Dr. Cheint Thel Aung

Dr. Cheint Thel Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Cheint Thel Aung, Dentist & Dental Office, Dubai, UAE, Dubai.

🇦🇪 DHA Licensed General Dentist
🔬 Oral Medicine Specialist
💎 Aesthetic & Endodontic Focus
📸 Mastering the micro-details of natural smiles
🦷 Precision • Function • Aesthetics
💎 Designing smiles that look & feel perfect
📍 Founder | MMC Dental Clinic

ညနက်မှ (ဒါမှမဟုတ်) မနက် ၂ နာရီကြီး ရုတ်တရပ် သွားက တအားထိုးကိုက်လာတဲ့အခါ သူသူကိုယ်ကိုယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ...
04/09/2026

ညနက်မှ (ဒါမှမဟုတ်) မနက် ၂ နာရီကြီး ရုတ်တရပ် သွားက တအားထိုးကိုက်လာတဲ့အခါ
သူသူကိုယ်ကိုယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။

ဘယ်သူ့ကိုမေးရမှန်းလဲ မသိ၊ အချိန်မတော်ကြီးမို့ မေးရမှာလဲ အားနာတာမျိုး မဖြစ်ရအောင်…
ဒီပို့စ်မှာတော့ ဘာ့ကြောင့် ညဘက်မှာ သွားပိုကိုက်ရတာလဲဆိုတာနဲ့ အချိန်မတော်ကြီး သွားကိုက်ဝေဒနာကို ခံစားနေရရင် ယာယီသက်သာအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာတွေကို ပြောပြပေးထားပါတယ်။

နောက်လိုအပ်တဲ့အခါ ဖတ်လို့ရအောင်၊ ဒါမှမဟုတ် လိုအပ်နေတဲ့ သူငယ်ချင်း၊ မိသားစုတွေ ဖတ်လို့ရအောင် ဒီပို့စ်ကို Save/ share လုပ်သွားလိုက်ပါဦး။

#သွားကိုက်ဝေဒနာယာယီသက်သာနည်းများ #သွားကိုက်ခြင်း #အိပ်မရအောင်သွားကိုက်ခြင်း

🦷 သွားမြစ်ထိပ်မှာ ပြည်တည်လိုက်၊ ယောင်/နာလိုက်၊ ပြည်ပေါက်သွားရင် နည်းနည်းပြန်သက်သာသွားလိုက်၊ ပြည်ပြန်တည်လာလိုက်နဲ့ သံသရာလ...
02/09/2026

🦷 သွားမြစ်ထိပ်မှာ ပြည်တည်လိုက်၊ ယောင်/နာလိုက်၊ ပြည်ပေါက်သွားရင် နည်းနည်းပြန်သက်သာသွားလိုက်၊ ပြည်ပြန်တည်လာလိုက်နဲ့ သံသရာလည်နေတဲ့လူနာတွေရှိသလို ပြည်တည်ရာကနေ တခါထဲ တခြားနေရာတွေကိုပါ ပိုးပြန့်ပြီး မျက်နှာတစ်ခုလုံးယောင်ယမ်းပြီး ဆေးခန်းကို ရောက်လာတဲ့လူနာတွေလဲ ရှိပါတယ်။

🖇️ သွားနဲ့ခံတွင်းဟာ မိမိရဲ့ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးကြီးတဲ့ Foundation ဖြစ်ပြီး
မိမိစားသမျှ၊ သောက်သမျှ အစားအစာနဲ့ အရည်တွေအားလုံးဟာ သွားနဲ့ခံတွင်းကို ဖြတ်ပြီးမှ ခန္ဓာကိုယ်ထဲကို ရောက်ရှိတာမို့ ခံတွင်းထဲမှာရှိတဲ့ ပြည်တည်နာတွေကို အမြန်ဆုံးကုသဖို့လိုပါတယ်။

✅ ဒါ့ကြောင့်….
ဒီပို့စ်လေးမှာတော့ ဘာကြောင့် သွားမြစ်ထိပ်မှာ ပြည်တည်ရသလဲ? ဘယ်လိုအခြေအနေမှာ သွားဆရာဝန်ဆီကို အမြန်ဆုံးသွားရောက်ပြသသင့်လဲ? ဆိုတာကို ရှင်းပြပေးထားပါတယ်။

