Kalyar Dental Care

Kalyar Dental Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kalyar Dental Care, Dentist & Dental Office, Mandalay.

🌴 သွားတစ်ချောင်းကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးလိုက်ရတဲ့အခါ အပြုံးလှလှလေး တစ်ခုတည်းကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး...
31/03/2023

🌴 သွားတစ်ချောင်းကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးလိုက်ရတဲ့အခါ အပြုံးလှလှလေး တစ်ခုတည်းကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူးရှင်. . .

🌴 အခြားဘေးသွားများကိုပါ ထိခိုက်စေတာဖြစ်ပြီး ၊ မလိုလားအပ်တဲ့ ၊ ပိုမိုကုန်ကျစရိတ်များသော ကုသမှုတွေကို ဦးတည်သွားနိုင်တဲ့အထိ သက်ရောက်မှု ရှိစေတာ ဖြစ်ပါတယ်။

🌴 ဘာတွေ ကြုံရမလဲ👇🏻. . .

🌾 အစာ ဝါးချေရ ခဲယဉ်းတတ်တယ်။

🌾 စကားပြောဆိုတဲ့အခါ အသံထွက် ပီပီသသ မပြောနိုင် ဖြစ်တတ်တယ်။

🌾 သွားမရှိတော့တဲ့ နေရာက သွားဖုံးရိုးဟာ အချိန်ကြာလေ နိမ့်ဆင်းပါးလျလေ ဖြစ်ရတယ်။

🌾 ကပ်လျက်ဘေးသွားတွေဟာ လစ်လပ်သွားတဲ့ နေရာကို ယိမ်းယိုင် နဲ့ လာမယ်။

🌾 သွားမရှိတော့တဲ့အခါ ပုံမှန် အံကြိတ်တဲ့ပုံစံ ပျက်သွားနိုင်ပြီး အံချော်တာမျိုး ၊ တဖြည်းဖြည်းချင်း အံကြိတ်တဲ့အကျင့် ရသွားတာမျိုး ဖြစ်တတ်တယ်။

🌾 ဘေးသွားတွေအကြားမှာ ချောင်ကလေးတစ်ခုလို ဖြစ်ပြီး အစာဟောင်းနဲ့ သွားချေးကျောက်တွေ စုပုံလာတာ…အဲ့ဒီကတစ်ဆင့် ပိုးဝင်ကာ သွားဖုံးယောင်တာ…ဘေးသွားတွေ သွားပိုးစားတာ ဖြစ်မယ်။

ဒီလိုနဲ့…သွားတစ်ချောင်းပြီး တစ်ချောင်း လိုက်ပါ ဆုံးရှုံးရပါတော့တယ်။

ဒါကြောင့် သွားတစ်ချောင်းဖြစ်စေ ဆုံးရှုံးလိုက်ရရင် အချိန်မှီ သွားအစားထိုး ကုသမှု(သွားပြန်စိုက်ခြင်း) ခံယူဖို့ အကြံပြုပါတယ်ရှင် 🫶🏻. . .


🏩 Kalyar Dental Care

🌈 84th Street, bet 36 & 37 streets,
Maharaungmyae Township,
Mandalay, Myanmar

📲 09773484995
09784006081

🍃 ခံတွင်းထဲက သွားများကို စက်ကိရိယာလေးသဖွယ် အမှုမဲ့ အမှတ်မဲ့ အသုံးပြုလိုက်မိတယ်ဆိုရင် ဆက်မပြုမိတော့ဖို့ အကြံပြုပါရစေရှင့်...
25/03/2023

🍃 ခံတွင်းထဲက သွားများကို စက်ကိရိယာလေးသဖွယ် အမှုမဲ့ အမှတ်မဲ့ အသုံးပြုလိုက်မိတယ်ဆိုရင် ဆက်မပြုမိတော့ဖို့ အကြံပြုပါရစေရှင့် 🙅🏻‍♀️

🍃 ဥပမာ-ပုလင်းအဖုံး ကိုက်ဖွင့်တာ၊ ပလတ်စတစ်အိတ် ကိုက်ဖောက်တာ၊လက်သည်းကိုက်တာမျိုးကို (လုံးဝ) မလုပ်သင့်ပါဘူးနော် ❌

