Smile General Clinic & Dental Center

Smile General Clinic & Dental Center လူကျန်းမာရေး နဲ့ ခံတွင်း ကျန်းမာရေး အလှအပ စိတ်အေးရဖို့
👩‍⚕️Smile General Clinic & Dental Center 👨‍⚕️ ကို ယုံကြည်လိုက်ပါ 💞

🥶 "မိုးမိလို့ ဖျားတာ လုံးဝ မဟုတ်ဘူးနော်... ဒါဆို ဘာလို့ အအေးပတ်ပြီး ဖျားရတာလဲ?"🥶တာချီလိတ်မှာ အခုရက်ပိုင်း အချိန်အခါမဟုတ်...
11/05/2026

🥶 "မိုးမိလို့ ဖျားတာ လုံးဝ မဟုတ်ဘူးနော်...
ဒါဆို ဘာလို့ အအေးပတ်ပြီး ဖျားရတာလဲ?"🥶

တာချီလိတ်မှာ
အခုရက်ပိုင်း အချိန်အခါမဟုတ် ရုတ်တရက် မိုးခဏခဏရွာတော့အလုပ်သွားအပြန် မိုးမိနေကြရတာ။

ရှေးလူကြီးတွေ ပြောပြောနေကြတဲ့ "အအေးပတ်တယ်၊ မိုးမိလို့ ဖျားတယ်"
ဆိုတာကို ခဏခဏကြားခဲ့ရတာနော်။

တကယ်တော့ မိုးရေက သင့်ကို တိုက်ရိုက်ဖျားစေတာ မဟုတ်ပါဘူး။

ဒါဆို🔬 ဆေးပညာအရ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ဖြစ်သွားတာလဲ?

🟩အဖြေအမှန်တော့
🟢အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ရဲ့ "အပူချိန် ထိန်းညှိတဲ့စနစ်" နဲ့
"ကိုယ်ခံအားစနစ်"ကြီး ခဏတာရပ် ဟာကွက်ဖြစ်သွားလို့ပါ။

🛡️ ၁။ ကိုယ်ခံအား စစ်သားတွေ အရောက်နှေးသွားခြင်း (Vasoconstriction)
အေးတဲ့အခါ ခန္ဓာကိုယ်က အပူငွေ့တွေ အပြင်မထွက်သွားအောင် နှာခေါင်းနဲ့ လည်ချောင်းထဲက သွေးကြောတွေကို အလိုအလျောက် ကျုံ့ပစ်လိုက်ပါတယ်။ သွေးကြောကျုံ့သွားတဲ့အခါ ရောဂါပိုးတွေကို တိုက်ခိုက်ပေးမယ့် *သွေးဖြူဥ (White Blood Cells)*တွေ အရောက်နှေးသွားပြီး အစောင့်အကြပ် လစ်ဟင်းသွားပါတယ်။

🧹 ၂။ နှာခေါင်းထဲက တံမြက်စည်းလေးတွေ အလုပ်မလုပ်နိုင်တော့ခြင်း:

နှာခေါင်းထဲက (ဖုန်နဲ့ ပိုးမွှားတွေကို အပြင်ကို ပြန်တွန်းထုတ်ပေးတဲ့ ) အမွေးအမျှင်လေးတွေ (Cilia) အလုပ်နှေးကွေးသွားလို့
လေထဲက အအေးမိ ဗိုင်းရပ်စ် (Rhinovirus) တွေ အလွယ်တကူ ဝင်ရောက် ကပ်ငြိသွားပါတော့တယ်။

⚠️ ဒါဆို ဘာလုပ်မိရင် အအေးပတ်တတ်လဲ?
👕 ရေစိုအင်္ကျီ ကြာကြာဝတ်ထားခြင်း:
မိုးရေစိုနေတဲ့ အင်္ကျီက ခန္ဓာကိုယ်ထဲက အပူဓာတ်တွေကို အမြန်ဆုံး စုပ်ယူသွားပြီး ကိုယ်အပူချိန်ကို ထိုးကျသွားစေပါတယ်။

❄️ အပူအအေး ရုတ်တရက် ပြောင်းခြင်း:
ပူအိုက်နေချိန် ရုတ်တရက် မိုးရေထဲ ထွက်လိုက်တာ၊ အဲကွန်းခန်းထဲ ချက်ချင်းဝင်လိုက်တာတွေက အပူချိန်ထိန်းစနစ်ကို ကမောက်ကမ ဖြစ်စေပါတယ်။

🤒 ဗိုင်းရပ်စ် Virus ဝင်သွားပြီဆိုတာနဲ့ ဒီလက္ခဏာတွေ စပြပါပြီ...

🟡🥶ချမ်းစိမ့်စိမ့်ဖြစ်ပြီး တုန်လာမယ်။
🟡🤧နှာစေး၊ နှာချေ၊ နှာရည်ယို၊
နှာခေါင်းပိတ်လာမယ်။
🟡😷 လည်ချောင်း ယားယံမယ်၊ နာမယ်၊ ချောင်းခြောက်ဆိုးမယ်။
🟡🤕 ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲပြီး အဖျားငွေ့ငွေ့ စတက်လာတော့တာပေါ့။

💡 **အတိုချုပ်မှတ်ရန် -** "အအေးပတ်တယ်" ဆိုတာ အအေးဒဏ်ကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ အစောင့်အကြပ်တွေ ခဏတာ အိပ်ပျော်သွားချိန်မှာ ဗိုင်းရပ်စ်တွေက အခွင့်ကောင်းယူပြီး ဝင်တိုက်သွားတာပါပဲ။

💯 ဒီလို ရာသီဥတုမျိုးမှာ ကိုယ်တိုင်ရော၊ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေရော မလိုအပ်ဘဲ မဖျားနာရလေအောင် အခုပဲ ဒီ Post လေးကို **Save** လုပ်ထားလိုက်ပါ။ သူငယ်ချင်းတွေပါ သိသွားအောင် ချက်ချင်း **Share** လုပ်ပြီး မျှဝေပေးလိုက်ပါဦးနော်! 💙