#သွားပြည်တည်ခြင်း

သွားပိုးပေါက်ဆိုတာ ညတွင်းချင်း ဖြစ်လာတာ မဟုတ်ပါဘူး။သွားကြွေလွှာ ပျက်စီးရာကနေ စတင်ပြီး သွားအာရုံကြောအထိ နက်ရှိုင်းစွာ မသိ...
30/08/2026

သွားပိုးပေါက်ဆိုတာ ညတွင်းချင်း ဖြစ်လာတာ မဟုတ်ပါဘူး။

သွားကြွေလွှာ ပျက်စီးရာကနေ စတင်ပြီး သွားအာရုံကြောအထိ နက်ရှိုင်းစွာ မသိမသာ တဖြည်းဖြည်း ကူးစက်သွားတာ ဖြစ်ပါတယ်။

👉 မိမိရဲ့သွားထဲမှာ ဘာတွေ တကယ်ဖြစ်ပျက်နေလဲဆိုတာနဲ့ သွားအာရုံကြောအထိ မရောက်ခင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတာကို ဒီပို့စ်မှာ ပြောပြပေးထားပါတယ်။

နောက်မှ ပြန်ဖတ်ရအောင် သိမ်းဆည်း (Save) ထားလို့လဲ ရပါတယ်။ 🔖

#သွားပိုးစားခြင်း #သွားကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

သွားချေး (Plaque) ဆိုတာ အလွန်စေးကပ်တဲ့ ဘက်တီးရီးယား အလွှာအပျော့လေး ဖြစ်ပါတယ်။အဲဒီ စေးကပ်နေတဲ့ အလွှာကို ရေ သို့မဟုတ် ပလုတ...
28/08/2026

သွားချေး (Plaque) ဆိုတာ အလွန်စေးကပ်တဲ့ ဘက်တီးရီးယား အလွှာအပျော့လေး ဖြစ်ပါတယ်။
အဲဒီ စေးကပ်နေတဲ့ အလွှာကို ရေ သို့မဟုတ် ပလုတ်ကျင်းဆေးရည်နဲ့တင် ဆေးကြောဖယ်ရှားလို့
မရနိုင်ပါဘူး။

သွားတိုက်တံရဲ့ အမွှေးလေးတွေနဲ့ စနစ်တကျ ပွတ်တိုက်ပေးမှသာ (Mechanical cleaning)ဖြစ်ပြီးအဲဒီသွားချေးလွှာတွေ ပြုတ်ထွက်သွားမှာ
ဖြစ်ပါတယ်။

ဒါ့အပြင် -
သွားတစ်ချောင်းနဲ့ တစ်ချောင်းကြား ညပ်နေတဲ့ အညစ်အကြေးတွေကို သွားပွတ်ကြိုး (Dental Floss) သုံးပြီး ရှင်းထုတ်ပေးမှသာ သွားကြားပိုးစားခြင်းနဲ့ သွားဖုံးရောင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ပလုတ်ကျင်းဆေးရည် (Mouthwash)က
သွားတိုက်ခြင်းနဲ့ သွားပွတ်ကြိုးသုံးခြင်းကို အားဖြည့်ပေးတဲ့ အကူတစ်ခု (Bonus/Supplement) သာ ဖြစ်ပြီး သူတို့ကို အစားထိုးဖို့ မဟုတ်ပါဘူး။

ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့ -
၁။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားကို ၂ မိနစ်ကြာ စနစ်တကျ တိုက်ပါ။
၂။ နေ့စဉ် အနည်းဆုံး တစ်ကြိမ် သွားပွတ်ကြိုးသုံးပါ။
၃။ ပြီးမှသာ လိုအပ်မှ ပလုတ်ကျင်းဆေးရည်ကို အသုံးပြုပေးပါ။

နောက်မှ ပြန်ဖတ်ရအောင် သိမ်းဆည်း (Save) ထားလိုက်ပါဦး။ 🔖



ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သွားဖုံးတွေ ရောင်ရမ်းတာ၊ သွေးထွက်လွယ်တာ (Pregnancy Gingivitis) တွေ ...
16/08/2026

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သွားဖုံးတွေ ရောင်ရမ်းတာ၊ သွေးထွက်လွယ်တာ (Pregnancy Gingivitis) တွေ အဖြစ်များပါတယ်။

