Shwe Pyi Dental Specialist Center

Shwe Pyi Dental Specialist Center We love your teeth �

ဆိုင်ဖွင့်ပွဲအတွက် သွားသန့်ရှင်းရေးနဲ့သွားအရောင်တင်ကုသမှုခံယူနိုင်တဲ့ Gift card တွေအများကြီးအားပေးသွားတဲ့ Dr. Handmade G...
17/03/2026

ဆိုင်ဖွင့်ပွဲအတွက် သွားသန့်ရှင်းရေးနဲ့သွားအရောင်တင်ကုသမှုခံယူနိုင်တဲ့ Gift card တွေအများကြီးအားပေးသွားတဲ့ Dr. Handmade Gems & jewellery ဆိုင်ကြီးရဲ့ ပဲ့ကိုင်ရှင် Dr.Thida Myint ကိုရွှေပြည်သွားနှင့်ခံတွင်းဆေးခန်းမိသားစုမှ အထူးကျေးဇူးတင်ပါတယ်။ Customers တွေအပေါ်အရမ်းစေတနာထားတာ လက်ဆောင်တွေစီစဉ်ထားတာမြင်ရတာနဲ့တင် သိသာပါတယ်။ Showroom အသစ်ကြီးဖွင့်လှစ်နိုင်ခြင်းအတွက်လည်း အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် Dr. Handmade ဆိုင်ကြီးဆထက်တိုးပြီး တိုးတက်ကြီးပွားအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
လေးမှာပါတဲ့ Scaling and polishing package (Professional dental cleaning) ဟာ သွားဂျိုး၊သွားကျောက်နှင့်သွားမျက်နှာပြင်မှာရှိတဲ့အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ခြင်းနှင့် သွားများပိုမိုတောက်ပအောင် အရောင်တင်ခြင်းကုသမှုဖြစ်ပါတယ်။ ဒီကုသမှုကိုခံယူခြင်းအားဖြင့်
👉အပြုံးများပိုမိုတောက်ပလာခြင်း
👉ခံတွင်းအနံ့ပိုမိုကောင်းမွန်လာခြင်း
👉သွားဖုံးသွေးယိုခြင်းကိုပျောက်ကင်းစေခြင်း
👉နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်ခြင်း
👉သွားများစောစီးစွာဆုံးရှုံးခြင်းကို ကာကွယ်နိုင်ခြင်း
👉မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း စတဲ့ကောင်းကျိုးတွေကို ရရှိစေပါတယ်။
Dr.Handmade ရတနာဆိုင်ကြီးမှာ ရတနာတွေကိုဝယ်ယူစုဆောင်းရင်း မိမိရဲ့သွားကျန်းမာရေးကိုပါ တပါတည်းစောင့်ရှောက်လိုက်ပါ။

  #သွားဖြူကုထုံးဖြူဖွေးလှပတဲ့သွားလေးတွေ ပိုင်ဆိုင်ဖို့ဆိုရင်မန္တလေးမြို့ မြောက်ပြင်မှာ👇👇👇 ရွှေပြည်ရှိပါတယ်။➡️ 𝐒𝐡𝐰𝐞 𝐏𝐲𝐢 𝐃...
17/12/2025


#သွားဖြူကုထုံး

ဖြူဖွေးလှပတဲ့သွားလေးတွေ ပိုင်ဆိုင်ဖို့ဆိုရင်
မန္တလေးမြို့ မြောက်ပြင်မှာ

👇👇👇 ရွှေပြည်ရှိပါတယ်။

➡️ 𝐒𝐡𝐰𝐞 𝐏𝐲𝐢 𝐃𝐞𝐧𝐭𝐚𝐥 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐞𝐧𝐭𝐞𝐫
𝟏𝟗 𝐬𝐭, 𝐛𝐞𝐭 𝟖𝟔 & 𝟖𝟔𝐀
𝐀𝐮𝐧𝐠 𝐌𝐲𝐚𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📱𝟎𝟗-𝟗𝟔𝟕𝟖𝟒𝟔𝟒𝟖𝟖, 𝟎𝟗-𝟐𝟎𝟐𝟓𝟐𝟒𝟓