🍃 သွားကလေးတွေဟာ အလွှာအထပ်ထပ်နဲ့ ဖွဲ့စည်းထားတဲ့အတွက် မာကြောတဲ့ပစ္စည်းတွေကို ကိုက်ဖွင့်မိရင်းက ပဲ့တာ၊ အက်ကွဲရာ ထင်သွားတာမျိုး ဖြစ်တတ်တယ်ရှင့် 💢

🍃 ဖိအားသုံးပြီး ကိုက်မိတဲ့အခါမျိုးမှာ ဆိုးဆိုးဝါးဝါး သွား ယိုင်နဲ့သွားတဲ့အထိ ဖြစ်စေပါတယ် 🥀

🍃 ဒါ့အပြင် ကိုက်မိလိုက်တဲ့ ပစ္စည်းမှတစ်ဆင့် သွားဖုံးထဲကို ပိုးဝင်ပြီး ယောင်ယမ်း နာလာတတ်ပါတယ် 💥

🍃 သွားကလေးတွေဟာ အစာဝါးချေဖို့၊ စကားပြောဆိုဖို့၊ အပြုံးလှလှလေးတွေ ပြုံးဖို့ အတွက် ဖြစ်ပါတယ် 🦷 💛

🍃 ပစ္စည်းကိရိယာတစ်ခုလို အမှတ်တမဲ့ အသုံးပြုလိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်‼️

🍃 လက်သည်းကိုက်တတ်တဲ့အကျင့်လိုမျိုး မသိစိတ်မှာ အကျင့်တစ်ခု စွဲကပ်နေတယ်ဆိုတဲ့အခါ သွားဆရာဝန်နှင့် ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ အကြံပေးလိုက်ပါရစေရှင် 🧏🏻‍♀️

🍃 မိမိရဲ့ သွားကလေးတွေကို လှပဖို့တင်မဟုတ်ဘဲ ကျန်းမာသန့်ရှင်းပြီး ရောဂါဘယ ကင်းဝေးအောင် အမြဲ ဂရုစိုက်ပေးကြရအောင်ပါနော် 🫶🏻

🏩 Kalyar Dental Care

🌈 84th Street, bet 36 & 37 streets,
Maharaungmyae Township,
Mandalay, Myanmar

📲 09773484995
09784006081

❄️ Veneer or Braces ❔သွားကလေးတွေကို အလှပြုပြင်တဲ့အခါမှာ veneer (ကြွေလွှာကပ်ခြင်း) နဲ့ braces (သွားညှိကုသခြင်း) ဘယ်တစ်ခုက...
25/01/2023

❄️ Veneer or Braces ❔

သွားကလေးတွေကို အလှပြုပြင်တဲ့အခါမှာ
veneer (ကြွေလွှာကပ်ခြင်း) နဲ့
braces (သွားညှိကုသခြင်း)
ဘယ်တစ်ခုကို ရွေးချယ်ရမလဲ လို့ မေးသူလေးတွေအတွက်•••

❄️ မိမိရဲ့ သွားနှင့်မေးရိုး အခြေအနေ
❄️ ကုသမှုအပေါ် မိမိအနေနှင့် အချိန်တစ်ခု ပေးနိုင်မှု
❄️ ကုသမှု ကုန်ကျစရိတ်

ဒါတွေအပေါ် မှာ မူတည်ပြီး ရွေးချယ်ကြတယ်လို့ အကြမ်းဖျဉ်း ဆိုလို့ရပါတယ်နော်။

❄️ ဒါဖြင့်ရင် Veneer နဲ့ Braces ဘာတွေ ကွာခြားပါသလဲ •••

ဆက်ဖတ်ကြည့်ရအောင်နော် 👉🏻

“ MERRY CHRISTMAS from KALYAR DENTAL CARE “ 🔔🎅🎄🦌❄️☃️🎁 💚⛪ Kalyar Dental Care💚 84th Street, bet 36 & 37 streets,       Mah...
02/12/2022