သွားနဲ့ခံတွင်းမှာ ပိုးဝင်တာ၊ အခြေအနေဆိုးတဲ့ သွားဖုံးရောဂါတွေကို မကုသဘဲထားရင် မိခင်တင်မကဘဲ ဗိုက်ထဲက ရင်သွေးငယ်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

သိထားသင့်သည့် အချက်များ:
✅ အကောင်းဆုံးအချိန်: ဒုတိယ ၃ လပတ် (Second Trimester: 14 to 20 weeks) ဟာ သွားသန့်ရှင်းရေး (Scaling) လုပ်ဖို့နဲ့ ပုံမှန်ကုသမှုတွေ ခံယူဖို့ အသင့်တော်ဆုံးနဲ့ အဆင်အပြေဆုံး အချိန်ဖြစ်ပါတယ်။

✅ ပုံမှန်သွားသန့်ရှင်းရေးလုပ်တာ၊ အရေးပေါ် သွားဖာတာနဲ့ လိုအပ်တဲ့ အရေးပေါ်ကုသမှုတွေကို သွားဆရာဝန်ကို ကိုယ်ဝန်ဆောင်ထားကြောင်း ကြိုတင်ပြောပြပြီး စိတ်ချလက်ချ ခံယူနိုင်ပါတယ်။





#သွားကျန်းမာရေး

😁 “သွားကို အားရပါးရ၊ ပြင်းပြင်းလေးတိုက်လိုက်တယ်ဆရာ ပိုပြောင်သွားအောင်”☺️ “သွားတိုက်တံက ပျော့နေရင် ပြောင်သလိုမခံစားရလို့ ...
12/08/2026

😁 “သွားကို အားရပါးရ၊ ပြင်းပြင်းလေးတိုက်လိုက်တယ်ဆရာ ပိုပြောင်သွားအောင်”

☺️ “သွားတိုက်တံက ပျော့နေရင် ပြောင်သလိုမခံစားရလို့ သွားတိုက်တံအမာလေးတွေပဲ ရွေးဝယ်ဖြစ်တယ်”

❌ ဒါတွေဟာ တကယ်တော့ သွားကျန်းမာရေးအတွက် မှားယွင်းတဲ့အပြုအမူတွေ ဖြစ်ပါတယ်။

🙌နေ့စဉ်အားပြင်းပြင်းနဲ့ သွားတိုက်တာ၊ ဒါမှမဟုတ် သွားတိုက်တံအမာနဲ့ သွားတိုက်တဲ့အခါ
သွားရဲ့ကြွေလွှာကို ပွန်းပဲ့စေရုံမကပဲ သွားဖုံးကိုလဲ ဒဏ်ဖြစ်ပြီး နိမ့်ဆင်းစေပါတယ်။

(ဥပမာ ဘီးကြမ်းကြမ်းနဲ့ ဆံပင်ကို အားပြင်းပြင်းဖီးရင် ဆံပင်တွေ ကျွတ်ပြီး ဦးရေဖျားကို ဒဏ်ဖြစ်စေသလိုမျိုးပါပဲ)။

ဒါ့ကြောင့် နေ့စဉ်သွားတိုက်တဲ့အခါ…..
✅ သွားတိုက်တံ ပျော့တာကို အသုံးပြုပါ။
✅ အားအရမ်းမသုံးပါနဲ့။
✅ အနည်းဆုံး ၂ မိနစ်ခန့်ကြာအောင် သွားတိုက်ပါ။

08/08/2026

သင့်ကလေးမှာ သွားပိုးမစားစေချင်ရင် ဒါတွေကို ပြုလုပ်ပေးပါ 🦷

သင့်ကလေးကို သွားပိုးစားခြင်းကင်းပြီး ကျန်းမာတဲ့ သွားလေးတွေနဲ့ ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ — ဒီအချက် (၄) ချက်ကို အခုပဲ စတင်လိုက်ပါ။

