ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်း

  • Home
  • Myanmar
  • Mandalay
  • ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်း

ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်း ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထ?

လူတိုင်းရဲ့ပါးစပ်ထဲမှာ နောက်ဆုံးမှပေါက်တဲ့ သွားကတော့ အံဆုံးသွားပါအသက် ၁၇ နှစ်မှ ၂၅နှစ်ကြား လူလတ်ပိုင်းအရွယ် ပညာစုံတဲ့အချ...
13/08/2022

လူတိုင်းရဲ့ပါးစပ်ထဲမှာ နောက်ဆုံးမှပေါက်တဲ့ သွားကတော့ အံဆုံးသွားပါ
အသက် ၁၇ နှစ်မှ ၂၅နှစ်ကြား လူလတ်ပိုင်းအရွယ် ပညာစုံတဲ့အချိန်မှပေါက်တတ်လို့ wisdom teeth(ပညာရှိသွား) လို့လည်း ခေါ်ကြပါတယ်
အပေါ်သွား၊အောက်သွား ဘယ်ညာစုံ‌လိုက်ပေါက်တာမို့ ‌အံဆုံးသွားလေးချောင်းရှိပါတယ်

အံဆုံးပေါက်လျှင်

-ရိုးရိုးသွားပေါက်သလို နာကျင်မှုကို ခံစားရနိုင်ပြီး အခန့်မသင့်လို့ ပုံစံမမှန် ပေါက်လျှင် ပါးတခြမ်းလုံး ယောင်ရမ်းနာကျင်ပြီး ကိုက်ခဲနေတတ်ပါတယ်
အပေါ်အောက်မေးရိုးတစ်ဝိုက် နာကျင်တာ၊ယောင်ရမ်းတာဖြစ်နိုင်ပြီး တစ်ခါတစ်ရံမှာ ပါးစပ်ဟဖို့ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်

-ဆိုးဆိုးဝါးဝါးနာကျင်မှုကိုခံစားရပြီး အခန့်မသင့်ရင် ဖျားနာတဲ့အထိ ကြုံရတတ်ပါတယ်။

-သာမန် ပေါက်တဲ့ အံဆုံးဆိုလျှင်သွားဖုံး ယောင်ပြီးကြားမှာ အစာညပ်တယ် ခံတွင်းနံ့ဆိုးတာမျိုးလည်း ဖြစ်တတ်ပါတယ်

အံဆုံးသွားတွေဟာ ပါးစပ်ထဲမှာ တစ်ခြားသွားတွေလို အတည့်ပေါက်တာရှိသလို တစောင်းပေါက်တာမျိုး၊ လှဲပြီးပေါက်တာမျိုး၊ တစ်ချို့အံဆုံးတွေမှာ မပေါက်ပဲမေးရိုးထဲမှာ မြုပ်နေတာမျိုးထိဖြစ်တတ်ပါတယ်

အံဆုံးသွားဟာ ပါးစပ်ထဲမှာ အပိုလို့ပြောလို့ရပါတယ်
စားတဲ့ဝါးတဲ့နေရာမှာလည်း မလိုအပ်တာကြောင့် အံဆုံးပေါက်လို့ နာကျင်ကိုက်ခဲတာမျိုးရှိရင် ဆရာဝန်နဲ့ပြသဆွေးနွေးပြီး နှုတ်ထားသင့်ပါတယ်

အံဆုံးသွားကို မနှုတ်ခဲ့ရင်
- အံဆုံးသွားကစောင်းပေါက်တဲ့အခါမှာ ဘေးကသွားကို တိုက်ပြီး တဖြည်းဖြည်းစားသွားနိုင်ပါတယ်
- တစောင်းပေါက်နေတဲ့အံဆုံးရဲ့ အမြစ်အောက်ခြေမှာ အရည်အိတ်ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် အရည်အိတ်ကနေတစ်ဆင့် မေးရိုးကိုပါ ထိခိုက်တတ်ပါတယ်
- အံဆုံးသွားက အပြည့်မပေါက်တာမျိုးပဲဖြစ်ဖြစ်၊ စောင်းပေါက်တာမျိုးပဲဖြစ်ဖြစ် ဖြစ်လာတဲ့အခါမှာ သွားနဲ့ခံတွင်းသန့်ရှင်းရေးသေချာမလုပ်ရင် အစာညှပ်ပြီး သွားပိုးစားတာ၊ သွားဖုံးနဲ့ဆိုင်တဲ့ရောဂါဖြစ်တာတွေ ကြုံရနိုင်ပါတယ်