📍ဆေးခန်းလိပ်စာ
🔸 Smile Clinic Tachileik
Smile General Clinic and Dental Center
အထွေထွေရောဂါကုဆေးခန်း +သွားဘက်ဆိုင်ရာ စင်တာ
တာချီလိတ်
အိမ်အမှတ် ၁/၂၉
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး၊
GGH(3) ဘေး၊ ထိုင်ဆွန်ရွှေဆိုင်ရှေ့၊
ညဘက် လမ်းမကြီးလှော်ပေါ်ခေါက်ဆွဲဆိုင်ရှေ့။
ဆေးခန်းလမ်းညွှန် - https://www.facebook.com/share/r/1Hk9qYxhdc/?mibextid=wwXIfr
📞 ✅09 68 68 68 68 3 / 09400699995
(ဆေးခန်းဖွင့်ချိန် မနက် ၈ ည ၈ )

🔸 -Simile Clinic Kyaing Tong (Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669
(ဆေးခန်းဖွင့်ချိန် မနက် ၈ ည ၈
#အအေးမိ #နှာစေး #မိုးမိရင်ဘာလုပ်သင့်သလဲ #အထွေထွေဗဟုသုတ

04/05/2026

တာချီလိတ်မှာ
ညဆိုင်း/နေ့ဆိုင်းdutyဆင်းပြီး
Computer/ Laptop/ ဖုန်းကို အချိန်ကြာကြာ စိုက်ကြည့်ရလို့
🟡ခဏခဏ မျက်ရိုးကိုက်တယ်
🟡ခဏခဏ မျက်စိ စပ်တယ်
🟡ခေါင်းကိုက်တယ်
🟡ဇက်ကျောတက်လာတယ်
ဆိုတာ ခဏခဏ ကြားကြားနေရလို့

‼️Computer/ Laptop/ ဖုန်းကို အချိန်ကြာကြာ စိုက်ကြည့်ရလို့ အချိန်ကြာလာတာနဲ့အမျှ ဒါတွေဖြစ်လာတော့တာပေါ့

💻 ၁။ မျက်စိနှင့် အမြင်အာရုံ ပြဿနာများ (Computer Vision Syndrome)**

🔴မျက်စိခြောက်ခြင်းနှင့် စပ်ခြင်း

Computer Screen/ Phone screen ကို စိုက်ကြည့်တာကြာတဲ့အခါ မျက်တောင်ခတ်နှုန်း နည်းသွားတဲ့အတွက် မျက်ရည်ခန်းခြောက်ပြီး မျက်လုံးစပ်တာ၊ နီရဲတာတွေ ဖြစ်တတ်ပါတယ်။

🔴အမြင်အာရုံ ဝေဝါးခြင်း -

အပြာရောင်အလင်းတန်း (Blue Light) ကို အကြာကြီး ကြည့်ရတဲ့အတွက် မျက်စိညောင်းညာပြီး အဝေးကို ကြည့်လိုက်ရင် မှုန်ဝါးဝါး ဖြစ်သွားတတ်ပါတယ်။

🔴မျက်ရိုးကိုက်ခြင်း
🔴ခေါင်းကိုက်ခြင်း -
မျက်စိ အာရုံစိုက်ရလွန်းတာကြောင့် နားထင်ကြောတွေ တင်းလာပြီး ခေါင်းခဏခဏ ကိုက်တတ်ပါတယ်။

အဲ့ဒါတွေ မဖြစ်အောင် ကာကွယ်ဖို့ မိမိမျက်လုံးကို စနစ်တကျ အသုံးပြုဖို့
စည်းကမ်းသပ်မှတ်ပေးကြရမှာပေါ့

✅20-20-20 Rule ကို သုံးပါ

၂၀ မိိနစ် computer / Phoneကြည့်ပြီးတိုင်း၊

၂၀ ပေ အကွာအဝေးကို ကြည့်ပါ

၂၀ စက္ကန့် ကြာအောင်ကြည့်ပြီး မျက်စိကို အနားပေးပါ။

✅Blue Light Glasses တပ်ပါ - မျက်စိကို ကာကွယ်ဖို့ အပြာရောင်အလင်း ကာကွယ်တဲ့ မျက်မှန်တပ်ပြီး အလုပ်လုပ်ပါ။

✅ရေများများသောက်ပါ -မျက်လုံးနဲ့ ခန္ဓာကိုယ် ရေဓာတ်မခမ်းခြောက်အောင် ရေများများသောက်ပေးပါ။
(သို့မဟုတ်) Artificial Eye drop(မျက်ရည်တု- မျက်ကပ်မှန်သမားတွေ ထည့်သော မျက်စဉ်း) ထည့်နိုင်ပါတယ်။
(Viroto မျက်စဉ်းမထည့်ရပါ ‼️)

By Dr. Smile
👉 တခြား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း Smile Clinic Page မှာ အမြဲတင်ဆက်ပေးသွားမှာမို့ Like & Follow လေး လုပ်ထားဖို့ မမေ့နဲ့နော်။

📍 Locations
🔸 Smile Clinic Tachileik
(Dental + General )
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်၊
GGH ရွှေဆိုင်ဘေး
7 shwesin ဘေး
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး
အိမ်အမှတ် ၁/၂၉ (ထိုင်ဆွန်ရွှေဆိုင်ရှေ့)
📞 09 68 68 68 68 3 / 09400699995
ဆေးခန်းချိန်- (မနက် ၈ နာရီ - ည ၈ နာရီအထိ)

🔸 Keng Tung Branch
(Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669

 # # # လည်ပင်းဇာတ်ကြောတက်ခြင်း သက်သာစေရန် လေ့ကျင့်ခန်း (၄) မျိုး 💆‍♀️✨တာချီလိတ်မှာ 💥ကွန်ပျူတာအကြည့်များလို့ 💥ဖုန်းသုံးမျ...
30/04/2026