🪥 အဆင့် (၁) — အသက် ၇ နှစ်အထိ ကလေးကို ကိုယ်တိုင် သွားတိုက်ပေးပါ။

ကလေးတွေဟာ အသက် ၇ နှစ်ကျော်တဲ့အထိ သွားကို စနစ်တကျ မတိုက်တတ်ကြသေးပါဘူး။ သူတို့ရဲ့ လက်ချောင်းကြွက်သားတွေက အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အတွက် သွားတိုက်တံကို သေချာမကိုင်နိုင်သလို၊ သွားကိုလဲ သေချာမတိုက်နိုင်သေးပါဘူး။
ဒါ့ကြောင့်…အဲဒီအသက်အရွယ်အထိ — မိဘတွေကိုယ်တိုင် တိုက်ပေးပါ (သို့မဟုတ်) သွားတိုက်တိုင်း ဘေးကနေ သေချာ ကြည့်ရှုပေးပါ။

🍬 အဆင့် (၂) — စေးကပ်တဲ့ မုန့်တွေဟာ ချောကလက်ထက် ပိုမို ဆိုးရွားပါတယ်။

ဒီအချက်က မိဘတွေကို အံ့အားသင့်စေလေ့ရှိပါတယ်။ ဂျယ်လီ (Gummies)၊ စေးကပ်တဲ့ မုန့်တွေဟာ သွားမျက်နှာပြင်မှာ နာရီပေါင်းများစွာ ကပ်ငြိနေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။
အဲ့ဒီအစား ချောကလက်ကတောင်
တံတွေးနဲ့ ပိုမို မြန်ဆန်စွာ ဆေးကြောသွားနိုင်ပါတယ်။

💧 Step 3 — ထမင်းစားချိန်မှာ အသီးဖျော်ရည်တွေအစား ရေကို ပြောင်းလဲတိုက်ပါ။

အသီးဖျော်ရည်တွေဟာ အချိန်ကြာမြင့်စွာ
သွားပေါ်မှာ တင်ကျန်နေတတ်ပါတယ်။ သဘာဝ အသီးဖျော်ရည် ဖြစ်နေရင်တောင် သကြားဓာတ်နဲ့ အက်ဆစ်ဓာတ် မြင့်မားစွာ ပါဝင်နေတတ်ပါတယ်။ စားကြွင်းစားကျန်တွေရှိနေရင်တောင် ရေကသန့်ရှင်းပေးနိုင်တာမို့ ဖျော်ရည်တွေအစား ရေကိုပြောင်းလဲ အသုံးပြုသင့်ပါတယ်။

👶 Step 4 — အသက် ၁ နှစ်မှာ ပထမဆုံး သွားဆေးခန်း ပြသပါ။

ကလေးရဲ့ ပထမဆုံး သွားဆေးခန်းပြသမှုဟာ ပထမဆုံး သွားကိုက်တဲ့အခါမှ မဟုတ်ဘဲ သူတို့ရဲ့ အသက် ၁ နှစ်ပြည့် မွေးနေ့မှာ ဖြစ်သင့်ပါတယ်။ စောစောစီးစီး ပြသခြင်းက ပြဿနာတွေကို မစတင်ခင်မှာတင် တားဆီးပေးနိုင်ပါတယ်။

ကလေးတွေရဲ့ သွားလေးတွေဟာ သူတို့တစ်သက်တာ အပြုံးအတွက် အစဖြစ်တာမို့ သေချာဂရုစိုက်ပေးဖို့အကြံပြုရင်း….
ဒီပို့စ်ကို…
မိဘတိုင်း သိရှိနိုင်အောင်လည်း မျှဝေ (Share) ပေးလိုက်ပါဦး။





07/08/2026

သင့်ခံတွင်းနဲ့ ပတ်သက်ပြီး ဘာမဆို မေးနိုင်ပါတယ်။ 🦷

✅ သင် စိတ်ပူနေမိတဲ့ အဲ့ဒီနေရာလေးအကြောင်း…

✅ တစ်ခါတလေမှပဲ နာတတ်တဲ့ သွားတစ်ချောင်းအကြောင်း…

✅ လျစ်လျူရှုထားမိတဲ့ သွားဖုံးသွေးထွက်တာအကြောင်း…

✅ သွားတိုက်တိုင်း ဖုံးကွယ်ထားမိတဲ့ ခံတွင်းအနံ့အကြောင်း…

အောက်မှာ comment ချန်ခဲ့ပါ။ 👇

မေးခွန်းသေးသေးလေးဆိုတာ မရှိပါဘူး။
မေးခွန်းမိုက်မိုက်ကြီးဆိုတာလည်း မရှိပါဘူး။
ဘယ်လောက်ကြာကြာ ဒီပြဿနာကို ခံစားနေရတယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း အပြစ်တင်မှာ မဟုတ်ပါဘူး။