အဲဒါကြောင့် အံဆုံးပေါက်တဲ့အချိန်မှာ သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်.....
သွားနဲ့ပတ်သက်ပြီးဆွေးနွေးပြသလိုလျှင် ရွှေနန်းမကိုဋ်သွားနှင့်ခံတွင်းအထူးကုဆေးခန်းကနွေးထွေးစွာကြိုဆိုနေပါတယ်။
၇၄လမ်း၊၂၉လမ်းနှင့်လမ်း၃၀ကြား၊ဆေးရုံကြီးအရှေ့ဘက်၊မန္တလေးမြို့။
ဖုန်း 09954487714,09797487714,09797487663
နံနက်၈နာရီခွဲမှည၈နာရီထိဖွင့်ပါတယ်။လပြည့်လကွယ်တိုင်းဆေးခန်းပိတ်ပါတယ်။

သွားဖြူအောင် လုပ်ခြင်း ( teeth whitening )🌟သွားဖြူအောင်လုပ်ခြင်းက သွားတွေမှာရှိတဲ့ အစွန်းအထင်းတွေ အရောင်အဆင်းပျက်ပြယ်နေတ...
17/07/2022

သွားဖြူအောင် လုပ်ခြင်း ( teeth whitening )

🌟သွားဖြူအောင်လုပ်ခြင်းက သွားတွေမှာရှိတဲ့ အစွန်းအထင်းတွေ အရောင်အဆင်းပျက်ပြယ်နေတာတွေကို ဖယ်ရှားပေးပြီး သွားကို ဖြူဖွေးသန့်စင်သွားစေတာဖြစ်ပါတယ်။

🦷 သွားဝါနေသူများ

🦷 သွားအရောင်ညိုညစ်ညစ်ဖြစ်နေသူများ

🦷 ကွမ်းစား၊ ဆေးလိပ်သောက်၍ သွားသန့်ရှင်းရေး ပြုလုပ်ပြီးသော်လည်း သွားအရောင်ဝါနေသေးသောသူများ

🦷 နဂိုရှိရင်းစွဲထက်ကို ပိုမိုထင်ရှားဖြူဖွေးလိုသူများ
အတွက် သွားဖြူဖွေးအောင် လုပ်ပေးနေပါပြီ❤
သွားနဲ့ပတ်သက်ပြီးဆွေးနွေးပြသလိုရင်ရွှေနန်းမကိုဋ်သွားနှင့်ခံတွင်းအထူးကုဆေးခန်းကနွေးထွေးစွာကြိုဆိုနေပါတယ်။
၇၄လမ်း၊ ၂၉လမ်းနှင့်လမ်း၃၀ကြား၊ဆေးရုံကြီးအရှေ့ဘက်၊မန္တလေးမြို့။ ဖုန်း09954487714,09797487714,09797487663
နံနက်(၈)နာရီခွဲမှည(၈)နာရီထိဖွင့်ပါတယ်။လပြည့်လကွယ်တိုင်းဆေးခန်းပိတ်ပါတယ်။

သွားတုကုသမှု          သွားတုကုသမှုဆိုသည်မှ ပျက်စီးနေသောသွားများကို ပြန်လည်ပြုပြင်ခြင်းနှင့် သွားမရှိသောနေရာတွင် သွားပြန်...
30/05/2022