# # # လည်ပင်းဇာတ်ကြောတက်ခြင်း သက်သာစေရန် လေ့ကျင့်ခန်း (၄) မျိုး 💆‍♀️✨
တာချီလိတ်မှာ
💥ကွန်ပျူတာအကြည့်များလို့
💥ဖုန်းသုံးများလို့ လည်ပင်းနဲ့ ဇာတ်ကြောတွေ တက်နေပြီလား? ဒါဆိုရင်တော့ Smile Clinic ရဲ့ ကျန်းမာရေး ပညာပေး အနေနဲ့ ဒီလေ့ကျင့်ခန်း (၄) မျိုးကို တစ်နေ့ (၁၀) ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ သိသိသာသာ သက်သာသွားစေမှာပါ။

၁။ ⬆️ **ခေါင်းမော့ လေ့ကျင့်ခန်း**
* ခေါင်းကို နောက်သို့ ဖြည်းဖြည်းချင်း မော့ပါ။
* (၁ မှ ၁၀ အထိ စိတ်ထဲမှ ရေတွက်ပြီး)
မေ့တယ် ပုံမှန်အနေအထားကိုပြန်နေတယ်
မော့တယ် ပုံမှန်အနေအထားကိုပြန်နေတယ်
၁၀ ကြိမ် ပြုလုပ်ပေးပါ။

၂။ ⬇️ **ခေါင်းငုံ့ လေ့ကျင့်ခန်း**
* ခေါင်းကို ရှေ့သို့ ဖြည်းဖြည်းချင်း ငုံ့ပါ။ မှေးစေ့နှင့် ရင်ဘတ်ကိုထိ အောင်တဖြည်းဖြည်း ငုံလာပါ။
* (၁ မှ ၁၀ အထိ စိတ်ထဲမှ ရေတွက်ပြီး) ငုံ့တယ် ပြန်မတ်တယ်
ငုံ့တယ် ပြန်မတ်တယ်
၁၀ ကြိမ် ပြုလုပ်ပေးပါ။

၃။ ↔️ **ခေါင်း ဘေးတိုက်စောင်း လေ့ကျင့်ခန်း**
* ခေါင်းကို ဘယ်/ညာ တစ်ဖက်စီသို့ ဖြည်းဖြည်းချင်း စောင်းပေးပါ။
(ဘယ်ဘက်နား ဘယ်ဘက် ပုခုံးဘက်သို့ စောင်း)
* (၁ မှ ၁၀ အထိ စိတ်ထဲမှ ရေတွက်ပြီး) ဘယ်ညာ တစ်လှည့်စီ ၁၀ ကြိမ် ပြုလုပ်ပေးပါ။

၄။ 🔄 **ခေါင်း ဘေးတိုက်လှည့် လေ့ကျင့်ခန်း**
* ခေါင်းကို ဘယ်ညာ တစ်ဖက်စီသို့ ဖြည်းဖြည်းချင်း လှည့်ပေးပါ။
* (၁ မှ ၁၀ အထိ စိတ်ထဲမှ ရေတွက်ပြီး) ဘယ်ညာ တစ်လှည့်စီ ၁၀ ကြိမ် ပြုလုပ်ပေးပါ။

💯 ဒီလေ့ကျင့်ခန်းလေးတွေက အရိုးဘေးနားကကြွက်သားအကြောတွေကို ပြေလျော့စေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။
အချိန်သိပ်မပေးရဘဲ အိမ်မှာ /အလုပ်မှာပဲ အလွယ်တကူ လုပ်နိုင်တာမို့ အခုပဲ စမ်းလုပ်ကြည့်လိုက်ကြရအောင်။

👉 တခြား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း Smile Clinic Page မှာ အမြဲတင်ဆက်ပေးသွားမှာမို့ Like & Follow လေး လုပ်ထားဖို့ မမေ့နဲ့နော်။

📍 Locations
🔸 Smile Clinic Tachileik
(Dental + General )
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်၊
GGH ရွှေဆိုင်ဘေး
7 shwesin ဘေး
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး
အိမ်အမှတ် ၁/၂၉ (ထိုင်ဆွန်ရွှေဆိုင်ရှေ့)
📞 09 68 68 68 68 3 / 09400699995
ဆေးခန်းချိန်- (မနက် ၈ နာရီ - ည ၈ နာရီအထိ)

🔸 Keng Tung Branch
(Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669



#လည်ပင်းဂျီးပေါင်း
#အထွေထွေဆေးခန်း #တာချီလိတ်

🌕 **ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယနှင့် ညောင်ရေသွန်းပွဲတော်** 🌕ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ဟ...
30/04/2026

🌕 **ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယနှင့် ညောင်ရေသွန်းပွဲတော်** 🌕
ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ဟာ ဘယ်လိုပေါ်ပေါက်လာရသလဲဆိုတာကို ဗဟုသုတအနေနဲ့ အရင်ဆုံး မျှဝေပေးချင်ပါတယ်ခါ့။

ကဆုန်လပြည့်နေ့ကို "🙏ဗုဒ္ဓနေ့"လို့လည်း ခေါ်ဆိုကြပြီး၊ မြတ်စွာဘုရားရှင်နဲ့ ပတ်သက်တဲ့ အောက်ပါ အလွန်ထူးခြားတဲ့ အဖြစ်အပျက်ကြီး (၄) ခု တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

✨ **၁။ ဗျာဒိတ်ခံယူတော်မူခြင်း:** ဂေါတမဗုဒ္ဓအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရားထံမှ နောင်တစ်ခေတ်တွင် ဘုရားစင်စစ် ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ခံယူရရှိသောနေ့။
✨ **၂။ ဖွားမြင်တော်မူခြင်း:** မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ သောကြာနေ့တွင် လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူသောနေ့။
✨ **၃။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း (ပွင့်):** မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ဗောဓိညောင်ပင်အောက်၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့။
✨ **၄။ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း (စံ):** မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ အင်္ဂါနေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းတော၌ ခန္ဓာဝန်ချကာ ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့။
**(ဗျာဒိတ်၊ ဖွား၊ ပွင့်၊ စံ)** ဆိုတဲ့ ဒီထူးခြားချက် ၄ ရပ်ကြောင့် ကဆုန်လပြည့်နေ့ဟာ အလွန်မွန်မြတ်လှပါတယ်။ ထို့အပြင် ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးလဖြစ်သဖြင့် မြတ်စွာဘုရားရှင် ပွင့်တော်မူရာ ဗောဓိညောင်ပင်များ မညှိုးနွမ်းစေရန် ရည်ရွယ်၍ ညောင်ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါသည်။