ဒီတစ်ပတ်အတွင်း တတ်နိုင်သမျှ မေးခွန်းတွေကို ကိုယ်တိုင် ပြန်လည်ဖြေပေးသွားပါမယ်။



Dr. Cheint Thel Aung
BDS. | MDSC (Oral Medicine)
MPD Endodontics | Diploma in Aesthetic Veneers
📍 Dubai, UAE 🇦🇪

အံဆုံးသွားတွေက ဘာလို့ နာတာလဲ။ 🦷အံဆုံးသွားတွေဆိုတာ သင့်ခံတွင်းရဲ့အနောက်ဘက်ဆုံးမှာရှိတဲ့ အံသွား (၄) ချောင်းကို ခေါ်တာဖြစ်ပ...
05/08/2026

အံဆုံးသွားတွေက ဘာလို့ နာတာလဲ။ 🦷

အံဆုံးသွားတွေဆိုတာ သင့်ခံတွင်းရဲ့အနောက်ဘက်ဆုံးမှာရှိတဲ့ အံသွား (၄) ချောင်းကို ခေါ်တာဖြစ်ပါတယ်။

သူတို့ဟာ အသက် ၁၇ နှစ်နဲ့ ၂၅ နှစ်ကြားမှာ ထွက်ပေါ်လာလေ့ရှိကြပါတယ်။

အဓိကပြဿနာကတော့ -
သူတို့ဟာ နောက်ဆုံးမှ ပေါက်တဲ့သွားတွေဖြစ်တာကြောင့် သင့်ရဲ့ မေးရိုးမှာ အံဆုံးသွားအတွက် နေရာမလောက်တော့တာပါ။

ဒါကြောင့် သွားက ဘေးစောင်းထွက်လာတာ၊ သွားဖုံးအောက်မှာ ပိတ်မိနေတာ (ဒါမှမဟုတ်) အပြင်ကို တစ်ဝက်ပဲ ထိုးထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကို ဆေးပညာအရ Wisdom tooth Impaction လို့ ခေါ်ပါတယ်။

ဒါပေမဲ့ တကယ်တမ်း နာကျင်ရတဲ့ အကြောင်းရင်းက သွားကြောင့် သီးသန့်မဟုတ်ပါဘူး။ သွားရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကြောင့်ပါ။

တစ်ဝက်ပဲ ထွက်နေတဲ့ အံဆုံးသွားပေါ်မှာ သွားဖုံးအဖုံးလေး တစ်ခု အုပ်နေတတ်ပါတယ်။

ခံတွင်းသန့်ရှင်းရေးသေချာမလုပ်တဲ့အခါ..အဲဒီအဖုံးအောက်မှာ အစားအသောက်နဲ့ ဘက်တီးရီးယားတွေ စုပုံသွားပြီး သွားဖုံးက ရောင်ရမ်းလာ၊ နာကျင်လာပြီး အနံ့အသက် ဆိုးလာရတာ ဖြစ်ပါတယ်။

ဒါကို ဆေးပညာအရ Pericoronitis (အံဆုံးသွားဖုံးရောင်ခြင်း) လို့ ခေါ်ပြီး သွားဖုံးအဖုံးအောက်မှာ ပိုးဝင်တာ ဖြစ်ပါတယ်။
ဒါဟာ အံဆုံးသွား နာကျင်ရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းပါပဲ။

ဒီမှာ အရေးကြီးတဲ့အချက် ရှိပါတယ် -
ဒီလိုနာကျင်မှုမျိုးက သူ့လိုလို ပြန်မပျောက်သွားပါဘူး။

အကိုက်အခဲပျောက်ဆေးတွေကလဲ ခနပဲ သက်သာအောင်လုပ်ပေးနိုင်ပြီး ပလုတ်ကျင်းတာကလဲ
တစ်ရက်၊ နှစ်ရက်လောက်တော့ သက်သာ စေနိုင်ပေမဲ့ နောက်ပိုင်းမှာ ပိုပြီး ပြင်းထန်စွာ ပြန်ဖြစ်လာတတ်ပါတယ်။