📮📮📮ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
၁၉ လမ်း၊ ၈၆ နှင့် ၈၆ A လမ်းကြား
အောင်မြေသာစံမြို့နယ်
မန္တလေးမြို့
☎️ ၀၉-၉၆၇၈၄၆၄၈၈, ၀၉-၂၀၂၅၂၄၅

ဘယ်လောက်ပဲပျက်စီးနေပါစေ၊ အချိန်မီပြုပြင်လို့ရပါသေးတယ်။သွားစိုက်ဖို့ စဉ်းစားနေတယ်ဆိုရင် မန္တလေးမြို့ မြောက်ပြင်မှာ👇👇👇 ရွှ...
16/12/2025

ဘယ်လောက်ပဲပျက်စီးနေပါစေ၊ အချိန်မီပြုပြင်လို့ရပါသေးတယ်။
သွားစိုက်ဖို့ စဉ်းစားနေတယ်ဆိုရင်
မန္တလေးမြို့ မြောက်ပြင်မှာ

👇👇👇 ရွှေပြည်ရှိပါတယ်။

➡️ 𝐒𝐡𝐰𝐞 𝐏𝐲𝐢 𝐃𝐞𝐧𝐭𝐚𝐥 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐞𝐧𝐭𝐞𝐫
𝟏𝟗 𝐬𝐭, 𝐛𝐞𝐭 𝟖𝟔 & 𝟖𝟔𝐀
𝐀𝐮𝐧𝐠 𝐌𝐲𝐚𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📱𝟎𝟗-𝟗𝟔𝟕𝟖𝟒𝟔𝟒𝟖𝟖, 𝟎𝟗-𝟐𝟎𝟐𝟓𝟐𝟒𝟓

📮📮📮ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
၁၉ လမ်း၊ ၈၆ နှင့် ၈၆ A လမ်းကြား
အောင်မြေသာစံမြို့နယ်
မန္တလေးမြို့
☎️ ၀၉-၉၆၇၈၄၆၄၈၈, ၀၉-၂၀၂၅၂၄၅

  #သွားကြွေလွှာကပ်ခြင်း အတွက် တိကျသောသွားပုံယူစနစ် (Scanner) သုံးခြင်း၊ မိမိနှင့်လိုက်ဖက်အချိုးညီသော အပြုံးရရှိရန် digit...
16/09/2025


#သွားကြွေလွှာကပ်ခြင်း အတွက် တိကျသောသွားပုံယူစနစ် (Scanner) သုံးခြင်း၊ မိမိနှင့်လိုက်ဖက်အချိုးညီသော အပြုံးရရှိရန် digital smile design ရေးဆွဲပြီး အကြိုကြည့်ရှူ့နိုင်ခြင်း၊ final မကပ်မီ ကြွေလွှာအစမ်းကပ်ခြင်းအဆင့် ( mock up) ပြုလုပ်၍ မိမိလိုချင်သောသွားအရောင်၊ အရွယ်အစား၊ ပုံစံစသည်တို့ချိန်ညှိနိုင်ပြီး အကောင်းဆုံး result ရရှိအောင် ကြိုးစားပေးနေပါတယ်။

ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
၁၉ လမ်း၊ ၈၆ x ၈၆ A ကြား
အောင်မြေသာစံမြို့နယ်
မန္တလေးမြို့။
📱092025245, 09967846488

သွားအတုလေးတပ်ပေးလိုက်တယ်ဆိုတာထက်ပိုပါတယ်။ အလှဆုံးအပြုံးလေးနဲ့အတူ ငယ်ရွယ်မှုတွေ၊ယုံကြည်မှုတွေကိုပါ ပြန်တပ်ဆင်ပေးဖြစ်ပါတယ်...
06/11/2024

သွားအတုလေးတပ်ပေးလိုက်တယ်ဆိုတာထက်ပိုပါတယ်။ အလှဆုံးအပြုံးလေးနဲ့အတူ ငယ်ရွယ်မှုတွေ၊ယုံကြည်မှုတွေကိုပါ ပြန်တပ်ဆင်ပေးဖြစ်ပါတယ်။

ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
19 လမ်း၊ 86 x 86A ကြား
အောင်မြေသာဇံမြို့နယ်
မန္တလေးမြို့။
📲 092025245, 09967846488

လှတဲ့ပန်းလေး အစွမ်းကုန်အလှဆုံးဖူးပွင့်လာဖို့ တထောင့်တနေရာကနေ ပြင်ဆင်ပေးနိုင်ခဲ့တဲ့ ဥယျာဉ်မှူးရဲ့ ပီတိမျိုး 🤍🤍🤍ဒီသမီးလေးက...
16/07/2024

လှတဲ့ပန်းလေး အစွမ်းကုန်အလှဆုံးဖူးပွင့်လာဖို့ တထောင့်တနေရာကနေ ပြင်ဆင်ပေးနိုင်ခဲ့တဲ့ ဥယျာဉ်မှူးရဲ့ ပီတိမျိုး 🤍🤍🤍

ဒီသမီးလေးက အသက် ၁၁ နှစ်အရွယ်မှာပဲ သူ့ရဲ့သွားနဲ့မေးရိုးကိုပြင်ဖို့လိုကြောင်း သူကိုယ်တိုင် evaluate လုပ်နိုင်ခဲ့တဲ့ကလေးလေး။ မိဘတွေကိုသွားပြင်ချင်တဲ့အကြောင်းပြောပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားဆေးခန်းကိုလိုက်ပို့ခိုင်းခဲ့တဲ့ကလေးလေး။ သွားညှိကုသချိန် ၂နှစ်အတွင်းမှာလည်း appointment တိုင်းကို တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်လာတတ်တဲ့ ကလေးလေး။ ကုသမှုအတွင်း ပြောင်းလဲလာတဲ့ရလဒ်တိုင်းအပေါ် appreciate လုပ်တတ်တဲ့ကလေးလေး။
အရမ်းပြောင်းလဲလှပလာတဲ့ သမီးလေးရဲ့ပုံလေးတွေ အမှတ်တရ

#သွားညှိကု
#သွားဆေးခန်း

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှု များကို နောက်ဆုံးပေါ်ခေတ်မှီစက်ကိရိယာများအသုံးပြု၍ ကျယ်ဝန်းသန့်ရှင်းပြီးပိုးသတ်ထားသော ကုသ...
01/11/2023

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှု များကို နောက်ဆုံးပေါ်ခေတ်မှီစက်ကိရိယာများအသုံးပြု၍ ကျယ်ဝန်းသန့်ရှင်းပြီးပိုးသတ်ထားသော ကုသခန်းများတွင် သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ ပါရဂူများကိုယ်တိုင် စနစ်တကျ ကုသမှုပေးနေပါသည်။

ရွှေပြည်သွား နှင့် ခံတွင်း အထူးကုဆေးခန်းတွင်

🦷သွားအမြစ်တု အစားထိုးကုသခြင်း (Dental Implant)
🦷သွားအသေစိုက်ခြင်း (Dental Bridge)
🦷သွားအရှင်စိုက်/အံကပ်ဖြင့်သွားစိုက်ခြင်း(Denture)
🦷သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)
🦷သွားဖာခြင်း (Tooth Restoration)
🦷သွားနှုတ်ခြင်း(Tooth Extraction)
🦷သွားညှိကုသခြင်း(Orthodontics Treatment)
🦷သွားကြွေလွှာကပ်ခြင်း (Veneer/ Hollywood smile)
🦷သွားစိန်တပ်ခြင်း
🦷 သွားသန့်ရှင်းရေးပြုလုပ်ခြင်း (Scaling)
🦷သွားများဖြူဖွေးလှပစေရန် laser ဖြင့်ပြုပြင်ခြင်း (Laser Whitening)
🦷သွားဖုံးသားများ လှပစေရန် ပြုပြင်ခြင်း(Gummy Smile Correction) တို့ကို သက်ဆိုင်ရာသွားနှင့်ခံတွင်း အထူးကုဆရာဝန်များမှ ကုသပေးနေပါသည်။

