Pwint Phoo Dental Office

Pwint Phoo Dental Office Our family caring for yours

17/04/2026
❇️HAPPY NEW YEAR❇️Wishing you healthy smiles and happiness always.With care from Pwint Phoo Dental Office.
31/12/2025

❇️HAPPY NEW YEAR❇️
Wishing you healthy smiles
and happiness always.
With care from
Pwint Phoo Dental Office.

🎄
25/12/2025

🎄

သွားနာ၊ သွားကိုက်လို့ သွားဆေးခန်းသွားပြတဲ့အခါ သွားဆရာဝန် က လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး သင့်ကိုသွားအကြောထုတ်ဖို့ အကြ...
16/11/2025

သွားနာ၊ သွားကိုက်လို့
သွားဆေးခန်းသွားပြတဲ့အခါ
သွားဆရာဝန် က လိုအပ်တဲ့စစ်ဆေးမှုတွေ
ပြုလုပ်ပြီး သင့်ကိုသွားအကြောထုတ်ဖို့
အကြံပြုလျှင် ဘာတွေသိထားသင့်သလဲ?
ဘာတွေနားလည်ထားရမလဲ?

သွားတစ်ချောင်း နာလာ၊ ကိုက်လာတယ်ဆိုတာ
🔵သွားပိုးပေါက်ကို အချိန်အကြာကြီး ပစ်ထားမိခြင်း။
🔵မာကြောသောအစာများ၊ကျောက်ခဲများ ဝါးမိ၍
သွားကွဲ သွားအက်ခြင်း။
🔵သွားခဏခဏ ဖာထားရခြင်း။
🔵သက်ဆိုင်ရာသွား ထိခိုက်မိဖူးခြင်း တို့ကြောင့်
သွားအတွင်းရှိ pulp ဟုခေါ်သော
သွားအာရုံကြောလေးများ
ပိုးဝင်ပြီးရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ်။

သွားအကြောထုတ်တဲ့
ကုသမှုဟာ အာရုံကြောလေးတင်
ထုတ်ပေးရတာမဟုတ်ပါဘူး ခင်ဗျ။
ရောင်ရမ်းနေတဲ့ အာရုံကြောလေးများကို
ဖယ်ရှား သန့်စင်အောင်လုပ်ပြီး အကြောအစားထိုး
ရာဘာတိုင်လေးများဖြင့် လုံခြုံအောင် ပိတ်ပေး၊
ဖာပေးပြီးမှ သာ Root Canal Therapy or
Endodontic Therapy ဟာ အောင်မြင်ပြီးစီးပါတယ်။

အကြောထုတ်ကုသမှုဟာ
Microscopic ခွဲစိတ်မှုအသေးစားလေးဖြစ်လို့
နာကျင်မှုမရှိအောင် ထုံဆေးများသုံး၍
သက်ဆိုင်ရာ စက်ကိရိယာများဖြင့်
ပြုလုပ်ကြရပါတယ်။ တတ်ကျွမ်းသော
ဆရာဝန်များနှင့် မိမိရောဂါအခြေအနေကို
နားလည်အောင်တိုင်ပင်ဆွေးနွေးပြီးမှသာ
ကုသမှု ခံယူသင့်ပါတယ်။

သွားနာ၊သွားကိုက်ဖြစ်နေလို့ စိတ်ညစ်ပြီး
ကြောက်နေခြင်း၊ ဆေးမြီးတိုများနှင့်ကုနေမည့်အစား
နီးစပ်ရာ သွားဆေးခန်းများ၌
စိတ်ရှည်နားလည်ပေးနိုင်သောဆရာဝန်များနှင့်
တိုင်ပင်ကုသပေးခြင်းဖြင့် မလိုလားအပ်သော
ရောဂါများ ထပ်ဆင့်ဖြစ်ပွါးခြင်းကိုကာကွယ်ပါ။

ကျနော်တို့ ‘ပွင့်ဖူး’ သွားနှင့်ခံတွင်းဆေးခန်းမှာတော့
လူနာနဲ့ လိုက်ဖက်မယ့် သွားတိုက်နည်းနှင့်
သွားသန့်ရှင်းရေး လုပ်ငန်းစဉ်များကို
အနီးကပ် သင်ကြားပေးတာဖြစ်တဲ့အတွက်
ရက်ချိန်းရယူချင်ရင်တော့
092100080
09942891597
09266394165
09959463944