ဒါ့ကြောင့်…
သင့်မှာ အောက်ပါလက္ခဏာတွေရှိရင် သွားဆရာဝန်နဲ့ ချက်ချင်း ပြသပါ -
🔴 မေးရိုး သို့မဟုတ် ပါး ရောင်ရမ်းလာခြင်း
🔴 ဘာလုပ်လုပ် မပျောက်ဘဲ ခံတွင်းထဲ အနံ့/အရသာဆိုးနေခြင်း
🔴 ပါးစပ်ကို အပြည့်အဝ စေ့စေ့စပ်စပ် ပွင့်အောင် မဟနိုင်ခြင်း
🔴 နာကျင်မှုနှင့်အတူ ဖျားပါလာခြင်း
ဒီလက္ခဏာတစ်ခုခု ရှိနေပြီဆိုရင် ပိုးဝင်တာ ပျံ့နှံ့နေပြီလို့ အဓိပ္ပာယ်ရပါတယ်။ အချိန်ဆွဲမနေပါနဲ့။

အရေးကြီးတဲ့ မှတ်ချက်တစ်ခုကတော့-
အံဆုံးသွား တိုင်းကို နုတ်ပစ်ဖို့ မလိုပါဘူး။

တကယ်လို့ သင့်အံဆုံးသွားက တည့်တည့်ထွက်လာပြီး သန့်ရှင်းရေးလုပ်ရ လွယ်ကူတယ်ဆိုရင် ဒီအတိုင်း ဒီအတိုင်း ထားလိုက်လို့ ရပါတယ်။

ဒါပေမဲ့ ခဏခဏ ပြန်ကိုက်နေတယ်ဆိုရင်တော့ သေချာ စစ်ဆေးလိုက်ပါ။ ဓာတ်မှန် (X-ray) ရိုက်ကြည့်ရုံနဲ့ ဘာဖြစ်နေလဲဆိုတာ အတိအကျ သိနိုင်ပါတယ်။
နောက်မှ ပြန်ဖတ်ရအောင် သိမ်းဆည်း (Save) ထားလိုက်ပါဦး။ 🔖





🚨 အရေးပေါ် သွားကိုက်သက်သာနည်း 🚨
02/08/2026

🚨 အရေးပေါ် သွားကိုက်သက်သာနည်း 🚨

နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့မြန်မာလူမျိုးများနဲ့ သွားဆေးခန်းပြဖို့မလွယ်ကူတဲ့ နေရာ‌ဒေသ‌တွေမှာ ရောက်နေတဲ့ မြန်မာလူမျိုးများအတွက် သွားကိုက်ဝေဒနာကို ယာယီ၊အမြန်သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေခဲကပ်ခြင်း
သွားကိုက်ဝေဒနာခံစားနေရတဲ့‌ဘက် မျက်နှာပေါ်ကနေ ရေခဲကပ်ပေးခြင်းက သွားကိုက်ဝေဒနာကို ယာယီသက်သာ/ပျောက်ကင်းစေနိုင်ပါတယ်။ သွားကိုက်ဝေဒနာတော်တော်များများဟာ ဘတ်တီးရီးယားပိုးမွှားများကြောင့် သွားဖုံး၊ သွားမြစ်တွင်း ယောင်ရမ်းပြီး ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် ရေခဲကပ်ပေးခြင်းအားဖြင့် ယောင်ရမ်းခြင်းကို လျော့ချပေးပြီး သွားကိုက်ဝေဒနာကို သက်သာစေတာဖြစ်ပါတယ်။ နောက်တချက်အနေနဲ့ ရေခဲရဲ့ အေးခဲတဲ့ effect က သွားကိုက်ဝေဒနာကိုဖြစ်ပေါ်စေတဲ့ Pain signals များကို ဦးနှောက်ဆီသို့ ပို့ပေးခြင်းကို တားဆီးပေးတဲ့အတွက် သွားကိုက်ဝေဒနာကို ယာယီလျော့ကျစေနိုင်တာပဲ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရေခဲကို အဝတ်သန့်တစ်ခုနဲ့ ထုပ်ပြီး တစ်ခါ ကပ်လျှင် မိနှစ်၂၀ ခန့်ကပ်ပေးရမှာ ဖြစ်ပါတယ်။ မျက်နှာအသားအရေကို ထိခိုက်မှု မဖြစ်စေဖို့အတွက် ရေခဲနဲ့ မျက်နှာ တိုက်ရိုက်ထိကပ်ခြင်းမျိုးကို ရှောင်သင့်ပါတယ်။ အကယ်၍ ရေခဲအဆင်သင့်မရှိတဲ့အခါမျိုးမှာဆိုရင်လဲ ရေခဲသေတ္တာထဲမှာရှိတဲ့ အသီးအရွက်တစ်ခုခုကို အေးခဲအောင်လုပ်ပြီး အလားတူအသုံးပြုပေးလို့ရပါတယ်။

