Thitsar Myaing Dental Clinic

Thitsar Myaing Dental Clinic သွားနှင့်ခံတွင်း အထူးကုဆေးခန်း

11/05/2022

ဒီဆေးခန်းမှာ ❣️SDF ❣️လို့ခေါ်တဲ့ သွားပိုး
း‌ေသစေ နိုင်တဲ့ဆေးနဲ့ လူကြီး/ကလေး
သွားများကို ပိုးသတ်နိုင်ပါပီနော်
*** သင့်ရဲ့သွားကိုစက်နဲ့တိုက်စားမှာကြောက်သူတွေအတွက်အထူးသင့်လျော်ပါတယ်နော်…........

"လူကြီး/ကလေး အားလုံး၏ သွားကျန်းမာရေးအတွက် 🥗အာဟာရပြည့်ဝ အစားအစာနှင့် 🦷သွားပိုးစားစေသော အစားအစာများ"🦷သွားနှင့်ခံတွင်း ကျန်...
29/01/2021

"လူကြီး/ကလေး အားလုံး၏ သွားကျန်းမာရေးအတွက် 🥗အာဟာရပြည့်ဝ အစားအစာနှင့် 🦷သွားပိုးစားစေသော အစားအစာများ"

🦷သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အာဟာရပြည့်ဝသည့် 🥗 အစားအစာများကိုလဲ စားသုံးပေးရန် လိုအပ်ပါတယ်။

1️⃣ အင်အား ဖြစ်စေသော အုပ်စု၊
2️⃣ ရောဂါ ကာကွယ်စေသော အုပ်စုနှင့်
3️⃣ ခန္ဓာကိုယ် ကြီးထွားစေသော အုပ်စု
ဆိုတဲ့ အစာအုပ်စု (၃)စု ကို သင့်တင့်မျှတစွာ စားသုံးပေးရမှာ ဖြစ်သလို ဒီထဲက သွားပိုးစားစေတဲ့ အစားအစာတွေကိုလည်း သတိထားပြီး ရှောင်ကြဉ်ရပါမယ်။
☑️သဘာ၀ 🥗 ဟင်းသီးဟင်းရွက်များ၊
☑️ပရိုတင်းဓါတ် များ‌သော🥩အသား၊🐠ငါး၊🥚ကြက်ဥ၊
☑️ ကယ်လ်စီယံဓာတ် 🦴ကြွယ်၀‌သော နို့ထွက် 🐄🥛ပစ္စည်းများ(အချိုမပါသော/အချိုနည်းသော) ကို စားသုံးပေးသင့် ပါတယ်။

❗အဓိကရှောင်ကြဉ်ပီး လျော့စားပေးရမှာတွေကတော့
➡️သကြား များစွာပါဝင်သော အစားအစာ နှင့် အချိုရည်
➡️ချိုပီးစေးကပ်တဲ့ အစားအစာ
တွေကိုတော့ အတတ်နိုင်ဆုံး လျော့စားပေးရပါမယ်နော်။

🍬 ချိုပြီး‌ စေးကပ်တဲ့ အစားအစာများကို စားပီးရင်လည်း ပလုတ်ကျင်းခြင်း(သို့)သွားတိုက်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။
🍩 သရေစာ (meal snack)
ကိုလည်း အများဆုံး တစ်နေ့ ( ၃ ) ကြိမ် ထက်ပိုမစားသင့်ပါဘူး။
❌ တတ်နိုင်လျှင် မစားဘဲနေတာက အကောင်းဆုံးပါ။
💦 အဓိကကတော့ ဘယ်အစားအစာကိုမဆို စားပီးတိုင်း ပလုတ်ကျင်းပေးလျှင် အကောင်းဆုံးဖြစ်ပါတယ်။

🪥 သွားလေးတွေ ကျန်းမာပြီး သွားပိုးစားတာကိုကာကွယ်ဖို့အတွက် မနက်စာစားပြီး ၁ကြိမ်နဲ့ ညအိပ်ရာမ၀င်ခင် ၁ကြိမ် စနစ်မှန်သွားတိုက်နည်းနဲ့ သွားတိုက်ဖို့လည်း အရေးကြီးပါတယ်နော်။
# အိပ်ခါနီး သွားတိုက်ပီးရင်လဲ ဘာမှ
ထပ်မစားရတော့ပါဘူးနော် *