🙏 **Smile Clinic မိသားစု၏ ကဆုန်လပြည့် ဆုတောင်းမေတ္တာ** 🙏

ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင်... ၇ ရက်သားသမီးများနှင့်တကွ Smile Clinic သို့ လာရောက်ကုသကြသော လူနာများအားလုံး
ဗောဓိညောင်ပင်ကို 💦ရေစင်အေး သွန်းလောင်းရသကဲ့သို့ ❄️ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ။
☀️ပူအိုက်သော ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး ရောဂါဘယများ ကင်းဝေးကာ၊ ကျန်းမာပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း **Smile Clinic (Tachileik & Kengtong)** မိသားစုမှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခါ့ 🙏🙏🙏

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲတော်

⚠️ "ဗိုက်ပူလာတာ လေလား အဆီလား ?ဗိုက်ပူလာတိုင်း အဆီများလာတာချည်းပဲမဟုတ်ဖူးနော် လေတွေနဲ့ပြည့်နေတာလဲဖြစ်နိုင်တယ်ဆိုတာ သိကြပါ...
24/04/2026

⚠️ "ဗိုက်ပူလာတာ လေလား အဆီလား ?

ဗိုက်ပူလာတိုင်း အဆီများလာတာချည်းပဲမဟုတ်ဖူးနော် လေတွေနဲ့ပြည့်နေတာလဲဖြစ်နိုင်တယ်ဆိုတာ သိကြပါ့မလားနော်😌။
မသိရင် ခုဖတ်! ကျော်မသွားနဲ့😁

🟡အမျိုးသားတွေ အသက် ၃၅ -၄၀ကျော်လာရင်
‼️အရင်က ဘာစားစား ဖြစ်ဘူး၊
အခုမှ ဘာစားစား ဗိုက်က ကွဲမတတ်ဖောင်းလာတယ်၊
လေတက်တယ်၊
အီး ခဏခဏ ပေါက်တယ်" ‼️
ဆိုတာဖြစ်တဲ့သူရှိလား??

ဘာလို့ အသက် ၃၅ -၄၀ ကျော်လာရင် ဒီလိုတွေ ပိုဖြစ်လာရတာလဲ? ဆိုတဲ့

1️⃣ **အစာခြေစနစ်ရဲ့ အင်ဂျင် နှေးကွေးသွားခြင်း (Metabolism & Muscle Tone)** 🐢
အသက် ၃၅ -၄၀ကျော်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးလာပါတယ်။ အစာခြေလမ်းကြောင်းက ကြွက်သားတွေကလည်း အရင်လို အားမကောင်းတော့တဲ့အတွက် အစာတွေကို အောက်ကိုတွန်းပို့တဲ့နှုန်း (Motility) နှေးသွားပါတယ်။ အဲ့ဒီအခါ အစာတွေက အူထဲမှာ ကြာကြာသောင်တင်နေပြီး ဘက်တီးရီးယားတွေက အချဉ်ဖောက်ဖို့ အချိန်ပိုရသွားတာကြောင့် ဂတ်စ် (Gas) တွေ အများကြီး ထွက်လာရတာဖြစ်ပါတယ်။
2️⃣ **ခန္ဓာကိုယ်က လက်မခံတော့တဲ့ အစားအစာတွေ ရှိလာခြင်း (Acquired Intolerances)** 🥛🍩
အသက်ကြီးလာတဲ့အခါ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ချေဖျက်ပေးတဲ့ အင်ဇိုင်း (Lactase) ထုတ်လုပ်မှုက သဘာဝအတိုင်း လျော့နည်းသွားပါတယ်။ ဒါ့အပြင် အပြင်စာတွေမှာပါတဲ့ အချိုဓာတ် (High-Fructose) နဲ့ သကြားအတု (Sorbitol) တွေကိုလည်း အူလမ်းကြောင်းက ကောင်းကောင်း မစုပ်ယူနိုင်တော့ပါဘူး။ အစာမကြေတဲ့ အချိုဓာတ်တွေ အူထဲရောက်သွားတဲ့အခါ လေပွခြင်းကို တိုက်ရိုက်ဖြစ်စေပါတယ်။
3️⃣ **အူလမ်းကြောင်းက စိတ်ဆိုးလွယ်လာခြင်း (IBS)** 🌪️
အမျိုးသားတွေမှာလည်း IBS (အူလမ်းကြောင်းဆိုင်ရာ ရောဂါစု) ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၃၁ ကနေ ၃၅ ကြား အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒါက ဘာဖြစ်တာလဲဆိုတော့ အူလမ်းကြောင်းက အာရုံခံစားမှု အရမ်းမြန်လာတာပါ။ တကယ်တော့ ဗိုက်ထဲမှာ လေက ပုံမှန်ပဲ ရှိနေတာတောင်မှ ကိုယ့်ရဲ့ အူလမ်းကြောင်းက "အရမ်းဖောင်းနေပြီ" ဆိုပြီး နာကျင်တဲ့အချက်ပြမှုကို ဦးနှောက်ဆီ ပို့နေတာမျိုး ဖြစ်ပါတယ်။
4️⃣ **အစာခြေအက်ဆစ်နဲ့ အင်ဇိုင်းတွေ အားနည်းလာခြင်း** 🧪
အသက်ရလာရင် အစာအိမ်ထဲမှာ အစာချေဖို့ လိုအပ်တဲ့ အက်ဆစ်နဲ့ အင်ဇိုင်း ထွက်ရှိမှု လျော့ကျလာပါတယ်။ အထူးသဖြင့် အသားဓာတ် (Proteins) နဲ့ အချိုဓာတ် (Complex Carbs) တွေကို အပြည့်အဝ မချေဖျက်နိုင်တော့တဲ့အခါ အဲ့ဒီအစာတွေက အူမကြီးထဲကို မချေဖျက်ရသေးတဲ့အတိုင်း ရောက်သွားပြီး ပုပ်သိုး အချဉ်ပေါက်ကာ လေပွခြင်းကို ဖြစ်စေပါတယ်။
5️⃣ **လူနေမှုပုံစံနဲ့ အဖျော်ယမကာ (Lifestyle & Alcohol)** 🍺🍔
အလုပ်ရှုပ်လို့ အစာကို အမြန်စားတာ၊ စကားပြောရင်းစားတာတွေက လေတွေကို ဗိုက်ထဲ တိုက်ရိုက်မြိုချလိုက်သလို ဖြစ်စေပါတယ်။ နောက်ပြီး အမျိုးသားတွေ ကြိုက်တတ်တဲ့ ဘီယာနဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေကလည်း လေပွခြင်းရဲ့ တရားခံတွေပါပဲ။ အရက်သေစာက အူလမ်းကြောင်းထဲက ကောင်းတဲ့ဘက်တီးရီးယားလေးတွေကို ပျက်စီးစေလို့ အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေတာပေါ့။