(၂) လေးညှင်းဆီ (Cloves)
လေးညှင်းဆီဟာ ရာစုနှစ်ပေါင်းများစွာထဲက သွားကိုက်ဝေဒနာအတွက် အသုံးပြုခဲ့တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ အကိုက်အခဲပျောက်စေတဲ့ဓာတ်အပြင် အယောင်ကျစေတဲ့ဓာတ်လဲ ပါရှိတဲ့အတွက် ရုတ်တရပ်သွားကိုက်ဝေဒနာခံစားလာရပြီး ဆရာဝန်ဆီမသွားနိုင်တဲ့အခါမျိုးမှာ သွားကိုက်ဝေဒနာကို ယာယီသက်သာ/ ပျောက်ကင်းစေနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ သွားသေချာတိုက်၊ ပလုပ်သေချာကျင်းလိုက်ပြီး သွားကိုက်ဝေဒနာခံစားနေရတဲ့ သွားခေါင်းပေါက်/နေရာကို လေးညှင်းဆီတို့ထားတဲ့ ဂွမ်းစသေးလေးကို ထည့်ပေးရမှာဖြစ်ပါတယ်။ လေးညှင်းဆီကို ဂွမ်းစနဲ့တို့ရာမှာ အရမ်းရွှဲနေအောင် မတို့ဖို့ကိုတော့ သတိပြုသင့်ပါတယ်။ မဟုတ်ရင် လေးညှင်းဆီရဲ့ ပူရှိန်းတဲ့ဓာတ်က ခံတွင်းရှိ သွားဖုံးနဲ့ လျှာများကို လောင်ကျွမ်းစေနိုင်လို့ပဲ ဖြစ်ပါတယ်။ လေးညှင်းဆီကို လွယ်လင့်တကူ ဝယ်လို့မရခဲ့ရင်လဲ လေးညှင်းပွင့်ကို သွားကိုက်ဝေဒနာခံစားနေရတဲ့ဘက်နဲ့ ဝါးပြီး အဆီထွက်လာအောင်လုပ် အသုံးပြုလို့ရပါတယ်။

(၃)ကြက်သွန်ဖြူ
ဒီနည်းကတော့ အာရပ်တော်တော်များများအသုံးပြုတဲ့နည်းဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာရှိတဲ့ဓာတ်တစ်မျိုးဟာ ပိုး‌သေစေတဲ့အာနိသင်ရှိတဲ့အတွက် သွားကိုက်ဝေဒနာခံစားနေရတဲ့ သွားခေါင်းပေါက်/နေရာကို ထည့်သွင်းအသုံးပြုရတာဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ ညပ်နေအောင်ထောင်းပြီး အသုံးပြုပေးရင် အာနိသင်ပိုထိရောက်ပါတယ်။ ကြက်သွန်ဖြူရဲ့ အနံ့ကြောင့် ပါတ်ဝန်းကျင်အတွက် အနှောက်အယှက်ဖြစ်နိုင်တာကို သတိချပ်စေချင်ပါတယ်။

(၄) ဆားငံရည်
ဆားအနည်းငယ်ကို ရေနွေးထဲသို့ထည့်ပြီး ပလုပ်ကျင်းပေးခြင်းအားဖြင့်လဲ သွားကိုက်ဝေဒနာကို ယာယီသက်သာ/ပျောက်ကင်းစေနိုင်ပါတယ်။ ဆားငံရည်ဟာ အကျိအချွဲများကို စုပ်ယူနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခံတွင်းနဲ့ သွားခေါင်းပေါက်အတွင်းရှိ အညစ်အကြေးများကို အနည်းငယ်၊ယာယီသန့်စင်ပေးနိုင်ပါတယ်။ အသုံးပြုပုံကတော့ တခါသုံး
လက်ဖက်ရည်ခွက်တစ်ခွက်ထဲကို ရေ‌နွေးအပြည့်ထည့်ပြီး ဆား လက်ဖက်ရည်ဇွန်းဖြင့် တစ်ဝက်ခန့်ကို ထည့်၊ စက္ကန့် ၃၀ ခန့်‌ မွှေပေးပြီး အသုံးပြုရမှာဖြစ်ပါတယ်။ ဆားငံရည် တစ်ခါငုံရင် ၂ မိနစ်ခန့်ငုံ‌သင့်ပါတယ်။

