Tun Dental Clinic -Leiway,Naypyitaw

Tun Dental Clinic -Leiway,Naypyitaw Tun Dental Clinic
နေပြည်တော် လယ်ဝေး
since 2009

အကြောင်းအမျိုးမျိုးကြောင့် သွားတစ်ချောင်း သော်လည်ကောင်း၊သွားတစ်ချောင်းထက်ပိုပြီး ဆုံးရှုံးသွားခဲ့ရင် အစားထိုး နိုင်ဖို့န...
04/11/2025

အကြောင်းအမျိုးမျိုးကြောင့် သွားတစ်ချောင်း သော်လည်ကောင်း၊သွားတစ်ချောင်းထက်ပိုပြီး ဆုံးရှုံးသွားခဲ့ရင် အစားထိုး နိုင်ဖို့နည်းလမ်းတွေကတော့ သွားအသေစိုက်ခြင်း(bridge)၊ အရိုးတွင်းတိုက်တေနီယမ်တိုင်စိုက် ကုသခြင်း (dental implant)၊ သွားအရှင်စိုက်ခြင်း (Denture) အစရှိတဲ့ နည်းလမ်းတွေ ရှိပါတယ်။ သွားအသေစိုက်ခြင်း ဆိုတာ ဘေးမှာရှိတဲ့ သဘာဝ သွားများနှင့် တံတားထိုး တဲ့ သဘောပါ။ သွားသေစိုက်တဲ့ အခါမှာတော့ သတ္တုသွား ,ကြွေနှင့်သတ္တုပေါင်းစပ်ထားသော procelin သွားများ၊ အဆင့်မြင့်ကြွေလို့ ခေါ်ဆိုကြတဲ့ zirconia သွားများကို အသုံးပြုကြပါတယ်။ Zirconia သွားကတော့ အရောင်အားဖြင့် သဘာဝ သွားနှင့်တူညီပြီး အလှအပအတွက် အထူးသင့်တော်ပါတယ်။

သွားစိုက်ဖို့စဉ်းစားနေရင်
Tun Dental Clinic -Leiway,Naypyitaw မှာ လာ‌ရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ထွန်း သွားနှင့်ခံတွင်းဆေးခန်း
လမ်းမတော်လမ်းနှင့် မြို့သစ်(1)လမ်းထောင့်၊
နေပြည်တော်၊လယ်ဝေးမြို့

(လူကြီးမင်းတို့ အဖိုးတန်အချိန်တွေမဆုံးရှုံးရအောင် ကြိုတင် appointment ယူပေးပါ)

Ph 09264328112
09665977724

သွားညှိကုသမှု့ပြုလုပ်ခြင်းဟာ အလှအပတစ်ခုတည်းမဟုတ်ပါဘူး။သွားလေးတွေညီညာသွားရင် အပြုံးတွေလှပလာစေသလို၊ သွားထပ်တာ၊ မညီညာတာတွေက...
05/09/2025

သွားညှိကုသမှု့ပြုလုပ်ခြင်းဟာ အလှအပတစ်ခုတည်းမဟုတ်ပါဘူး။
သွားလေးတွေညီညာသွားရင် အပြုံးတွေလှပလာစေသလို၊ သွားထပ်တာ၊ မညီညာတာတွေကြောင့်အစာညှပ်ပြီး သွားပိုးစား‌‌တာတွေ၊ သွားဖုံးရောဂါတွေလဲးဖြစ်နိုင်ခြေနည်းသွားစေပါတယ်။ သွားသန့်ရှင်းရေးလုပ်ရတာလည်း အဆင်ပြေသွားစေပါတယ်။ တချို့ ဆိုးဆိုးဝါးဝါး သွားမညီမညာဖြစ်နေတဲ့ လူတွေမှာဆို မေးရိုးဆစ် ပြဿနာတွေပါရှိနေတတ်ပါတယ်။ ဒီလိုမျိုးပြဿနာတွေကိုလည်း သွားညှိကုသခြင်းနည်းလမ်းအချို့ဖြင့်ပြေလည်စေနိုင်ပါတယ်။
သွားညှိကုသဖို့စိတ်ကူးနေတယ်ဆိုရင် Tun Dental Clinic -Leiway,Naypyitaw ကိုဆက်သွယ်လိုက်ပါ။

(သွားညှိကုသမှု့အတွက် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။)