“ MERRY CHRISTMAS from KALYAR DENTAL CARE “ 🔔🎅🎄🦌❄️☃️🎁 💚

⛪ Kalyar Dental Care

💚 84th Street, bet 36 & 37 streets,
Maharaungmyae Township,
Mandalay, Myanmar

📱 09773484995
09784006081


✨  💫   💖🌌 “ Kalyar Dental Care “ 🌙🌠  84th Street, bet 36 & 37 streets,        Maharaungmyae Township,        Mandalay, M...
29/09/2022

✨ 💫 💖

🌌 “ Kalyar Dental Care “ 🌙

🌠 84th Street, bet 36 & 37 streets,
Maharaungmyae Township,
Mandalay, Myanmar

☎️ 09773484995
09784006081

🌷🌷🌷
25/09/2022

🌷🌷🌷

🌈 အစာစား…ရေသောက်တိုင်းမှာ ကျဉ်သွားတဲ့ သွားကလေးတွေရှိရင် ပစ်မထားရဘူးနော် 🦷🌈 လိုအပ်တဲ့ သွားကျန်းမာရေး စောင့်ရှောက်မှုကို ပ...
23/09/2022

🌈 အစာစား…ရေသောက်တိုင်းမှာ ကျဉ်သွားတဲ့ သွားကလေးတွေရှိရင် ပစ်မထားရဘူးနော် 🦷

🌈 လိုအပ်တဲ့ သွားကျန်းမာရေး စောင့်ရှောက်မှုကို ပေးရပါမယ်နော် 🧚🏻‍♀️

🌈 သွားကလေးအတွင်းပိုင်းမှာလည်း အသက်သွေးကြောကလေးတွေ ရှိနေလို့ပါ 🤍

🏯 Kalyar Dental Care

🎀 Open: Mon-Sat~9:00 am-7:00 pm
🪧 We close every Sunday

⛳️ 84th Street, bet 36 & 37 streets,
Maharaungmyae Township,
Mandalay, Myanmar

☎️ 09773484995
09784006081


☘️ “ အံကြိတ်တယ် “ ဆိုတဲ့ စကားလုံးဟာ တော်တော်များများနှင့် စိမ်းမနေမှာ သေချာပါတယ်။ ☘️ အလွယ်ကလေး ပြောရရင် အံသွားတွေချင်း က...
15/09/2022

☘️ “ အံကြိတ်တယ် “ ဆိုတဲ့ စကားလုံးဟာ တော်တော်များများနှင့် စိမ်းမနေမှာ သေချာပါတယ်။

☘️ အလွယ်ကလေး ပြောရရင် အံသွားတွေချင်း ကြိတ်ချေတယ်ပေါ့နော်။

☘️ တစ်ခါတစ်ရံ အံကြိတ်မိတာမျိုးက နောက်ဆက်တွဲပြဿနာ ထွေထွေထူးထူး မဖြစ်ပေါ်တတ်သလို ကုသမှုတွေလဲ မလိုအပ်ပါ။ 🙅🏻‍♀️

☘️ ဒါပေမဲ့ အမြဲလိုလို အံကြိတ်မိနေသူတွေအဖို့ ခေါင်းကိုက်တာ၊ သွားတွေ ကျဉ်လာတာ၊ ပါးစပ်အကျယ်ကြီးဟလိုက်တိုင်းမှာ မေးရိုးအကြားက အသံကြားရတာတွေ ရှိနေတဲ့အခါ ကွင်းဆက်ဝေဒနာတချို့ပါ ပူးတွဲရှိနေပြီလို့ ယူဆရပါတယ်။ 🧐

☘️ ဒီလိုဆိုရင် စိတ်ဝင်စားစရာ အံကြိတ်တတ်ခြင်း အကြောင်းကို ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။ 🫱🏻 📑


“ သွားကလေးတွေကြားက နေရာလပ်ကလေးတွေ “📯 အရှေ့သွားပဲ ဖြစ်ဖြစ်၊ အနောက်အံသွားတွေပဲ ဖြစ်ဖြစ် တစ်ချောင်းနှင့် တစ်ချောင်းအကြားမှာ...
13/08/2022