🧏‍♂️လူကြီး သွားကျန်းမာရေး အတွက် 🚭 သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိခိုက်စေသော ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ 🥃အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်နော်။

👨‍⚕️၁နှစ်လျှင်၂ကြိမ် မိမိကိုယ်တိုင်နှင့် ကလေးများ၏ သွားကျန်းမာရေးအတွက် သွားဘက်ဆိုင်ရာဆရာဝန်များထံ စစ်ဆေးပြသပီး အကြံညဏ် တောင်းသင့်ပါတယ်။


Address - 64လမ်း၊ 25x26လမ်းကြား၊ မန္တလေးမြို့။
Ph - 09 444 037 112, 09 983 212 949

"သွားပိုးစားရောဂါ နှင့် ဖလိုရိုက်ဒ်"(Dental caries and fluoride)🦷 သင့်မှာ သွားပိုးစား‌‌ရောဂါ ရှိမရှိ ဘယ်လိုသိနိုင်မလဲ ❓သ...
05/12/2020

"သွားပိုးစားရောဂါ နှင့် ဖလိုရိုက်ဒ်"
(Dental caries and fluoride)

🦷 သင့်မှာ သွားပိုးစား‌‌ရောဂါ ရှိမရှိ ဘယ်လိုသိနိုင်မလဲ ❓

သွားမျက်နှာပြင်မှာ အမဲစက်တွေ ၊ သွားပိုးပေါက်တွေ ဖြစ်နေပြီ ဆိုလျှင် သင့်မှာသွားပိုးစားရောဂါ ဖြစ်နေပါပြီ။

🦷 ဘယ်လိုကာကွယ်ရမလဲ ❓

အဓိကအားဖြင့်
1️⃣ 🍭 အစားအသောက်ပုံစံ ဂရုစိုက်ခြင်း
2️⃣ 👄 ခံတွင်း သန့်ရှင်းအောင်ထားခြင်း
3️⃣ 🪥 ဖလိုရိုက်ဒ် (fluoride) ပါဝင်‌‌သော အရာများ (ဥပမာ - သွားတိုက်‌ဆေး)ကို အသုံးပြုခြင်း အားဖြင့် ကာကွယ်နိုင်ပါတယ်။
( 🍩🍦🍬 အစားအသောက်ကြောင့် 🦷 သွားများ ပိုးစား‌ခြင်းနှင့် 🪥 ခံတွင်းသန့်ရှင်းရေး နည်းလမ်းများကို ဆက်လက်တင်ပေးပါမယ်။ )

🦷 ဖလိုရိုက်ဒ်ဓာတ်က သွားတွေကို ဘယ်လိုအကျိုးပြုသလဲ ❓

ဖလိုရိုက်ဒ်ဓာတ်မှာ သွား၏ အပေါ်ဆုံးအလွှာ(ကြွေသွားလွှာ)ကို ပိုမိုမာကြောလာစေခြင်း၊ အစပျိုးနေသည့် သွားပိုးပေါက်များကို နှေးကွေးစေပြီး ရပ်တန့်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

🦷 ဖလိုရိုက်ဒ်ဓာတ်ကို ဘယ်က ရနိုင်မလဲ ❓

ဖလိုရိုက်ဒ် ပါဝင်တဲ့
(၁) သွားတိုက်ဆေး
(၂) ပလုတ်ကျင်းဆေးရည်
(၃) ဖလိုရိုက်ဂျယ်(gel)
(၄) ဖလိုရိုက်ဒ် ဆေးရည် တို့ကို အသုံးပြုခြင်းအားဖြင့် ဖလိုရိုက်ဒ်ဓာတ်ကို ရရှိနိုင်ပါတယ်။

🦷 ဖလိုရိုက်ဒ် ပါဝင်တဲ့ သွားတိုက်ဆေးကို ပမာဏ ဘယ်လောက်ထည့် တိုက်သင့်လဲ ❓

သွားတိုက်ဆေး ကြော်ငြာ တော်တော်များများက 🪥 သွားတိုက်တံအပြည့် သွားတိုက်ဆေးထည့်ပြီး ကြော်ငြာကြတာ များပါတယ်။
ဒါကြောင့်လည်း သွားတိုက်တံ အပြည့်သွားတိုက်ဆေး ထည့်ရမယ်လို့ ကလေး၊လူကြီးများ အမှတ်မှား‌နေကြတာပါ။