ပုံမှန် bracket system များအပြင်
Self Ligation Bracket (SLB)
Ceramic Bracket system များဖြင့်ပါ ကုသမှု့များပြုလုပ်ပေးနေပါသည်။

လိပ်စာကတော့ လမ်းမတော်လမ်းနှင့် မြို့သစ်(၁)လမ်းထောင့်၊ နေပြည်တော်၊လယ်ဝေးမြို့

Appointment ယူရန် 09264328112
09665977724

ဆေးခန်းဖွင့်ချိန်
နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ
(သောကြာနေ့တိုင်းပိတ်ပါသည်။)

သွားဆေးခန်းမှာ သွားပြရင် အချိန်အကြာကြီးစောင့်နေရတာ ကြုံတွေ့ရလေ့ရှိပါတယ်၊ သွားနှင့် ခံတွင်းကုသမှု့တွေဟာ အများသောအားဖြင့် ...
08/07/2025

သွားဆေးခန်းမှာ သွားပြရင် အချိန်အကြာကြီးစောင့်နေရတာ ကြုံတွေ့ရလေ့ရှိပါတယ်၊
သွားနှင့် ခံတွင်းကုသမှု့တွေဟာ အများသောအားဖြင့် အချိန်ကြာမြင့်တတ်ပါတယ်။ ဥပမာ သွားစိုက်တာ၊ အကြောထုပ်ကုသတာ၊ သွားနှင့်ခံတွင်း သန့်ရှင်းရေးပြုလုပ်တာ အစရှိတဲ့ကုသမှု့တွေမှာ အချိန်ကြာတတ်ပါတယ်၊ ကုသမှု့တွေပြီးစီးသွားရင်လည်း ဆေးခန်းအတွင်း သန့်ရှင်းရေးပြုလုပ်တာ၊ ပိုးသတ်တဲ့ လုပ်ငန်းစဉ်တွေ ပြုလုပ်ရပါတယ်။ဒါကြောင့် လူနာတစ်ဦးနဲ့တစ်ဦးကြားမှာလဲး‌စောင့်ဆိုင်းရတာ ကြာတတ်ပါတယ်၊
ဒါကြောင့် သွားနှင့်ခံတွင်းဆေးခန်းပြသမယ်ဆိုရင် ကြိုတင် appointment ယူထားရင်၊ ကြိုတင်ဖုန်းဆက်ပြီး ကြိုတင် အချိန်ညှိနှိုင်းထားရင် အချိန်အကြာကြီး မစောင့်ရတော့ပါဘူး၊
သင့်ရဲ့ အဖိုးတန် အချိန်တွေလဲး မကုန်ဆုံးတော့ပါ။

သင့်တို့၏ အဖိုးတန် အချိန်များကို အစဉ်တန်ဖိုးထားလျှက်

Tun Dental Clinic, Leiway
09264328112, 09665977724

07/02/2025

သွားအသေစိုက်ခြင်း(bridge)

07/02/2025

ခလေးငယ်များသွားကျန်းမာရေး

ခလေးငယ်တွေ သွားနာတာ၊ သွားကိုက်တာတွေဖြစ်လာရင် မိဘတွေ အရမ်းစိတ်ညစ်ကြရပါတယ်၊ ညမအိပ်နိုင်တာ၊ အစားအသောက်မစားတာတွေဖြစ်ရင်ပိုဆိုးပါတယ်။
ဒါ့ကြောင့် ခလေးငယ်များ သွားကျန်းမာရေးက အရေးကြီးပါတယ်။ ဂရုစိုက်ပေးရမှာပါ၊
ဘယ်လိုဂရုစိုက်ရမလဲးဆိုတော့ သွားကျန်းမာရေး ကုသပေးတာတွေထက်၊ မဖြစ်ခင် ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပါ။ ဘယ်လိုကာကွယ်ကြမလဲး?
အရေးကြီးဆုံးက သွားတိုက်တာပါပဲး။
မနက် တစ်ကြိမ်၊ည အိပ်ယာမဝင်ခင်တွေမှာ စနစ်မှန် သွားတိုက်ဖို့လိုအပ်ပါတယ်။
လူနာခလေးတွေ၊မိဘ တချို့မှာ တွေ့ရတဲ့အမှားက ညကိုသွားတော့တိုက်ပါတယ်၊ ခလေးတွေက သွားတိုက်ပြီး မုန့်ပြန်စားကြတာပါ။ အစားပြန်စားလိုက်တော့ သွားတိုက်လိုက်တာ ဘာမှမထူးတော့ပါဘူး၊
ညအိပ်ရမဝင်ခင် သွားတိုက်ပြီးပါက အစားပြန်မစားရပါဘူး၊ အကယ်၍ စားလိုက်ခဲ့ရင်လဲး ခလေးကို သွားပြန်တိုက်ခိုင်း‌ပေးကြပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။