သွားတုကုသမှု

သွားတုကုသမှုဆိုသည်မှ ပျက်စီးနေသောသွားများကို ပြန်လည်ပြုပြင်ခြင်းနှင့် သွားမရှိသောနေရာတွင် သွားပြန်စိုက်ခြင်းတို့ဖြစ်သည်။

သွားတုဆိုသည်မှာ သွားတစ်ချောင်း သို့မဟုတ် သွားများ သို့မဟုတ် သွားအားလုံးအား ပြန်လည်တည်ဆောက်ရာတွင်အသုံးပြုသော ပစ္စည်းဖြစ်သည်။

----

သွားနဲ့ပတ်သက်ပြီး ဆွေးနွေးပြသလိုရင် ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်းက နွေးထွေးစွာကြိုဆိုနေပါတယ်။

၇၄ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဆေးရုံကြီးအရှေ့ဘက်၊ မန္တလေးမြို့။ ဖုန်း ၀၉ ၉၅၄၄ ၈၇၇၁၄ ၊ ၀၉ ၇၉၇ ၄၈၇၆၆၃

နံနက်(၈)ခွဲကနေ ည(၈)နာရီထိ ဖွင့်ပါတယ်။ လပြည့်လကွယ်တိုင်း ဆေးခန်းပိတ်ပါတယ်။

နဲ့နေသောသွားကို ကုသခြင်း          သွားနုတ်သည့်အခါ နုတ်လိုက်သည့် သွားနေရာ၌ ပြန်စိုက်ရန်လိုပါသည်။ သွားစိုက်ခြင်းမှာ သွားနှ...
29/05/2022

နဲ့နေသောသွားကို ကုသခြင်း

သွားနုတ်သည့်အခါ နုတ်လိုက်သည့် သွားနေရာ၌ ပြန်စိုက်ရန်လိုပါသည်။ သွားစိုက်ခြင်းမှာ သွားနှုတ်လိုက်သည့် လူနာများအနေဖြင့် မိမိတို့၏ သွားပုံမှန် ပြန်ဖြစ်စေမည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ‌ရေရှည်တွင် ‌ပျော်ရွှင်စိတ်ချမ်းသာစွာ ‌နေထိုင်နိုင်မည့် လှပပြီး စိတ်ချမ်းသာသောရလဒ်ကိုလည်း ‌ပေးစွမ်းနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် သွားစိုက်ခြင်းဆိုသည်မှာ လူတိုင်းသိသင့်သော အရာတစ်ခုဖြစ်ပါသည်။

----

သွားနဲ့ပတ်သက်ပြီး ဆွေးနွေးပြသလိုရင် ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်းက နွေးထွေးစွာကြိုဆိုနေပါတယ်။

၇၄ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဆေးရုံကြီးအရှေ့ဘက်၊ မန္တလေးမြို့။ ဖုန်း ၀၉ ၉၅၄၄ ၈၇၇၁၄ ၊ ၀၉ ၇၉၇ ၄၈၇၆၆၃

နံနက်(၈)ခွဲကနေ ည(၈)နာရီထိ ဖွင့်ပါတယ်။ လပြည့်လကွယ်တိုင်း ဆေးခန်းပိတ်ပါတယ်။

သွားစိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။          သွားစိုက်ခြင်းဆိုသည်မှာ တိုက်တေနီယံ သို့မဟုတ် ဂွဖြင့်ပြုလုပ်ထားသည့် ဝက်အူ (Sc...
27/05/2022

သွားစိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

သွားစိုက်ခြင်းဆိုသည်မှာ တိုက်တေနီယံ သို့မဟုတ် ဂွဖြင့်ပြုလုပ်ထားသည့် ဝက်အူ (Screw) ကဲ့သို့သော သွားမြစ်တုကို ‌မေးရိုးထဲသို့ ထည့်စိုက်ခြင်းဖြစ်ပါသည်။