Viber Phone +959959463944 မှာလည်း
24-Hour Help Line ထားပေးထားတဲ့အတွက်
အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ပါတယ်။

ဆေးခန်းတည်နေရာ-
၆၃ (အေ)၊ ၃၂နှင့်၃၃လမ်းကြား၊
နယူးစီဗွီလိုင်းရပ်၊
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ပွင့်ဖူး #ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်း
#တံတွေးအထွက်နည်းခြင်း


သကြားဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိက ထိခိုက်စေတဲ့အရာဖြစ်လို့ သကြားအစားထိုးအဖြစ် အသုံးပြုခံရအများဆုံးဖြစ်တဲ့ Xylitol ဟာ...
13/11/2025

သကြားဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်
အဓိက ထိခိုက်စေတဲ့အရာဖြစ်လို့
သကြားအစားထိုးအဖြစ် အသုံးပြုခံရအများဆုံးဖြစ်တဲ့
Xylitol ဟာ ကျွန်တော်တို့ နေ့စဉ်သုံး သွားတိုက်ဆေး၊
ပလုတ်ကျင်းရည် ၊ ပီကေ၊ ဆီးချိုချိုချဉ်များမှာပါ
ပါဝင်ထည့်သွင်းလာကြပါတယ်။

သွားပိုးစားခြင်းကို အဓိကဖြစ်စေတဲ့
Streptococcus Mutans ပိုးများဟာ
သကြားကိုအာဟာရအဖြစ် အဓိကထား
အသက်ရှင်ရတာဖြစ်လို့ Xylitol နှင့်
တွေ့တဲ့အခါ သကြားလိုမျိုး ချေဖျက်ပေမယ့်
အာဟာရပြန်လည် မရရှိနိုင်တဲ့အခါ အာဟာရပျက်၍
Streptococcus Mutans အရေအတွက်များ
နည်းပါးလာပြီး သွားပိုးစားခြင်းဖြစ်စဉ်ကို
လျော့ချပေးပါတယ်။

ဒါ့အပြင် Xylitol ပီကေများက ခံတွင်းအတွင်း
pH ကိုထိန်းညှိပေးနိုင်ပြီး သွားများအား
Calcium ဓာတ်ပိုမိုစုပ်ယူမှု အားကောင်းစေပါတယ်။

Xylitol ပါတဲ့ products များ နှင့်
မိမိနဲ့ လိုက်ဖက်မယ့် သွားတိုက်ဆေး ၊
သွားတိုက်နည်း၊အခြားသွားနှင့်ခံတွင်း နဲ့
ပတ်သက်တဲ့ဗဟုသုတများကို
တိုင်ပင်ဆွေးနွေးချင်ရင်တော့

092100080
09942891597
09266394165
09959463944

Viber Phone +959959463944 မှာလည်း
24-Hour Help Line ထားပေးထားတဲ့အတွက်
အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ပါတယ်။

ဆေးခန်းတည်နေရာ-
၆၃ (အေ)၊ ၃၂နှင့်၃၃လမ်းကြား၊
နယူးစီဗွီလိုင်းရပ်၊
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ပွင့်ဖူး #ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်း
#တံတွေးအထွက်နည်းခြင်း


သွားကြားပွတ်ကြိုးသုံးစွဲရာမှာ “အား” များခြင်းနှင့် နည်းလမ်းမမှန်ကန်ခြင်းတို့ကြောင့် သင့်သွားနှင့်သွားဖုံးများမှာ မလိုလား...
09/11/2025

သွားကြားပွတ်ကြိုးသုံးစွဲရာမှာ
“အား” များခြင်းနှင့် နည်းလမ်းမမှန်ကန်ခြင်းတို့ကြောင့်
သင့်သွားနှင့်သွားဖုံးများမှာ မလိုလားအပ်တဲ့
သွားဖုံးနိမ့်ဆင်းခြင်း၊ သွားမျက်နှာပြင်ပွန်းပဲ့ခြင်းနှင့်
သွားကျဉ်ခြင်းများ မဖြစ်ရစေရန် သွားကြားပွတ်ကြိုးလမ်းညွှန်