👶 ကလေးအသက် ၆လ(သွားစပေါက်ချိန်) မှစပြီး ၃နှစ်အတွင်းဆိုရင် သွားတိုက်ဆေး ဆန်စေ့ ပမာဏလောက် ထည့်ပြီး တနေ့ နှစ်ကြိမ်တိုက်လျှင် လုံလောက်ပါတယ်။

👶 အသက် ၃နှစ်မှ ၆နှစ်အတွင်းဆိုရင် ပဲစေ့ ပမာဏ ထည့်ပြီး တနေ့ နှစ်ကြိမ် တိုက်ပေးရမယ်။

👶 အသက်‌ ၆နှစ်နှင့် အထက်ဆိုလျှင်လဲ
ပဲစေ့ ပမာဏ ထည့်ပြီး တိုက်သင့်သလို ၎င်းအသက်အရွယ်တွင် လူကြီးသွားများ စတင်ပေါက်လာပြီ ဖြစ်တဲ့အတွက် ပိုပြီး ဂရု
စိုက်သင့်ပါတယ်၊ အသက် ၆ နှစ်အောက်
ကလေးတိုင်းရဲ့သွားမျက်နှာပြင်အနှံ့
သန့်ရှင်း‌ေစရန် မိဘ/အုပ်ထိန်းသူက
အနီးကပ်စောင့်ကြပ်ပီး ၎င်းတို့ကိုယ်တိုင်
ကပါ တိုက်ပေးရန် လိုအပ်ပါတယ်။

🦷 ကလေး သွားတိုက်ဆေးအတွက် ဖလိုရိုက်ဒ် (fluoride ) ပါဝင်နှုန်း ဘယ်‌လောက် ရှိသင့်ပါသလဲ ❓

သွားပိုးစားခြင်း အနည်းငယ်သာ ရှိသော မည်သည့် ကလေးငယ်မဆို 1000 ppm ဖလိုရိုက်ဒ် ပါဝင်တဲ့ သွားတိုက်ဆေး ကို သုံးသင့်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ သွားပိုးစားရောဂါ ဖြစ်ပွားမှု များနေမယ် ဆိုရင်တော့ 👨‍⚕️သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန် လမ်းညွှန်တဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပေးသင့်ပါတယ်။ လိုအပ်လျှင် ဖလိုရိုက်ဒ်ဆေးရည် သုတ်လိမ်းပေးသည့် ကုသမှုမျိုးကို ခံယူရပါမယ်။


Address - 64လမ်း၊ 25x26လမ်းကြား၊ မန္တလေးမြို့။
Ph - 09 444 037 112, 09 983 212 949

"🦷မိဘများ သတိမမူ မိသော ကလေးအသက် (၆)နှစ် အရွယ်တွင် စတင် ပေါက်သည့် လူကြီးအံသွား အကြောင်း🦷"(Eruption of First Permanent Mol...
03/12/2020

"🦷မိဘများ သတိမမူ မိသော ကလေးအသက် (၆)နှစ် အရွယ်တွင် စတင် ပေါက်သည့် လူကြီးအံသွား အကြောင်း🦷"
(Eruption of First Permanent Molar)

🦷 ကလေးသွားတွေ ဘယ်ချိန်ဆို စုံပြီလဲ❓

👶 ကလေး ၆လ အရွယ်မှာ သွားလေးတွေ စပေါက်ပြီး အသက် ၃နှစ် မှာတော့ ကလေးသွားများ စုံလင်စွာ ပေါက်ပြီး ဖြစ်ပါတယ်။ အဲဒီအခါမှာ သွားအရေအတွက် စုစုပေါင်း အချောင်း ၂၀ ရှိ‌နေရပါမယ်။

🦷 လူကြီးသွားတွေ ဘယ်အချိန်မှာ စတင် ပေါက်ပါသလဲ❓

👶 ကလေးအသက် ၆နှစ် အရွယ်မှာ 🦷ပထမဆုံး လူကြီးအံသွား (First Permanent Molar) စတင်ပေါက် ပါတယ်။ သို့သော်လည်း မိဘများက ကလေးသွားနှင့် မှား၍ ဂရုမစိုက်ဘဲ🙅 ပစ်ထား တတ်ကြပါတယ်။ ( 🤱 ကလေးသွားတွေ လည်း ဂရုစိုက်‌ပေးဖို့ လိုပါတယ်နော်။ 🦷ကလေးသွားတွေရဲ့ အရေးပါပုံကိုလည်း ထပ်မံ တင်ပေးပါမယ်။ )