ကျိုးသွားသည့်သွား သို့မဟုတ် နုတ်လိုက်သည့်သွားနေရာတွင် အစားထိုးရန်အတွက် သွားအစွပ်များ၊ ‌ဘေးသွားသွယ်တန်းစိုက်ခြင်း (Bridges) များ သို့မဟုတ် သွားတုများနေရာတွင် အစားထိုးပြီး Dental implants ပြုလုပ်ခြင်းဖြစ်သည်။

ဤကုထုံးအတွက် ကြာချိန်သည် ‌မေးရိုးအရည်အသွေး၊ သွားစိုက်ရန်လိုအပ်သည့် သွားအရေအတွက်ကဲ့သို့သော အရာများအပေါ် မူတည်သည်။

----
သွားနဲ့ပတ်သက်ပြီး ဆွေးနွေးပြသလိုရင် ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်းက နွေးထွေးစွာကြိုဆိုနေပါတယ်။
၇၄ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဆေးရုံကြီးအရှေ့ဘက်၊ မန္တလေးမြို့။ ဖုန်း ၀၉ ၉၅၄၄ ၈၇၇၁၄ ၊ ၀၉ ၇၉၇ ၄၈၇၆၆၃
နံနက်(၈)ခွဲကနေ ည(၈)နာရီထိ ဖွင့်ပါတယ်။ လပြည့်လကွယ်တိုင်း ဆေးခန်းပိတ်ပါတယ်။

''သွားကျောက်ခြစ်ခြင်း'' • သွားကျောက်ဆိုတာဘာလဲ?          သွားမျက်နှာပြင်(သွားခြေ)မှာ ကပ်နေတဲ့ ဝါညစ်ညစ် သို့မဟုတ် ညိုညစ်ညစ...
11/05/2022

''သွားကျောက်ခြစ်ခြင်း''

• သွားကျောက်ဆိုတာဘာလဲ?

သွားမျက်နှာပြင်(သွားခြေ)မှာ ကပ်နေတဲ့ ဝါညစ်ညစ် သို့မဟုတ် ညိုညစ်ညစ်အရောင်ရှိတဲ့ မာကြောတဲ့သွားချေးလွှာပဲဖြစ်ပါတယ် ။

• ဘယ်လိုဖြစ်လာတာလဲ?

စားကြွင်းစားကျန်များဟာ သွားနှင့်သွားဖုံးကြားညပ်ပြီး ပထမဦးဆုံး သွားချေးလွှာဖြစ်လာပါတယ်။ အဲဒီသွားချေးလွှာကို မဖယ်ဘဲထားလို့ အချိန်ကြာလာတဲ့အခါမှာ မာပြီး သွားကျောက်လို့ခေါ်တဲ့ ဘက်တီးရီးယားအစိုင်အခဲလေးဖြစ်လာပါတယ် ။
(စေးကပ်ပြီး ချိုတဲ့အစားအသောက်တွေဟာ သွားချေးလွှာ ပိုမိုဖြစ်ပေါ်စေတယ်။)

• ဒါတွေရှိနေရင် ဘာဖြစ်တတ်လဲ?

- သွားဘယ်လောက်တိုက်တိုက် ခံတွင်းနံ့ဆိုးမယ်။
- သွားဖုံးတွေ ယောင်မယ်။
- သွားဖုံးတွေ သွေးယိုမယ်။
- နောက်ဆုံးမှာ ရေစီးကမ်းပြိုလို့ခေါ်တဲ့ သွားဖုံးရောဂါဖြစ်ပြီး သွားတွေယိုင်နဲ့ပြီး ကျွတ်ထွက်လာပါမယ်။

• ဘယ်လိုဖယ်ရှားမလဲ?