Aggressive Flossing ကြောင့်
ဖြစ်နိုင်သော ဆိုးကျိုးများ

📍သွားဖုံးနိမ့်ဆင်းပြီး Black Triangle ခေါ်
သွားကြား အပေါက်ကလေးများကျယ်လာခြင်း။
📍အားပြင်း၍သွားဖုံးကြားရှိ သွားဖုံးနုလွှာ
Papilla ဘေးများပေါက်ပြဲသွေးထွက်၍ ပုံပြောင်းခြင်း။
📍လွှတိုက်သလို ကြိုးများကိုဆွဲသဖြင့်
သွားကြား ခါးများ ရေရှည်တွင် ပျက်စီးခြင်း။
📍သွားဖုံးအနာများဖြစ်သည့်အတွက်
သွားဖုံးပိုးဝင်ပြည်တည်လွယ်ခြင်း။
📍သွားဖုံးနိမ့်သဖြင့် သွားကျဉ်လွယ်ခြင်း။

ဘယ်လို မှန်မှန်ကန်ကန်သုံးစွဲ မလဲ?

🔵သွားကြားပွတ်ကြိုးကို တစ်ခါစာ
လုံလုံလောက်လောက်ဖြတ်ပါ။( 30cm ကျော်ကျော်)
🔵ကြိုးကိုတင်းစေရန် လက်ချောင်းတွေကိုပတ်၍
(4cm) ကြိုးတင်းတင်း လက်မ (၂) ချောင်း(သို့)
လက်ညှိုး (၂) ချောင်း နှင့်ကိုင်ပါ။
🔵သွားကြား(၂) ခုကြား အားအနေတော်ဖြင့်
ဖိချခြင်း မဟုတ်ဘဲပွတ်၍ ဝင်ပါ။
🔵သွားကြားအောက်ရောက်သည်နှင့်
သွားဖုံးဘက်သို့ဖိမချဘဲ ဘေးမှသွားဘက်သို့ C ပုံသဏ္ဍာန်
ပြုလုပ်ပြီး သွားဘေးကပ်လျက်
သွားဖုံး လိုင်းလေးအတွင်းသို့ဝင်ကာ
အပေါ်အောက် ဆွဲချပါ။
ပြီးလျှင် ဘေးသွားရှိ သွားဖုံးလိုင်းအတွင်းသို့
ထိုနည်းလည်းကောင်း ဝင်ရောက်သန့်ရှင်းပါ။
🔵နောက်ထပ် တကြားထဲအား သန့်ရှင်းသော
ကြိုးနေရာ အသစ်ရွေ့၍ သန့်ရှင်းပါ။
🔵နောက်ဆုံးသွား၏ နောက်နံရံကိုလည်း
မေ့မထားခဲ့ပါနှင့်။

ကျွန်တော်တို့ ‘ပွင့်ဖူး’ သွားနှင့်ခံတွင်းဆေးခန်းမှာတော့
လူနာနဲ့ လိုက်ဖက်မည့်သွားတိုက်နည်းနှင့်
သွားသန့်ရှင်းရေး လုပ်ငန်းစဉ်များကို
အနီးကပ်သင်ကြားပေးတာဖြစ်တဲ့အတွက်
ရက်ချိန်းရယူချင်ရင်တော့
092100080
09942891597
09266394165
09959463944

Viber Phone +959959463944 မှာလည်း
24-Hour Help Line ထားပေးထားတဲ့အတွက်
အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ပါတယ်။

ဆေးခန်းတည်နေရာ-
၆၃ (အေ)၊ ၃၂နှင့်၃၃လမ်းကြား၊
နယူးစီဗွီလိုင်းရပ်၊
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ပွင့်ဖူး #ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်း
#တံတွေးအထွက်နည်းခြင်း


ဖျားနာနေတုန်း သွားဆရာဝန်ဆီ သွားသင့်လား?သွားဆေးခန်းနဲ့ Appointment ယူထားပြီးသားဖြစ်နေတယ်။ကိုယ်ပူကလည်း တက်ချင်နေသလိုလို အာ...
06/11/2025

ဖျားနာနေတုန်း
သွားဆရာဝန်ဆီ သွားသင့်လား?