💡 **ကဲ
ဒီလို ဗိုက်ဖောင်းဗိုက်ပွတာက နေရထိုင်ရ ခက်ရုံတင်မကဘဲ ရေရှည်မှာ ကျန်းမာရေးအတွက် အချက်ပေးခေါင်းလောင်း ထိုးနေတာလည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်လေး ဆင်ခြင်မယ်၊ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုလေးတွေ လုပ်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။

ဗဟုသုတရတယ်ဆိုရင် **Like & Share** လုပ်ဖို့ မမေ့နဲ့ဦး။
တာချီလိတ်အတွက် အမြဲရှိနေတဲ့ **Smile Clinic Tachileik **😊
By Dr. SMILE 😇
#အမျိုးသားကျန်းမာရေး #ဗိုက်ပွလေထိုး #တာချီလိတ်ဆေးခန်း
#သွားဆေးခန်း
#အထွေထွေဆေးခန်း #ဗိုက်နာ #ဗိုက်ကယ် #လေလည်

🙏မြန်မာနှစ်ကူး အခါသမယ ဆုတောင်းမေတ္တာ** 🙏ယနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် နှစ်ဆန်း (၁) ရက်နေ့ အခါသမယမှစ၍  Smile Clinic သို့ ...
17/04/2026

🙏မြန်မာနှစ်ကူး အခါသမယ ဆုတောင်းမေတ္တာ** 🙏
ယနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် နှစ်ဆန်း (၁) ရက်နေ့ အခါသမယမှစ၍ Smile Clinic သို့ လာရောက်ပြသကြသော လူနာရှင်များနှင့်တကွ ၇ ရက်သားသမီး ပြည်သူပြည်သားအပေါင်း...
💪 **ကျန်းမာရေး** - ရောဂါဘယများ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေ။
💰 **စီးပွားရေး** - လုပ်ငန်းကိုင်ငန်းများ ဒီရေအလား တိုးတက်အောင်မြင်ပြီး လာဘ်လာဘများ ရွှင်လန်းကြပါစေ။
📚 **ပညာရေး** - ပညာရေးကဏ္ဍ အဘက်ဘက်မှ ထူးချွန်ပေါက်မြောက်ပြီး တောက်ပတဲ့ အနာဂတ်လမ်းခရီးများကို လျှောက်လှမ်းနိုင်ကြပါစေ။
✨ **အဘက်ဘက်မှ တိုးတက်ရေး** - ကြံစည်သမျှ၊ ရည်ရွယ်သမျှ ကိစ္စအဝဝတိုင်း အဆင်ပြေချောမွေ့ပြီး ဘဝရဲ့ ကဏ္ဍစုံ၊ ထောင့်စုံမှ အောင်မြင်တိုးတက်မှုများကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
ယခုနှစ်သစ်မှာလည်း လူကြီးမင်းတို့၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်သာမက အထွေထွေကျန်းမာရေး လိုအပ်ချက်များအတွက်ပါ Smile Clinic မှ အကောင်းဆုံးသော ဆေးဝါးကုသမှု ဝန်ဆောင်မှုများကို ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 💙
အားလုံးပဲ မင်္ဂလာရှိသော မြန်မာနှစ်သစ်လေး ဖြစ်ပါစေ ရှင့်။

13/04/2026

‼️တာချီလိတ် သင်္ကြန်မှာ လျှောက်လည်ရင်း ဖောက်တံ ရှာမတွေ့လို့ပဲဖြစ်ဖြစ်၊ ဖောက်တံ သွားယူနေတာကို မစောင့်နိုင်လို့ပဲဖြစ်ဖြစ် ဘီယာပုလင်းခွံ၊
အအေးပုလင်းခွံတွေကို သွားနဲ့ကိုက်ဖောက်တတ်ကြပါတယ်။ ဒါဟာ
❗️သွားဆရာဝန်တွေ အကြောက်ဆုံးနဲ့ လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ အပြုအမူတစ်ခုပါပဲ။

🟡🦷သွားကြွေလွှာ (Enamel) ဆိုတာ ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းဖြစ်ပေမယ့်
🔴သတ္တုနဲ့လုပ်ထားတဲ့ ပုလင်းအဖုံးကို အားသုံးပြီး ကိုက်ဖောက်တဲ့အခါ
သွားကြွေလွာတွေ
‼️ပဲ့နိုင်တယ်
‼️အက်နိုင်တယ်
‼️သွားကျွတ်ထွက်တာ
‼️နှုတ်ခမ်းရှာတာ
ချက်ချင်း ဖြစ်သွားနိုင်ပါတယ်-