(၅) Peppermint tea
ပူစီနံတမျိုးဖြစ်တဲ့ peppermint ကိုလဲ သွားကိုက်ဝေဒနာကို ယာယီသက်သာ/ ပျောက်ကင်းစေဖို့အသုံးပြုနိုင်ပါတယ်။ သူ့မှာလဲ ကြက်သွန်ဖြူလို ပိုးသတ်အာနိသင်ပါရှိပါတယ်။ အသုံးပြုပုံကတော့ ရေနွေးဆူဆူထဲကို peppermint ရွက်ခြောက် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းခန့်ထည့်ပြီး မိနစ်၂၀ ခန့် နှပ်ထားပြီးမှ ထိုရေ‌နွေးနဲ့ ပလုပ်ကျင်းပေးရမှာဖြစ်ပါတယ်။ ပလုပ်ကျင်းတဲ့အခါမှာလဲ ခံတွင်းထဲမှာ ရေနွေးကို ၂ မိနစ်ခန့်ငုံထားပေးနိုင်ရင် အာသိသင်ပိုကောင်းမှာဖြစ်ပါတယ်။

(၆) မာလကာသီး
မာလကာသီးဟာလဲ အယောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ အသုံးပြုပုံကတော့ မာလကာသီးကို ဝါး၍ဖြစ်စေ၊ မာလကာရွက်ကို ရေနွေးနဲ့ပြုတ်၍ ထိုရေနွေးကိုငုံ၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ မာလကာသီးရဲ့ အယောင်ကျစေတဲ့ဓာတ်ကြောင့် သွားကိုက်ဝေဒနာကို ယာယီသက်သာ/ပျောက်ကင်းစေမှာဖြစ်ပါတယ်။ ပလုပ်ကျင်းတဲ့အခါ မာလကာရွက်ပြုတ်ရေကို ခံတွင်းထဲမှာ ၂ မိနှစ်ခန့်ထားပေးခြင်းဖြင့် ပိုမိုအာနိသင်ရရှိစေမှာ ဖြစ်ပါတယ်။

***************

အထက်ဖော်ပြပါ နည်းများကတော့ သွားကိုက်ဝေဒနာကို ယာယီသက်သာ/ပျောက်ကင်းစေတဲ့နည်းများဖြစ်ပါတယ်။ ဒီနည်းလမ်းများကို အကြောင်းအမျိုးမျိုးကြောင့် သွားဘက်ဆိုင်ရာဆရာဝန်ထံကို မသွားနိုင်ခင် ယာယီသက်သာ/ပျောက်ကင်းဖို့ အသုံးပြုရန်အတွက်သာ ‌‌ပြောပြပေးတာဖြစ်ပါတယ်။

သွားကိုက်ဝေဒနာဟာ ပုံစံအမျိုးမျိုးရှိပြီး သွား၊သွားဖုံး၊အရိုး၊ကြွက်သား၊ အာရုံကြောပြဿနာအမျိုးမျိုးတို့ကနေ မြစ်ဖျားခံတတ်တဲ့အတွက် သွားဘက်ဆိုင်ရာဆရာဝန်များဆီသို့ သွားရောက်ပြသခြင်းကသာ ၁၀၀% ထိရောက်သောကုသမှုကိုရရှိမှာဖြစ်ပါတယ်။

သွားနှင့်ခံတွင်းကျန်းမာရေးကို ထိရောက်စွာဂရုစိုက်ပြီး သွားနှင့်ခံတွင်းရောဂါများကင်းရှင်းနိုင်ကြပါစေ။

မေတ္တာဖြင့်။

Burmese Dentist in DXB

Address

Dubai, UAE
Dubai
00000

Opening Hours

Wednesday 12:00 - 20:00
Thursday 12:00 - 20:00
Friday 12:00 - 20:00
Saturday 12:00 - 20:00
Sunday 12:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Dr. Cheint Thel Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share