ရွှေပြည်သွား နှင့် ခံတွင်း အထူးကုဆေးခန်းတွင်

🕘 လူနာများအချိန်ကြာမြင့်စွာစောင့်စားရမှုမရှိစေရန် ဆရာဝန်များအချိန်ပြည့်ရှိခြင်း

🧬ပိုးမွှားသန့်ရှင်းရေးကို စနစ်တကျ တင်းကျပ်စွာဆောင်ရွက်ထားရှိခြင်း

💊အရည်အသွေးမြင့် ဆေးပစ္စည်းများကိုသာအသုံးပြုခြင်း

🦠တခါသုံးပစ္စည်းများကိုအသုံးပြုခြင်းနှင့် ပိုးသတ်၍ပြန်လည်အသုံးပြုရသောပစ္စည်းများကို ဖိအားသုံးပိုးမွှားသန့်စင်စက်(Autoclave) ဖြင့် စနစ်တကျပိုးသတ်သန့်စင်ခြင်း

🦠လူနာတစ်ဦးကုသပြီးတိုင်း dental chair နှင့်ဆက်စပ်ပစ္စည်းများကို disinfectant ဆေးရည်သုံး၍ပိုးမွှားသန့်စင်ခြင်း

🩺သိရှိလိုသည်များကို ဆရာဝန်များနှင့်ကိုယ်တိုင်ကိုယ်ကျ ဆေွးနွေးနိုင်ခြင်း

🛋️ကျယ်ဝန်းသော waiting area ရှိခြင်း

🔬သွားနှင့်ခံတွင်းရောဂါရှာဖွေရေးအတွက် ဓာတ်မှန်ထားရှိပြီး ကုသပေးခြင်းများကို ဆောင်ရွက်ပေးနေပါပြီ။

ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
၁၉ လမ်း၊ ၈၆ x ၈၆(A)ကြား
မန္တလေးမြို့။

📱09-967846488, 09-2025245

#သွားဆေးခန်းမန္တလေး
#ရွှေပြည်

သွားစိုက်ဖို့ရွေးချယ်ကြတဲ့အခါ လူနာအများစုဟာ အံကပ်ကိုမကြိုက်ကြပါဘူး။ ✔️ဖြုတ်လိုက်၊တပ်လိုက်ကြီးမလုပ်ချင်ပါဘူးဆရာ။ ✔️တခါတည်...
27/08/2023

သွားစိုက်ဖို့ရွေးချယ်ကြတဲ့အခါ လူနာအများစုဟာ အံကပ်ကိုမကြိုက်ကြပါဘူး။
✔️ဖြုတ်လိုက်၊တပ်လိုက်ကြီးမလုပ်ချင်ပါဘူးဆရာ။
✔️တခါတည်းအသေစိုက်လို့မရဘူးလား။
✔️လူကြားထဲပြုတ်ကျရင် ရှက်စရာကြီး။
✔️အဲ့လိုကြီးကျ အဆင်မပြေလောက်ဘူးထင်တယ်။
✔️အဲ့လိုကြီးပါးစပ်ထဲထည့်ထားတော့ နေတတ်ပါ့မလား။
✔️ကျွန်မကပျို့တတ်တယ် မရလောက်ဘူးထင်တယ်။ အသေသာရအောင်စိုက်ပေးပါဆရာ ဆိုတာမျိုးက သွားစိုက်မယ့်လူနာတိုင်းနီးပါး ပြောတတ်တဲ့စကားတွေပါ။