🔴💥 သွားကြွေလွှာ ပဲ့ထွက်ခြင်း (Chipped Teeth): သွားရဲ့ အရှေ့ဘက် ထောင့်စွန်းတွေ၊ အစွန်းအဖျားတွေ ပဲ့ထွက်သွားနိုင်တယ်
🔴⚡ သွားအက်ကွဲခြင်း (Cracked Teeth): ချက်ချင်း မပဲ့သွားရင်တောင် မျက်စိနဲ့မြင်ရတဲ့ အက်ကြောင်းတွေ ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီအက်ကြောင်းတွေကနေတဆင့် ပိုးဝင်ပြီး နောက်ပိုင်း အေးတဲ့ရေသောက်ရင်၊ အစာဝါးရင် ကျဉ်တာ၊ ကိုက်တာတွေ ပြင်းပြင်းထန်ထန် ခံစားရပါမယ်။
🔴🦷 သွားအမြစ်ကျိုးခြင်း (သို့) သွားကျွတ်ထွက်ခြင်း: အားပြင်းလွန်းရင် သွားအမြစ်ကနေ ကျိုးသွားတာ ဒါမှမဟုတ် သွားတစ်ချောင်းလုံး လှုပ်ပြီး ကျွတ်ထွက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
🔴🩸 သွားဖုံးနှင့် နှုတ်ခမ်း ပြတ်ရှခြင်း: သတ္တုအဖုံးရဲ့ အစွန်းတွေကြောင့် နှုတ်ခမ်းနဲ့ သွားဖုံးတွေ ပြတ်ရှပြီး သွေးထွက်တာ၊ ပိုးဝင်တာတွေပါ နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်။

သင်္ကြန်တွင်းကြီး သွားအရမ်းကိုက်လို့၊ ရှေ့သွားကျိုးသွားလို့ ရေမလည်ရဘဲ ဆေးခန်းပြေးနေရရင် ဘယ်လောက် စိတ်ညစ်စရာကောင်းမလဲ စဉ်းစားကြည့်ပါနော်။ 🥺

ဖောက်တံ (Opener) လေးပါသော့တွဲတစ်ခု (25-50B )ဆောင်ထားတာက သင့်ရဲ့ တန်ဖိုးကြီးလှတဲ့ သွား တချောင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ဒီသင်္ကြန်မှာ ဘီယာပုလင်းတွေကို သွားနဲ့ လုံးဝ မကိုက်ဖောက်ဘဲ သွားကျန်းမာရေးကို ဂရုစိုက်ရင်း အန္တရာယ်ကင်းကင်း ပျော်ရွှင်နိုင်ကြပါစေလို့ Smile Clinic Tachileik & KengTung မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် နော် 💙✨
#တာချီလိတ် #သွားဆေးခန်း #အထွေအထွေဆေးခန်း #သင်္ကြန် #မြန်မာနှစ်ကူး #ဗဟုသုတ

12/04/2026

*ဆေးခန်းပိတ်မယ့်ရက်*- ဧပြီလ (၁၃) ရက် ကနေ (၁၇) ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) အထိ
*🟢 ပုံမှန်ပြန်လည်ဖွင့်လှစ်မယ့်ရက်** - **ဧပြီလ (၁၈) ရက်** သင်္ကြန်ပိတ်ရက်အလွန် **ဧပြီလ (၁၈) ရက်နေ့** ရောက်တာနဲ့ ချစ်လူနာရှင်တို့ရဲ့ ကျန်းမာရေးအတွက် မင်မင်တို့ ဆေးခန်းလေး အချိန်မှန် ပုံမှန်အတိုင်း ပြန်ဖွင့်ပါပြီနော်။

သင်္ကြန်တွင်း ရေကစားတဲ့အခါမှာလည်း အစားအသောက်လေးတွေ ဆင်ခြင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေး၊ အထွေထွေကျန်းမာရေးလေးတွေကို အထူးဂရုစိုက်ကြဖို့ မင်မင်က ချစ်ခင်စွာနဲ့ သတိပေးချင်ပါတယ်ရှင့်။ အားလုံးပဲ မိသားစုနဲ့အတူ ပျော်စရာကောင်းတဲ့ သင်္ကြန်ရက်ရှည်လေးတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေနော်။ 💙

📍 Locations
🔸 Smile Clinic Tachileik
(Dental + General )
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်၊
GGH ရွှေဆိုင်ဘေး
7 shwesin ဘေး
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး
အိမ်အမှတ် ၁/၂၉ (ထိုင်ဆွန်ရွှေဆိုင်ရှေ့)
📞 09 68 68 68 68 3 / 09400699995
ဆေးခန်းချိန်- (မနက် ၈ နာရီ - ည ၈ နာရီအထိ)

🔸 Keng Tung Branch
(Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669



#ကျိုင်းတုံ
#တာချီလိတ် #သွားဆေးခန်း
#သင်္ကြန် #အထွေအထွေဆေးခန်း

**မြန်မာနှစ်သစ်ကူး အခါသမယ ဆုတောင်းမေတ္တာနဲ့ ဆေးခန်းပိတ်ရက် အသိပေးခြင်း** 🙏မင်္ဂလာပါရှင်။မင်မင်တို့ရဲ့ Smile Clinic (Tach...
12/04/2026

**မြန်မာနှစ်သစ်ကူး အခါသမယ ဆုတောင်းမေတ္တာနဲ့ ဆေးခန်းပိတ်ရက် အသိပေးခြင်း** 🙏

မင်္ဂလာပါရှင်။
မင်မင်တို့ရဲ့ Smile Clinic (Tachileik & Kengtung) ကို အမြဲယုံကြည်စိတ်ချစွာ လာရောက်ပြသကြတဲ့ ချစ်လူနာရှင်တွေအားလုံးပဲ ကျရောက်လာတော့မယ့် မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မင်မင်နဲ့အတူ Smile Clinic မိသားစုမှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်။ 💦🌸

ဒါနဲ့ မင်မင်က သင်္ကြန်ကာလအတွက် ဆေးခန်းပိတ်ရက်လေး ကြိုပြီး အသိပေးချင်လို့ပါနော် -

* 🔴 **ဆေးခန်းပိတ်မယ့်ရက်** - ဧပြီလ (၁၃) ရက် ကနေ (၁၇) ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) အထိ
* 🟢 **ပုံမှန်ပြန်လည်ဖွင့်လှစ်မယ့်ရက်** - **ဧပြီလ (၁၈) ရက်** သင်္ကြန်ပိတ်ရက်အလွန် **ဧပြီလ (၁၈) ရက်နေ့** ရောက်တာနဲ့ ချစ်လူနာရှင်တို့ရဲ့ ကျန်းမာရေးအတွက် မင်မင်တို့ ဆေးခန်းလေး အချိန်မှန် ပုံမှန်အတိုင်း ပြန်ဖွင့်ပါပြီနော်။

သင်္ကြန်တွင်း ရေကစားတဲ့အခါမှာလည်း အစားအသောက်လေးတွေ ဆင်ခြင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေး၊ အထွေထွေကျန်းမာရေးလေးတွေကို အထူးဂရုစိုက်ကြဖို့ မင်မင်က ချစ်ခင်စွာနဲ့ သတိပေးချင်ပါတယ်ရှင့်။ အားလုံးပဲ မိသားစုနဲ့အတူ ပျော်စရာကောင်းတဲ့ သင်္ကြန်ရက်ရှည်လေးတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေနော်။ 💙

📍 Locations
🔸 Smile Clinic Tachileik
(Dental + General )
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်၊
GGH ရွှေဆိုင်ဘေး
7 shwesin ဘေး
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး
အိမ်အမှတ် ၁/၂၉ (ထိုင်ဆွန်ရွှေဆိုင်ရှေ့)
📞 09 68 68 68 68 3 / 09400699995
ဆေးခန်းချိန်- (မနက် ၈ နာရီ - ည ၈ နာရီအထိ)

🔸 Keng Tung Branch
(Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669



#ကျိုင်းတုံ
#တာချီလိတ် #သွားဆေးခန်း
#သင်္ကြန် #အထွေအထွေဆေးခန်း

12/04/2026

**💦 ပူပြင်းတဲ့ တာချီလိတ်ရဲ့ သင်္ကြန်ပွဲတော်ကြီးက ရောက်လာတော့မယ်နော်! 💦**
သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ ရေထွက်လည်ဖို့ Plan တွေ ဆွဲနေကြပြီမလား? 🎉 ပျော်လည်းပျော်ရမယ်၊ ကျန်းမာရေးလည်း ဂရုစိုက်ရမယ်ဆိုတော့ Smile Clinic ကနေ မဖြစ်မနေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်! 💙✨
**✅ မဖြစ်မနေ လုပ်ဆောင်ရန် (Do’s) 👍**
☀️ **Sunscreen (နေလောင်ခံဆေး) ကို မေ့မထားနဲ့နော်:** ရေစိုခံ (Water-Resistant) ဖြစ်တဲ့ SPF 50 ကို သေချာလိမ်းပါ။ (၂) နာရီတစ်ခါ ဒါမှမဟုတ် မျက်နှာသုတ်ပဝါနဲ့ သုတ်ပြီးတိုင်း ပြန်လိမ်းဖို့ မပျင်းနဲ့နော်။ အသားအရေလေး မပျက်စီးမှ ဓာတ်ဖမ်းလို့ ကောင်းမှာပေါ့! 📸✨
🕶️ **အကာအကွယ် မျက်မှန် အမိုက်စားလေး တပ်ပါ:** နေလောင်ဒဏ် ကာကွယ်ဖို့တင် မကဘူး၊ ရေပက်ကြမ်းလို့ မျက်စိထဲ ရေမသန့်တာတွေဝင်ပြီး မျက်စိနာတာမျိုး မဖြစ်အောင် မျက်မှန်လေး တပ်ထားတာ အကောင်းဆုံးပဲနော်! 😎
💧 **ရေများများသောက်! အစားအသောက် ဆင်ခြင်!:** ရာသီဥတုက အရမ်းပူတော့ ရေဓာတ်ခမ်းခြောက်တတ်တယ်။ ရေသန့်ဘူးလေး ဆောင်ထားပါ။ လမ်းဘေးက ယင်နားစာတွေ၊ မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်ရအောင် ဆင်ခြင်ပြီးမှ စားကြမယ်နော် 🍉🍢
👝 **ရေစိုခံအိတ် (Waterproof Bag) လေး သုံးပါ:** ဖုန်းတွေ၊ ပိုက်ဆံတွေ ရေစိုပြီး ပျက်စီးသွားရင် သင်္ကြန်တွင်းကြီး Mood အောက်သွားမယ်နော်။ အရည်အသွေးကောင်းတဲ့ ရေစိုခံအိတ်လေး သေချာလွယ်ထားဖို့ အကြံပြုချင်ပါတယ်။ 📱💸
**❌ လုံးဝ ရှောင်ကြဉ်ရန် (Don'ts) 👎**
🚫 **ရေမသန့်တဲ့နေရာတွေ ရှောင်ပါ:** ရေပုပ်၊ ရေညစ်တွေနဲ့ ပက်တဲ့နေရာမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။ အဲ့ဒီရေတွေ မျက်စိ၊ နား၊ နှာခေါင်းထဲ ဝင်သွားရင် အင်ဖက်ရှင် (Infection) တွေနဲ့ အရေပြား ယားယံတာတွေ အလွယ်တကူ ဖြစ်တတ်လို့ပါနော်! 🦠🙅‍♂️
🥶 **အအေးပတ် မခံနဲ့နော်:** ရေစိုကြီးနဲ့ လေတိုက်ခံတာ၊ အဲကွန်းခန်းထဲ အကြာကြီး နေတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ တုပ်ကွေးမိပြီး သင်္ကြန်ရက်တွေ ဆေးခန်းမှာ ကုန်သွားလိမ့်မယ်နော်! အိမ်ပြန်ရောက်တာနဲ့ ရေနွေးနွေးလေးချိုးပြီး အဝတ်အစား ချက်ချင်းလဲပါ 🛁👕
🦷 **သွားကို ဖောက်တံလို မသုံးပါနဲ့:** 🍻 ဘီယာပုလင်း အဖုံးဖောက်တာ၊ အထုပ်တွေ ကိုက်ဖောက်တာမျိုး လုံးဝ မလုပ်ပါနဲ့နော်။ သွားကျိုးတာ၊ သွားကြွေလွှာပဲ့တာတွေ ဖြစ်ရင် သင်္ကြန်တွင်းကြီး သွားနာတဲ့ဒုက္ခက မသေးဘူးနော်! (Smile Clinic က သွားဆရာဝန်တွေရဲ့ အထူးသတိပေးချက်ပါ! 😉)
🍻 **မူးရင် မမောင်းပါနဲ့:** အရက်သေစာ အလွန်အကျွံသောက်ပြီး ကား၊ ဆိုင်ကယ် လုံးဝ မမောင်းပါနဲ့။ ပျော်ပွဲရွှင်ပွဲမှာ အသက်အန္တရာယ် ကင်းရှင်းဖို့က နံပါတ်တစ် ပါပဲ! 🚗🛵🛑
ဒီအချက်လေးတွေကို သတိထားပြီး တာချီလိတ်သင်္ကြန်မှာ အားရပါးရ ရေကစားရင်း အမှတ်တရတွေ ဖန်တီးလိုက်ကြရအောင်! 🎉💦
သင်္ကြန်တွင်း ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ်လာရင်လည်း Smile Clinic ကို သတိရလိုက်ပါနော်။ အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်လေး ဖြစ်ပါစေ! 🙏💙

