10/11/2025
**👄 Aphthous Ulcer အကြောင်း သိကောင်းစရာများ 👄**
ပါးစပ်ထဲမှာ အနာသေးသေးလေးတွေ ပေါက်ပြီး အစားစားရခက်၊ စကားပြောရခက်ဖြစ်ဖူးပါသလား? အဲဒီလို အနာလေးတွေကိုတော့ **"Aphthous Ulcer"** လို့ခေါ်ပါတယ်။ အရပ်ထဲမှာ တော့ အပူနာလို့ ခေါ်ကြတာ ကြားဖူးကြမှာပါ။
**Aphthous Ulcer ဆိုတာ ဘာလဲ?**
ဒီ အနာမျိုးဟာ ပါးစပ်ရဲ့ အတွင်းပိုင်း တစ်ရှူးတွေ၊ နှုတ်ခမ်းအတွင်းသား၊ လျှာ ဒါမှမဟုတ် သွားဖုံးအောက်ခြေတို့မှာ ပေါက်လေ့ရှိတဲ့ အဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ အနာငယ်လေးတွေ ဖြစ်ပါတယ်။
- ပုံစံကတော့ **အလယ်မှာ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင်** ရှိပြီး၊ **ပတ်လည်မှာ နီရဲတဲ့အနားသတ်** လေး ဝိုင်းနေတတ်ပါတယ်။
- သူဟာ သာမန်ရေယုန် လိုမျိုး အပြင်နှုတ်ခမ်းသားမှာ ပေါက်တာမျိုး မဟုတ်သလို၊ **တစ်ဦးနဲ့တစ်ဦး ကူးစက်တတ်တဲ့ ရောဂါလည်း မဟုတ်ပါဘူး**။
**ဘာကြောင့် ဖြစ်ရတာလဲ?**
ဒီလို အနာဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ ပြောလို့မရပေမယ့်၊ အောက်ပါအချက်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆရပါတယ် -
- **စိတ်ဖိစီးမှု** များခြင်း။
- ခံတွင်းသားကို **မတော်တဆ ကိုက်မိခြင်း၊ သွားတိုက်တံနှင့် ပြင်းထန်စွာ ထိခိုက်မိခြင်း**။
- အက်ဆစ်ဓာတ်များတဲ့ (သို့မဟုတ်) အပူအစပ်လွန်ကဲတဲ့ အစားအသောက်တွေ စားသုံးခြင်း။
- **ဗီတာမင် B-12, Zinc, Folic Acid, သံဓာတ်** စတာတွေ ချို့တဲ့ခြင်း။
- (အမျိုးသမီးအချို့တွင်) ရာသီလာစဉ် ဟော်မုန်းအပြောင်းအလဲများ ဖြစ်ပေါ်ခြင်း
**ဘယ်လို လက္ခဏာတွေ ပြတတ်လဲ?**
- အနာ မပေါ်ခင် **စပ်ဖျဉ်းဖျဉ်း သို့မဟုတ် ပူလောင်** တဲ့ ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။
- အနာပေါ်လာတဲ့အခါ **နာကျင်မှု** အလွန်ဖြစ်စေပြီး အစာစား၊ ရေသောက်၊ စကားပြောတဲ့အခါ ပိုနာကျင်တတ်ပါတယ်။
- အများစုကတော့ (၁)ပတ်မှ (၂)ပတ်အတွင်း သူ့ဘာသာသူ အလိုလို သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။
**💡 ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်လဲ?**
အများစုကတော့ သူ့ဘာသာပျောက်ပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ကျွမ်းကျင်သူ သွားဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ် -
- အနာက **အရွယ်အစား ကြီးလွန်း** နေလျှင်။
- **(၂) ပတ်ထက် ပိုကြာကြာ** မပျောက်ဘဲ ရှိနေလျှင်။
- နာကျင်မှုက **မသက်သာဘဲ ပိုဆိုး** လာလျှင်။
- အနာများက **မကြာခဏ ထပ်ခါတလဲလဲ** ပေါက်နေလျှင်။
**ရွှေလဝန်း သွားနှင့်ခံတွင်းဆေးခန်း** မှာဆိုရင်တော့ Aphthous Ulcer နဲ့ပတ်သက်ပြီး စနစ်တကျ စစ်ဆေးကုသမှု ခံယူနိုင်သလို၊ ခံတွင်းကျန်းမာရေးအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း ရယူနိုင်ပါတယ်။
ကျွန်ုပ်တို့ ရွှေလဝန်း သွားနှင့်ခံတွင်းဆေးခန်းမှာ
- **စျေးနှုန်းသင့်တင့်မှု**
- **နွေးထွေးသော ဝန်ဆောင်မှု**
- **သန့်ရှင်းမှု** ကို ဦးစားပေးပြီး၊
- **အရည်အသွေးမြင့်မားသော ကုသမှုများ** ကို ကျွမ်းကျင် ဆရာဝန်များ မှ ကုသပေးလျက်ရှိပါတယ်။
သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ ရွှေလဝန်း သွားနှင့်ခံတွင်းဆေးခန်းကို လာရောက် ပြသနိုင်ပါသည်။
🏥 **လိပ်စာ** 🏥
ချိုပြုံးလမ်းနှင့် ရန်ကုန်-မန္တလေးလမ်းထောင့်၊ လယ်ဝေးမြို့။
📞 **ဆက်သွယ်ရန်**📞
- 09 2520 53004
- 09 9720 53004