08/11/2017
သွားညှိကုသခြင်း (Orthodontics treatment)
================
သွားတွေဟာ မျက်နှာရဲ့သွင်ပြင်အနေအထား နဲ့ အပြုံးကို များစွာပြောင်းလဲစေပါတယ်။
မညီညာ မလှပတဲ့ သွားတွေကြောင့်
လူမှုဆက်ဆံရေးမှာ အခက်အခဲဖြစ်နေခြင်း ၊ ရဲရဲဝံ့ဝံ့ပြုံးဖို့ တွန့်ဆုတ်နေခြင်း ၊ မိမိကိုယ်ကိုယုံကြည်မှု ပျောက်ဆုံးနေခြင်း ဘာကြောင့်ပဲဖြစ်ဖြစ် သွားလေးများ ညီညာလှပ ဖြောင့်တန်းလာအောင် ညှိနိုင်းပြုပြင် လို့ရပါတယ်။
သွားများကို ညီညာပြီး အပြုံးလေးများ ပိုမိုလှပသွားစေကာ မိမိကိုယ်ကိုယုံကြည်မှုတိုးလာစေသော prove images များနှင့်အတူ ကုသမှုဆိုင်ရာ အချက်အလက်များကို အောက်ပါ မေးခွန်းအဖြေများနှင့် လေ့လာနိုင်ပါသည်။
*******
သွားညှိကုသမှုနဲ့ပက်သက်ပြီး မေးလေ့ရှိသော
မေးခွန်းများ
Q . သွားညှိကုသခြင်း (orthodontics)ဆို
တာဘာလဲ?
A . ခေါနေသော ၊ ကြဲနေသော ၊ စောင်းနေ
သော ၊ ထပ်နေသော ၊ နေရာမှားပေါက်
နေသော သွားများကို စနစ်တကျ တွက်
ချက်၍ နေရာမှန်သို့ပြန်ပို့ကာ ညီညာ
ဖြောင့်တန်းစေခြင်းပါ။
Q . ဘယ်လိုလူတွေ သွားညှိလို့ရလဲ?
A . ကျားမမရွေး အသက် ၈ နှစ်မှစ၍ ပြု
လုပ်နိုင်ပါတယ်။ သွားနှင့်သွားဖုံးသား
များကောင်းမွန်ဖို့လိုအပ်ပါတယ်။
အကောင်းဆုံးအသက်အရွယ်က
၁၀ နှစ် မှ ၁၄ နှစ်အတွင်းဖြစ်ပါတယ်။
Q . ဘာပစ္စည်းတွေနဲ့ ဘယ်လိုလုပ်မှာလဲ?
A . အများဆုံး အသုံးပြုတဲ့ နည်းလမ်းက
တော့ သွားရဲ့မျက်နှာပြင်ပေါ်မှာ သတ္တု
တုံးကလေးများ ကပ်ပြီး စတီးကြိုးနဲ့
ဆက်သွယ်ထားခြင်း ဖြစ်ပါတယ်။
စတီးကြိုးမတပ်ချင်သူတွေအတွက်
အံကပ် အကြည်လေးတွေတပ်ရတဲ့
နည်းပညာလည်း ရှိပါတယ်။
Q . ဘယ်လောက်ကြာမှာလဲ?
A . အသက်အရွယ် ၊သွားအနေအထား ၊
အသုံးပြုမယ့် ပစ္စည်းအပေါ်မူတည်ပြီး
၆ လ မှ ၂ နှစ်ခန့်အထိ ကြာနိုင်ပါတယ်။
ကုသမှု အဆင့်ပေါ်မူတည်၍ ဆေးခန်း
သို့ မကြာခဏ လာပြရန်လိုအပ်ပါတယ်။
Q . နာမှာ လား ?
A . မနာပါဘူး ။ အနည်းငယ် ကျင်တာ
လောက်တော့ ဖြစ်နိုင်ပါတယ်။ စတပ်ခါ
စမှာ နေရနည်းနည်းခက်နိုင်ပါတယ်။
Q . အန္တရာယ် ရှိနိုင်လား ?
A . စနစ်တကျ စစ်ဆေးတွက်ချက် ပြီးမှစတင်
မှာဖြစ်တဲ့အတွက် အန္တရာယ်မရှိပါ။
Q . ကုသမှုခံယူနေစဉ်မှာ ဘာတွေကို ဂရု
စိုက်ရမလဲ?
A . အချိန်အကြာကြီး တပ်ထားရမှာ ဖြစ်တဲ့
အတွက် သန့်ရှင်းမှုကအရေးကြီးပါတယ်။
တနေ့ ၂ ကြိမ်သွားတိုက်ရမယ့်အပြင်
အစာစားပြီးတိုင်း ပလုပ်ကျင်းရပါမယ်။
သွားကြားများကိုလည်း သွားပွတ်ကြိုးနဲ့
သန်ုရှင်းရေးလုပ်ပေးရပါမယ်။
ကုသမှုအောင်မြင်သော်လည်း သွားပိုး
စားတာတွေ အရောင်ပြောင်းတာတွေဖြစ်
တတ်လို့ပါ။
အသေးစိတ် သိလိုသည်များကို အောက်ပါဆေးခန်းဖုန်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆေးခန်းသို့ လာရောက်၍လည်း အခမဲ့ တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။ ခန့်မှန်းခြေ ကုသမှု ကြာမြင့်ချိန် ၊ ကုန်ကျစရိတ်တို့ကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။
''ရွှေလက်ရာ'' သွား-ခံတွင်း-သွားညှိကုဆေးခန်း
ဒေါက်တာနေလင်းနိုင် B.D.S (Mdy), F.I.C.D (U S A)
Certificate in Orthodontics (MDA)
09-261163093, 09-402594694