- ပထမဆုံး သွားချေးလွှာအဆင့်မှာတော့ သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်း စတာတွေနဲ့ ဖယ်ရှားလို့ရပါသေးတယ် ။
- မာကျောတဲ့ သွားကျောက်အဆင့် ပြောင်းသွားရင်တော့ သွားဆေးခန်းသို့သွားကာ သွားကျောက်များကို ပစ္စည်းကိရိယာတစ်မျိုးသုံးကာ ဖယ်ရှားမှ ရနိုင်ပါတယ်။

• အချုပ်အနေနဲ့ ပြောရရင်

မိမိမှာ အဲဒီလိုမျိုး သွားကျောက်တွေရှိလာပြီဆိုရင်တော့ သွားဆေးခန်းသို့သွားကာ (၁)နှစ်တစ်ကြိမ် ပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။
(သွားနှင့်ခံတွင်းသန့်ရှင်းရေး အားနည်းသူ၊ ဆေးလိပ်အလွန်အကျွံသောက်သူ၊ ဆီးချိုရောဂါအခံရှိသူ ဆိုရင်တော့ သွားကျောက်များကို (၆)လတစ်ကြိမ် ဖယ်ရှားရပါမယ်။)

အားလုံးပဲ အနံ့ဆိုးကင်းပြီး ကျန်းမာတဲ့ သွားနှင့်ခံတွင်းလေးတွေ ပိုင်ဆိုင်ကြပါစေ။

----

သွားနဲ့ပတ်သက်ပြီး ဆွေးနွေးပြသလိုရင် ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်းက နွေးထွေးစွာကြိုဆိုနေပါတယ်။

၇၄ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဆေးရုံကြီးအရှေ့ဘက်၊ မန္တလေးမြို့။ ဖုန်း ၀၉ ၉၅၄၄ ၈၇၇၁၄ ၊ ၀၉ ၇၉၇ ၄၈၇၆၆၃

နံနက်(၈)ခွဲကနေ ည(၈)နာရီထိ ဖွင့်ပါတယ်။ လပြည့်လကွယ်တိုင်း ဆေးခန်းပိတ်ပါတယ်။

"သွားကျန်းမာရေး ထိန်းသိမ်းနည်းများ"          အရင်အပတ်က သွားတစ်ချောင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ပြောပြပြီးသွားတော့ အခုအပတ...
02/05/2022

"သွားကျန်းမာရေး ထိန်းသိမ်းနည်းများ"

အရင်အပတ်က သွားတစ်ချောင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ပြောပြပြီးသွားတော့ အခုအပတ်မှာ သွားလေးတွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

သွားတစ်ချောင်းကို ထိန်းသိမ်းဖို့ဆိုရင်
- နည်းစနစ်မှန်ကန်စွာ အချိန်မှန်သွားတိုက်တာ
- အစာစားပြီးတိုင်း ပါးလုပ်ကျင်းတာ
- သွားကြားထိုးတံ မသုံးတာ
- အက်စစ်ဓာတ်(အချဉ်ဓာတ်)ပါတဲ့ အစားအသောက်တွေကို အလွန်အကျွံ မစားသောက်တာ
- ပုလင်းအဖုံးတွေကို သွားနဲ့ကိုက်ပြီး မဖွင့်တာ
စတဲ့ နေ့စဉ်အလေ့အထများကို နည်းစနစ်မှန်ကန်စွာ ပြုလုပ်ပေးခြင်းအားဖြင့် ထိန်းသိမ်းလို့ရပါတယ်။