သွားဆေးခန်းနဲ့
Appointment ယူထားပြီးသားဖြစ်နေတယ်။
ကိုယ်ပူကလည်း တက်ချင်နေသလိုလို
အာသီးရောင်ချင်သလိုလို ဖြစ်နေတယ်ဆိုရင်
Appointment ဖျက်သင့်လား?
မဖျက်ဘဲသွားသင့်လား?

အခြေအနေတော်တော်များများမှာတော့
သွားဆရာဝန်တွေက နာနေတဲ့ လူနာတွေကို
လိုအပ်တဲ့ အကာအကွယ် နည်းလမ်းများသုံးပြီး
ကြည့်ပေးရပါတယ်။
အရေးပေါ်အခြေအနေမဟုတ်ခဲ့ရင်တော့
Appointment ရွှေ့ခြင်းဟာ ဘယ်သူမှ
မထိခိုက်နိုင်ပါဘူးခင်ဗျ။

ကိုယ်စ ပူ လာချိန်၊
ပါးစပ်ထဲ အပူနာတွေပေါက်နေချိန်ဟာ
ဖျားနာရောဂါ အပျံ့နိုင်ဆုံး အချိန်ဖြစ်လို့
သွားဆေးခန်း သွားရမလား၊ မသွားရဘူးလား
ဝေခွဲမရ ဖြစ်နေရင် ဖုန်းဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ဖျားနာနေလို့ သွားဆေးခန်း မသွားနိုင်သေးခင်

🔵ရေများများသောက်ပါ။
🔵ပုံမှန်သွားသန့်ရှင်းရေးလုပ်ပါ။
🔵အချိုဓာတ်လွန်ကဲသော အစားအစာ
ဖျော်ရည်များ ရှောင်ပါ။
🔵ဖျားနာပြီးတိုင်း သွားတိုက်တံ
အသစ်လဲဖို့မမေ့ပါနဲ့။

ခံစားနေရသော ရောဂါဝေဒနာများ
လျင်မြန်စွာပျောက်ကင်းပါစေ။
ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်းမှာ
Consultation Visit ယူပြီး
တိုင်ပင်ဆွေးနွေးစကားပြောချင်ရင်တော့
ဆေးခန်း Booking ယူရန်
092100080
09942891597
09266394165
09959463944

Viber Phone +959959463944 မှာလည်း
24-Hour Help Line ထားပေးထားတဲ့အတွက်
အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ပါတယ်။

ဆေးခန်းတည်နေရာ-
၆၃ (အေ)၊ ၃၂နှင့်၃၃လမ်းကြား၊
နယူးစီဗွီလိုင်းရပ်၊
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ပွင့်ဖူး #ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်း

သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သန့်ရှင်းရေးလုပ်ငန်းစဉ်များအပြင် အာဟာရပြည့်ဝစွာ စားသုံးနေထိုင်မှ သွားနှင့်သွားမြစ်ဝန်းဒေသ...
17/10/2025

သွားနှင့်ခံတွင်းကျန်းမာရေးအတွက်
သန့်ရှင်းရေးလုပ်ငန်းစဉ်များအပြင်
အာဟာရပြည့်ဝစွာ စားသုံးနေထိုင်မှ
သွားနှင့်သွားမြစ်ဝန်းဒေသများ
သန်မာအားကောင်းလာပြီး
မလိုလားအပ်သော သွားနှင့်သွားဖုံးရောဂါများအား
ရှောင်ရှားတွန်းလှန်နိုင်မည် ဖြစ်ပါသည်။

ဒီနေ့မှာတော့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက်
အရေးအကြီးဆုံးဖြစ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်
(၄) မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။

Vitamin D (နေရောင် ဗီတာမင်)

🟡သွားအပေါ်ယံကြွေလွှာ (enamel) အတွက်
အရေးပါသည့် Calcium နှင့် Phosphorus
စုပ်ယူမှုအားကောင်းစေခြင်း
🟡သွားဖုံးရောဂါ ကာကွယ်ပေးသော
ကိုယ်ခံအား မြှင့်တင်ပေးနိုင်ခြင်း
🟡အရိုးကြီးထွားမှုကိုအားပေးသောကြောင့်
ကလေးသူငယ်များနှင့် သွားညှိကုလူနာများအတွက်
အကျိုးရှိခြင်း

