Hamille Takada 88 ハミール高田88

Hamille Takada 88 ハミール高田88 We welcome foreigners who don’t speak Japanese. Open 7 days a week but Japanese holidays be closed.

မင်္ဂလာပါရှင်မြန်မာဘာသာနဲ့ လာရောက်ဆွေးနွေးကုသနိုင်ပါတယ်ရှင်မြန်မာစကားပြန်လေးကတော့ တစ်ယောက်ပဲရှိတဲ့အတွက်ကြောင့် booking အ...
06/03/2026

မင်္ဂလာပါရှင်
မြန်မာဘာသာနဲ့ လာရောက်ဆွေးနွေးကုသနိုင်ပါတယ်ရှင်
မြန်မာစကားပြန်လေးကတော့ တစ်ယောက်ပဲရှိတဲ့အတွက်ကြောင့် booking အချိန်လေးတွေ နောက်ကျခဲ့ရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်

သွားဆေးခန်းမှာ ပြတဲ့အခါ ကိုယ့်သွားရဲ့ပိုးပေါက်အခြေအနေကို ဆရာဝန်ကကြည့်ပြီး ဘယ်လိုသတ်မှတ်လဲ ဆိုတာလေ့လာကြည့်ရအောင်အဆင့်သတ်မ...
06/03/2026

သွားဆေးခန်းမှာ ပြတဲ့အခါ ကိုယ့်သွားရဲ့ပိုးပေါက်အခြေအနေကို ဆရာဝန်ကကြည့်ပြီး ဘယ်လိုသတ်မှတ်လဲ ဆိုတာလေ့လာကြည့်ရအောင်
အဆင့်သတ်မှတ်ကတော့ ယေဘူယျအားဖြင့် C0~C4 ဆိုပြီးသတ်မှတ်လေ့ရှိပါတယ်

C0 —>> သွားပိုးစားခါစအခြေအနေ နာကျင်မှုမရှိ သွားကို သန့်ရှင်းစွာထားခြင်းဖြင့် ထိန်းထားနိုင်

C1 —>> သွားတွင်အမဲစက် သေးငယ်သောအပေါက်ရှိနိုင်
အပေါ်ယံဖာခြင်းဖြင့် ကုသနိုင်

C2 —>> သွားအလယ်လွှာအထိပိုးပေါက်ကြီး၍ နာကျင်မှုခံစားရနိုင်
ပိုးစားသည့်နေရာတွင် အစွပ်အုပ်ခြင်းဖြင့် ကုသနိုင်

C3 —>> သွားအမြစ်ထိ ပိုးစားခြင်း
အမြစ်ထုတ်ကုသခြင်းဖြင့် ကုသနိုင်

C4 —>> သွားတစ်ချောင်းလုံးနီးပါးပျက်စီးသည့်အခြေအနေ
လိုအပ်ပါက သွားနုတ်ရနိုင်ခြေရှိလို့ သွားဆုံးရှုံးနိုင်

မိမိသွားလေးများ အစဉ်ကျန်းမာလှပဖို့ သွားပိုးပေါက်သေးသေးလေးမှစ ကုသကာကွယ်ကြပါစို့

နေ့စဉ်သွားတိုက်ခြင်းဖြင့် သင့်ရဲ့သွားတွေကို ပြောင်စင်အောင်သန့်ရှင်းရေးမလုပ်နိုင်ပါဘူး ပုံမှန်သွားညီညာတဲ့သူတွေတောင် စားကြ...
26/02/2026

နေ့စဉ်သွားတိုက်ခြင်းဖြင့် သင့်ရဲ့သွားတွေကို ပြောင်စင်အောင်သန့်ရှင်းရေးမလုပ်နိုင်ပါဘူး ပုံမှန်သွားညီညာတဲ့သူတွေတောင် စားကြွင်းစားကျန်လေးတွေ ကျန်နေတတ်ပြီး သွားမျက်နှာပြင်နှင့် သွားဖုံးကြားတွင်စုပြီးအချိန်ကြာလာတာနဲ့အမျှ သွားကျောက်ဖြစ်လာနိုင်ပါသည် သွားကျောက်များရှိနေပါက ခံတွင်းနံ့ဆိုးရွားပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့စေသည့်အပြင် သွားဖုံးရောင်ခြင်း၊သွေးထွက်ခြင်း၊သွားဖုံးနိမ့်ဆင်းလာခြင်း စသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါသည်
လူတိုင်းအနည်းဆုံး၆လတစ်ကြိမ် သွားကျန်းမာရေးကိုစစ်ဆေးသင့်ပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်

歯周病 သွားဖုံးရေစီးကမ်းပြိုခြင်း သွားနုတ်ရခြင်းရဲ့၆၀ရာခိုင်နှုန်းကျော်က သွားဖုံးရေစီးကမ်းပြိုခြင်းကြောင့်ဖြစ်တယ်ဆိုတာ သိပါ...
25/02/2026

歯周病 သွားဖုံးရေစီးကမ်းပြိုခြင်း
သွားနုတ်ရခြင်းရဲ့၆၀ရာခိုင်နှုန်းကျော်က သွားဖုံးရေစီးကမ်းပြိုခြင်းကြောင့်ဖြစ်တယ်ဆိုတာ သိပါသလား
သွားဖုံးရေစီးကမ်းပြိုဖြစ်ရခြင်းအကြောင်းအရင်းများမှာ
-သွားသေချာမတိုက်နိုင်ခြင်း
-အသက်ကြီးခြင်း
-ကွမ်းစားခြင်း
-ဆီးချိုရောဂါရှိခြင်း
-အဝလွန်ခြင်း
ရောဂါစဖြစ်တဲ့ အချိန်က နာကျင်မှုမခံစားရတာမို့လို့ သတိမထားမိတာမျိုး အဖြစ်များတတ်ပါတယ်
အောက်ပါလက္ခဏာများရှိပြီဆိုလျှင် သေချာစစ်ဆေးသင့်ပါတယ်
-ဘယ်လိုလုပ်လုပ်ခံတွင်းနံမပျောက်ခြင်း
-သွားတိုက်တိုင်းသွေးထွက်ခြင်း
-သွားဖုံးရောင်ရမ်းခြင်း
-ပါးစပ်ထဲခါးနေခြင်း
-ကိုက်လိုက်လျှင်သွားနာကြင်မှုရှိခြင်း
အနည်းဆုံး၆လတစ်ကြိမ် ဆရာဝန်နှင့်စစ်ဆေးပြသသင့်ပါတယ်

24/02/2026

•သွားညှိကုသခြင်း
•သွားပိုးပေါက်ဖာခြင်း
•အံဆုံးနှုတ်ခြင်း
•သွားစိုက်ခြင်း
အစရှိသဖြင့် ကုသမှုအမျိုးမျိုးနှင့်ပတ်သက်၍ ဆွေးနွေးလိုတယ်ဆို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်

住所

東京都新宿区高田馬場 1-27-6 KIビル 4F
Shinjuku-ku, Tokyo
1690075

営業時間

月曜日 10:00 - 14:00
15:00 - 19:00
火曜日 10:00 - 14:00
15:00 - 19:00
水曜日 10:00 - 14:00
15:00 - 19:00
木曜日 10:00 - 14:00
15:00 - 19:00
金曜日 10:00 - 14:00
15:00 - 19:00
土曜日 10:00 - 14:00
15:00 - 18:00
日曜日 10:00 - 14:00
15:00 - 18:00

ウェブサイト

https://reservation.stransa.co.jp/50f7b4a1aae917949689838c6b820afe

アラート

Hamille Takada 88 ハミール高田88がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー