10/09/2026
🦷 သိထားသင့်တဲ့ Osstem Implant အမျိုးအစားတွေ
“Osstem ဆိုရင် အားလုံးတူတူပဲလား?” 🤔
မတူပါဘူး။
Osstem Implant တွေမှာ SA, CA, BA, SOI စတဲ့ surface treatment နည်းပညာတွေရှိပြီး၊ အဓိကကတော့ Implant ရဲ့ မျက်နှာပြင်ကို ဘယ်လိုပြုပြင်ထားသလဲ ဆိုတာမှာ ကွာခြားမှုရှိပါတယ်။
🔹 SA
Sandblasted & Acid-etched surface treatment နည်းပညာဖြစ်ပြီး Implant surface ကို ကြမ်းတမ်းအောင် ပြုပြင်ထားပြီး အရိုးတွယ်ကပ်မှုအတွက် အသုံးများတဲ့ နည်းပညာပါ။
🔹 CA
Calcium ion treatment ကို အသုံးပြုထားပြီး Implant surface ရဲ့ hydrophilicity (ရေစိုခံနိုင်မှု/ ကြံ့ခိုင်မှု) ကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ surface technology ဖြစ်ပါတယ်။
🔹 BA
Bioactive surface technology ကို အသုံးပြုထားပြီး Implant နဲ့ အရိုးကြား osseointegration (အရိုးတွယ်ကပ်မှု) ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားတဲ့ နည်းပညာတစ်မျိုးပါ။
🔹 SOI
Osstem ရဲ့ highly hydrophilic surface technology တစ်မျိုးဖြစ်ပြီး Implant surface ရဲ့ hydrophilicity ကို မြှင့်တင်ထားတဲ့ နည်းပညာဖြစ်ပါတယ်။
💡 ဒါဆို ဘယ်ဟာက အကောင်းဆုံးလဲ?
“ဈေးအကြီးဆုံး = လူတိုင်းအတွက် အကောင်းဆုံး” ဆိုတာ မဟုတ်ပါဘူး။
လူတစ်ယောက်နဲ့တစ်ယောက်—
🦷 အရိုးအခြေအနေ
🦷 သွားဖုံးအခြေအနေ
🦷 Implant ထည့်မယ့်နေရာ
🦷 လိုအပ်တဲ့ကုသမှု
မတူကြတာကြောင့် ဆရာဝန်ရဲ့ စစ်ဆေးမှုအပြီး ကိုယ့်ရဲ့ အခြေအနေနဲ့ သင့်တော်တဲ့ Implant ကို ရွေးချယ်တာက ပိုအရေးကြီးပါတယ်။
👉 သွားစိုက်ဖို့ စဉ်းစားနေတယ်ဆိုရင် Brand နာမည်တစ်ခုတည်းကို မကြည့်ဘဲ
“ကိုယ့်အတွက် ဘယ် Implant က သင့်တော်လဲ?” ဆိုတာကို အရင် စစ်ဆေးတိုင်ပင်ကြည့်ဖို့ လိုပါလိမ့်မယ်။😉
သွားဆေးခန်း appointment / Booking အတွက် ဆက်သွယ်ရန်
📞 တာဝန်ခံ 010 7431 9673
📌 ကုသမှုနှင့် ကုန်ကျစရိတ်ဟာ လူတစ်ဦးချင်းစီ၏ သွားနှင့် ခံတွင်းအခြေအနေအပေါ် မူတည်တာ ဖြစ်လို့ အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။
#အိုစတမ်အင်ပလန့် #သွားစိုက်
img-085680/txt-085681