📍 Locations
🔸 Smile Clinic Tachileik
(Dental + General )
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်၊
GGH ရွှေဆိုင်ဘေး
7 shwesin ဘေး
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး
အိမ်အမှတ် ၁/၂၉ (ထိုင်ဆွန်ရွှေဆိုင်ရှေ့)
📞 09 68 68 68 68 3 / 09400699995
ဆေးခန်းချိန်- (မနက် ၈ နာရီ - ည ၈ နာရီအထိ)

🔸 Keng Tung Branch
(Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669

06/04/2026

🛑နေ့Dutyမှာ အိမ်သာခဏခဏပြေးဆီးသွားနေရ၊
ညအိပ်ရင်လည်း ဆီးထသွားရလွန်းလို့ အိပ်ရေးမဝတဲ့ သူတွေရှိလား?

အထူးသဖြင့် လူလတ်ပိုင်း အမျိုးသမီးတွေမှာ ဒီလိုဖြစ်လာရင် "ရေသောက်များလို့နေမှာပါ" သို့မဟုတ် "အသက်အရွယ်ကြောင့်ပါ" ဆိုပြီး ပေါ့ပေါ့ဆဆ မတွေးနဲ့နော်။

ဒါဟာ အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလွန်အဖြစ်များတဲ့ "ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection - UTI)" ရဲ့ အဓိက လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။

🔴👩‍⚕️ ဆီးခဏခဏသွားချင်တာအပြင် အောက်ပါလက္ခဏာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆီးပိုးဝင်နေဖို့ သေချာသလောက် ရှိနေပါပြီ -
❗️ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ ကျင်ခြင်း၊ နာကျင်ခြင်း
❗️ဆီးသွားချင်စိတ် အရမ်းဖြစ်ပေါ်ပေမယ့် သွားလိုက်ရင် ဆီးနည်းနည်းလေးသာ ထွက်ခြင်း (ဆီးကျန်နေသလို ခံစားရခြင်း)
❗️ဆီးအရောင် နောက်ခြင်း (သို့မဟုတ်) ဆီးအနံ့ ပြင်းခြင်း
❗️ဆီးစပ် သို့မဟုတ် ခါးအောက်ပိုင်း နာကျင်ကိုက်ခဲခြင်း
အထူးအကြံပြုချင်တာကတော့...
ဆီးပိုးဝင်တဲ့ လက္ခဏာတွေကို ရှက်လို့ဖြစ်ဖြစ်၊ အလုပ်များလို့ဖြစ်ဖြစ် ဆေးခန်းမပြဘဲ ကြိတ်မှိတ်သည်းခံမနေပါနဲ့။
🔴🔴ရေရှည်ပစ်ထားလိုက်ရင် ဆီးအိမ်ကနေတဆင့် ကျောက်ကပ်အထိ ပိုးတွေပြန့်နှံ့သွားပြီး အဖျားကြီးတာ၊ ခါးအရမ်းနာတာ စတဲ့ ပိုမိုဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

✅✅✅တကယ်တော့ ဆီးပိုးဝင်ခြင်းဟာ ရိုးရှင်းပြီးစျေးသက်သာတဲ့ ဆီးစစ်တာလေး လုပ်ကြည့်ရုံနဲ့ ချက်ချင်းအဖြေရှာ ချက်ချင်းလိုအပ်တဲ့ ကုသမှုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာလိုက်နာရင် ရက်ပိုင်းအတွင်းမှာပဲ သိသိသာသာ သက်သာပျောက်ကင်းသွားမယ့် ကိစ္စမျိုးပါ။

ဒါကြောင့် ညတိုင်း ဆီးခဏခဏ ထသွားရတဲ့ ဒုက္ခကနေ ကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်စက်နိုင်ဖို့... ရောဂါပိုမဆိုးလာခင်
💙Smile Clinic Tachileik မှာ
အမြန်ဆုံး
✅အခုပဲစစ်
✅အခုပဲကုသမှု ရယူလိုက်ပါနော်။
📍 Locations
🔸 Smile Clinic Tachileik
(Dental + General )
ဗိုလ်ချုပ်လမ်းမကြီး၊
ဆန်ဆိုင်း(က)ရပ်ကွက်၊
GGH ရွှေဆိုင်ဘေး
7 shwesin ဘေး
ဆန်ဆိုင်းဟော်တယ်မျက်စောင်းထိုး
အိမ်အမှတ် ၁/၂၉ (ထိုင်ဆွန်ရွှေဆိုင်ရှေ့)
📞 09 68 68 68 68 3 / 09400699995
ဆေးခန်းချိန်- (မနက် ၈ နာရီ - ည ၈ နာရီအထိ)

🔸 Keng Tung Branch
(Dental Clinic)
ကျိုင်းငမ်း(2)လမ်း၊ မြို့မဈေး (CB Bank ဘေး)
📞 09400699993 / 09766866669



#ဆီးပိုးဝင်ခြင်း
#ဆီးပူ #ဆီးအောင့် #ဆီးကျင်

Address

KengNgyan (2)Street, Opposite Of Myo Ma Market, Next To CB Bank , Keng Tung & Tachileik
Kengtung

Telephone

+959400699993

Website

Alerts

Be the first to know and let us send you an email when Smile General Clinic & Dental Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share