🦷 ဂရုမစိုက်ဘဲ ပစ်ထားလျှင် 👉 ဘာတွေဆက်ဖြစ်မလဲ❓

👶 အချိန်အတန်ကြာ သွားပိုးစားခြင်းကြောင့် ကယ်တင်၍ မရတော့ဘဲ နှုတ်ပစ်ရသည် အထိ ဖြစ်နိုင်ပါတယ်။
👶 လူကြီးသွား ဖြစ်တဲ့အတွက် နှုတ်ပြီးပါက လုံးဝ ❌ ပြန်ပေါက် မလာနိုင်တော့ပါ။
👶 မဖြစ်မနေ နှုတ်ရတော့မည် ဆိုပါက ကလေးအသက် ၈နှစ် နှင့် ၁၀နှစ်ခွဲ ကြားနှုတ်လျှင် 👌အကောင်းဆုံး ဖြစ်ပါတယ်။

👶 ထိုအသက်ထက် စော၍ ဖြစ်စေ၊ နောက်ကျ၍ ဖြစ်စေ နှုတ်မိပါက
➡️ နောက်‌ပေါက်မည့် လူကြီးသွားများ နေရာအမှန် မပေါက်တော့ဘဲ နေရာရွေ့နိုင်ခြင်း၊
➡️ သွားများ မညီမညာ ဖြစ်ခြင်း၊
➡️ ရှေ့သွားနောက်သို့ စောင်းပြီး နောက်သွားရှေ့သို့ စောင်းလာခြင်း ၊
➡️ အောက် အံသွားနုတ်ထားလျှင် အပေါ်သွားများ ရှည်ကျလာခြင်း၊
➡️ ကျိုးသွားတဲ့ နေရာလွတ်တွင် 🍜အစာညှပ်ခြင်း အစရှိတဲ့ ပြဿနာများ 😖 ကြုံတွေ့ လာနိုင်ပါတယ်။

🦷 သွား မဆုံးရှုံးအောင် ဘယ်လို ကာကွယ်ရမလဲ❓

✴️ ၎င်းသွားများအား သွားအခေါင်းပေါက် အရွယ် သေးသေးလေး မှစ၍ ပြုပြင်ဖာထေး ထားသင့်ပါတယ်။

☑️ သွားနှင့်ခံတွင်း 🪥 သန့်ရှင်းရေး ပုံမှန် လုပ်ပေးခြင်း၊
☑️ သွားနှင့်ခံတွင်း 👨‍⚕️ ဆရာဝန်ထံ ၁နှစ် ၂ကြိမ် သွားကျန်းမာရေး စစ်ဆေးခြင်း၊
☑️ လိုအပ်ပါက 🦷 သွားဖာခြင်း၊ သွားအကြောထုတ်ခြင်း များဖြင့် သွားဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။


Address - 64လမ်း၊ 25x26လမ်းကြား၊မန္တလေးမြို့။
Ph - 09 444 037 112, 09 983 212 949

"🦷သင်၏ ကလေးငယ်များအတွက် သွားကျန်းမာရေး စောင့်ရှောက်ရမည့် နည်းလမ်းများ🦷" (Dental Health CareTips For Your Children)👶   ကလ...
28/11/2020

"🦷သင်၏ ကလေးငယ်များအတွက် သွားကျန်းမာရေး စောင့်ရှောက်ရမည့် နည်းလမ်းများ🦷"
(Dental Health CareTips For Your Children)

👶 ကလေးငယ်များက သူတို့🦷 သွားလေးတွေနှင့်အတူ မွေးဖွားလာတယ်ဆိုတာ သင်သိပါသလား။ သူတို့ သွားလေးတွေက သွားဖုံးထဲမှာ ပုန်းနေတဲ့အတွက် 👁️ မျက်စိနဲ့တော့ မမြင်နိုင်ပါဘူး။