(၁) သွားကို နည်းစနစ်မှန်စွာ ဘယ်လိုတိုက်ရမလဲ

- သွားပွတ်တံကို အမျှင်နုတာရွေးရမယ်။
- ဆား မီးသွေး၊ တုတ်ချောင်းတွေနဲ့ မတိုက်ဘဲ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်ရပါမယ်။
- သွားကို ကန့်လန့်ဖြတ်အနေအထားနဲ့မတိုက်ရဘဲ အထက်အောက် ဖြေးညှင်းစွာတိုက်ရပါမယ်။
- သွားမျက်နှာပြင်အားလုံး (အတွင်း၊ အပြင်၊ အပေါ်၊အောက်) သေချာနှံ့စပ်ညင်သာစွာ တိုက်ရပါမယ်။
- မနက်စာစားပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ် (၂)ကြိမ်တိုက်ရပါမယ်။ (သွားပွတ်တံ အမျှင်ကြမ်းနဲ့ တိုက်တာ၊ သွားကန့်လန့်ဖြတ်တိုက်တာ၊ တစ်နေ့(၂)ကြိမ်ထက်ပိုတိုက်တာ ကြာလာရင် ကြွေလွှာပါးလာမယ်၊ သွားဖုံးသားတွေနိမ့်လာပြီး သွားအမြစ်တွေပေါ်လာမယ်၊ သွားအခြေတွေမှာ လွှနဲ့တိုက်ထားသလို အခြေပြတ် နေတာမျိုးတွေ ဖြစ်လာပါမယ်။)

(၂) အစာစားပြီးတိုင်း ပလုပ်ကျင်းရင်း ခံတွင်းနံ့ဆိုးတဲ့ဒဏ် သွားပိုးစားတဲ့ဒဏ်၊ သွားချေးလွှာကပ်တဲ့ဒဏ်တို့မှ ကာကွယ်ပေးပါတယ်။

(၃) သွားကြားထိုးတံသုံးရင် သွားပိုကျဲမယ်၊ အစာပိုညပ်မယ်၊ သွားဖုံးသားပျက်စီးမယ်။ (ထိုးလေ-ကျဲလေ-ညပ်လေ ဖြစ်တတ်တယ်။) သွားကြားထိုးတံအစား Dental Floss လို့ ခေါ်တဲ့ သွားပွတ်ကြိုး အသုံးပြုရမယ်။

(၄) အက်စစ်ဓာတ်ပါတဲ့ အစားအသောက်တွေ အလွန်အကျွံစားသုံးရင် သွားကြွေလွှာတွေ ပြုန်းတီးပြီး သွားတွေ ကျဉ်တတ်တယ်။

(၅) ပုလင်းအဖုံးတွေကို သွားနဲ့ကိုက်ဖွင့်ရင် သွားတွေပဲ့မယ်၊ သွားတွေအက်မယ်။

ဒီတော့ အထက်မှာပြောခဲ့တဲ့အတိုင်း နေ့စဉ်ပုံမှန်လုပ်နေကျ အလေ့အကျင့်လေးတွေကို နည်းစနစ်မှန် လုပ်သင့်တာလုပ် ရှောင်သင့်တာရှောင်ခြင်းအားဖြင့် အဖိုးတန်သွားလေးတွေကို ထိန်းသိမ်းနိုင်ကြပါစေ။ နောက်ပို့စ်မှာတော့ သွားကို ဘယ်လိုအခြေအနေမှာ ဘယ်လိုကာကွယ်ကုသမှုတွေ လုပ်ရမယ်ဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

----
သွားနဲ့ပတ်သက်ပြီး ဆွေးနွေးပြသလိုရင် ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်းက နွေးထွေးစွာကြိုဆိုနေပါတယ်။
၇၄ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဆေးရုံကြီးအရှေ့ဘက်၊ မန္တလေးမြို့။ ဖုန်း ၀၉ ၉၅၄၄ ၈၇၇၁၄ ၊ ၀၉ ၇၉၇ ၄၈၇၆၆၃
နံနက် ၈ခွဲကနေ ည၈နာရီထိ ဖွင့်ပါတယ်။ လပြည့်လကွယ်တိုင်း ဆေးခန်းပိတ်ပါတယ်။

“သွားတစ်ချောင်း ဖွဲ့စည်းတည်ဆောက်ပုံ”          သွားတစ်ချောင်းကို ၁၊ ကြွေသွားလွှာ ၂၊ ဆင်စွယ်နှစ်လွှာ၃၊ မွသွားလွှာ  (အာရုံက...
25/04/2022

“သွားတစ်ချောင်း ဖွဲ့စည်းတည်ဆောက်ပုံ”