Vitamin D ရအောင်
နေပူဆာလှုံ၊ အဆီများသောငါး
(ဆယ်လ်မွန်၊မက်ကရယ်)၊ ကြက်ဥအနှစ် နှင့်
Vitamin D အားနည်းနေလျှင်
ဖြည့်စွက်စာများ စားသုံးပေးနိုင်ပါသည်။

Magnesium

⚪️Calcium ဇီဝဖြစ်စဉ်မှာ
ဝင်ရောက်ထိန်းညှိပေးသည့်အတွက်
အရိုးနှင့်သွားများကို သန်မာစေပါသည်။
⚪️သွားဖုံးရောင်ခြင်းများလျော့ကျစေနိုင်ခြင်းဖြင့်
သွားမြစ်ဝန်းဒေသများအားကျန်းမာစေသည်။
⚪️တံတွေးများများထွက်စေသည့်အတွက်
သွားပိုးပေါက်များ ကာကွယ်ပေးသည်။

အစေ့အဆံများ၊ အစိမ်းရောင်အရွက်များ၊ ပဲများနှင့်
mineral water များမှ Magnesium ဓာတ်ရရှိနိုင်သည်။

Vitamin K2 ( Calcium ထိန်း မော်တော်ပီကယ်)
🟠Calcium ဓာတ်အား သွေးထဲသို့ မရောက်စေဘဲ
သွားနှင့်အရိုးများသို့လမ်းညွှန်ပေးနိုင်သည်။
🟠Vitamin D၊ Magnesium တို့နှင့်တွဲဖက်ပြီး
သွားပိုးပေါက်အသေးလေးများအား
ပြန်လည်ကောင်းမွန်လာစေနိုင်သည်။

မြက်ကျွေးနို့ထွက်ပစ္စည်း(Grass-Fed Dairy)၊
အချဉ်ဖောက်ထားသော အစားအစာ၊
ကြက်ဥအနှစ် နှင့် ချိစ် များ စားခြင်းဖြင့်
Vitamin K2 ရရှိနိုင်ပါသည်။

Enzyme CoQ10 (သွားဖုံးဓာတ်စာ)

🟢Antioxidant ဖြစ်သောကြောင့် သွားဖုံးအတွင်းရှိ
oxidative stress များလျှော့ချပေးခြင်းဖြင့်
ရောင်ရမ်းခြင်းများလျော့ကျစေပါသည်။
🟢သွားဖုံးခွဲစိတ်ကုသမှုများအပြီး
အနာကျက်မြန်စေသည်။
🟢သွားဖုံးသွေးလည်ပတ်မှုကောင်းစေသောကြောင့်
လိုအပ်သော အာဟာရများ ပို့ဆောင်ပေးနိုင်သည်။

ကလီစာများ၊ အဆီများသောငါးများ၊
ဆန်လုံးညို၊ Oats၊ အရည်အသွေးပြည့်ဝသော
CoQ10 ဖြည့်စွက်စာဆေးများမှ ရရှိနိုင်ပါသည်။

သွားညှိကုသမှုပဲ လုပ်လုပ်၊
သွားနှင့်မေးရိုးခွဲစိတ်မှု၊ သွားဖုံးခွဲစိတ်မှုပဲ လုပ်လုပ်၊
ခံတွင်း သန့်ရှင်းရေးအပြင် အစာအာဟာရပြည့်ဝမှု
ကလည်း အရေးကြီးသေးတာမို့ သွားနှင့်ခံတွင်း
သန်မာအားကောင်းစေရန်အတွက် ဘာတွေ
စားသောက်ကြမလဲ၊ ဘာတွေစားသောက်နိုင်လဲ
ဖော်ပြပေးလိုက်ပါတယ်။

ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်းမှာ
Consultation Visit ယူပြီး
တိုင်ပင်ဆွေးနွေးစကားပြောချင်ရင်တော့
ဆေးခန်း Booking ယူရန်
092100080
09942891597
09266394165
09959463944