👶 ကလေးအသက် ၆လ မှာတော့ 🦷 သွားလေးတွေ စတင် ထွက်ပေါ်လာပါပြီ။ ဒါပေမယ့် ကလေးသွား မပေါက်မီကတည်းက ကလေး၏ 👄 ခံတွင်းကို သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ကလေးအား 🤱 နို့တိုက်ပြီးတိုင်း သန့်စင်သော အဝတ်စို သို့ ဂွမ်းအစိုဖြင့် သွားဖုံးပေါ်သို့ သုတ်ပေးရပါမယ်။ အဲလိုသုတ်ပေးခြင်းအားဖြင့် 🦷 သွားပိုးစားခြင်းကို ဖြစ်ပေါ်စေသော 🦠 ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးပါတယ်။

👶 ကလေးသွားလေးတွေ ပေါက်ပြီဆိုပါက ကလေးသွားတိုက်တံကို စတင် အသုံးပြုပေးရပါမယ်။ ဖလိုရိုက်(Fluoride)ပါဝင်သော သွားတိုက်ဆေးကို ဆန်စေ့ပမာဏလောက် ထည့်၍ မနက် ၁ကြိမ်၊ ည ၁ကြိမ် သွားတိုက်ပေးရပါမယ်။ ကလေးအသက် ၃နှစ် နှင့် ၆နှစ်ကြားဆိုလျှင် သွားတိုက်ဆေးကို ပဲစေ့ပမာဏလောက် ထည့်ပေးပါ။ သွားတိုက်ပြီးပါက အမြုပ်များကို သေချာစွာ ထွေးခိုင်းပါ။

👶 ကလေးသွားများ နို့ပိုးစားခြင်းလို့ သိကြတဲ့ ECC (Early Childhood Caries)ကို ကာကွယ်ရန် ညလုံးပေါက် 🤱 မိခင်နို့တိုက်၍ အိပ်စေခြင်း၊ နို့နှင့် အချိုရည်ပါသော 🍼 နို့ဘူးအား အချိန်ကြာမြင့်စွာ တိုက်ခြင်းများ ရှောင်ကြဉ်ရပါမယ်။

👶 ကလေးအသက် 🎂၁နှစ် ပြည့်မွေးနေ့မှစပြီး 👨‍⚕️သွားနှင့်ခံတွင်းဆရာဝန်ဖြင့် စတင် ပြသသင့်ပါတယ်။ သွားဆေးခန်းသွား၍ သွားနှင့်ခံတွင်း ပုံမှန်စစ်ဆေးခြင်း၊ ကုသခြင်းများသည် လုပ်သင့် လုပ်ရမည့် အရာတစ်ခု အဖြစ် 👨‍👩‍👦 မိဘများမှ ကလေးအား နားလည်အောင် ပြောပြရပါမယ်။ သို့မှသာ သွားနှင့်ခံတွင်းရောဂါများကို အချိန်မီ ကုသနိုင်ပြီး ကလေး၏ 🦷သွားလေးများ ကျန်းမာနေမည် ဖြစ်ပါတယ်။


Address-64လမ်း၊ 25 x 26လမ်းကြား၊ မန္တလေးမြို့။
Ph-09 444037112, 09 983212949

သင်နှင့်သင်၏ကလေးအပါအဝင်သင့်မိသားစု၊ဆွေမျိုးများ၏သွားနှင့်ခံတွင်းကျန်းမာရေးအားနွေးထွေးသော‌မိသားစုစေတနာဖြင့်တာဝန်ယူပါရစေ.....
24/11/2020

သင်နှင့်သင်၏ကလေး
အပါအဝင်
သင့်မိသားစု၊ဆွေမျိုးများ၏
သွားနှင့်ခံတွင်းကျန်းမာရေးအား
နွေးထွေးသော‌မိသားစုစေတနာဖြင့်
တာဝန်ယူပါရစေ.....

Level - II covid 19 ကာကွယ်ရေးဝတ်စုံ (တစ်ခါသုံး)
15/11/2020

Level - II covid 19 ကာကွယ်ရေးဝတ်စုံ (တစ်ခါသုံး)

14/11/2020

Address

64လမ်း ၊ 25 × 26 လမ်းကြား
Mandalay

Opening Hours

Monday 17:00 - 20:30
Tuesday 17:00 - 20:30
Wednesday 17:00 - 20:30
Thursday 17:00 - 20:30
Friday 17:00 - 20:30
Saturday 17:00 - 20:30
Sunday 17:00 - 20:30

Telephone

+959773344010

Website

Alerts

Be the first to know and let us send you an email when Thitsar Myaing Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thitsar Myaing Dental Clinic:

Share