သွားတစ်ချောင်းကို
၁၊ ကြွေသွားလွှာ
၂၊ ဆင်စွယ်နှစ်လွှာ
၃၊ မွသွားလွှာ (အာရုံကြောလွှာ)
တို့နဲ့ဖွဲ့စည်းထားပြီး သွားဖုံးသားနဲ့ သွားဖုံးရိုးတို့က ဝန်းရံထားပါတယ်။

အာရုံကြောတွေ၊ သွေးကြောတွေရှိတဲ့ အတွင်းဆုံး မွသွားလွှာကို ဆင်စွယ်နှစ်လွှာနဲ့ ကြွေသွားလွှာတို့က ဖုံးအုပ်ထားပြီး သွားကို အပူဒဏ်၊ အအေးဒဏ်၊ ပိုးစားဒဏ်တို့မှ ကာကွယ်ပေးပါတယ်။ အစားအသောက်ကြောင့် ဖြစ်စေ၊ သွားတိုက်နည်းမမှန်လို့ဖြစ်စေ၊ ခိုက်မိလို့ဖြစ်စေ၊ ပိုးစားလို့ဖြစ်စေ -

၁၊ အပေါ်ယံကြွေလွှာပျက်စီးရင် သွားစကျဉ်မယ်။ ရေအေးသောက်ရင်၊ ချဉ်တာတွေစားရင် ပိုသိသာတယ်။

၂၊ ဆင်စွယ်နှစ်လွှာပျက်စီးရင် ပိုကျဉ်မယ်။ ကျဉ်ချိန်ပိုကြာမယ်။ အခန့်မသင့်ရင် ကိုက်တဲ့ထိ ဖြစ်လာမယ်။

၃၊ သွားအသက်လွှာလို့ပြောနိုင်တဲ့ အတွင်းဆုံး မွသွားလွှာပျက်စီးရင်တော့ သေချာပေါက် သွားကိုက်ပါပြီ။ အစာဝင်မှ ရေအေးသောက်မှ မဟုတ်တော့ဘူး။ သူ့အလိုလို တဆစ်ဆစ်ကိုက်၊ အကြာကြီးကိုက်၊ အိပ်မရအောင် ကိုက်လာပါပြီ။

ဒါ့ကြောင့် အစာစားတိုင်း သွားကိုသုံးနေရလို့ သွားတွေမနာကျဉ်ဘဲ ကြာရှည်သုံးနိုင်ဖို့ ထိန်းသိမ်း၊ ကာကွယ်၊ ကုသမှုတွေ လိုအပ်လာပါတယ်။ ဒီအကြောင်းကို လာမဲ့ပို့စ်မှာ ပြောပြပေးပါမယ်။

----

သွားနဲ့ပတ်သက်ပြီး ဆွေးနွေးပြသလိုရင် ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်းက နွေးထွေးစွာကြိုဆိုနေပါတယ်။

၇၄ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဆေးရုံကြီးအရှေ့ဘက်၊ မန္တလေးမြို့။ ဖုန်း ၀၉ ၉၅၄၄ ၈၇၇၁၄ ၊ ၀၉ ၇၉၇ ၄၈၇၆၆၃

နံနက် ၈ခွဲကနေ ည၈နာရီထိ ဖွင့်ပါတယ်။ လပြည့်လကွယ်တိုင်း ဆေးခန်းပိတ်ပါတယ်။

ဒီနေ့က ကမ္ဘာ့ဆရာဝန်များနေ့ပါ။ ဆရာဝန်များအားလုံး ပျော်ရွှင်ကြပါစေ။❤❤❤
30/03/2022

ဒီနေ့က ကမ္ဘာ့ဆရာဝန်များနေ့ပါ။
ဆရာဝန်များအားလုံး ပျော်ရွှင်ကြပါစေ။
❤❤❤

Address

74
Mandalay

Opening Hours

Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 20:00

Telephone

+95909954487714

Website

Alerts

Be the first to know and let us send you an email when ရွှေနန်းမကိုဋ် သွားနှင့်ခံတွင်း အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share