“ သွားကလေးတွေကြားက နေရာလပ်ကလေးတွေ “

📯 အရှေ့သွားပဲ ဖြစ်ဖြစ်၊ အနောက်အံသွားတွေပဲ ဖြစ်ဖြစ် တစ်ချောင်းနှင့် တစ်ချောင်းအကြားမှာ သာမန်ထက် ပိုတဲ့ နေရာလွတ်ကလေးတွေ ရှိနေပြီး
ဒီအတိုင်းပဲ ဆက်ထားမယ်ဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်❗️

📯 ဒါဆို သွားကလေးတွေအကြား ဘာကြောင့် ခြားနေရသလဲ အရင် ဖတ်ကြည့်ရအောင်နော် 📄 …


#သွားကျဲခြင်း

🍃 နေ့စဉ်ဓူဝ မိမိ စားချင်တဲ့ အစားအသောက်တွေကို စားသုံးတဲ့အခါ ခံတွင်းထဲက သွားကလေးတွေဟာ အခြေခံအကျဆုံး ဖြစ်ပါတယ် ✨သည်ကနေ့အထိ ...
24/06/2022

🍃 နေ့စဉ်ဓူဝ မိမိ စားချင်တဲ့ အစားအသောက်တွေကို စားသုံးတဲ့အခါ ခံတွင်းထဲက သွားကလေးတွေဟာ အခြေခံအကျဆုံး ဖြစ်ပါတယ် ✨

သည်ကနေ့အထိ မိမိ စားသုံးလာသမျှ အစားအသောက်တွေကို 🍛🥦
ဝါးချေပေးနေတဲ့ သွားကလေးတွေ တစ်ချောင်းချင်းစီတိုင်းကို ရင်ထဲကနေကျေးဇူးတင်လိုက်ပါနော် 🤍

နောက်ပြီး ကျေးဇူးတင်စိတ်နှင့်အတူ မိမိရဲ့ သွားကလေးတွေ အမြဲ ကျန်းမာတောက်ပနေစေဖို့✨
ပြုံးရယ်လိုက်တိုင်း အသက်ဝင်နေစေဖို့အတွက် 🧚🏻‍♀️
မိမိကိုယ်တိုင်က ဂရုစိုက်ပေးဖို့ရာ သိသင့်တဲ့ အခြေခံအချက်တွေကို စုစည်းပေးထားတယ်…

ဖတ်ကြည့်ပါနော် 📜


06/06/2022

💚 Kalyar Dental Care

🏰 84th Street, bet 36 & 37 streets,
Maharaungmyae Township,
Mandalay, Myanmar

📲 09773484995
09784006081

✨“ အသက်မဝင်တဲ့ အပြုံးကလေးတွေ “✨ အသက်မဝင်တဲ့ အပြုံးကလေးတွေဆိုတာ မိမိရဲ့သွားနှင့်ခံတွင်းနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ မလုံမလဲ...
28/05/2022

✨“ အသက်မဝင်တဲ့ အပြုံးကလေးတွေ “

✨ အသက်မဝင်တဲ့ အပြုံးကလေးတွေဆိုတာ မိမိရဲ့သွားနှင့်ခံတွင်းနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ မလုံမလဲ ဖြစ်မိတဲ့စိတ်ကြောင့် ပြည့်ပြည့်ဝဝ ပြုံးရယ်နိုင်ခြင်းမရှိတာကို ဆိုလိုတာပါ။

ဥပမာ- မိမိရဲ့ သွားနှင့်ခံတွင်း အခြေအနေကြောင့် မိမိကိုယ်ကို ယုံကြည်မှု မရှိတာ၊ ရှက်ရွံ့သိမ်ငယ်တာ၊ ဝမ်းနည်း စိတ်ဓါတ်ကျတာတွေ ဖြစ်စေနိုင်တယ်။

✨ ဒါဖြင့် ဒီလိုနောက်ဆက်တွဲတွေ ဘာကြောင့် ဖြစ်ရတယ် …
ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့အကြောင်းကို မျှဝေပါရစေရှင်…
🧚🏻‍♀️👇🏻

Address

Mandalay
05031

Telephone

+959773484995

Website

Alerts

Be the first to know and let us send you an email when Kalyar Dental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kalyar Dental Care:

Share