Viber Phone +959959463944 မှာလည်း
24-Hour Help Line ထားပေးထားတဲ့အတွက်
အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ပါတယ်။

ဆေးခန်းတည်နေရာ-
၆၃ (အေ)၊ ၃၂နှင့်၃၃လမ်းကြား၊
နယူးစီဗွီလိုင်းရပ်၊
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ပွင့်ဖူး #ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်း
#ဗီတာမင် #ခံတွင်းကျန်းမာရေး


သွားသန့်ရှင်းရေး လုပ်ပြီးပြီးချင်း(၂၄) နာရီ မှ (၁)ပတ်အတွင်း ဘာတွေကြုံတွေ့ရနိုင်လဲ?🔴သွားဖုံးလေးတွေပိုနာ၊ပိုရောင်လာမယ်။🔴သွ...
13/10/2025

သွားသန့်ရှင်းရေး
လုပ်ပြီးပြီးချင်း(၂၄) နာရီ မှ (၁)ပတ်အတွင်း
ဘာတွေကြုံတွေ့ရနိုင်လဲ?
🔴သွားဖုံးလေးတွေပိုနာ၊ပိုရောင်လာမယ်။
🔴သွားတိုက်နေချိန်သွေးအနည်းငယ်
ထွက်နေနိုင်သေးတယ်။
🔴သွားတွေပိုကျဉ် လာနိုင်တယ်။
🔴အပေါ်သွား၊ အောက်သွား ကိုက်ရာမှာ
ခုနေတာလိုလို မထိတာလိုလို တမျိုးဖြစ်တတ်တယ်။

သန့်ရှင်းရေး လုပ်ပြီးပြီးချင်းဘာတွေမစားသင့်သလဲ?
🟠ပူလွန်းတဲ့ အစားအစာ
🟠စပ်လွန်းတဲ့ အစားအစာ
🟠မာလွန်းတဲ့ အစားအစာ
🟠ချိုလွန်းတဲ့ အစားအစာ
🟠စေးကပ်လွန်းတဲ့ အစားအစာ

☕️Coffeeဆိုရင်ရော?
အက်ဆစ်ဓာတ်များပြီး အပူချိန်ပြင်းတာကြောင့်
နာရီအနည်းငယ် သို့မဟုတ် (၂၄) နာရီလောက်
ရှောင်နိုင်လျှင်ကောင်းပါတယ်ခင်ဗျာ။
သောက်ချင်လျှင် အအေးခံပြီး သော်လည်းကောင်း ၊
သောက်ပြီးပြီးချင်း ရေဖြင့်ပလုတ်ကျင်းပေးခြင်းဖြင့်
သွားကျဉ်ခြင်းကို ကာကွယ်ပါ။

သန့်ရှင်းရေးလုပ်အပြီး သွားလေးတွေကို
ဘယ်လိုပြန်ဂရုစိုက်ပေးမလဲ?
🔵သွားဖုံးအနာအမြန်ကျက်စေရန်
ရေများများသောက်ပါ။
🔵သွားတိုက်လျှင် အားမထည့်ရ။
🔵အရောင်ကျစေရန်
ဆားရေနွေးနွေးဖြင့်ပလုတ်ကျင်းနိုင်သည်။

ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်းမှာ
Consultation Visit ယူပြီး
တိုင်ပင်ဆွေးနွေးစကားပြောချင်ရင်တော့
ဆေးခန်း Booking ယူရန်
092100080
09942891597
09266394165
09959463944

Viber Phone +959959463944 မှာလည်း
24-Hour Help Line ထားပေးထားတဲ့အတွက်
အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ပါတယ်။

ဆေးခန်းတည်နေရာ-
၆၃ (အေ)၊ ၃၂နှင့်၃၃လမ်းကြား၊
နယူးစီဗွီလိုင်းရပ်၊
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ပွင့်ဖူး #ပွင့်ဖူးသွားနှင့်ခံတွင်းဆေးခန်း #သွားသန့်ရှင်းရေး


Address

63A (Myayadanar Avenue) Between 32nd X 33rd. New Civil Line. Chan Aye Thar Zan Ts
Mandalay
05071

Opening Hours

Monday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959942891597

Website

Alerts

Be the first to know and let us send you an email when Pwint Phoo Dental Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share