25/06/2024

သွားအမြစ်လမ်းကြောင်းကုသခြင်း(root canal treatment)

Scaling and polishingသွားနှင့်ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊သွားတွင်ကပ်နေသော ကျောက်များကို သန့်ရှင်းခြင်း
01/03/2024

Scaling and polishing
သွားနှင့်ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊သွားတွင်ကပ်နေသော ကျောက်များကို သန့်ရှင်းခြင်း

16/02/2024
10/11/2023
သွားတွေမှာ ကျောက်တွေ၊ဂျိုးတွေကပ်နေရင်နောက်ဆက်တွဲးအနေနဲ့ ခံတွင်းနံ့မကောင်းတာ၊ သွားဖုံးယောင်တာ၊ သွားဖုံးသွေးထွတ်တာတွေဖြစ်လ...
08/09/2023

သွားတွေမှာ ကျောက်တွေ၊ဂျိုးတွေကပ်နေရင်နောက်ဆက်တွဲးအနေနဲ့ ခံတွင်းနံ့မကောင်းတာ၊ သွားဖုံးယောင်တာ၊ သွားဖုံးသွေးထွတ်တာတွေဖြစ်လာတတ်ပါတယ်၊ အဲ့ဒီထက်ပိုဆိုးဝါးလာရင် သွားတွေလှုပ်လာတာ တနည်း(ရေစီးကမ်းပြို) အစရှိတဲ့ နောက်ဆက်တွဲး ဆိုးဝါးတဲ့ သွားဖုံးရောဂါတွေဖြစ်လာတတ်ပါတယ်။
ဒါတွေဘယ်လို ကာကွယ်ရမလဲးဆိုရင်
သွားတိုက်တာကို စနစ်မှန် မနက်စာစားပြီးတစ်ကြိမ်၊ည အိပ်ယာဝင်ခါနီး တစ်ကြိမ် သွားတိုက်ရပါမယ်၊
အကယ်၍ သွားတွေမှာ ကျောက်တွေ၊ဂျိုးတွေ ရှိနေရင်တော့ သွားနှင်ခံတွင်းဆရာဝန်နဲ့ တိုင်ပင်ပြီး၊ ခံတွင်းသန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။

သွားတစ်ချောင်းဆုံးရှုံးသွားရင် ၊ဘယ်လို ပြန်အစားထိုးမလဲး?သွားစိုက်လို့ရတဲ့ ပုံစံအမျိုးမျိုးရှိပါတယ်။ပထမ နည်းလမ်းက သွားအသေ...
07/07/2023

သွားတစ်ချောင်းဆုံးရှုံးသွားရင် ၊ဘယ်လို ပြန်အစားထိုးမလဲး?သွားစိုက်လို့ရတဲ့ ပုံစံအမျိုးမျိုးရှိပါတယ်။

ပထမ နည်းလမ်းက သွားအသေစိုက်တယ်လို့ပြောတဲ့ bridge. သွားတစ်ချောင်းစိုက်ဖို့ ဘေးက က သွားနှစ်ချောင်းကို တံတားထိုးသလို စိုက်တယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။

ဒုတိယနည်းလမ်းကတော့ အံကပ် (denture) သွားအရှင်စိုက်တဲ့နည်းလမ်းပါ။

တတိယ နည်းလမ်းတစ်ခုကတော သွားမြစ်တုတိုင် ထဲ့ပြီးသွားစိုက်တဲ့နည်းလမ်းပါ။သွားဖုံးအရိုးများအတွင်းသို့ သွားမြစ်တုတိုက်တေနီယမ် ကိုအစားထိုးပြီးသွားစိုက်တဲ့နည်းလမ်းဖြစ်ပါတယိ။

Address

4/192, No. (4)Qt, Myothit 1 Street ×Lanmataw St
Lewe
100605

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+95943097688

Alerts

Be the first to know and let us send you an email when Tun Dental Clinic -Leiway,Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tun Dental Clinic -Leiway,Naypyitaw:

Share