့်ဖိတ်ထားရှိပါသည်။ မိတ်ဆွေတို့၏ သွားနှင့်ခံတွင်း ပြဿနာများအတွက် MDO မှ စေ့စပ်သေချာစွာ အသင့်လျော်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးရန် အသင့်ရှိပါသည်။
It's MDO: for your dental health. ..

Address

61stA Street, Bet. 107th & 108th Streets
Mandalay
05041

Opening Hours

Monday 09:00 - 12:00
13:00 - 17:00
Wednesday 09:00 - 12:00
13:00 - 17:00
Thursday 09:00 - 12:00
13:00 - 17:00
Friday 09:00 - 12:00
13:00 - 17:00
Saturday 09:00 - 12:00
13:00 - 17:00
Sunday 09:00 - 12:00
13:00 - 17:00

Telephone

+959887766522

Alerts

Be the first to know and let us send you an email when Mandalay Dental Office - MDO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mandalay Dental Office - MDO:

Share