လူနာတစ်ယောက်ကိုသွားစိုက်ပေးဖို့ သွားဆရာဝန်ဟာအချက်များစွာကို အခြေခံပြီးစဉ်းစားရပါတယ်။ လူနာတစ်ယောက်နဲ့၊တစ်ယောက်မတူညီတဲ့အခြေအနေတွေပေါ်မှာ သူနဲ့အသင့်တော်ဆုံးဖြစ်မယ့် ကုသမှု့ကိုပေးနိုင်ဖို့ကြိုးစားရပါတယ်။
သွားအသေစိုက်ဖို့ ဘေးသွားတွေရဲ့အကူအညီလိုပါတယ်။ သွားတုကိုကူညီထမ်းပိုးရမယ့် ဘေးသွားလုံလုံလောက်လောက်ရှိ/မရှိ၊ ဘေးသွားရဲ့ ကြံ့ခိုင်မှု၊ သွားဖုံးအခြေအနေ၊ စားမယ့်ဝါးမယ့်အချိန်မှာ ကျလာမယ့်အားတွေအတွက် ခံနိုင်ရည်ဝန်နဲ့အားမျှမမျှစတာတွေတွက်ချက်ပြီး အံကပ်ကိုပဲမဖြစ်မနေရွေးချယ်ရတဲ့ အခြေအနေတွေရှိပါတယ်။ အံကပ်ဆိုတိုင်းစိတ်ညစ်စရာမလိုပါဘူး။
နည်းပညာတွေတိုးတက်လာတာနဲ့အညီ သေချာစားလို့၊ဝါးလို့ကောင်းတဲ့၊ မြဲမြံတဲ့၊ လှပတဲ့အံကပ်တွေကို စနစ်တကျပြုလုပ်လို့ရပါတယ်။
ရွေးချယ်စရာအံကပ်များစွာထဲက နှိပ်သီးပါတဲ့အံကပ်လေးတွေကို အောက်မှာနမူနာဖော်ပြထား
ပါတယ်။

➡️ 𝐒𝐡𝐰𝐞 𝐏𝐲𝐢 𝐃𝐞𝐧𝐭𝐚𝐥 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐞𝐧𝐭𝐞𝐫
𝟏𝟗 𝐬𝐭, 𝐛𝐞𝐭 𝟖𝟔 & 𝟖𝟔𝐀
𝐀𝐮𝐧𝐠 𝐌𝐲𝐚𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📱𝟎𝟗-𝟗𝟔𝟕𝟖𝟒𝟔𝟒𝟖𝟖, 𝟎𝟗-𝟐𝟎𝟐𝟓𝟐𝟒𝟓

📮📮📮ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
၁၉ လမ်း၊ ၈၆ နှင့် ၈၆ A လမ်းကြား
အောင်မြေသာစံမြို့နယ်
မန္တလေးမြို့
☎️ ၀၉-၉၆၇၈၄၆၄၈၈, ၀၉-၂၀၂၅၂၄၅

သွားတွေမရှိတော့တဲ့အခါ✖️အစာကြိတ်ခြေနိုင်စွမ်းတွေ ကျလာတယ်။✖️ဝမ်းဗိုက်၊အစာအိမ်လေနာခြင်းနှင့် အစာမကျေတာတွေ ဖြစ်တတ်တယ်။✖️လိုအ...
17/07/2023

သွားတွေမရှိတော့တဲ့အခါ
✖️အစာကြိတ်ခြေနိုင်စွမ်းတွေ ကျလာတယ်။
✖️ဝမ်းဗိုက်၊အစာအိမ်လေနာခြင်းနှင့် အစာမကျေတာတွေ ဖြစ်တတ်တယ်။
✖️လိုအပ်သောအာဟာရတွေ လျော့နည်းလာတယ်။
✖️စကားသံတွေ မပီသတော့ဘူး။
✖️သွားရည်ကျတတ်လာမယ်။
✖️ပါးတွေချိုင့်လာတယ်။
✖️သွားတွေမရှိတာကြာလာရင် မေးရိုးတွေသိမ်သွားတတ်လို့
✖️မျက်နှာတိုသွားမယ်။
✖️ရှိရင်းစွဲအသက်ထက် ပိုရင့်ရော်အိုမင်းတဲ့ပုံပေါက်လာမယ်။

သွားတွေပြန်စိုက်လိုက်တာနဲ့ အသက်၂၀နီးပါးပြန်ငယ်သွားသလို ရုတ်ခြည်းပြောင်းလဲသွားနိုင်ပါတယ်။

#ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
19 လမ်း၊ 86 x 86 A ကြား၊
အောင်မြေသာဇံမြို့နယ်
မန္တလေးမြို့။
📱09967846488
092025245

✔️ငယ်ငယ်ကသွားကျဲလို့ဆိုပြီး စွပ်ထားခဲ့တဲ့ သွားတုအဟောင်းကို မကြိုက်လို့ အသစ်လဲပေးထားပါတယ်။✔️ကျဲတဲ့နေရာက ၂ချောင်းစာလည်းမရ...
29/05/2023

✔️ငယ်ငယ်ကသွားကျဲလို့ဆိုပြီး စွပ်ထားခဲ့တဲ့ သွားတုအဟောင်းကို မကြိုက်လို့ အသစ်လဲပေးထားပါတယ်။

✔️ကျဲတဲ့နေရာက ၂ချောင်းစာလည်းမရှိ၊ ၁ချောင်းစာလည်းမကဆိုတော့ သွားညှပ်လို့ခေါ်ကြတဲ့ သွားအသေးတစ်ချောင်းပုံစံနဲ့ ဖြစ်နေတာကို လူနာညီမလေးက သဘာဝကျကျလေးလှချင်ပါတယ်ဆိုလို့

✔️အဟောင်းတွေကိုဖြုတ်ပြီး ပုံမှန်ရှိသင့်တဲ့အရွယ်အစား၊အချိုးအစားကျအောင် တစ်ချောင်းတည်းပြန်စွပ်ပြီး ပိုထွက်လာတဲ့ space ကိုတော့ ဘေးကသွားလေးမှာ လေဆာနဲ့ဖာပြီး ပြန်ဖြည့်ပေးထားပါတယ်။

✔️ဒီလူနာလေးက ပိုက်ဆံလည်းအများကြီးမသုံးလိုတာကြောင့် စွပ်တဲ့သွားအမျိုးအစားကို နိုင်လွန်သွား(Acrylic)ကိုပဲ ရွေးချယ်ထားပါတယ်။

✔️သူသုံးချင်တဲ့ budget limit အတွင်းမှာပဲ သဘာဝကျကျလှပသွားလို့ လူနာလည်းပြုံးပျော်ကျေနပ်သွားသလို ရွှေပြည်သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှလည်း အထူးကျေနပ်ပီတိဖြစ်ရပါတယ်။

✔️အလှဆုံးအပြုံးတွေ ဖန်တီးဖို့"ရွှေပြည်" ကိုသတိရနိုင်ပါတယ်နော်။

ရွှေပြည်သွားနှင့်ခံတွင်းအထူးကုဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန် ဆေးခန်းအကူ dental assistant အမျိုးသမီး အလိုရှိပါသည်။ အသက် ၂၅ ...
16/05/2023

ရွှေပြည်သွားနှင့်ခံတွင်းအထူးကုဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန် ဆေးခန်းအကူ dental assistant အမျိုးသမီး အလိုရှိပါသည်။

အသက် ၂၅ နှစ်အောက်
အကျင့်စာရိတ္တကောင်းမွန်ပြီး
ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
စွဲမြဲစွာလုပ်ကိုင်လိုသူ
လူနာများနှင့် ပြေပြစ်စွာဆက်ဆံနိုင်ရန် စကားပြောသွက်လက်သူဖြစ်ရမည်။

လိုအပ်သောစာရွက်စာတမ်းများ -
CV Form
ဓာတ်ပုံ တစ်ပုံ
မှတ်ပုံတင်မိတ္တူနှင့်အတူ

ရွှေပြည်သွားနှင့်ခံတွင်းအထူးကုစင်တာ
၁၉ လမ်း၊ ၈၆ x ၈၆ A ကြား
မန္တလေးမြို့တွင် လာရောက်လျှောက်ထားနိုင်ပါသည်။

Address

Mandalay
05011

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959967846488

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Dental Specialist Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Pyi Dental Specialist Center:

Share